Tuesday, June 30, 2009

ဘ၀ အပိုင်းအစလေးများ(၃)

ဂျစ်တူး (၁၃)နှစ်အရွယ် ထိုင်ဝမ်မှာ ကျောင်းနေတုန်းက ပထဦးဆုံး တရုတ်စာကို ကလောင်ရေးရတယ် ။အဲဒီနေ့လေးကို ဂျစ် ဘ၀မှာ မှတ်မှတ်ရရ ဖြစ်ခဲ့ရတယ် .....။
ဂျစ်တူးတစ်ယောက် ကတော့ ဒီနေ့ ကလောင် စရေးရမှာ ဆိုတဲ့ အတွေးတွေ
စိတ်ထဲရောက်နေတော့ ရင်တွေမော ရတယ်ပေါ့ဗျာ........။ တရုတ်စာကို ရိုးရိုး
ဘောပင်နဲ့ရေးရင်တောင် ကိုယ့်လက်ရေးကို ဂျစ်ကိုယ်တိုင် ကြည့်ရင် စိတ်ညစ်နေရတာ ။
ခုဟာက မှင်ဆေးနဲ့ကလောင် ရေးရမယ်ဆိုတော့ ဘယ်လိုဖြစ်မလဲဆိုပြီး......တွေးတောင်
မတွေးရဲဘူး...။


ဂျစ်တို့က အတန်းထဲမှာ ယောကျာင်္းလေးနဲ့ မိန်းကလေးတွဲပြီး နေရာကို ထိုင်ရတယ် ။
ဂျစ်ဘေးမှာ ထိုင်တဲ့ ကောင်လေးက စာတော်တယ် ၊ တရုတ်ဘာသာမှာဆို ဆရာလေး
နေရာရထားတဲ့ သူပါ ။(ဆရာလေး ဆိုတာ ....စာမေးပွဲဖြေတဲ့ အခါတိုင်း အဲ့ဒီဘာသာမှာ
အမှတ်အများဆုံး ရရှိသူမှဆရာလေးအဖြစ် အတန်းပိုင်ဆရာမက ခန့်အပ်တာလေ.......
ပြီးတော့ ဖြေဆိုထားတဲ့ အဖြေလွှာတွေကိုတော့ ဆရာမနဲ့အတူတူ အမှတ်ခြစ်ခွင့် ရှိသေးတယ် ၊
သူ့အဖြေလွှာ ကိုတော့ ဆရာမကစစ်တယ်။
ဒီကောင်လေးက အမြဲလိုလိုလောက် တရုတ်ဘာသာမှာ အမှတ်အများဆုံး ရတတ်တယ် ......။


သူနဲ့ဂျစ်က ဘေးချင်းကပ် ထိုင်တော့ သူဘယ်လိုရေးလဲ ဆိုတာ ဂျစ်မြင်နိုင်သလို ၊
ဂျစ်ဘယ်လို ရေးလဲဆို တာကိုလဲ သူကောင်းကောင်း မြင်တယ် ။ အဲ့ဒီနေ့က သူက
ဂျစ်လိုမျိုး မှင်အိုးလေးယူလာတာ မဟုတ်ဘူး။သူကိုယ်တိုင် မှင်ခဲကို ရေနဲ့
သေသေချာချာ ဖျော်တာဗျ......ဘာလို့အဲ့လို ဖျော်ရတာလဲလို့ စပ်စပ်စုစု မေးမိတယ် ။
သူကဘယ်လိုပြောလဲ ဆိုတော့“ဒီလိုဖျော်ပြီး ရေးတာက ဆရာသမားတွေမှ ရေးတာ”
လို့ ဂျစ်ကို သူပြန်ဖြေတယ်လေ ။ဒါနဲ့ဂျစ်ကလဲ အသံကျယ်ကျယ်လေးနဲ့“ကျားယို...ကျားယို...”
လို့အော်ပေးလိုက်တယ်၊
(ကျားယို = ကြိုးစားထားပေါ့) ။


ဂျစ်ကိုတော့ သူသိပ်မကြည်ဘူး...ဂျစ်အော်လိုက်တာ သူ့ကို တမင်ရွဲ့တယ် ဆိုတဲ့
သဘောလေး ဖြစ်သွားလို့နဲ့ တူပါတယ် ။ ဂျစ်ကို စကားလုံးဝမပြောပဲ သူ့ဘာသာသူ
စာစရေးတော့တယ် ။ ဂျစ်လဲ စာစရေးတော့ တာပေါ့ ။တရုတ်စာ ကလောင်စရေးတော့
ဂျစ်က ကိုယ်ရေးတတ်သလိုမျိုး စာလုံးကို ပန်းချီဆွဲသလို ဖြေးဖြေးလေးနဲ့
ဖွဖွလေး ဆွဲနေတာ.......ဒါကြောင့် ဂျစ်ဘေးက ကောင်လေးက “ဟဲ့ နင်ရေးတာ
ပုံစံမကျဘူး....အဲ့လိုထပ်ခါထပ်ခါ ရေးခြစ်ဆွဲတာ နည်းလမ်းမကျဘူး...ငါရေးတာကြည့်
တစ်ကြိမ်ပဲ စုတ်ချက်မှန်မှန် ရေးရတယ်”လို့ မနေနိုင်လို့ လာပြောတယ် ။
ဂျစ်ကလဲ ခေါင်းက ခက်မာမာလေ...ဒီတော့

