Saturday, June 27, 2009

အော်....ကော်ဖီ ခါးခါး



ကော်ဖီ သိပ်ကြိုက်တဲ့ သူတွေ အများကြီးကို “ဂျစ်”တွေ့ဖူးသလို.....ကော်ဖီဆိုရင် “ဟင့်အင်း”...ဆိုပြီး
ငြင်းဆိုတာလဲ ခဏခဏ တွေ့ဖူးကြုံဖူးပါတယ် ။ကော်ဖီသိပ်ကြိုက်တဲ့ ကောင်မလေး “ဂျစ်တူး”ဘ၀ကနေ...
ကော်ဖီဆို.....“NO”ဖြစ်သွားရတဲ့ အကြောင်းလေး ရှိခဲ့တယ် .....ဆိုရမှာပဲ ။


ဂျစ် ကတော့ ကော်ဖီဆိုရင် ဘယ်အချိန်ပဲ ဖြစ်ဖြစ် လာထားဆိုပြီး သောက်လေ့ရှိတဲ့သူပါ....တစ်ခါတစ်လေ
ဆိုရင် တစ်နေ့သုံး ၊ လေးခွက်လောက် သောက်ဖြစ်တယ် ။ မနက်office ရောက်တာနဲ့ ရုံးက စာရေးမ “ မမကြီး”က
ဂျစ်ကို ကော်ဖီဖျော်တိုက် နေကြလေ....ဒီတော့ breakfast ကိုကော်ဖီနဲ့မုန့်နဲ့ စားတာအကျင့်လေး
ဖြစ်သွားရတယ်.....။


နေ့လည် (၂)နာရီကျော် Tea time ဆို ဂျစ်တို့ သူငယ်ချင်းအုပ်စု coffee သောက်ကြပြန်ရော...။
ဒါမှ နေ့လည် ဂျစ်တစ်ယောက် Drawing ကောင်းကောင်း ကြည့်နိုင်၊ ဆွဲနိုင်မယ်လေ............
Report တွေကိုလဲ ခေါင်းအေးအေးနဲ့ ကောင်းကောင်း ရေးနိုင်မယ်ဆိုတဲ့ ..... အကြောင်းပြချက်လေးတွေ
ပေးပြီး ကော်ဖီကို နေ့တိုင်းနီးပါး သောက်ဖြစ်နေတယ်....။ သောက်ရင်လဲ ခါးခါးလေး သောက်တတ်တယ် ။


ညနေ Dinner ချိန်ရောက်တဲ့အခါ.....အများအားဖြင့် Dinner ကိုချစ်သူနဲ့အတူတူ သွားစားတတ်တယ် .....
စားပြီးရင်လဲ ချစ်သူက ကော်ဖီဆိုင်ထိုင်မလား မေးတတ်တယ် ...။ အဲ့လိုမေးလာတဲ့ အခါတိုင်းမှာ
ဂျစ်က လုံးဝမငြင်းခဲ့ဘူး.....“အိုကေ...အိုကေ ...ပေါ့... ကော်ဖီ သိပ်ကြိုက်တာကိုးဗျ...။


အိမ်က မမက အင်္ဂလိပ်စာ စကားပြော သင်တဲ့ ကျောင်းက ဆရာမလေးပါ...။ညဘက်တွေမှာ

ဆိုရင်တော့ ဂျစ်ရဲ့ ချစ်သူအပါအ၀င် ကျောင်းသား အားလုံး (၄)ယောက်ကို တရုတ်စာသင်ပေး ၊
ပြပေး လေ့ရှိတယ်...။ ။အဲဒီအချိန်ဆို ဂျစ်လဲ အမြဲလိုလို မမနဲ့လိုက်သွား
တတ်တယ်။ ဂျစ် ကော်ဖီကြိုက်တာ ချစ်သူက သိတော့ အမြဲတမ်း
ကော်ဖီဖျော် တိုက်တတ်တယ်ဗျ .........။

