Tuesday, June 30, 2009

ဘ၀ အပိုင်းအစလေးများ(၃)

ဂျစ်တူး (၁၃)နှစ်အရွယ် ထိုင်ဝမ်မှာ ကျောင်းနေတုန်းက ပထဦးဆုံး တရုတ်စာကို ကလောင်ရေးရတယ် ။အဲဒီနေ့လေးကို ဂျစ် ဘ၀မှာ မှတ်မှတ်ရရ ဖြစ်ခဲ့ရတယ် .....။
ဂျစ်တူးတစ်ယောက် ကတော့ ဒီနေ့ ကလောင် စရေးရမှာ ဆိုတဲ့ အတွေးတွေ
စိတ်ထဲရောက်နေတော့ ရင်တွေမော ရတယ်ပေါ့ဗျာ........။ တရုတ်စာကို ရိုးရိုး
ဘောပင်နဲ့ရေးရင်တောင် ကိုယ့်လက်ရေးကို ဂျစ်ကိုယ်တိုင် ကြည့်ရင် စိတ်ညစ်နေရတာ ။
ခုဟာက မှင်ဆေးနဲ့ကလောင် ရေးရမယ်ဆိုတော့ ဘယ်လိုဖြစ်မလဲဆိုပြီး......တွေးတောင်
မတွေးရဲဘူး...။


ဂျစ်တို့က အတန်းထဲမှာ ယောကျာင်္းလေးနဲ့ မိန်းကလေးတွဲပြီး နေရာကို ထိုင်ရတယ် ။
ဂျစ်ဘေးမှာ ထိုင်တဲ့ ကောင်လေးက စာတော်တယ် ၊ တရုတ်ဘာသာမှာဆို ဆရာလေး
နေရာရထားတဲ့ သူပါ ။(ဆရာလေး ဆိုတာ ....စာမေးပွဲဖြေတဲ့ အခါတိုင်း အဲ့ဒီဘာသာမှာ
အမှတ်အများဆုံး ရရှိသူမှဆရာလေးအဖြစ် အတန်းပိုင်ဆရာမက ခန့်အပ်တာလေ.......
ပြီးတော့ ဖြေဆိုထားတဲ့ အဖြေလွှာတွေကိုတော့ ဆရာမနဲ့အတူတူ အမှတ်ခြစ်ခွင့် ရှိသေးတယ် ၊
သူ့အဖြေလွှာ ကိုတော့ ဆရာမကစစ်တယ်။
ဒီကောင်လေးက အမြဲလိုလိုလောက် တရုတ်ဘာသာမှာ အမှတ်အများဆုံး ရတတ်တယ် ......။


သူနဲ့ဂျစ်က ဘေးချင်းကပ် ထိုင်တော့ သူဘယ်လိုရေးလဲ ဆိုတာ ဂျစ်မြင်နိုင်သလို ၊
ဂျစ်ဘယ်လို ရေးလဲဆို တာကိုလဲ သူကောင်းကောင်း မြင်တယ် ။ အဲ့ဒီနေ့က သူက
ဂျစ်လိုမျိုး မှင်အိုးလေးယူလာတာ မဟုတ်ဘူး။သူကိုယ်တိုင် မှင်ခဲကို ရေနဲ့
သေသေချာချာ ဖျော်တာဗျ......ဘာလို့အဲ့လို ဖျော်ရတာလဲလို့ စပ်စပ်စုစု မေးမိတယ် ။
သူကဘယ်လိုပြောလဲ ဆိုတော့“ဒီလိုဖျော်ပြီး ရေးတာက ဆရာသမားတွေမှ ရေးတာ”
လို့ ဂျစ်ကို သူပြန်ဖြေတယ်လေ ။ဒါနဲ့ဂျစ်ကလဲ အသံကျယ်ကျယ်လေးနဲ့“ကျားယို...ကျားယို...”
လို့အော်ပေးလိုက်တယ်၊
(ကျားယို = ကြိုးစားထားပေါ့) ။


ဂျစ်ကိုတော့ သူသိပ်မကြည်ဘူး...ဂျစ်အော်လိုက်တာ သူ့ကို တမင်ရွဲ့တယ် ဆိုတဲ့
သဘောလေး ဖြစ်သွားလို့နဲ့ တူပါတယ် ။ ဂျစ်ကို စကားလုံးဝမပြောပဲ သူ့ဘာသာသူ
စာစရေးတော့တယ် ။ ဂျစ်လဲ စာစရေးတော့ တာပေါ့ ။တရုတ်စာ ကလောင်စရေးတော့
ဂျစ်က ကိုယ်ရေးတတ်သလိုမျိုး စာလုံးကို ပန်းချီဆွဲသလို ဖြေးဖြေးလေးနဲ့
ဖွဖွလေး ဆွဲနေတာ.......ဒါကြောင့် ဂျစ်ဘေးက ကောင်လေးက “ဟဲ့ နင်ရေးတာ
ပုံစံမကျဘူး....အဲ့လိုထပ်ခါထပ်ခါ ရေးခြစ်ဆွဲတာ နည်းလမ်းမကျဘူး...ငါရေးတာကြည့်
တစ်ကြိမ်ပဲ စုတ်ချက်မှန်မှန် ရေးရတယ်”လို့ မနေနိုင်လို့ လာပြောတယ် ။
ဂျစ်ကလဲ ခေါင်းက ခက်မာမာလေ...ဒီတော့

“ငါနင့်လို တစ်ချက်ထဲ မှင်နဲ့ဆွဲရအောင် နင့်လို ဆရာလေးမှ မဟုတ်တာဟ ”
လို့ပြန်ပြောမိတယ်..။


တကယ်တော့ ကလောင်ရေးတာ စာလုံးရဲ့ရေးပုံ စုတ်ချက်အတိုင်း တစ်ချက်ထဲ
မှင်နဲ့တစ်ခါတည်း ဆွဲရတာပါ... ဂျစ်အတွက် တစ်ခါမှ ရေးလေ့မရှိတော့ မလွယ်ကူ လှပါဘူး....။
ဂျစ်ကတော့ လူလည်လုပ်ပြီး ဆရာမမသိခင် အသာလေး စာလုံးလေးတွေကို
ပန်းချီဆွဲသလို ရေးနေတာ...၊ဘေးက တစ်ယောက်ကတော့ ဂျစ်ကို နားမထောင်လဲ
နေဆိုပြီး ပစ်ထား လိုက်တော့တယ် ။


ဂျစ်ကတော့ ရေးမြဲအတိုင်း ခပ်တည်တည်ပဲ လှလှလေးဖြစ်အောင် ဆရာမ
အလစ်ချောင်းပြီး ရေးနေတာပေါ့ ။ဆရာမ သိသွားရင် ဂျစ်ဘေးက ကောင်လေးပြောသလိုမျိုး
ထပ်ပြောမှာ သေချာတယ် ၊ပြီးတော့ အသစ်ပြန် ရေးခိုင်းမှာ သေချာနေပြန်တယ် ၊ အဲ့ဒီတော
့ ဂျစ်အနားကို ဆရာမ ရောက်လာရင် ဂျစ်က ရေးတာ ခဏရပ်ပြီး မှင်တွေဘာတွေ ဖြည့်နေတဲ့
စတိုင် နေလိုက်တယ်....။ ဂျစ်လဲ ဘေးက ကောင်လေးကို မျက်နှာပူပူပဲ မသိချင်ယောင်ဆောင်ပြီး
ရေးစရာရှိတာ ပြီးအောင်ရေးနေလိုက်တယ် ။


အားလုံး ကလောင်ရေးလို့ ပြီးတော့ ဆရာမက စာရွက်တွေ ထပ်ခိုင်းတယ် ။
ဂျစ် ရေးထားတဲ့ စာရွက်ထပ်ပြီး ပြန်လာတော့ ဂျစ်ဘေးက ကောင်လေးက
“နင်ရေးထားတာ အမှတ် များများ ရပါလိမ့်မယ်..စောင့်နေ...ဘိတ်ချီးပဲ ရလိမ့်မယ် ”
ဆိုပြီး ဒူးလေးနှန့်ပြီး ရိတိတိနဲ့ ပြောလိုက်တာ ခံလိုက်ရတယ် ။
မကြာပါဘူး....အတန်းချိန်(၂)ချိန် အပြီးလောက်မှာ ဆရာမ အမှတ်ခြစ်ပြီးလို့ ဂျစ်တို့
စာရွက်တွေ ပြန်လာပေးတယ် ။


ဂျစ်တော့ ဆရာမ လာဆူတော့မှာပဲလို့ စိတ်တွေတအားပူနေ မိတယ် ။ ဂျစ်စာရွက်ရတော့
ဆရာမက မှတ်ချက် ဆိုပြီး အောက်ဆုံးမှာ စာတစ်ကြောင်း ရေးထားတယ် ။
မှတ်ချက်း လက်ရေးလက်သား တော်တော် ကောင်း၏ ။ စာလုံးကြီးကြီးနဲ့
“甲 上 ”လို့ ရေးပေးထားတယ် ။

(“甲 上 ”ဆိုတာ မြန်မာပြည်မှာဆို A+ ပေါ့ဗျာ ။)



ဒီမှာ ဂျစ်ဘေးက ကောင်လေး ရူးချင်သွားတယ်ပေါ့....မျက်နှာတွေ နီရဲလာပြီး ၊
“နင်ကတော်တယ်ဟာ ဂျစ်ရာ ...တကယ် ”
“ ငါကနင့်လို ပန်းချီဆွဲသလို မရေးတတ်လို့ “甲 ”ပဲ

ရတာဟ ....”ဆိုပြီး အထင်တကြီး ပုံစံမျိုး လာပြောတာ။
(“甲 ”ဆိုတာ မြန်မာပြည်မှာဆို A ပေါ့ဗျာ ။)


နောက်ပိုင်း ဂျစ်တို့ ကလောင်ရေးတဲ့ အခါတိုင်း သူအိမ်က မှင်အိုးပဲပါလာတော့တယ်။
အရင်ကလို မှင်ခဲကို ရေနဲ့ သေသေချာချာ မဖျော်တော့ဘူး ။ ဂျစ်ဘယ်လို ရေးတယ်ဆိုတာ
သေချာကြည့်ပြီး ရေးတော့တာပဲ...။ အဲဒီနေ့က သူက“甲上 ”A+ ....
ဂျစ်ကတော့ “甲 ”A ရခဲ့တယ်..................ပျော်ပျော်ပဲ ကျေနပ်ခဲ့တယ်ပေါ့ ။
ဒီအဖြစ်အပျက်လေးကို ဂျစ်နဲ့ ဘေးကကောင်လေး နှစ်ယောက်ထဲ သိခဲ့ကြတဲ့ အဖြစ်လေးပေါ့နော်။
(လူလည်လုပ်ခဲ့တာ ဆရာမ သိဘူး........ဟဲဟဲ )