“ငါနင့်လို တစ်ချက်ထဲ မှင်နဲ့ဆွဲရအောင် နင့်လို ဆရာလေးမှ မဟုတ်တာဟ ”
လို့ပြန်ပြောမိတယ်..။


တကယ်တော့ ကလောင်ရေးတာ စာလုံးရဲ့ရေးပုံ စုတ်ချက်အတိုင်း တစ်ချက်ထဲ
မှင်နဲ့တစ်ခါတည်း ဆွဲရတာပါ... ဂျစ်အတွက် တစ်ခါမှ ရေးလေ့မရှိတော့ မလွယ်ကူ လှပါဘူး....။
ဂျစ်ကတော့ လူလည်လုပ်ပြီး ဆရာမမသိခင် အသာလေး စာလုံးလေးတွေကို
ပန်းချီဆွဲသလို ရေးနေတာ...၊ဘေးက တစ်ယောက်ကတော့ ဂျစ်ကို နားမထောင်လဲ
နေဆိုပြီး ပစ်ထား လိုက်တော့တယ် ။


ဂျစ်ကတော့ ရေးမြဲအတိုင်း ခပ်တည်တည်ပဲ လှလှလေးဖြစ်အောင် ဆရာမ
အလစ်ချောင်းပြီး ရေးနေတာပေါ့ ။ဆရာမ သိသွားရင် ဂျစ်ဘေးက ကောင်လေးပြောသလိုမျိုး
ထပ်ပြောမှာ သေချာတယ် ၊ပြီးတော့ အသစ်ပြန် ရေးခိုင်းမှာ သေချာနေပြန်တယ် ၊ အဲ့ဒီတော
့ ဂျစ်အနားကို ဆရာမ ရောက်လာရင် ဂျစ်က ရေးတာ ခဏရပ်ပြီး မှင်တွေဘာတွေ ဖြည့်နေတဲ့
စတိုင် နေလိုက်တယ်....။ ဂျစ်လဲ ဘေးက ကောင်လေးကို မျက်နှာပူပူပဲ မသိချင်ယောင်ဆောင်ပြီး
ရေးစရာရှိတာ ပြီးအောင်ရေးနေလိုက်တယ် ။


အားလုံး ကလောင်ရေးလို့ ပြီးတော့ ဆရာမက စာရွက်တွေ ထပ်ခိုင်းတယ် ။
ဂျစ် ရေးထားတဲ့ စာရွက်ထပ်ပြီး ပြန်လာတော့ ဂျစ်ဘေးက ကောင်လေးက
“နင်ရေးထားတာ အမှတ် များများ ရပါလိမ့်မယ်..စောင့်နေ...ဘိတ်ချီးပဲ ရလိမ့်မယ် ”
ဆိုပြီး ဒူးလေးနှန့်ပြီး ရိတိတိနဲ့ ပြောလိုက်တာ ခံလိုက်ရတယ် ။
မကြာပါဘူး....အတန်းချိန်(၂)ချိန် အပြီးလောက်မှာ ဆရာမ အမှတ်ခြစ်ပြီးလို့ ဂျစ်တို့
စာရွက်တွေ ပြန်လာပေးတယ် ။


ဂျစ်တော့ ဆရာမ လာဆူတော့မှာပဲလို့ စိတ်တွေတအားပူနေ မိတယ် ။ ဂျစ်စာရွက်ရတော့
ဆရာမက မှတ်ချက် ဆိုပြီး အောက်ဆုံးမှာ စာတစ်ကြောင်း ရေးထားတယ် ။
မှတ်ချက်း လက်ရေးလက်သား တော်တော် ကောင်း၏ ။ စာလုံးကြီးကြီးနဲ့
“甲 上 ”လို့ ရေးပေးထားတယ် ။

(“甲 上 ”ဆိုတာ မြန်မာပြည်မှာဆို A+ ပေါ့ဗျာ ။)