(မိုက်တယ်.....မို့လား။ ချစ်တာ.....ချစ်တာ.....ချစ်လို့............ပေါ့ဗျ ။)


ကော်ဖီကို စွဲစွဲလန်းလန်း သောက်ခဲ့တာ (၁၅)နှစ် လောက်ရှိတော့ မယ်ထင်တယ် ...။
မနက် ကော်ဖီ မသောက်ရရင် စိတ်တွေအလိုလို တိုနေမိတာ။ ကော်ဖီကို မသောက်ရ
မနေနိုင်တဲ့ အထဲမှာ ဂျစ်တူးလဲ ပါတယ် ။


ကော်ဖီကို အချိုမပါပဲ အသင့်အတင့် သောက်ရင် ကောင်းကျိုးတွေ ရှိတယ်လို့ သိထားတယ်...

ဥပမာ ...လူကို လန်းဆန်းနေစေတယ် ၊ လှချင်တဲ့ ကောင်မလေးတွေဆိုရင် စားတဲ့အစား အစာတွေမှာ
Calories စားတာ များသွားလို့ကတော့ သကြားမပါ ကော်ဖီသောက် တတ်ကြတာ တွေ့ဘူးတယ်......

ကိုယ်လုံးလေး လှချင်တာလေ.....။ နောက်ပြီး ထမင်းစားပြီး ကော်ဖီအနည်းငယ် သောက်ရင်တော့
အစာကြေလွယ်တယ်................ဆီးကို ရွှင်စေတယ်တဲ့။
(ကြားဘူးသလောက် ပြောပြတာ...ဟုတ်မဟုတ် သေချာသိဘူးနော်။)


ကော်ဖီ အရမ်းသောက်လို့ office က Boss ဆိုရင် .. ဂျစ်တို့ ကော်ဖီကြိုက်တဲ့ အုပ်စုကို ခဏခဏ

ကော်ဖီသောက်လို့ တွေ့တာနဲ့ ကော်ဖီသောက်လို့ ရရှိတဲ့ ဆိုးကျိုးတွေ ပြောတော့တာပါပဲ....
“ကော်ဖီ....သောက်ကြ... ...သောက်ကြ......အသက်တွေလဲ ကြီးလာရော နင်တို့တတွေ
လမ်းတောင်ကောင်းကောင်း လျှောက်နိုင်ပါ့မလား..........? ရှိတဲ့အရိုးတွေလဲ ကြေမွနေလေလာက်ပြီတဲ့......
ဟိုတစ်ယောက် ရှိသေးတယ် “ငဂျစ် ”...အစာအိမ်မကောင်းဘူး မို့လား.....ပြောလဲမမှတ်....သောက်ကြ...
သောက်ကြ...ဟဲ့...”ဆိုပြီး ဂရုနာဒေါသ ထွက်တာမျိုး ဂျစ်တို့တွေ တစ်ပတ် တစ်ခါလောက် မြင်ရတယ် .....။


တကယ်တော့ ကော်ဖီကို အလွန်အကျွန် သောက်တဲ့ အကျင့်က မကောင်းတာ သိပေမဲ့ ပြင်ဘို့မကြိုးစား

မိခဲ့ဘူးလေ...။ တစ်နေ့မှာ ဂျစ်တူး ချစ်သူရဲ့ gmail ထဲဝင်ကြည့် ဖြစ်တယ် ...။ ဘာရယ်မဟုတ်ပါဘူး...
ကျောင်းတုန်းက ငယ်သူငယ်ချင်းလေးတွေ လိုင်းပေါ်တက်လာ သလားလို့....လက်ဆော့တာ ပြောရမှာပဲ ..။
ဂျစ်ချစ်သူရဲ့ သူငယ်ချင်း online ကောင်မလေးတစ်ယောက် က “ အကို သောက်ဘို့ ကော်ဖီတစ်ခွက်
ဆိုပြီး ကော်ဖီ photo လေးတစ်ပုံ mail ပို့ထားတာတွေ့ လိုက်ရတယ်.............။