မောင်နှမတွေ အထင်လွဲမှာဆိုးလို့......ပြန်ဖြေရှင်းပါတယ် ...။
နောက်ပိုင်းမှာတော့ သေသေချာချာ ရေးနည်းကို ကျင့်ယူခဲ့ပါတယ်....။
အခု ကလောင် ကောင်းကောင်း ရေးတတ်နေပါပြီနော် ...........။


ခုချိန်မှာတော့ ဂျစ်ပြန်စဉ်းစားမိတိုင်း ဘေးကထိုင်တဲ့ ကောင်လေးမျက်နှာ မြင်ယောင်ပြီး
ပြန်ရယ်ချင်မိတယ် ..............။
ထိုင်ဝမ်မှာ ကျောင်းနေခဲ့တဲ့ ငယ်ဘ၀လေးကို သတိတရဖြစ်မိလို့ အမှတ်တရ ဒီပို့စ်လေး
ရေးဖြစ်သွားရတယ်။


ဂျစ် ချစ်ခင်လေးစားရသော မောင်နှမများ ကျန်းမာပျော်ရွှင်ကြပါစေ .........................။

ချစ်ခင်လေးစားစွာဖြင့်

ဂျစ် တူး လေး



Saturday, June 27, 2009

အော်....ကော်ဖီ ခါးခါး



ကော်ဖီ သိပ်ကြိုက်တဲ့ သူတွေ အများကြီးကို “ဂျစ်”တွေ့ဖူးသလို.....ကော်ဖီဆိုရင် “ဟင့်အင်း”...ဆိုပြီး
ငြင်းဆိုတာလဲ ခဏခဏ တွေ့ဖူးကြုံဖူးပါတယ် ။ကော်ဖီသိပ်ကြိုက်တဲ့ ကောင်မလေး “ဂျစ်တူး”ဘ၀ကနေ...
ကော်ဖီဆို.....“NO”ဖြစ်သွားရတဲ့ အကြောင်းလေး ရှိခဲ့တယ် .....ဆိုရမှာပဲ ။


ဂျစ် ကတော့ ကော်ဖီဆိုရင် ဘယ်အချိန်ပဲ ဖြစ်ဖြစ် လာထားဆိုပြီး သောက်လေ့ရှိတဲ့သူပါ....တစ်ခါတစ်လေ
ဆိုရင် တစ်နေ့သုံး ၊ လေးခွက်လောက် သောက်ဖြစ်တယ် ။ မနက်office ရောက်တာနဲ့ ရုံးက စာရေးမ “ မမကြီး”က
ဂျစ်ကို ကော်ဖီဖျော်တိုက် နေကြလေ....ဒီတော့ breakfast ကိုကော်ဖီနဲ့မုန့်နဲ့ စားတာအကျင့်လေး
ဖြစ်သွားရတယ်.....။


နေ့လည် (၂)နာရီကျော် Tea time ဆို ဂျစ်တို့ သူငယ်ချင်းအုပ်စု coffee သောက်ကြပြန်ရော...။
ဒါမှ နေ့လည် ဂျစ်တစ်ယောက် Drawing ကောင်းကောင်း ကြည့်နိုင်၊ ဆွဲနိုင်မယ်လေ............
Report တွေကိုလဲ ခေါင်းအေးအေးနဲ့ ကောင်းကောင်း ရေးနိုင်မယ်ဆိုတဲ့ ..... အကြောင်းပြချက်လေးတွေ
ပေးပြီး ကော်ဖီကို နေ့တိုင်းနီးပါး သောက်ဖြစ်နေတယ်....။ သောက်ရင်လဲ ခါးခါးလေး သောက်တတ်တယ် ။


ညနေ Dinner ချိန်ရောက်တဲ့အခါ.....အများအားဖြင့် Dinner ကိုချစ်သူနဲ့အတူတူ သွားစားတတ်တယ် .....
စားပြီးရင်လဲ ချစ်သူက ကော်ဖီဆိုင်ထိုင်မလား မေးတတ်တယ် ...။ အဲ့လိုမေးလာတဲ့ အခါတိုင်းမှာ
ဂျစ်က လုံးဝမငြင်းခဲ့ဘူး.....“အိုကေ...အိုကေ ...ပေါ့... ကော်ဖီ သိပ်ကြိုက်တာကိုးဗျ...။


အိမ်က မမက အင်္ဂလိပ်စာ စကားပြော သင်တဲ့ ကျောင်းက ဆရာမလေးပါ...။ညဘက်တွေမှာ

ဆိုရင်တော့ ဂျစ်ရဲ့ ချစ်သူအပါအ၀င် ကျောင်းသား အားလုံး (၄)ယောက်ကို တရုတ်စာသင်ပေး ၊
ပြပေး လေ့ရှိတယ်...။ ။အဲဒီအချိန်ဆို ဂျစ်လဲ အမြဲလိုလို မမနဲ့လိုက်သွား
တတ်တယ်။ ဂျစ် ကော်ဖီကြိုက်တာ ချစ်သူက သိတော့ အမြဲတမ်း
ကော်ဖီဖျော် တိုက်တတ်တယ်ဗျ .........။

(မိုက်တယ်.....မို့လား။ ချစ်တာ.....ချစ်တာ.....ချစ်လို့............ပေါ့ဗျ ။)


ကော်ဖီကို စွဲစွဲလန်းလန်း သောက်ခဲ့တာ (၁၅)နှစ် လောက်ရှိတော့ မယ်ထင်တယ် ...။
မနက် ကော်ဖီ မသောက်ရရင် စိတ်တွေအလိုလို တိုနေမိတာ။ ကော်ဖီကို မသောက်ရ
မနေနိုင်တဲ့ အထဲမှာ ဂျစ်တူးလဲ ပါတယ် ။


ကော်ဖီကို အချိုမပါပဲ အသင့်အတင့် သောက်ရင် ကောင်းကျိုးတွေ ရှိတယ်လို့ သိထားတယ်...

ဥပမာ ...လူကို လန်းဆန်းနေစေတယ် ၊ လှချင်တဲ့ ကောင်မလေးတွေဆိုရင် စားတဲ့အစား အစာတွေမှာ
Calories စားတာ များသွားလို့ကတော့ သကြားမပါ ကော်ဖီသောက် တတ်ကြတာ တွေ့ဘူးတယ်......

ကိုယ်လုံးလေး လှချင်တာလေ.....။ နောက်ပြီး ထမင်းစားပြီး ကော်ဖီအနည်းငယ် သောက်ရင်တော့
အစာကြေလွယ်တယ်................ဆီးကို ရွှင်စေတယ်တဲ့။
(ကြားဘူးသလောက် ပြောပြတာ...ဟုတ်မဟုတ် သေချာသိဘူးနော်။)


ကော်ဖီ အရမ်းသောက်လို့ office က Boss ဆိုရင် .. ဂျစ်တို့ ကော်ဖီကြိုက်တဲ့ အုပ်စုကို ခဏခဏ

ကော်ဖီသောက်လို့ တွေ့တာနဲ့ ကော်ဖီသောက်လို့ ရရှိတဲ့ ဆိုးကျိုးတွေ ပြောတော့တာပါပဲ....
“ကော်ဖီ....သောက်ကြ... ...သောက်ကြ......အသက်တွေလဲ ကြီးလာရော နင်တို့တတွေ
လမ်းတောင်ကောင်းကောင်း လျှောက်နိုင်ပါ့မလား..........? ရှိတဲ့အရိုးတွေလဲ ကြေမွနေလေလာက်ပြီတဲ့......
ဟိုတစ်ယောက် ရှိသေးတယ် “ငဂျစ် ”...အစာအိမ်မကောင်းဘူး မို့လား.....ပြောလဲမမှတ်....သောက်ကြ...
သောက်ကြ...ဟဲ့...”ဆိုပြီး ဂရုနာဒေါသ ထွက်တာမျိုး ဂျစ်တို့တွေ တစ်ပတ် တစ်ခါလောက် မြင်ရတယ် .....။


တကယ်တော့ ကော်ဖီကို အလွန်အကျွန် သောက်တဲ့ အကျင့်က မကောင်းတာ သိပေမဲ့ ပြင်ဘို့မကြိုးစား

မိခဲ့ဘူးလေ...။ တစ်နေ့မှာ ဂျစ်တူး ချစ်သူရဲ့ gmail ထဲဝင်ကြည့် ဖြစ်တယ် ...။ ဘာရယ်မဟုတ်ပါဘူး...
ကျောင်းတုန်းက ငယ်သူငယ်ချင်းလေးတွေ လိုင်းပေါ်တက်လာ သလားလို့....လက်ဆော့တာ ပြောရမှာပဲ ..။
ဂျစ်ချစ်သူရဲ့ သူငယ်ချင်း online ကောင်မလေးတစ်ယောက် က “ အကို သောက်ဘို့ ကော်ဖီတစ်ခွက်
ဆိုပြီး ကော်ဖီ photo လေးတစ်ပုံ mail ပို့ထားတာတွေ့ လိုက်ရတယ်.............။


အဲဒီမှာ စပြီး .............ကော်ဖီဆိုရင် ခါးခါးရော....... ချိုတာရော.......စိမ့်တာရော.....
“လုံးဝ ဥသုံ မဘုတ်ဆုံ ပဲ ” သောက်ကိုမသောက် ဖြတ်ပြစ်လိုက်တယ်.....၊ ပြီးတော့ ချစ်သူက ဂျစ်ကို

အမြဲဖျော်တိုက် နေကြ အစဉ်အလာကို ဂျစ်တစ်လှည့် တာဝန်ယူဘို့ ဆုံးဖြတ်လိုက်တယ် ။
တကယ်တော့ ချစ်သူရဲ့ သူငယ်ချင်းဆိုတာ စိတ်ထဲမှာသိပါတယ် .. သူငယ်ချင်းတွေ နောက်ပြောင်လို့

ခင်တဲ့စိတ်နဲ့ ဒီmailလေး ပို့တယ်ဆိုတာလဲ ဂျစ် သိပါတယ်....ဒါပေမဲ့ ဂျစ်က ချစ်တော့
သ၀န်တို တာပေါ့လို့.........၊ နောက်နေ့ကစပြီး ကော်ဖီကို ဂျစ်ရဲ့ မကြိုက်ဆုံး အရာအဖြစ်

နေရာပေးလိုက်တယ် ...။


ခုချိန်ထိ ဂျစ်ချစ်သူနဲ့ လက်ရှိသူငယ်ချင်းတွေက ဂျစ်တူး ဘာလို့ ကော်ဖီ သိပ်ကြိုက်နေရာက

လုံးဝမသောက်တော့ တာလဲပေါ့...... အားလုံးနားမလည် ကြဘူးပေါ့............ဒါနဲ့ ချစ်သူ
“မောင်”ရှင်းအောင် ......သိစေချင်တဲ့ သဘောမျိုးနဲ့ ဒီပို့စ်လေး ရေးဖြစ်သွားတယ်.............။


“အချစ် ..အချစ်........အော် အော် မှားလို့မှားလို့......ကော်ဖီ ကော်ဖီ...သောက်တော့ဘူးကွာ......ဘာဖြစ်သလဲ...”