ဒီမှာ ဂျစ်ဘေးက ကောင်လေး ရူးချင်သွားတယ်ပေါ့....မျက်နှာတွေ နီရဲလာပြီး ၊
“နင်ကတော်တယ်ဟာ ဂျစ်ရာ ...တကယ် ”
“ ငါကနင့်လို ပန်းချီဆွဲသလို မရေးတတ်လို့ “甲 ”ပဲ

ရတာဟ ....”ဆိုပြီး အထင်တကြီး ပုံစံမျိုး လာပြောတာ။
(“甲 ”ဆိုတာ မြန်မာပြည်မှာဆို A ပေါ့ဗျာ ။)


နောက်ပိုင်း ဂျစ်တို့ ကလောင်ရေးတဲ့ အခါတိုင်း သူအိမ်က မှင်အိုးပဲပါလာတော့တယ်။
အရင်ကလို မှင်ခဲကို ရေနဲ့ သေသေချာချာ မဖျော်တော့ဘူး ။ ဂျစ်ဘယ်လို ရေးတယ်ဆိုတာ
သေချာကြည့်ပြီး ရေးတော့တာပဲ...။ အဲဒီနေ့က သူက“甲上 ”A+ ....
ဂျစ်ကတော့ “甲 ”A ရခဲ့တယ်..................ပျော်ပျော်ပဲ ကျေနပ်ခဲ့တယ်ပေါ့ ။
ဒီအဖြစ်အပျက်လေးကို ဂျစ်နဲ့ ဘေးကကောင်လေး နှစ်ယောက်ထဲ သိခဲ့ကြတဲ့ အဖြစ်လေးပေါ့နော်။
(လူလည်လုပ်ခဲ့တာ ဆရာမ သိဘူး........ဟဲဟဲ )


မောင်နှမတွေ အထင်လွဲမှာဆိုးလို့......ပြန်ဖြေရှင်းပါတယ် ...။
နောက်ပိုင်းမှာတော့ သေသေချာချာ ရေးနည်းကို ကျင့်ယူခဲ့ပါတယ်....။
အခု ကလောင် ကောင်းကောင်း ရေးတတ်နေပါပြီနော် ...........။


ခုချိန်မှာတော့ ဂျစ်ပြန်စဉ်းစားမိတိုင်း ဘေးကထိုင်တဲ့ ကောင်လေးမျက်နှာ မြင်ယောင်ပြီး
ပြန်ရယ်ချင်မိတယ် ..............။
ထိုင်ဝမ်မှာ ကျောင်းနေခဲ့တဲ့ ငယ်ဘ၀လေးကို သတိတရဖြစ်မိလို့ အမှတ်တရ ဒီပို့စ်လေး
ရေးဖြစ်သွားရတယ်။


ဂျစ် ချစ်ခင်လေးစားရသော မောင်နှမများ ကျန်းမာပျော်ရွှင်ကြပါစေ .........................။

ချစ်ခင်လေးစားစွာဖြင့်

ဂျစ် တူး လေး



16 comments:

စိတ်စမ်းရေ said...

သိပ်တော်တာပဲ....။

နေဒေးသစ် said...

သတိရစရာ အမှတ်တရ ကျောင်းသားဘဝလေးပါပဲ ...
မေပလု တွေ ဘာတွေရတယ် ဆိုတော့ တရုတ်စာသင်တန်းလေးတော့ လာတက်အုံးမှ :D
တရုတ်စာဆို ရှဲ့ရှဲ့ ဆိုလား ဘာလား အဲဒါပဲ သိတယ် ..
အဲ နောက်တစ်ခုလည်း သိသေးတယ် ..
ကျားယို ကျားယို ကျားယို .... :D
အဲဒါက ခုမှ သိတာ
မှန်လား မှားလားတော့ မသိဘူး ပြောပစ်လိုက်ပီ .. haha

နေဒေးသစ်။

နေဒေးသစ် said...

အေပလု လို့ရေးတာ မေပလု ဖြစ်သွားပြီ :D

Dream said...

အဲလိုကလောင်တံနဲ့ ရေးတတ်ချင်တယ်..သင်ပေး...

ဆရာမ မသိပေမယ့် အခုတော့ ဘလော့ကာ တွေသိကုန်ပီနော်... စာရွက်ခြင်း လဲပီး ဆ၇ာမကို ပြလိုက်တယ်မလား.... အဟား....

မေးယိုကွမ်းရှီးးး... အဟတ်... ကျားယိုကျားယို....

:P

သုဒြေ္န said...

လာပြီနော်...ဒီတခါမန့် ကိုတော့ ....သူများတွေ.............ရေးကြတဲ့ အတိုင်း.....ကျားယိုလို့ ..မရေးဘဲ....ကြောင်ယို.....လို့ ရေးကြည့် မယ်...အဲဒါဘယ်လို..ဘာသာပြန်ရမလဲဟင်....ခင်တဲ့ ကိုကြီး....သုဒြေ္န

jomike said...