အဲဒီမှာ စပြီး .............ကော်ဖီဆိုရင် ခါးခါးရော....... ချိုတာရော.......စိမ့်တာရော.....
“လုံးဝ ဥသုံ မဘုတ်ဆုံ ပဲ ” သောက်ကိုမသောက် ဖြတ်ပြစ်လိုက်တယ်.....၊ ပြီးတော့ ချစ်သူက ဂျစ်ကို

အမြဲဖျော်တိုက် နေကြ အစဉ်အလာကို ဂျစ်တစ်လှည့် တာဝန်ယူဘို့ ဆုံးဖြတ်လိုက်တယ် ။
တကယ်တော့ ချစ်သူရဲ့ သူငယ်ချင်းဆိုတာ စိတ်ထဲမှာသိပါတယ် .. သူငယ်ချင်းတွေ နောက်ပြောင်လို့

ခင်တဲ့စိတ်နဲ့ ဒီmailလေး ပို့တယ်ဆိုတာလဲ ဂျစ် သိပါတယ်....ဒါပေမဲ့ ဂျစ်က ချစ်တော့
သ၀န်တို တာပေါ့လို့.........၊ နောက်နေ့ကစပြီး ကော်ဖီကို ဂျစ်ရဲ့ မကြိုက်ဆုံး အရာအဖြစ်

နေရာပေးလိုက်တယ် ...။


ခုချိန်ထိ ဂျစ်ချစ်သူနဲ့ လက်ရှိသူငယ်ချင်းတွေက ဂျစ်တူး ဘာလို့ ကော်ဖီ သိပ်ကြိုက်နေရာက

လုံးဝမသောက်တော့ တာလဲပေါ့...... အားလုံးနားမလည် ကြဘူးပေါ့............ဒါနဲ့ ချစ်သူ
“မောင်”ရှင်းအောင် ......သိစေချင်တဲ့ သဘောမျိုးနဲ့ ဒီပို့စ်လေး ရေးဖြစ်သွားတယ်.............။


“အချစ် ..အချစ်........အော် အော် မှားလို့မှားလို့......ကော်ဖီ ကော်ဖီ...သောက်တော့ဘူးကွာ......ဘာဖြစ်သလဲ...”

တကယ်တော့ ဘာမှ မဖြစ်တော့ပါဘူး.....ကော်ဖီ စဖြတ်တဲ့ တစ်ပတ်လုံးလုံး ခေါင်းတွေ တအားကိုက်တယ်....
နေလို့ထိုင်လို့ မကောင်းဘူး..အဲ့လောက်လေးတော့ ဂျစ် ခံစားလိုက်ရပါတယ်..............တကယ်တော့
ကျေးဇူးရှင်လေးက ချစ်သူရဲ့online သူငယ်ချင်းလေး ဖြစ်ပါတယ်......................။


ဂျစ် တကယ်ကျေးဇူး တင်နေမိတယ် ။ မမြင်ဘူး မတွေ့ဘူး မရင်းနှီးပေမဲ့ ...မင်းကြောင့် ဂျစ်
မကောင်းတဲ့ အကျင့်ဆိုးလေး တစ်ခု မရှိတော့ဘူး......ကျေးဇူးကမ္ဘာပါ.....နော် ။
ဘာပဲဖြစ်ဖြစ် အချစ်ကြောင့် အရက် ပြတ်တာ မဟုတ်ပေမဲ့.... ကော်ဖီတော့ ပြတ်သွားပြီ.....
ဟေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ။
(မင်းလေး .......ဂျစ်ကို စိတ်ချိုးရဘူးနော်............)