တကယ်တော့ ဘာမှ မဖြစ်တော့ပါဘူး.....ကော်ဖီ စဖြတ်တဲ့ တစ်ပတ်လုံးလုံး ခေါင်းတွေ တအားကိုက်တယ်....
နေလို့ထိုင်လို့ မကောင်းဘူး..အဲ့လောက်လေးတော့ ဂျစ် ခံစားလိုက်ရပါတယ်..............တကယ်တော့
ကျေးဇူးရှင်လေးက ချစ်သူရဲ့online သူငယ်ချင်းလေး ဖြစ်ပါတယ်......................။


ဂျစ် တကယ်ကျေးဇူး တင်နေမိတယ် ။ မမြင်ဘူး မတွေ့ဘူး မရင်းနှီးပေမဲ့ ...မင်းကြောင့် ဂျစ်
မကောင်းတဲ့ အကျင့်ဆိုးလေး တစ်ခု မရှိတော့ဘူး......ကျေးဇူးကမ္ဘာပါ.....နော် ။
ဘာပဲဖြစ်ဖြစ် အချစ်ကြောင့် အရက် ပြတ်တာ မဟုတ်ပေမဲ့.... ကော်ဖီတော့ ပြတ်သွားပြီ.....
ဟေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ။
(မင်းလေး .......ဂျစ်ကို စိတ်ချိုးရဘူးနော်............)


ဂျစ် ချစ်ခင်လေးစာရသော မောင်နှမများ ကိုယ်စိတ်နှဖြာ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ...............ဗျာ ။
(ကော်ဖီ ပြတ်သွားတဲ့ (၁)လပြည့် အထိမ်းအမှတ်ပါ)



ချင်ခင်လေးစားစွာဖြင့်
ဂျစ်.....တူး....လေး

Thursday, June 25, 2009

တစ်နှစ်ပြည့်........

မနှစ်က ဒီလိုအချိန်မှာ “ဂျစ်”တို့ သူယ်ချင်း(၃)ယောက် မိဘမဲ့
ကလေးထိန်းကျောင်းမှ ကလေးတစ်ယောက်(မောင်လေး)ကို
ပညာဒါန ပေးလှူဘူးတယ်...။ အဲဒီမောင်လေး အသက်(၉)နှစ်မှာ
မိဘနှစ်ပါးက မတော်တဆ ကားတိုက်မှုဖြစ်ပြီး သူ့ကိုခွဲခွာသွားကြ
တာလို့ ဂျစ်တို့တွေသိထားတယ် ။


ဟိုးအရင် ကျောင်းတုန်းက သူငယ်ချင်းထဲမှာ တစ်ခါတလေ
ကျူရှင်လခ မပေးနိုင်တဲ့သူ ရှိဘူးတယ် ။ မပြေလည်တဲ့
သူငယ်ချင်းကို ကူညီချင်တော့ ..အိမ်က မားမားဆီမှာ
ပြောပြီး ငွေချေး ပေးဘူးခဲ့တယ်...၊ပြန်ဆပ်ဘို့ မပြေလည်တာ
ဂျစ်တူးသိတော့ မားမားကို အကျိုးအကြောင်း ပြောပြလိုက်တယ်..။
ဒါနဲ့မားမား ဂျစ်သူငယ်ချင်းကို တစ်နှစ်စာ ကျူရှင် ထားပေးတော့တာပဲ ။
(ဒါကတော့ ဂျစ် ကျောင်းတုန်းက ငွေမကုန်ပဲ လှူလိုက်ရတဲ့ ပညာဒါနပါ ။)


ဒီပညာဒါနလေးကို ပေးလှူသွားဖြစ် တာကတော့ ..ခုလက်ရှိ
အလုပ်officeက သူငယ်ချင်းလေးကြောင့်ပါ...။ ဂျစ်သူငယ်ချင်းက
ထိုင်ဝမ်သူ စစ်စစ်ပါ....သူ့ကိုစသိတုန်းက သူကဖော်ရွေတယ်..
သွက်လက်တယ်...အလုပ်ကို လေးစားတတ်တယ်...ဘယ်တော့မှ
အလုပ်ကို နောက်ကျလာတာ မရှိဘူးလေ...။ ဒါကြောင့် သူနဲ့
ဂျစ် တော်တော် ခင်သွားတယ် ....။

ဂျစ်နဲ့သူ တော်တော်ခင်လာတဲ့ အချိန်မှာ သူ့အကြောင်းပြောပြ
ခဲ့ဘူးတယ် ။ သူက မိဘမဲ့ဖြစ်ကြောင်း ၊ (၁၂)နှစ်အရွယ်ရောက်မှ
ချမ်းသာတဲ့ မွေးစားမိဘတွေ ပေါ်လာခဲ့ရတယ်တဲ့ ...။
သူ့ကို မိဘမဲ့ ကလေးထိန်းကျောင်းက ခေါ်ယူမွေးစားခဲ့တဲ့
မိဘတွေကြောင့် သူခုလိုပညာတတ် ဖြစ်လာရတာရယ် ၊
ပြည့်ပြည့်စုံစုံ နေရတာ စသဖြင့် ဂျစ်ကို သူပြောပြခဲ့တယ်။
ဒီအကြောင်းကို officeက တခြားသူတွေ မသိကြပါဘူး ။
ဂျစ်ရယ်..သူငယ်ချင်းထဲက နောက်တစ်ယောက်ပဲ သိကြတာပါ ။

ဂျစ်သူငယ်ချင်းက သူငယ်ငယ်ထဲက မိဘမဲ့ ကလေးထိန်းကျောင်းမှာ
ကြီးပြင်းခဲ့ရ သူပါ...။ သူ့မိဘအရင်းက ဘယ်သူဘယ်ဝါ ဆိုတာ မသိရှာ

ပါဘူး...။ သူအဲ့ဒီအကြောင်း ပြောပြတုန်းက ၀မ်းနည်းတဲ့အသံ ပါခဲ့တယ် ၊
ဒါပေမဲ့ သူမျက်ရည်မကျဘူး....။ဂျစ်အမြင်အရ ဆိုရရင် အရမ်းတော်တဲ့သူပါ ....။

သူကတစ်လတစ်ခါ သူလစာငွေထဲက $1000 ကို အမြဲ မိဘမဲ့
ကလေးကျောင်းကို လှူတာတွေ့ရတယ် ။ အစကတော့ သူဘာလို့
လှူတယ်ဆိုတာ မသိခဲ့ဘူးလေ...။ ဂျစ်သူနဲ့ တစ်ခါ “ထိုင်ပေ”က
မိဘမဲ့ ကလေးကျောင်းကို အဖော်အဖြစ်လိုက် သွားခဲ့ဘူးတယ် ၊
အဲ့ဒီနေ့က ဂျစ်တို့ သူငယ်ချင်းသုံးယောက် တူတူသွားခဲ့တာပါ ....၊
ကျောင်းရောက်ရောက်ချင်း မြင်လိုက်ရတာကတော့ ကလေးတစ်ယောက်
ကို ရဲစခန်းက တာဝန်ရှိသူ တစ်ယောက်က အဲ့ဒီကျောင်းကိုလာပို့တာပါ...။
မိဘနှစ်ပါးက မတော်တဆ ကားတိုက်မှုဖြစ်ပြီး လက်ရှိ အုပ်ထိန်းသူ မရှိလို့
လာပို့ရခြင်းပါလို့ ဂျစ်တူးတို့ ကြားလိုက်ရတယ် ။
(ဒီကစပြီး လှူချင်တဲ့ စိတ်လေး ၀င်သွားတော့ တာပါပဲ )

ဒါနဲ့ဂျစ် တစ်ယောက် စိတ်ကူးလေး တစ်ခုရသွားတယ်....လက်ထဲမှာ
ပါသလောက် ငွေလေးနဲ့ အလှူလေးလုပ်မယ်ပေါ့ ။ ဂျစ်သူငယ်ချင်းက ဘယ်လို
လှူရင်ရတယ် ဆိုတာမျိုး လိုက်ရှင်းပြပေးတယ် ........။
နောက်ဆုံး သူငယ်ချင်း(၃) ယောက် တစ်လကို တစ်ခါ$1000 နဲ့
ဒီကလေး အတွက် ပညာသင်ထောက်ပံ့ငွေ ပေးလှူခဲ့တယ် ...။
တစ်ယောက်ကို $300ကျော်လေးပဲ ကျတာပါ....ဂျစ်တို့ပေးတဲ့
ငွေပမာဏက ဘာမှမဟုတ်ပေမဲ့ ဒီကလေးအတွက်တော့
အများကြီး အထောက်အကူ ဖြစ်သွားမယ်လို့ ထင်ပါတယ် ။

ဂျစ်တို့လိုပဲ လာပြီး လှူတန်းတဲ့ သူတွေလဲ တွေ့ခဲ့ရပါတယ် ..။
တကယ်ကြည်နူးရပါတယ် ...မပြောပြတတ်ဘူး ...ဘယ်လိုမျိုးပီတိ
ဖြစ်ခဲ့တယ် ဆိုတာကိုပေါ့ ...။ ဂျစ်ကတော့ ခုချိန် အဲ့ဒီကလေး
အတွက် ဆုတောင်းပေးချင်တာက သူ့ကို ကောင်းမွန် လုံခြုံစွာ
ပေးနိုင်မဲ့ မွေးစားမိဘတွေ့ ပါစေလို့ ...ဆန္ဒပြုချင်တာပါ ။
ဟိုနေ့က ပညာဒါန တစ်နှစ်ပြည့် ဆိုပြီး စာလေးတစ်စောင် အဲ့ဒီမောင်လေး
ပို့ပေးခဲ့လို့ ..............................ဒီပို့စ်လေးကို ရေးဖြစ်သွားတာပါ...။




“မောင်လေး ပို့ပေးတဲ့ စာလေးပါ”


ချစ်ခင်ရပါသော .....မမတို့

တစ်ခါပဲ မြင်ဘူးတဲ့ အတွက် ဘယ်လိုနာမည်ခေါ်ရမှန်း မသိလို့ပါ ။ အခု......(၄)တန်းတက်နေပါပြီ ။