Hi gIT TUU
ဂျစ်..
.ငါ ပထမဆုံး LAကအပြန်...နင်နဲ့စဆုံတာ
နင်မှတ်မိလား...?

နောက်ငါနဲ့ လေယာဉ်ထိုင်ခုံ လုတာမှတ်မိတယ်
လို့ ထင်တာပဲ....၊

နင်ကိုက ဂျစ်ကျတာ....ငါကလဲ ဂျစ်ကြမှန်း သိသိ
ခင်သွားမိတယ်...။

သူငယ်ချင်း
jomike

မြစ်ကျိုးအင်း said...

အားကြီးတော်ပါပေတယ်....။အိမ်ကကြိုရေးလာတာ
မဟုတ်ရင်ပြီးတာပါပဲလေ...။နောက်နေ့စာသင်ရင်
ကလောင်နဲ့ ရေးတော့မယ်...။A+++ လောက်၇အောင် ရေးအုံးမှ...။

မငုံ said...

:) တော်တော် ဂျစ်သလို တော်တယ်ဗျာ။
ကျားယို..ကျားယို

မိုးခါး said...

ကျားယို ကျားယို
စာရေးဖို့မပြောနဲ့ စကားတောင် တအိအိနဲ့ :D

မိုးမခ said...

ငယ်ဘ၀လေးကို ရေးထားတာ တကယ်ကောင်းတယ်
ကလေးလေးတယောက်လို အတွေးလေး ပေးပြီးရေးထားတာ ဘေးကနေ ငယ်စဉ်ဘ၀ကို မြင်နေရသလိုမြင်မိတယ် ဆက်ရေးပါအုံး အရေးကောင်းလေးမို့ အားပေးပါတယ်
အရှေ့ကစာတွေလည်း ပြန်ရှာဖတ်ပါအုံးမယ်

ဂျာမုန်းဒန် said...

ဘ၀အတွေအကြုံကတယ်ကောင်းပါလား။
ကလောင်ဆိုတာ ဘာအဓိပ္ပါယ်လဲ....မသိလို့နော်။
ဂျစ်တူးကစာတော်မဲ့ပုံပဲနော။ ဘာသာစကားဘယ်နှမျိုတတ်လဲ...
ဒီနေ့တော့မေးခွန်တွေဇွတ်မေးနေတော့စိတ်မတိုပါနဲ့နော။
ခင်လို့ပါ။

ဇော် said...

နိဟောင်မား
နာမဟောင်ဘူးနော်။ အဟီး။ နိအိုက်ဝေါ်မား နာတော့ အိုက်ဘူး။ ချမ်းနေတယ်။ အဲကွန်းကြောင့်။ အဟိဟိ။

ချစ်ရို့ချယာ။ အဟဲ။ ခွိခွိ။ =P

ahphyulay said...

မဂ်လာပါဆရာမ၊ညီညီညာညာနူတ်ဆက်ကြ။
အဲဒါကျွန်တော်တို့ ရဲ့ ဆရာမဗျ။
ဒါကြောင့်  ဆရာမတပစ်တွေကသိတ်တော်တာ။
ဘာပဲဖြစ်ဖြစ် မြေပဲတောထဲမှာ မလည်ရူပ်တော့ 
လုပ်လို့ ရနေပြီဗျ။

Anonymous said...

ကိုယ်လဲ တရုတ်စာရေးသင်ဖူးတယ်၊
တလလောက်ပါပဲ။
ကလောင်နဲ့တော့ မရေးခဲ့ရပါဘူး။

ကျောပိုးအိတ် said...

ကျောပိုးအိတ်လဲ တရုတ်စာသင်ဘူးတယ်။ ၂တန်းထိတော့နေဘူးတယ်။ နောက်တော့ မနေဖြစ်တော့ဘူး။

ခုတောင်မေ့တေ့တေ့ဖြစ်နေပြီ။ ပြန်သင်ပေးပါလား။ ဆရာလေးတင်မယ်လေ နော့

ခင်တဲ့ကျောပိုးအိတ်

Sein Lyan Tun said...

အကိုကြီး ကို တရုတ်စာသင်ပေးပါ


အကိုကြီးတစ်ရုပ် စကားတတ်ချင်တယ်

ကိုကြီးကို ကောင်မလေး တစ်ယောက် မက

လာလာပြောတယ် “ဝေါအိုက်နင်”တဲ့

ကိုကြီးက မအိုက်ပါဘူးလို့ ပြန်ပြောလိုက်တယ်

သင်ပေးနော်

ကိုကြီးတတ်ချင်တယ်း)

ချစ်တဲ့

ဖိုးစိန်