ဂျစ် ချစ်ခင်လေးစာရသော မောင်နှမများ ကိုယ်စိတ်နှဖြာ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ...............ဗျာ ။
(ကော်ဖီ ပြတ်သွားတဲ့ (၁)လပြည့် အထိမ်းအမှတ်ပါ)



ချင်ခင်လေးစားစွာဖြင့်
ဂျစ်.....တူး....လေး

23 comments:

Anonymous said...

ကော်ဖီ တစ်လပြည့် အထိမ်းအမှတ် .... တက်ရောက်ပါတယ် ...

ကော်ဖီဆို ခါးမှ ... အထုတ်နဲ့ ကော်ဖီဆိုရင်တောင် ခွက်တစ်ခွက်ထဲကို ၂ ထုပ်ဆင့် ထည့်သောက်တာ ...

ခုနောက်ပိုင်းတော့ သောက်တာ လျော့ထားတယ် ..
ဂျစ်ပြောပြတဲ့ မကောင်းကျိုးတွေ ကြားဖူးထားလို့ ...

ကောင်းပါတယ် .. ကော်ဖီ ပြတ်သွားတာ ...
မကောင်းတာလည်း ရှိတယ် ...
ကိုယ်ကြိုက်နှစ်သက်တဲ့ အာဟာရ တစ်ခု လက်လွှတ်ခံလိုက်ရတာ ....
ဒါပေမယ့်လည်း ကျေနပ်နိုင်ပါတယ် ...
ကော်ဖီဖျော်ပေးခွင့် ရနေသေးတယ်လေ ... :D
နေဒေးသစ်။

မချစ်ရ said...

cafe' ကို အမှုန့်ကိုနှပ်သောက်ရင်
သိပ်အန္တရာယ်မဖြစ်ပါဘူး/cafe' ကပြဿနာမဖြစ်ပါဘူး
ရီးစားကသာပြဿနာ........:P

စိတ်စမ်းရေ said...

သဝန်တိုလိုက်တာလဲ လွန်ပါလေရော...။
ကော်ဖီတောင် မသောက်တော့ဘူးတဲ့....။

နဒီမိုးညို said...

အ၇င်တုန်းက..တော့..လက်ဖက်၇ည်သောက်တယ်..
အခုနောက်ပိုင်းတော့..ကော်ဖီပဲသောက်တော့တယ်..
မသောက်၇၇င်..ထမင်းစားလို့ မခိုဖူးလေ..ခစ်..ခစ်
ပျော်ရွှင်ပါစေ..

သုဒြေ္န said...

သိပ်ကောင်းတာပေါ့ ....ဂျစ်လေး....ကိုကြီးလဲ.............ကော်ဖီကြိုက်ဘူးဗျာ......အဖော်ရတာပေါ့ ....ကော်ဖီ.....သောက်တဲ့ အခါ..ရင်တုန်တတ်တယ်....အိပ်မပျော်ဘူး..ကတုန်ကယင် .....ဖြစ်သလို...ခံစားရတယ်..ဒီတော့ ....ကော်ဖီဖျက်လိုက်တဲ့ ...တလပြည့် ...အထိမ်းမှတ်လေး.မှစ၍.....နောင်လာမဲ့ နေ့ သစ်တိုင်းမှာပျော်ရွှင်ပါစေ.....ညီမလေးကို....ခင်တဲ့ ...ကိုကြီး...သုဒြေ္န

ဂျာမုန်းဒန် said...

တော်တော်ရေးတတ်နိုင်လွန်းတယ်နော်။
ကော်ဖီကိုအော်မိတာတောင် ချစ်...ချစ်..နဲ့။
မဂျာမုန်းက အရင်ကကော်ဖီမသောက်တတ်ဘူး
မုန်းဟင်းခါးဘဲသောက်တတ်တာလေ။ ကော်ဖီဂျိုးသူငယ်ချင်းတစ်ယောက်နဲ့ခင်မိတော့ ကော်ဖီသောက်တတ်သွားတယ်။သူလည်းမုန့်ဟင်းခါးစားတတ်သွားတယ်။
ခင်တဲ့မမ
ဂျာမုန်းဒန်

Anonymous said...