ကျောင်းမှာကွန်ပြူတာသုံး ရလို့ အများကြီး ဗဟုသုတ ရပါတယ် ။ အစစ အရာရာ အဆင်ပြေ

လို့ ကျေးဇူးတင်ပါတယ်... မမတို့ပျော်ရွှင်ပါစေ...... ”လို့ ရေးထားတာပါ ။



*****တကယ်တော့ လူ့ပတ်ဝန်းကျင်မှာ ဒီလိုမိဘမဲ့တဲ့ ကလေးတွေ အများကြီးရှိကြမှာပါ ။

ဂျစ်တကယ် အရမ်းကံကောင်းတယ်လို့ စိတ်ထဲမှာ ဖြစ်မိတယ်...ခေါ်စရာ အဖေအမေ

မရှိတဲ့ဘ၀က တကယ်ဝမ်းနည်းဘို့ ကောင်းသလို ၊ သူတို့လေးတွေ အားငယ်နေမှာ

သေချာပါတယ်.... သူတို့လေးတွေ ပျော်ရွှင်လှပတဲ့ မိသားစုဘ၀လေး ရကြပါစေလို့

ဆုတောင်းလိုက်ပါတယ်................။*****




Wednesday, June 24, 2009

ဘလော့.......ရေစက်

ပြီးခဲ့တဲ့(2009.06.20) စနေနေ့က ဂျစ်တူး မမျှော်လင့်ထားတဲ့ အကြောင်းအရာ
တစ်ခုကို ကြားလိုက်ရတယ် ။ ဘလော့ဂါ“ကိုအင်း”(ကိုမြစ်ကျိုးအင်း) က
ဂျစ်တူးဆီ ဖုန်းဆက်လာပါတယ်။ ဒီနေ့ ည တောင်ပေါ်ကို ရှုခင်းသွားကြည့်ဘို့
ချိန်းဆိုတာပါ..။ ဒီအစီအစဉ်ကို “ကိုကြီး သုနြေ္ဒ” ( ဘလော့နေရာများများမှာ
ချစ်ခင်တဲ့စိတ်နဲ့ လိုက်အားပေးတတ်တဲ့ ကိုကြီး )က ကားနဲ့လိုက်ပို့ပေးမယ်လို့
ပြောထားတာကြာပါပြီ ။

ကိုအင်းကဖုန်းထဲမှာ ဂျစ်ကို “ဒီနေ့ည ဂျစ်တူးရဲ့ ဘလော့သူငယ်ချင်း တစ်ယောက်ပါမယ်”
အဲ့ဒီသူက မမကီ( kiki-idiotlove ) လေ..”လို့ပြောပါတယ်....စစချင်းတော့ ကြောင်သွား
တယ်....ဟုတ်ရဲ့လားလို့...။ တကယ်ပါ ....မမကီကီပါ....အပြင်မှာ မတွေ့ဘူးပေမဲ့ cbox မှာ
လာလာအော်တတ်တဲ့ မမနဲ့ မမျှော်လင့်ပဲ ဒီနေ့တွေ့ရတော့မယ် ဆိုပြီး ပျော်သွားရတယ် ။

ကိုကြီး သုနြေ္ဒကတော့ ကိုယ်ပိုင်ဘလော့မလုပ်ပဲ ဘလော့မောင်နှမတွေရဲ့ စာတွေလိုက်ဖတ်ပြီး
comment ပေးတတ်သူ၊ အားပေးစကားပြောတတ်သူ ၊ ဘလော့ဂါတွေ... ပို့စ်အသစ်တင်တာနဲ့
ပထမနေရာ မန့်ချင်လွန်းလို့ အမြဲနေရာလုနေတဲ့ ချစ်စရာ အကိုကြီးတစ်ယောက်ပါ


(ဒါပေမဲ့ ကိုကြီး သုနြေ္ဒ့လုတဲ့ ဘလော့ထဲမှာ ဂျစ်တူးဘလော့ မပါပါဘူး ........
ဘာလို့လဲဆိုတော့ ဂျစ်တူးက စာရေးကောင်းသူ မဟုတ်ပါ ။ အပျော်ရေးတာပါ....

ချစ်သူပေးခဲ့ဘူးတဲ့ အမှတ်တရ ကဗျာလေးတွေကို တင်ချင်တာရယ် ၊
အဲဒီအချိန်က ခံစားရတာလေးတွေကို ရေးချင်လို့ ..ချစ်သူက ဘလော့လုပ်ပေးခဲ့တာပါ။
ဘလော့ဂါတစ်ယောက်ရဲ့ ရှိသင့်တဲ့ယဉ်ကျေးမှုကို ဂျစ်တကယ်မသိခဲ့ပါဘူး...
ဥပမာ ဂျစ်အိမ်လေးကို လာလည်ရင် ပြန်လည်ရမှန်းမသိ ခဲ့ပါဘူး ...

နောက်တော့ မနေနိုင်တဲ့ ချစ်သူက ဘလော့လုပ်ရင် ကိုကလဲ သူများဆီကို သွားအားပေးရတယ်..
အဲဒါဘလော့ယဉ်ကျေးမှုဖြစ်တယ် ဆိုတဲ့ အကြောင်းသေသေချာချာရှင်းပြမှပဲ
ဂျစ်အိမ်လည်တတ်သွား ရတာပါ ။)
ကိုကြီး သုနြေ္ဒကိုတော့ ချစ်သူခင်သူ ပေါများတယ်လို့ ယူဆမိတယ်...ဘလော့မောင်နှမ
တော်တော်များများရဲ့gtalk account ကို ကိုကြီးသုနြေ္ဒ သိနေတတ်တယ်...လေ။

အဲဒီစနေနေ့က ဂျစ်တို့ ချစ်သူသက်တမ်း (၁၁)နှစ်ပြည့်ဘို့ နှစ်လအလို ၊ ချစ်သူအထိမ်းအမှတ်
နေ့(၂၀)ရက်နေ့လေးပါ...။မှတ်မှတ်ရရ ဘလော့ထဲက မောင်နှမတွေနဲ့ တော်တော်ကြာကြာ

ပျော်ပျော်ပါးပါးတောင်ပေါ်မှာ စကားတွေပြောလိုက်ရတယ်....။

မမကီကီကတော့ တကယ်သဘောကောင်းတယ် ....မမကီက သူ့အိမ် မှာရှိတဲ့

စပျစ်သီးတွေကို ဘူးကြီးတစ်ဘူးနဲ့ အပြည့်ယူလာတာ....ဂျစ်တို့တွေ အားလုံးဝိုင်းစားကြတာ
ပျော်စရာကြီး ။ မမကီကီကို အပြင်မှာ မတွေ့ခင်က ဂျစ်ထက်ငယ်မယ် ထင်ထားတာလေ ။
cbox မှာ သူငယ်ချင်း ဒီအပတ်ဘယ်သွားလဲ.?...ဘာညာပေါ့...အော်ချင်တိုင်း အော်ခဲ့တာပဲ..။
တကယ်အပြင်မှာ ဆုံလိုက်ရတော့ တော်တော်အားနာသွားတယ်....မမ ဖြစ်နေတော့
စကားပြောတာ မလေးမစားဖြစ်မှန်း ဂျစ်ကိုဂျစ်သိလိုက်တယ်..။
ှsorry နော်မမကီကီ.............။

ဂျစ်နဲ့ စောစောထဲက ခင်နေကြတဲ့ Bloggerတွေကတော့ (ကိုမြစ်ကျိုးအင်း၊ ကိုအဖြူလေး)
Bloggerမဟုတ်တဲ့ ကိုကြီးသုနြေ္ဒ ၊ ခုမှမြင်ဖူးပြီး ပိုခင်သွားရတဲ့ မမကီကီ၊ ကိုကြီးသုနြေ္ဒ
သူငယ်ချင်းနှစ်ယောက် ....ကိုကြီးညောင်ရမ်း ၊ဂျစ်ရဲ့ မမ ၊ ဂျစ်အပါအ၀င် အားလုံး(၉)
ယောက် ကားနှစ်စီးနဲ့ တောင်ပေါ်တက်ခဲ့ကြတယ် ....၊ဂျစ်တို့နဲ့ အရမ်းလိုက်ချင်တဲ့
ဂျစ်အကို (ဧပရယ်)ကတော့ အဲဒီနေ့က သွားကိုက်လို့ ဆေးခန်းသွားနေတဲ့ အတွက်
ဂျစ်တို့နဲ့ တောင်ပေါ်မလိုက်နိုင်ခဲ့ဘူးးလေ
....(နောက်တစ်ခေါက်ပေါ့ ကိုကြီးဧပရယ်...နော်)

တောင်ပေါ်ရောက်တော့ဆိုင်ရာပိုင်ရာ ဘိုးဘိုးကြီးကို အမွှေးတိုင်တွေ၊ ပန်းတွေနဲ့
လိုရာဆုကို ဆုတောင်းခဲ့ကြတယ် ၊တောင်ပေါ်ကအဆင်း လမ်းမှာ ထီဝင်ထိုးကြသေးတယ်.....
အဲဒီထီထိုးတဲ့ သူ အားလုံးထဲမှာ ကိုမြစ်ကျိုးအင်းက $500 ထီပေါက်ပြီး ၊
ဂျစ်ကတော့ $100 နဲ့ကျေနပ်ခဲ့ရတယ်................ဲ။

ဒါနဲ့ ကိုကြီး သုနြေ္ဒက ထီပေါက်တဲ့ပိုက်ဆံနဲ့ မုန့်ကျွေးရမယ် လို့ပြောတော့တာပဲ....
ဒီတော့ လာမဲ့အပတ် စနေနေ့ ဂျစ်တို့ မုန့်လုပ်စားကြမယ်...ဝေး....။
ဂျစ်မမက ၀က်သားတုတ်ထိုးလုပ် ပေးမယ်ပြောတယ်....ရာသီဥတု ကောင်းရင်
တော့ တကယ်လုပ်စားဖြစ်ပြီ.....သူငယ်ချင်းတို့ရေ....။


ဘလော့ထဲမှာခင်ကြတဲ့ မောင်နှမတွေကိုလည်း အပြင်မှာ“ဂျစ်”နဲ့တွေ့ရင်
မမကီကီ လိုပဲ ...မုန့်ကျွေးမှာပါ.....ဂျစ်တို့ သူငယ်ချင်းတွေက အပတ်တိုင်းလိုလိုလောက်
မုန့်တစ်ခုခု လုပ်စားတတ်လို့လေ.........။

*** မမကီ.......ဂျစ်တို့က အပတ်တိုင်းလိုလိုမုန့်လုပ်စားဖြစ်တယ်.......
.............ဖုန်းဆက်အကြောင်းကြား လိုက်မယ်နော်...........မမ ။



ချစ်ခင်စွာဖြင့်....

ညီမလေးဂျစ်

















Monday, June 22, 2009

သစ္စာ ...ရှိကြေး

ချစ်သူ..........ရေ
တို့နှစ်ယောက်ကြားက
သစ္စာတရားကို
ဓါးသွားတလက်လို
ထက်မြက်နေစေ.....

