Wednesday, June 17, 2009

သိပ်ချစ်တတ်တဲ့ ကောင်းကင်

နာကျင်စရာတွေ ထမ်းပိုး
ညတစ်ရေးနိုးမှာ
အာခေါင်တွေခြောက်ကပ်
ဒဏ်ရာတွေပဲ
ထပ်နေခဲ့ပေါ့.........။
(မောင်က “ဂျစ်”ကိုစိတ်ပူတတ်သူပါ....မောင့်ရဲ့ အိပ်စက်ခြင်းမှ လန့်နိုးလာရင်တောင်
သတိရတာ ....ကျမ ဆိုတာ မောင်ပြောပြလို့ သိခဲ့ရတယ်။)

အလင်းမဆင်တဲ့
ငါ့ကောင်းကင်မှာ
ကြယ်တစ်ပွင့်သာ
နင်ဖြစ်ခဲ့ရင်
ငါ့ချစ်ခြင်းနဲ့
ပစ်ခွင်းလိုက်ချင်
ကြယ်ကြွေချိန်မှာ
အလင်းမဝေလိုက်ပါနဲ့
ဘယ်သူနဲ့မှ
လုမကြည့်ချင်ဘူး.......။
(မောင်က ကျမနဲ့ ပက်သက်လာရင် အရမ်းသ၀န်တိုတတ်တယ်....ပြီးတော့ ကျမရဲ့အချိန်အားလုံးကို
မောင်က လောဘတကြီး လိုချင်ခဲ့သူပါ....။ ကျောင်းတုန်းကဆို အတူတူ အရမ်းရင်းနှီး...၊အတူတူ
ကျောင်းသွား...၊အတူတူ ကျူရှင်တတ်တဲ့ သူငယ်ချင်းတွေကို ဘောပင်လေးတစ်ချောင်း ကျမ
ငှါးမိခဲ့တဲ့အခါ......သူငယ်ချင်းထဲက စာမသိလို့ ကျမရှင်းပြမိတဲ့ အခါမျိုးမှာ မောင်ကမျက်နှာမကောင်း
စိတ်ဆိုးခဲ့ဘူးတယ်....။ ကျမက မောင်မှမောင်ပါလို့ အားလုံးရှေ့မှာ ပြောပြရင်တောင်... ကျမ ကို
စိတ်ပြောင်းသွားမှာ ဆိုးတယ်လို့ ပြောတတ်တယ် ။........ဘာလို့ အဲ့လိုပြောခဲ့လဲ ဆိုတော့ ........
ကျမဘေးမှာ မောင်ရှိရက်နဲ့ လာတန်းစီနေသူတွေ ရှိနေခဲ့လို့ ... မောင်စိတ်ပူခဲ့ရတာပါ....။
တကယ်တော့ မောင့်ရဲ့ဘေးမှာ ကျမအမြဲရှိခဲ့သူပါ.......ကျောင်းသွားတူတူ ...မုန့်စားတူတူ....
ကျောင်းဆင်းချိန် အတူတူ....ကျူရှင်တက်ရင်လဲ အတူတူ...စာကျက်ရင်တောင် အတူတူရှိနေခဲ့တာပါ.....။)

ဘာပဲဇြစ်ဖြစ်
ငါ့နားဘေးမှာ
မင်းရှိပေးရင်
အရှုံးတွေလည်း
ပြုံးပြရဲတယ်.....။
မျက်တောင်တစ်ခတ်ပဲ
ပေးဆပ်ခဲ့ရင်
ငါ့ဘ၀တစ်သက်လုံး
မင်းယူသုံးပါ
ကြည်ကြည်ဖြူဖြူ
ပေးလှူပါ့မယ်..........ချစ်တဲ့သူရယ် ။

***ချစ်သူရေ မောင့်ရဲ့သ၀န်တိုမှုတွေက မကောင်းခဲ့ပါဘူး....ဒါပေမဲ့ ချစ်သူကို သိပ်ချစ်လို့
သ၀န်တိုခဲ့တာပါ...............တနည်းအားဖြင့် မောင်“ဂျစ်”ကိုသိပ်ချစ်တာ သိမြင်နိုင်ပါစေ။***
(ဒီကဗျာလေးက မောင် ကျမအတွက် အမှတ်တရ ပို့ပေးခဲ့တာပါ )
မောင်ရေ ကျမလည်း မောင့်လိုပဲ သ၀န်တိုတတ် တာမမေ့ပါနဲ့......နော်.......