မရေ.................
ကော်ကော်ကြိုက်တာချင်းတူနေပြီ
မသောက်ရရင်ခေါင်းကိုက်တယ်
ဘာမှမလုပ်နိုင်ဘူး
မာမီကတော့ ဘိန်းစွဲနေသလိုပဲတဲ့
မြူးဆိုတနေ့ ၁၂ခွက်လောက်သောက်တာလေ
ခုဆိုဆရာဝန်ကဖြတ်ခိုင်းတာ ၃ကြိမ်ရှိပြီ
တနေ့ ၃ ခါတော့သောက်တုန်းပဲ
ရောဂါနဲ့ မတည့်ပေမဲ့ သောက်ချင်တယ်
မြူးလဲမမသူငယ်ချင်းနဲ့ တွေ့ ရမယ်ထင်တယ်နော်ဟတ်ဟားးးးးးး

kaungkinpyar said...

ဟင့် ကော်ဖီ လာပို့တာ ၊ ဒုခပါပဲ

ကိုလူထွေး said...

ဂျစ်ပြီးရင်း ဂျစ်ကြမယ်
'တူး'.. ပြီးရင် 'သရီး'.. ယောက်မြောက်မွေးမယ်
လေးယောက်ထက်တော့ ပိုလို့မကောင်း...းP

Sein Lyan Tun said...

ကော်ဖီ ပြတ်ရင် အကိုတော့သေလိမ့်မယ်...



ကော်ဖီနဲ့ကောင်မလေးဆို

ကော်ဖီကိုပဲရွေးမယ်း)
ကော်ဖီသောက်ပီးမှကောင်မလေးဆီသွားမယ်လေ

ချစ်ခင်စွာဖြင့်

ဖိုးစိန်

Anonymous said...

စိတ်ကြီးလိုက်တာ၊
ကော်ဖီကို အဲဒီလိုကြီး ဖြတ်ပစ်လိုက်တယ်။
ချစ်သူက ဘာပြောလဲ။ ပြုံးပြုံးလေးကြည့်နေခဲ့တာလား။

သားကြီး said...

ကိုဆိုကောင်ဖီနဲ့ မတည့်လို့လားမသိဘူး သောက်ရင် တစ်အားရင်ပြည့်တယ်
ကော်ဖီသောက်ပြီး နှစ်ရာရီလောက်ထိထမင်းစားမဝင်ဘူး
ကော်ဖီပြတ်သွားတာ၁လပဲရှိသေးလား
သိပ်တော့စိတ်မချရသေးဘူး :P
ထပ်သောက်နေဦးမှ :P::P

မီးမီးချစ် said...

ကိုကိုချစ် ကိုလဲ အကိုသောက်ဖို့ ကော်ဖီ တခွက်ဆို ပို့လာရင်ကောင်းမယ်..ဒါမှ မီးချစ် လဲ ကော်ဖီဖြတ်ဖို့ တွန်းအား နဲနဲ ရတာပေါ့.. ကော်ဖီ မသောက်ရရင် ခေါင်း အရမ်းကိုက်တယ်...

မယ့်ကိုး said...

သ၀န်တိုပုံလေးရော စာရေးပုံလေးကော ချစ်ဖို့ ကောင်းလိုက်တာ။ :)

ahphyulay said...

ဂျစ်ကလေးရေ..။
တောင်ကြီးတက်ခဲ့ ရတုံးက မနက်စောစော
နှင်းတောထဲမှာ ကော်ဖီခါးခါးတစ်ခွက်မူတ်
သောက်ခဲ့ ရတဲ့ အရသာကြောင့်  အခုအချိန်
အထိသောက်ဖြစ်နေတုံးပါ။
ချစ်ကောင်းရဲ့ ကော်ဖီခါးခါးသီချင်းသိတယ်ဆို
ယင်အချစ်နဲ့ ကော်ဖီပတ်သက်တာသိမှာပါ။

chitpalone said...