အနားကပ်မယ့်
နှောက်ယှက်ခြင်းကို
တို့ချစ်ခြင်းနဲ့
ရှင်းလင်းကြစို့....။

တကယ်လို့များ
“ဂျစ်”အနားကို
ချည်းကပ်သူတွေ
တိုးဝင်လာရင်....
“ဂျစ်”ရင်ထဲမှာ
မောင်ရှိနေတာ
ပြောပြလိုက်ပါ.....။

ရင်ခုန်သံဝေး
သွေးအေးသွားလို့
ဟန်ဆောင်စကားမှာ
နားယောင်မှာတော့
စိုးရိမ်မိတယ်.....။

ဘေးကလူတွေ
ပြောနိုင်တာထက်
မောင်ပိုချစ်တာ
မေ့မပစ်ပါနဲ့......။

(ဒီကဗျာလေးကို မောင်က“ဂျစ်”အတွက် ပို့ပေးခဲ့တာပါ ။)


မောင်တစ်ယောက် ကျမဘေးမှာ မရှိတဲ့အချိန်တွေမှာ ....ကျမကို သစ္စာရှိရှိ ချစ်ခဲ့တာပါတဲ့ ၊
ပြီးတော့ အစစအရာရာ တိုးတက်နေတဲ့ နိုင်ငံမှာ ကျမအနားမှာ မောင်မရှိလို့ စိတ်ပူ
တယ်လို့ ပြောဘူးခဲ့တယ်....ကျမက အချစ်ကို ကိုးကွယ်ခဲ့သူပါ....မောင်မပါတဲ့ လမ်းတွေ၊
မောင်မပါတဲ့ အချိန်တွေမှာ မောင်ကို ကျမဘေးမှာ ရှိနေခဲ့သလို သဘောထားခဲ့သူပါ။
စိတ်အားငယ်လို့ ရင်ဖွင့်ချင်ရင်တောင် စိတ်ထဲက တောင်းတောင်းတတ.................
မောင်..........ရယ် လို့ ရေရွတ်ခဲ့ရသူပါ....။ မောင်မပါတဲ့ ဘ၀မှာ ကျမချစ်တဲ့သူဟာ
မောင်ပါလို့ ခံယူခဲ့တာ...မောင်မြင်ပါ့မလား ? ကျမဘေးက သူတွေ ဘယ်လောက်
ကျမကို ချစ်တယ်ပြောပြော...မောင် ကျမကို ချစ်တဲ့အချစ်တွေက အားလုံးထက်ပို
တယ်လို့ တကယ်ယူဆ ခဲ့တာပါ.....။
မောင်ရော ....ကျမ မောင့်အးနားမှာ မရှိတဲ့ အချိန်တွေမှာ ...မောင် သစ္စာထားရှိ ခဲ့ပါသလား?
တကယ်တော့ မောင်ကျမအပေါ် ချစ်သေးသည် ဖြစ်စေ....၊ မချစ်တော့သည် ဖြစ်ပါစေ....၊
ကျမ အချစ်ဆုံးက မောင်ဆိုတာ ငြင်းဆိုဘို့ တကယ်မဖြစ်နိုင်ပါဘူး....။ ချစ်ခဲ့ကြတာ မုန်းဘို့မှ
မဟုတ်တာ.....မောင် ကြားသိအောင် ပြောချင်ပါတယ်.......မောင် !


မောင့်ကို ချစ်တဲ့ ....
ဂျစ်







Friday, June 19, 2009

ဘ၀ အပိုင်းအစလေးများ(၂)

“ဂျစ်” ကျောင်းတက်လို့ (၆)လလောက် အကြာလောက်မှာ တရုတ်လို ကောင်းကောင်း ရလာတယ် ။ အတန်းထဲမှာ သူငယ်ချင်းများလာတယ်....။ ဂျစ် ပြောတဲ့စကားကို နားလည်လား ၊ မလည်လားတော့ မသိဘူး ....ဂျစ်တူး စကားပြောရင် နားထောင်လို့ ကောင်းလို့ဆိုပြီး ဂျစ် အနားကို ရောက်ရောက် လာကြတာတော့ မှတ်မိတယ်........။

တစ်ရက်မှာ ဆရာမက တတန်းလုံးကို “ငယ်စဉ်ဘ၀” ဆိုတဲ့ ခေါင်းစဉ်နဲ့ စာစီစာကုံး ရေးခိုင်းလိုက်တယ်.....စာစီစာကုံး တင်ရမယ့်ရက်ကတော့ ဆရာမ ပြောပြီး နောက်(၃)ရက် အကြာမှပါ....။ အားလုံးက ငယ်ဘ၀ အကြောင်းဆွေးနွေး ဖြစ်ကြတယ်..။ ဂျစ်တို့ တတန်းလုံးကို ဆရာမက “စာစီစာကုံး အရေးအသားကို အမှတ်(၅၀)ပေးမယ် ၊ဲ့ဒီရေးထားတဲ့ စာစီစာကုံးထဲက အကြောင်းအရာကို ရုပ်လုံးပေါ်အောင် အတန်းရှေ့ထွက်ပြီး အားလုံးကို ပြောပြရမယ်....အဲ့ဒီအတွက် အမှတ်(၅၀)သတ်မှတ်မယ်” ...လို့ပြောခဲ့တာပဲ ။

ဂျစ် တစ်ယောက်တော့ ခေါင်းကိုက်နေပြီ....ဘယ်လိုစရေး ရမယ်မသိဘူးလေ.....၊
အဲဒီနေ့က ထမင်းဝိုင်းမှာ ထမင်းကြာကြာ ထိုင်မစား ဖြစ်ဘူး...မေမေကတော့ ဂျစ်
နေမကောင်းဘူး ထင်လို့ “စောစောအိပ်ရာဝင်”လို့ ပြောတာ ကြားလိုက်သလို ပါပဲ။

အမှန်က ဂျစ်တူး ရေးမယ့် စာစီစာကုံး စာသားတွေကို ခေါင်းထဲမှာ စာစီနေခဲ့တာဗျ......။
ညအိပ်ရာဝင်တော့လည်း အတွေးတွေထဲမှာ ဒီအကြောင်းပဲ တွေးနေလို့ အိပ်လို့ မပျော်ခဲ့ပါဘူး.....စာစီစာကုံးကို တရုတ်လို ရေးရမှာဆိုတော့ စိတ်တော်တော် ညစ်မိတာတော့ အမှန်ပါပဲ.....။
ရေးတာရေးရမှာ တလွဲဖြစ်ဘို့ ရာခိုင်နှုန်း များနေတော့ စိတ်ထဲမှာ ပူပန်မှုတွေ ဖြစ်နေရတယ် ....

ဒါပေမဲ့ နောက်နေ့ ကျောင်းမုန့်စားဆင်းချိန်မှာ တတ်သလောက် မှတ်သလောက် ဂျစ် ရေးတော့တာပဲ....။ ဘယ်ရမလဲ ဂျစ်ရေးတာ စာမျက်နှာ တစ်မျက်နှာလောက် ရတယ်ဗျ.....၊ စာအုပ်ထပ်ရမဲ့ ရောက်တော့ ဆရာမ စားပွဲပေါ် စာအုပ်တွေ သွားထပ်ကြတာပေါ့........ကျောင်းသား/သူအားလုံး စာအုပ်တွေ ထပ်လို့လဲပြီးရော ဆရာမက..“ နေ့လည်ထမင်းစားချိန် ပြီးလို့ ကျောင်းတက်တာနဲ့ .... ခုံအမှတ် အလိုက် အတန်းရှေ့မှာ ထွက်ပြောရမယ်” လို့ ပြောတယ်....၊ ဂျစ်တူး ခုံအမှတ်က(၄၅)လေ.....ဒီတော့ ....သေချာတာ ဂျစ် ဒီနေ့ ရှေ့ထွက်ပြောဘို့ အလှည့် မရောက်နိုင်ဘူး ဆိုတာပါပဲ ။ တော်တော်တော့ ပျော်သွားတယ် ....ဗျာ..။ဘာလို့လဲဆိုတော့ မနက်ဖြန် အတန်းရှေ့ ထွက်ပြောတဲ့အခါ သူများနားလည်အောင်
တရုတ်လို လေ့ကျင့်ချိန် ပိုရလို့ပါ ။

ခုံအမှတ်စဉ်အတိုင်း တစ်ယောက်ပြီး တစ်ယောက် ထွက်ပြောကြတာပေါ့....ပြောသွားတဲ့ အကြောင်း အရာတွေ အများစုက ဂျစ် မှတ်မိသလောက် ...သူတို့ငယ်ငယ်က ဘယ်နိုင်ငံ သွားလည်ဘူးတယ်.....၊ အဖေ၊အမေတွေက နှစ်စဉ်နှစ်တိုင်း တန်ဘိုးရှိတဲ့ မွေးနေ့လက်ဆောင် ပေးတတ်တယ်......၊ ငယ်ငယ်ထဲက အင်္ဂလိပ်စကားပြော ကောင်းအောင် စကားပြော သင်တန်းထားပေးတယ်....လို့ စသဖြင့် နားထဲမှာ တကယ်ချိုမြိန်တယ်ဗျာ.....။ တကယ်လဲ အားကျစရာတွေ အများကြီးပါ...။

ဂျစ် အတန်းရှေ့ ထွက်ပြောရမဲ့ အလှည့်ရောက် လာတော့...ဂျစ် ကြောက်ကြောက်နဲ့ ရှေ့ထွက်သွား တာပေါ့.....လက်တွေ ၊ခြေတွေ အေးစက်နေပြီ ။ ဂျစ်က စစချင်း အတန်းထဲက ဆရာမ အပါမ၀င် အတန်းဖော်တွေ အားလုံးကို တောင်းပန်စကား စပြောမိတယ်...“.ဂျစ် ပြောတာ နားမလည်ရင် မရယ်ကြပါနဲ့ ....စကားလုံးသုံးနှုန်းတာ မှားခဲ့ရင် ပြောပါ”လို့....။ အတန်းတစ်ခုလုံး ငြိမ်သက်သွား တယ်ဗျာ...ဂျစ်လဲ ငြိမ်နေကြတော့ စကားပြောမဲ့ဟာက မပြောရဲဘူးပေါ့....အဲ့ဒီတော့မှ ဆရာမက မကြောက်ဘို့ ပြောတယ်....ဒါနဲ့ ဂျစ်လည်း လေ့ကျင့်ထားတာ စပြောတော့တာပေါ့ ...။