(မောင့် ဘေးမှာကျမ ရှိရင် အားလုံးပြည့်စုံပြီလို့ မောင် မကြာခဏ စာရေးပြီး ကျမကို
ပြောတတ်တယ်လေ ၊ ကျမ ၀တ္ထုဆိုတာ ဖတ်ကို မဖတ်ခဲ့တာပါ....မောင်သိပါတယ် ၊
ဒါပေမဲ့ မောင်ပို့ခဲ့ဘူးတဲ့ ၀တ္ထုလေးတစ်အုပ်ကို ကျမ ချစ်တဲ့စိတ်နဲ့ အစအဆုံး
ဖတ်ဘူးတယ်..... ။၊အခုတလော ဘလော့မောင်နှမတွေရဲ့ စာတွေတော်တော်များများ
လိုက်ဖတ်ဖြစ်တယ်....ဘာလို့ လိုက်ဖတ်ဖြစ်လဲဆိုတော့ မောင်က ကျမ စာဖတ်အား
နည်းလို့ စာတွေဖတ် စေချင်တယ် ၊ ညဘက်တွေမှာ စာဖတ်တဲ့ အကျင့်လေး ကျမမှာ ရှိသွားတယ်၊
ဘလော့မောင်နှမတွေရဲ့ ရေးထားတဲ့ ခေါင်းစဉ်လေးတစ်ခုကို သဘောကျမိတယ်.....၊
ခေါင်းစဉ်လေးက “အဖြစ်ချင်ဆုံး ဆန္ဒတစ်ခု”တဲ့....၊ ဒါနဲ့ မောင့်ကို မေးမိတယ်....
မောင်အဖြစ်ချင်ဆုံး ဆန္ဒလေးက ဘာဖြစ်မလဲလို့ သိချင်ခဲ့လို့ပါပဲ ။
မောင်က ....“မောင်... ကျမကို တစ်သက်စာ ပိုင်ဆိုင်ခွင့် ရချင်တာပါတဲ့ ”...........
မောင် ကျမကို သိပ်ချစ်ခဲ့တာ ကျမမြင်ပါတယ်မောင်........မောင့်ရဲ့ သ၀န်တိုမှုတွေက
တစ်ခါတစ်လေမှာ မောင်ထင်သလို မဟုတ်ခဲ့တော့ ကျမခံစားရတယ်.....၊ ကျမရဲ့
အချိန်တွေ တော်တော်များများဟာ မောင်ပိုင်ဆိုင်ထားတာပါ......၊ ဘာပဲဖြစ်ဖြစ်
မောင့်ဆီက အဆိုးဆုံးတွေလည်း ကျမထပ်ပြီး လက်ခံသွားအုံးမှာပါ............မောင် )









9 comments:

Anonymous said...

ဂျစ်ရဲ့ မောင်က ကဗျာရေးကောင်းတယ် ... ချစ်သူကို ဘယ်လောက်ချစ်တယ်ဆိုတာ ပေါ်လွင်အောင် ဖော်ပြတတ်သလို ... သဝန်တိုတတ်တဲ့ သူ့ချစ်ခြင်းတွေကိုလည်း မငြိုငြင်ရအောင် ဖြေသိမ့်ပေးတတ်သေးတယ် ...
နေဒေးသစ်။

မိုးစက်အိမ် said...

ဂျစ်လေး မေးလေးလို ချစ်သူကို တော်
တော်ချစ်တာဘဲ...အဆင်ပြေ ပျော်ရွှင်
ပါစေဗျာ...

Sein Lyan Tun said...

အားကျတယ် ညီမလေးဂျစ်
အကို့ ကို မောင်လို့ခေါ်မယ့်သူမရှိသေးဘူး...
အခေါ်ခံချင်သေးတယ် အဟိ....
မောင်နဲ့ဂျစ်
ဂျစ်နဲ့မောင်
ချစ်ခြင်းများဖြင့် အပြစ်ကင်းစေသတည်း....
ချစ်ခင်စွာဖြင့်
ဖိုးစိန်

ချစ်တဲ့မောင် said...

ရင့်ကျက်လာတဲ့အရွယ်မှာတောင် သ၀န်က တိုချင်တုန်းပဲ

Lucifer said...

ဟိ..
သဝန်တိုစရာမရှိတော့ အားတောင်ကျမိတယ်..

မေလေး said...

မမရေ အားကျမိပါတယ်...မမကအရမ်းကံကောင်းတာဘဲနော်..မေလေးကတော့ ကံမကောင်းတတ်ဘူး..လိုချင်တာ ဘယ်တော့မရတတ်ဘူး...စိတ်ကောင်းလေးဘဲမွေးနေရတယ် ..နောင်ဘဝရှိရင်ကံကောင်းအောင်လို့လေ..
မမကိုလဲမေလေးကခင်ပါတယ်..လာအားပေးတာကျေးဇူးနော်..စိတ်မညစ်ပါဘူး မေလေးနေတတ်နေပါပြီ...မေလေးကိုလည်းအမြင်မတော်တာရှိရင်ဆုံးမပါနော်..
မေလေး မေးလ်က sonenaingkhwint@gmail.com မမပြောစရာရှိရင်ပြောလို့ရပါတယ်..တိုးတိုးတိတ်တိတ်လေးပေးသွားတယ်...အဟဲ
မမကိုချစ်တဲ့
မေလေး

စိတ်စမ်းရေ said...

ကဗျာလေးက ကောင်းတယ်..။
ဂျစ်တို့ ချစ်သူဘဝကလဲ အားကျစရာကောင်းတယ်...။

ခင်မင်စွာဖြင့်

chitpalone said...

အားကျမိပါတယ် မမဂျစ်ရေ တခါတလေ အဲ့လိုချစ်တတ်တာလည်း ကောင်းတယ်ထင်တယ်။အဟိ သမီးတော့ သေသေချာချာမသိသေးဘူး။ ဘာပဲဖြစ်ဖြစ် အဲ့လိုအချစ်မျိုးကို လေးစားအားကျမိပါတယ်။
သက်ဆုံးတိုင်ချစ်နိုင် လက်တွဲနိုင်ပါစေ။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

kaungkinpyar said...

တို့ ကောင်းကင်ပေါ်မှာတော့ အေးဆေးပဲ ညီမလေး ၊ :)