နံပါတ်အကြီးကြီး ယူမန့်သွားတယ်နော်။ ဒီလောက်တောင် ချစ်တတ်တယ်နော်။ လေးစားမိပါတယ်။ တကယ်ပါပဲ။ တလပြည့်ဂုဏ်ယူပါတယ်။ ဒီလောက်ပြင်းပြင်းထန်ထန်စွဲနေတာတောင် ရအောင်ဖြတ်နိုင်တယ်နော်။ သြော် ကော်ဖီသောက်ရင် ကိုယ်လုံးလှတာ တကယ်လားမမအဟိ။ သမီးကလှတော့လှချင်ပါတယ်။ ဒါပေမယ့် ကော်ဖီသောက်လို့မရဘူး ချက်ချင်းအသက်ရှုမရတော့ဘူးမမ။ လှချင်ပေမယ့်....................... ညစ်။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

ဇော် said...

ကျနော်လဲ ကော်ဖီခါးပဲဗျိုးးး
ကိုလေးနေဒေးနဲ့ တူတူပဲ။
အဲ့ဒါကြောင့် ကျနော် နှလုံးရောဂါရတာနေမှာ။
အဟက်။

သူကြီးမင်း (တုံးဖလား) said...

ကော်ဖီခါးခါးကို အကိုလဲ ကြိုက်တယ်။
ညီမ ကြိုက်ပြီးမှ ဖြတ်နိုင်တာကို ချီးကျူးမိတယ်။ ဒါဟာ စိတ်ခိုင်မာတဲ့ သဘောပေါ့။
အကိုဆိုရင် တစ်သက်လုံး ကော်ဖီဖြတ်နိုင်မှာ မဟုတ်ဘူး။
တစ်ရက်ကို အနည်းဆုံး နှစ်ခွက်လောက်တော့ ပုံမှန်သောက်နေကျ။

ကော်ဖီဖြတ်ပြီး ချစ်သူကို များများဂရုစိုက်တာ လေးစားစရာပါ။

ကိုလူထွေး said...

ပြတ်နိုင်တယ်ပေါ့...

မငုံ said...

ဂျစ်တူးကတော့ ချစ်သူကို သ၀န်တိုမိတာနဲ့ ကြိုက်လှချည်းရဲဆိုတဲ့ ကော်ဖီလေးကို ဖြတ်နိုင်တယ်။ အဲဒီလောက်တောင် ချစ်ရသလား..ပျော်ရွှင်ပါစေ။

မငုံတော့ ကော်ဖီထက် Tea ကို ပိုသောက်ဖြစ်တယ်။

ဝေကြီး said...

ဂျစ်ဂျစ်....
ကော်ဖီကို တကယ်သောက်တော့ဘူးလား...ဟ
နင်ကလဲ ချစ်တတ်တာလဲ လွန်ပါရော......။


နင့်ကိုချစ်တဲ့...ငယ်သူငယ်ချင်း
ဝေကြီး

mgnge said...

ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်.. ကော်ဖီဆိုတာ အများကြီးမသောက် မိတာကောင်းပါတယ်.. လုံးဝကြီး
ဖြတ်ပစ်လိုက်တာ ဆိုတော့လည်း တစ်မျိုးတော့ကောင်း သွားပါတယ်...။

ကျန်းမာပျော်ရွှင်ပါစေ

မြစ်ကျိုးအင်း said...

ကော်ဖီပြတ်တယ်လို့မဆိုနိင်ပါဘူးလေ..
ကော်ဖီကို ဖျော်နေသေးတယ်ဆိုတော့ ကော်ဖီနဲ့ ပါတ်သတ် နေရသေးတယ်မဟုတ်လား...။
ကော်ဖီခါးခါးစိမ့်စိမ့်လေးတခွက်လောက်သောက်ချင်
မိတယ်...။