“ဂျစ်ငယ်ငယ်က ဆင်းရဲလို့ သူများအိမ်မှာ ကပ်နေရာတာပါ....မိဘက အဆင်မပြေတော့ အကျီ င်္အသစ်ဆိုတာ မ၀တ်ရဘူး....မမ ၀တ်ပြီးအကျမှ ၀တ်ရတဲ့အကြောင်း...ဒါပေမဲ့ စာတော်ကြောင်း ကြွားလိုက်သေးတယ်....ဆုတွေနှစ်တိုင်း ရခဲ့တယ်ပေါ့.....ငယ်ငယ်က အလိုချင်ဆုံးက ဂျစ်တို့မိသားစု ကိုယ်ပိုင်အိမ်လေး တစ်လုံးလိုချင်တာပါလို့..........၊ အကြိုက်ဆုံး တစ်ခုက မေမေခွန့်ကျွေးဘူးတဲ့ ထမင်းပါ....” စသဖြင့် ဂျစ်တူး ငိုသံပါပါနဲ့ ပြောလိုက်တာတွေက အများကြီးပေါ့...သူတို့တွေ နားလည်တယ် ၊မလည်တယ်တော့ ဂျစ်မသိဘူး အတန်းသားတွေ မျက်နှာ မကောင်းသူကမကောင်း ၊ မျက်ရည်ဝဲသူက ၀ဲနေကြတာ တွေ့လိုက်ရတယ်....ပြီးမှ တတန်းလုံး ဂျစ်ကို လက်ခုပ်တီး အားပေးခဲ့ကြတယ်...။

အမှန်တော့ ဂျစ်ငိုသံ ပါသွားတာက အကြောင်းရှိတယ်ဗျ....ဂျစ် ငယ်ဘ၀က ဆင်းရဲလို့လဲ မဟုတ်ဘူး...မပြောတတ်တဲ့ စကားကို အတင်းကျက်မှတ်ပြီး မနည်းအားတင်း ပြောနေရတယ်လေ.. ပြောရင်းနဲ့ မေ့သွားတာတွေလည်း ရှိတော့ ငိုချင်လာတယ်....ဒါကြောင့် ငိုသံပါသွားရတာပါ.....။ အဲဒီကစပြီး ဂျစ်ကို အတန်းသားတွေအားလုံး ခင်ကြတော့ တာပဲ....။


ဒီပို့စ်လေးက ဂျစ် (၁၃)နှစ် အရွယ် ထိုင်ဝမ်မှာ ကျောင်းတက်တုန်းက တကယ်ကြုံခဲ့ရတဲ့ အကြောင်းလေးပါ.....မောင်နှမအားလုံးကို ဝေမျှလိုက်ပါတယ်.............။


ချစ်ခင်လေးစားစွာဖြင့်
ဂျစ်



ဆက်ရန်ရှိပါသေးသည်......................................................................................

Wednesday, June 17, 2009

သိပ်ချစ်တတ်တဲ့ ကောင်းကင်

နာကျင်စရာတွေ ထမ်းပိုး
ညတစ်ရေးနိုးမှာ
အာခေါင်တွေခြောက်ကပ်
ဒဏ်ရာတွေပဲ
ထပ်နေခဲ့ပေါ့.........။
(မောင်က “ဂျစ်”ကိုစိတ်ပူတတ်သူပါ....မောင့်ရဲ့ အိပ်စက်ခြင်းမှ လန့်နိုးလာရင်တောင်
သတိရတာ ....ကျမ ဆိုတာ မောင်ပြောပြလို့ သိခဲ့ရတယ်။)

အလင်းမဆင်တဲ့
ငါ့ကောင်းကင်မှာ
ကြယ်တစ်ပွင့်သာ
နင်ဖြစ်ခဲ့ရင်
ငါ့ချစ်ခြင်းနဲ့
ပစ်ခွင်းလိုက်ချင်
ကြယ်ကြွေချိန်မှာ
အလင်းမဝေလိုက်ပါနဲ့
ဘယ်သူနဲ့မှ
လုမကြည့်ချင်ဘူး.......။
(မောင်က ကျမနဲ့ ပက်သက်လာရင် အရမ်းသ၀န်တိုတတ်တယ်....ပြီးတော့ ကျမရဲ့အချိန်အားလုံးကို
မောင်က လောဘတကြီး လိုချင်ခဲ့သူပါ....။ ကျောင်းတုန်းကဆို အတူတူ အရမ်းရင်းနှီး...၊အတူတူ
ကျောင်းသွား...၊အတူတူ ကျူရှင်တတ်တဲ့ သူငယ်ချင်းတွေကို ဘောပင်လေးတစ်ချောင်း ကျမ
ငှါးမိခဲ့တဲ့အခါ......သူငယ်ချင်းထဲက စာမသိလို့ ကျမရှင်းပြမိတဲ့ အခါမျိုးမှာ မောင်ကမျက်နှာမကောင်း
စိတ်ဆိုးခဲ့ဘူးတယ်....။ ကျမက မောင်မှမောင်ပါလို့ အားလုံးရှေ့မှာ ပြောပြရင်တောင်... ကျမ ကို
စိတ်ပြောင်းသွားမှာ ဆိုးတယ်လို့ ပြောတတ်တယ် ။........ဘာလို့ အဲ့လိုပြောခဲ့လဲ ဆိုတော့ ........
ကျမဘေးမှာ မောင်ရှိရက်နဲ့ လာတန်းစီနေသူတွေ ရှိနေခဲ့လို့ ... မောင်စိတ်ပူခဲ့ရတာပါ....။
တကယ်တော့ မောင့်ရဲ့ဘေးမှာ ကျမအမြဲရှိခဲ့သူပါ.......ကျောင်းသွားတူတူ ...မုန့်စားတူတူ....
ကျောင်းဆင်းချိန် အတူတူ....ကျူရှင်တက်ရင်လဲ အတူတူ...စာကျက်ရင်တောင် အတူတူရှိနေခဲ့တာပါ.....။)

ဘာပဲဇြစ်ဖြစ်
ငါ့နားဘေးမှာ
မင်းရှိပေးရင်
အရှုံးတွေလည်း
ပြုံးပြရဲတယ်.....။
မျက်တောင်တစ်ခတ်ပဲ
ပေးဆပ်ခဲ့ရင်
ငါ့ဘ၀တစ်သက်လုံး
မင်းယူသုံးပါ
ကြည်ကြည်ဖြူဖြူ
ပေးလှူပါ့မယ်..........ချစ်တဲ့သူရယ် ။

***ချစ်သူရေ မောင့်ရဲ့သ၀န်တိုမှုတွေက မကောင်းခဲ့ပါဘူး....ဒါပေမဲ့ ချစ်သူကို သိပ်ချစ်လို့
သ၀န်တိုခဲ့တာပါ...............တနည်းအားဖြင့် မောင်“ဂျစ်”ကိုသိပ်ချစ်တာ သိမြင်နိုင်ပါစေ။***
(ဒီကဗျာလေးက မောင် ကျမအတွက် အမှတ်တရ ပို့ပေးခဲ့တာပါ )
မောင်ရေ ကျမလည်း မောင့်လိုပဲ သ၀န်တိုတတ် တာမမေ့ပါနဲ့......နော်.......


(မောင့် ဘေးမှာကျမ ရှိရင် အားလုံးပြည့်စုံပြီလို့ မောင် မကြာခဏ စာရေးပြီး ကျမကို
ပြောတတ်တယ်လေ ၊ ကျမ ၀တ္ထုဆိုတာ ဖတ်ကို မဖတ်ခဲ့တာပါ....မောင်သိပါတယ် ၊
ဒါပေမဲ့ မောင်ပို့ခဲ့ဘူးတဲ့ ၀တ္ထုလေးတစ်အုပ်ကို ကျမ ချစ်တဲ့စိတ်နဲ့ အစအဆုံး
ဖတ်ဘူးတယ်..... ။၊အခုတလော ဘလော့မောင်နှမတွေရဲ့ စာတွေတော်တော်များများ
လိုက်ဖတ်ဖြစ်တယ်....ဘာလို့ လိုက်ဖတ်ဖြစ်လဲဆိုတော့ မောင်က ကျမ စာဖတ်အား
နည်းလို့ စာတွေဖတ် စေချင်တယ် ၊ ညဘက်တွေမှာ စာဖတ်တဲ့ အကျင့်လေး ကျမမှာ ရှိသွားတယ်၊
ဘလော့မောင်နှမတွေရဲ့ ရေးထားတဲ့ ခေါင်းစဉ်လေးတစ်ခုကို သဘောကျမိတယ်.....၊
ခေါင်းစဉ်လေးက “အဖြစ်ချင်ဆုံး ဆန္ဒတစ်ခု”တဲ့....၊ ဒါနဲ့ မောင့်ကို မေးမိတယ်....
မောင်အဖြစ်ချင်ဆုံး ဆန္ဒလေးက ဘာဖြစ်မလဲလို့ သိချင်ခဲ့လို့ပါပဲ ။
မောင်က ....“မောင်... ကျမကို တစ်သက်စာ ပိုင်ဆိုင်ခွင့် ရချင်တာပါတဲ့ ”...........
မောင် ကျမကို သိပ်ချစ်ခဲ့တာ ကျမမြင်ပါတယ်မောင်........မောင့်ရဲ့ သ၀န်တိုမှုတွေက
တစ်ခါတစ်လေမှာ မောင်ထင်သလို မဟုတ်ခဲ့တော့ ကျမခံစားရတယ်.....၊ ကျမရဲ့
အချိန်တွေ တော်တော်များများဟာ မောင်ပိုင်ဆိုင်ထားတာပါ......၊ ဘာပဲဖြစ်ဖြစ်
မောင့်ဆီက အဆိုးဆုံးတွေလည်း ကျမထပ်ပြီး လက်ခံသွားအုံးမှာပါ............မောင် )









Tuesday, June 16, 2009

ဘ၀ အပိုင်းအစလေးများ(၁)

ဂျစ် ”(၁၃) နှစ်အရွယ်မှာ ဖေဖေနဲ့မေမေက မြန်မာပြည် ပြန်လာခဲ့ပြီး ဂျစ်တို့ညီမ
သုံးယောက်လုံးကို ထိုင်ဝမ်သို့ ခေါ်သွားခဲ့တယ်.....။ ထိုင်ဝမ်ကို လိုက်သွားရမယ် ဆိုတော့
တော်တော်ပျော်တယ်ဗျ....။ ဂျစ် တစ်ယောက် စာတွေအများကြီး မကျက်ရတော့ဘူးပေါ့ ၊
ဖေဖေ ၊ မေမေ နဲ့လဲ တူတူနေရပြီ ဆိုတဲ့ အတွေးလေးတွေက ရင်ထဲကြိတ်ပျော် နေခဲ့မိတယ်...။

စရောက်ရောက်ချင်း တရုတ်စကား မတတ်တော့ ကျူရှင်ယူရတယ်။
ကျူရှင်မှာ တူတူတက်တဲ့ မြန်မာပြည်က ဘ၀တူသူငယ်ချင်း (၂)ယောက်ရှိတယ်....
သူတို့ကလဲ ထိုင်ဝမ်မှာ ကျောင်းလာတက် ကြတာပဲ....သူတို့က ဂျစ်လိုပဲ တရုတ်လို
ဘာတစ်ခုမှမတတ်ဘူး ။ထမင်းစား ရေသောက်တော့ နည်းနည်းပါးပါး နားထောင်တတ်
ရုံလောက်ပဲ ရှိကြတယ် .....။

ဂျစ်တူးတို့ကို တရုတ်စာပြပေးတဲ့ ကျူရှင်ဆရာမက မြန်မာပြည်ကနေ ထိုင်ဝမ်ရောက်တာ (၁၅)နှစ်လောက်ရှိပြီ ။

တရုတ်စာ ကောင်းကောင်းရတော့ ဂျစ်တို့လို ဟိုမရောက် ဒီမရောက် ချာတိတ်လေးတွေကို စာပြပေးခဲ့တယ်......။
ဂျစ်တို့ အဲ့ဒီမှာ စပြီး ကျွတ်တော့တာပဲ....အိမ်စာတွေ နေ့တိုင်းပေးတယ်။ စာတွေကျက်ခိုင်းတယ၊် ပြီးတော့ နောက်တစ်နေ့ မေးတော့တစရောက်ရောက်ချင်း စာမရမရလို့ကတော့ ထိုင်ထအခါ(၂၀) လုပ်ရတယ်.၊
ပြီးရင် မကျက်လာတဲ့ စာကို အခေါက်ရေသုံးခါ ရေးပြီးမှ အိမ်ပြန်လွှတ်တာ....။
စိတ်ကူးထဲမှာ စာတွေဒီလောက် လုပ်ရမယ်လို့ မထင်ခဲ့ဘူး......။

ဒါပေမဲ့ ကျူရှင်ဆရာမက ဂျစ်တို့စိတ်ညစ်ပြီး ကျူရှင်မလာတော့ မှာဆိုးတယ်ထင်တာပဲ ...
နောက်နေ့တွေမှာ စာရတဲ့သူ ကျူရှင်ဆင်းရင် TV GAME ပေးဆော့ တတ်တယ်....ပျော်ဘို့လည်းကောင်း
သလို တရုတ်စာတွေ မကျက်ချင်ကျက်ချင်နဲ့ လုပ်နေရတော့ စိတ်ပိန်တယ်..................ဗျာ.။

အစက နိုင်ငံတကာကလာပြီး ကျောင်းလာတတ်တဲ့ နိုင်ငံတကာကျောင်းမှာ ဂျစ်ကို ထားမလို့ပဲ ။
တရုတ်စာ မကောင်းမှာဆိုးတာရယ် အဲ့ဒီကျောင်းက လူဆိုးများလို့ဆိုပြီး အဲဒီကျောင်းမှာထားဘို့ အစီအစဉ်
ဖျက်လိုက်တယ်....။ ဒီလိုနဲ့ မေမေက ဂျစ်တူးကို ထိုင်ဝမ်က သူတွေတက်တဲ့ နေ့ကျောင်းမှာ
ကျောင်းအပ်ခဲ့တာပဲ......။

ဒီမှာ ဂျစ်တူးရဲ့ body language စတင်တော့တယ်......ကျောင်းစတက်တဲ့ နေ့မှာပဲ
တလွဲတွေ လုပ်ဘူးတယ်....အတန်းထဲက ကျောင်းသူ အားလုံး ရှပ်အကျီ င်္နဲ့ စကပ်ဝတ်တဲ့
နေ့မှာ ငဂျစ်က အားကစားအကျီ င်္ အပြာရောင်နဲ့ ....“ကျော်ဟိန်း”လုပ်နေတာ.............
အတန်းထဲက သူတွေအားလုံးက ဂျစ်ကို ၀ိုင်းကြည့်တာပေါ့.....ဂျစ်ကတော့ မသိချင်ယောင်
ဆောင်နေရတယ်။ ဘာလို့လဲဆိုတော့ လာပြီးမေးမှာ ဆိုးလို့ ၊ စကားမပြောတတ်တဲ့ ကြားထဲ
လာမေးရင် ဘာဖြေရမှန်း မသိဘူးလေ .......ဒီတော့ ခက်တည်တည်ပဲ နေလိုက်တယ်..။

အတန်းထဲက ဆရာမက လက်ပြပြီး လှန်းခေါ်တယ်....ဘာတွေပြောမှန်း နားမလည်တော့
ခက်ပြုံးပြုံးလေး ရယ်ပြရတယ်....ပြီးတော့ ခေါင်းခါ လက်ခါနဲ့ ဘာတွေလုပ်မှန်းကို မသိတာ၊
ဂျစ်က သတ္တိတော့ ရှိတယ်......ဆရာမကို So sorry လို့ ပြောပြီး နေရာကို ပြန်ထိုင်ခဲ့တယ် ။
နေ့လည် အတန်းတက်နေချိန် အပေါ့သွားချင်တော့ ဘယ်လိုခွင့်တောင်း ရမှန်းမသိတာနဲ့
ဖြစ်ချင်ရာဇြစ်ဆိုပြီး ဆရာမကို လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်တယ်......။
ကံကောင်းတော့ ဆရာမ နားလည်တယ်ဗျာ....ပျော်သွားရတယ်...................။

နောက်နေ့တွေ ကျောင်းတက်တော့လည်း အတန်းထဲက သူတွေနဲ့ ကျောင်းဝတ်စုံ
အရောင်မတူတဲ့ ကိစ္စဖြစ်ပြန်ရော.......အဲ့ဒါနဲ့ ဂျစ်တူးလဲ အိမ်ပြန်ရောက်တော့ စဉ်းစားမိ
တယ်....မနက်ဖြန် ဘာအရောင်ဝတ်ရင် ကောင်းမလဲပေါ့ ...နောက်နေ့တွေမှာ ဂျစ်တူး
စိတ်ထဲက မှန်းပြီးတူမလားလို့ ၀တ်သွားတာပဲ.....တူတဲ့..နေ့တူ မတူတဲ့နေ့လဲ မတူပေါ့..။

အဲ့ဒါကတော်သေး ဆိုးတာက တနင်္လာနေ့ ၊ ဗုဒ္ဓဟူးနေ့၊ သောကြာနေ့တွေမှာ ကျောင်းကွင်း
ထဲကိုတစ်ကျောင်းလုံး ကျောင်းသား/သူတွေဆင်းပြီး နိုင်ငံတော်အလံကို အလေးပြုရတယ်..။
ဂျစ် အကျီ င်္ဝတ်တာ တတန်းလုံးနဲ့မတူတဲ့နေ့တွေမှာ အခန်းထဲမှာ ကျန်ခဲ့ရတယ်....။
ဆရာမကလည်း မြန်မာပြည်က ကျောင်းလာတက်တဲ့ ဂျစ်ကို နားလည်မှုပေးခဲ့တယ်..။
ဆရာမခေါ်ပြောတိုင်း ပြုံးပြုံးလေး နားထောင်ပြီး ပြန်ခဲ့တဲ့ဘ၀ကို ဂျစ် တွေးမိတိုင်း
သဘောကျမိတယ်.................။

ဂျစ်တို့ နေ့တိုင်းရေးရတဲ့ စာအုပ်လေး တစ်အုပ်ရှိတယ်...အဲ့ဒါက နေ့စဉ် homework
တွေ ၊ မိဘတွေကို မှာတဲ့ အကြောင်းကြားစာမျိုးလေးတွေ ရေးမှတ်ရတယ်...။ဒါကို
မိဘက နေ့တိုင်းကြည့်ပြီး လက်မှတ်ထိုးပေး ရတယ်.....မိဘကလည်း ဆရာမကို
ပြောချင်တာ ရှိတာရေးပြီး ပြောလို့ရတယ်....ဒီစာအုပ်ကို ကျောင်းတက်တာနဲ့ ဆရာမစားပွဲမှာ
တင်ကြရတယ် ။

ဆရာမက ကျောင်းဖွင့်ပြီး နှစ်ပတ်လောက် အကြာမှာ ဂျစ်ရဲ့ နေ့စဉ်မှတ်တမ်း
စာအုပ်မှာ ရေးလိုက်တာကတော့ ......
( 穿錯衣服.....好幾天了) ကျောင်းအကျီ င်္ မှားဝတ်တာ
ရက်တော်တော် များနေပြီလို့ မိဘကို အကြောင်းကြားလိုက်ခြင်းပါ.....။


(星期一 /星期三/ 星期五) 穿制服.......တနင်္လာနေ့ ၊ ဗုဒ္ဓဟူးနေ့တွေမှာ ရှပ်အကျီ င်္နဲ့ စကပ်(ယူနီဖောင်းပေါ့)

(星期二/星期四) 穿運動服.....အင်္ဂါ ၊ ကြာသာပတေးမှာ အားကစား အကျီ င်္၊

(星期六上半天課) 便服........နေ့တစ်ဝက်တက်ရတဲ့ စနေနေ့မှာ ကြိုက်တဲ့
အပြင်အ၀တ်အစား ၀တ်နိုင်သည်။ အဲ့ဒီစာကို မေမေမြင်မှ ဂျစ်တူးကို ရယ်လိုက်တာ..........
...မပြောပါနဲ့တော့...........................
ရယ်ရလို့ မေမေ ဗိုက်တောင်နာတယ် ဆိုပဲ............................။

“ဂျစ် ရဲ့ ဘ၀အပိုင်းအစ လေးတွေပါ.....မောင်နှမများ အားလုံးကို မျှဝေခံစားလိုက်သည်...........။

လေးစားချစ်ခင်စွာဖြင့်......
ဂျစ်

ဆက်ရန်ရှိသေးသည်........................................။



Monday, June 15, 2009

နောက်ကျသူ

(အကြိမ်ကြိမ်)
စောင့်ဆိုင်းရသူရဲ့
ဒုက္ခကို .....ငါဟာ
စာနာမိပါတယ်......။
( “မောင်”ဟာ ...သူချိန်းတဲ့နေ့တွေမှာ အချိန်မှန်
ရောက်ခဲ့တဲ့ ကျမကို....စောင့်ဆိုင်းရသူရဲ့ ဒုက္ခကို “မောင်”စာနာတတ်ပြီလို့
ပြောချင်တာပါ.................။)

ဒါပေမဲ့
နောက်ကျတတ်ခြင်းကို
ဖျောက်ဖျက်မရနိုင်ခဲ့....။
နောက်မကျရအောင်
ကြိုးစားပေမဲ့
နောက်ဆုံးတော့လည်း
ထုံးစံအတိုင်းပါပဲ......။
(ချိန်းလိုက်တဲ့ အခါတိုင်း အကြောင်းအမျိုးမျိုးဖြင့် နောက်ကျတတ်တဲ့ “မောင်
ဟာ သူနောက်မကျအောင် အမြဲ ကြိုးစား ခဲ့ပါတယ်တဲ့...နောက်ဆုံးမှာ “ကျမ”
ပဲ နောက်ကျတတ်တဲ့မောင့်ကို စောင့်မြဲအတိုင်းစောင့် ခဲ့ရတာပါပဲ......။)

ဘုရားသခင်က
လိုအပ်ချက် မပြည့်ဝတဲ့ ဘ၀နဲ့
နောက်ကျရခြင်းကို
ထည့်ပေးလိုက်တာနဲ့
တူပါရဲ့....။
(မောင် ချိန်းဆိုပြီး မလာတဲ့နေ့တွေမှာ လည်းကျမ စောင့်မြဲအတိုင်း စောင့်ခဲ့ဘူး
ပါတယ်....ဒါကကျောင်းသူဘ၀ မောင်စချိန်းတဲ့နေ့မှာ မောင်မလာမချင်း
ယုံယုံကြည်ကြည်နဲ့ပဲ ချိန်းဆိုတဲ့နေရာမှာ စောင့်ခဲ့ဘူးလို့....သူငယ်ချင်း တစ်အုပ်စုလုံး
က လှောင်ရယ်မှု ကိုခံခဲ့ရဘူးတယ်....ဒါပေမဲ့ စောင့်ရသူအတွက် ချစ်တဲ့စိတ်နဲ့
တိတ်တိတ်လေး ကြေကွဲတာကလွဲလို့ ဘာမှမတောင်းဆို ခဲ့ဘူးပါဘူး ...။)

ဘ၀မှာ
နောက်ကျခြင်းကို
(မကြာခဏ)
ကြုံတွေ့လာသူ ကိုယ့်အတွက်
ချိန်းဆိုခြင်းကို
ထိတ်လှန့်လာခဲ့
ချိန်းဆိုမှုရဲ့ နောက်ကွယ်မှာ
မရိုးနိုင်တဲ့
ဖြေရှင်းချက်တွေနဲ့
အချိန်ကုန်ခဲ့ရတယ် ....။

(မောင်ဟာ နောက်ကျတတ်လွန်းတော့ ..နောက်ပိုင်းတွေမှာ ဘာလုပ်လုပ်
မချိန်းဆိုရဲသလောက်ဖြစ်ခဲ့တယ်...ချိန်းလို့ထပ်နောက်ကျ ခဲ့ရင်လည်း ထုံးစံအတိုင်း
ဖြေရှင်းမှုတွေနဲ့ ကျမတို့တတွေ အချိန်ကုန်ခဲ့ရတယ် ....။)

ချစ်သူရဲ့
အယုံအကြည်ကင်းမှုကို
ရရှိသူတစ်ယောက်
ကံဆိုးသူမရှိနိုင်ဘူး
ထင်ပါရဲ့.......။
ငါ့ရဲ့
နောက်ကျမှုဟာ
စချိနိးတဲ့နေ့မှာပဲ
စတင်ခဲ့တယ်....။

(စချိန်းတဲ့ နေ့ကစပြီး နောက်ကျခဲ့ဘူးတဲ့ မောင့်ကို.....ကျမ
နောက်ပိုင်းမှာ မောင်ချိန်းဆိုမှာကို ကြောက်မိလာတယ်...မောင်ကို မချိန်းဆိုဘို့
ကျမတောင်းဆိုမိတယ်...ဒီလိုတောင်းဆိုမှုကြောင့် မောင့်က သူ့အပေါ် ယုံကြည်မှု
မရှိဘူးထင်ခဲ့တယ်လေ...။)

ဒီလိုနဲ့
ငါဟာ.....
နောက်ကျတဲ့ အရသာကို
ခါးသီးစွာ မြိုချရင်း..................
ဘ၀မှာ တစ်ကြိမ်လောက်တော့
သူမထက် ဦးချင်ပါသေးတယ်..............။
(ချစ်သူဖြစ်ပြီး ချိန်းထားတိုင်း နောက်ကျတတ်တဲ့ မောင်က ...မောင့်ကိုမောင် ၀န်ခံရေးထားပြီး
“ဂျစ်”ကိုပို့ပေးခဲ့တဲ့ ကဗျာလေးပါ ..။မောင်က သူဆုတောင်းခဲ့တဲ့ အတိုင်း ဒီတခါတော့
မောင်ဦးခဲ့ပါပြီလို့ ကဗျာလေးရဲ့ အောက်ဆုံးမှာရေးခဲ့ပါတယ် ။ ဘာလို့လဲဆိုတော မောင်က
“ဂျစ် ” ပြန်အလာကို ရက်ပေါင်း (၈၀၀)ကျော် စောင့်နေခဲ့သူပါ.............။)

ရက်ပေါင်း (၈၀၀) ကျော်ဆိုတာ မောင်အဲဒီကဗျာကို ရေးတဲ့အချိန်ပါ.. တကယ်တော့ ဂျစ်တို့ ပြန်တွေ့ဘို့
၆ နှစ်နီးနီး ဝေးခဲ့ရပါတယ်..ရက်နဲ့တွက်ရင် ရက်ပေါင်း ၁၈၀၀ တောင်ကျော်ပါသေးတယ်လေ...။

ဒီပို့စ်လေးတင်ဖြစ်တာ ကတော့ မောင်နဲ့ပက်သက်ရင် ကျမဟာ အကောင်းဆုံးတွေ ရခဲ့ဘူးသလို
အဆိုးဆုံးတွေ လည်းအကြိမ်ကြိမ် ရခဲ့ဘူးပါတယ်....မောင်နဲ့ပက်သက်ရင် အမှတ်တရတွေ အများကြီးရှိခဲ့တယ်..။
ခုချိန်တွေးမိရင်တောင် ရင်ထဲက ခံစားချက်တွေက လက်ဆတ်နေတုန်း ပါပဲ..............။

**ဘ၀မှာ ဖြစ်ချင်တာထက် ဖြင့်သင့်တာကို ဦးစားပေးမိခဲ့တဲ့ ကျမ ...အချစ်ကို ကိုးကွယ်တတ်တဲ့ “မောင်”.......

တို့တတွေ နှစ်ယောက်ကြားမှာ နားလည်မှုတွေ လွဲခဲ့ရတာ အကြိမ်ကြိမ်ပါပဲ.....လွဲဆို......ခုချိန်ထိပါပဲ...............။ **



Sunday, June 14, 2009

အနက်ရောင်...ပန်းချီကားတစ်ချပ်


ကျမက အဖြူရောင်ကို ငယ်ငယ်ထဲက သိပ်ကြိုက်ခဲ့တယ်........။ အဖြူရောင်ဆိုတာ ဖြူစင်တယ် ရှင်းသန့်တယ်လို့ ယူဆမိခဲ့တယ်....ဒါကြောင့် စိတ်ထဲက စွဲစွဲမြဲမြဲ နှစ်သက်ခဲ့ရတယ်.............။
မောင်နဲ့ ကျမ ဆုံစည်းခွင့် ရလာတဲ့အချိန် ၊ ချစ်သူကို ချစ်တတ်ခဲ့တဲ့ အချိန်မှာ ကြိုက်တဲ့အရောင်
က တစ်မျိုးပြောင်းလဲခဲ့တယ်....အနက်ရောင်ကို ချစ်တဲ့စိတ်နဲ့ နှစ်သက်သွား ခဲ့ရတယ်.......။
ကျမ ... မောင့်ကို ဘာလို့ အရမ်းချစ်တတ် ခဲ့တာလဲ ?
မောင်ကရော ကျမအပေါ် ဒီလောက် ဘာလို့ ချစ်ခဲ့ရတာလဲ ............ဟင် !
ကျမရဲ့ မျက်ဝန်းအကြည့်တိုင်းက “မောင်” တစ်ယောက်ထဲအတွက်ပါ..... မောင်ရယ် ။
ခုချိန်မှာ မောင့်ကို လွမ်းနေသူ ကျမအတွက်တော့ အရာရာတိုင်းဟာ ကြေကွဲစရာချည်းပါပဲ ။
ချစ်သူမရှိပဲ ဖြတ်သန်းခဲ့ရတဲ့ နေ့တွေလဲ ထပ်မလိုချင်တော့ ပါဘူး ။ ကျမသာ ဖန်ဆင်းရှင်ဆိုရင်
မောင့်ကို ကျမ အနားရောက်အောင် ဖန်ဆင်းခေါ်ဆောင် မိမှာအမှန်ပါပဲ ။ဝေးနေချိန်မှာ အလိုချင်ဆုံး
အရာဟာ မောင်ကိုအတွေ့ချင်ဆုံး ဖြစ်ခဲ့တယ်....မောင်.... ။ ကျမ တမ်းတမိတာ မောင်တစ်ယောက် ကြားသိပါ့မလား ...............? နှစ်တွေ ၊ လတွေ ၊ ရက်တွေကတော့ ကုန်နေအုံးမှာပါပဲ.....သေချာတာ
တစ်ခုက ကျမ မောင့်အပေါ် ထားရှိခဲ့တဲ့ အချစ်တွေကတော့ ဘယ်တော့မှ ကုန်သွားမှာ မဟုတ်ဘူး
ဆိုတာ ကျမ ရဲရဲကြီးပြောရဲ ပါတ.ယ်.............။
မောင့်ရဲ့ အတ္တတွေဟာ ရက်စက်မှုအဖြစ် ပြောင်းလဲခဲ့ရင်တောင်မှ “ဂျစ်” က ဒီလိုပဲ “မောင့်” ကို
မြတ်မြတ်နိုးနိုး ချစ်နေအုံးမှာပါ...။ မောင်ပြောဘူးတဲ့ စကားလေးကို နှစ်သက်ဘူးတယ် ........
“မောင် နဲ့ ကျမ ရဲ့ အတိတ်ဟာ ပန်းချီကားတစ်ချပ်နဲ့ တူတယ်” ဆိုတာလေ .......။
ရန်ဖြစ်ခြင်းဟာ အနက်ရောင် ဆိုရင် အနက်ရောင်များတဲ့ ပန်းချီကားလေး ဖြစ်မှာပါတဲ့ ။ဒါပေမဲ့ နှစ်ယောက်စလုံး ချစ်တဲ့စိတ်နဲ့ ရေးဆွဲခဲ့ကြတာမို့ ကျမဟာ အလိုလို အနက်ရောင် ကြိုက်ပြီးသား
ဖြစ်နေပါပြီ ...... မောင်ရယ် ။
( ချစ်သူဘ၀ မောင်တစ်ယောက်..... ကျမနဲ့ အချိန်တိုင်း တွေ့ချင်နေခဲ့တယ်...ကျမ မောင်နဲ့တွေ့ပြီး
အိမ်ပြန်မယ် ဆိုတဲ့အခါတိုင်း မောင်ဟာ ကျမကို စိတ်ဆိုးတတ်တယ်........ကျမတို့ရဲ့ မိဘတွေက
စည်းကမ်းကြီးတယ်.....ငယ်ရွယ် ကျောင်းသူဘ၀ ချစ်သူကို သိပ်ချစ်ရက်နဲ့ အိမ်ပြန်ဘို့ပဲ မောင့်ကို
ပြောခဲ့ဘူးတယ် ပူဆာခဲ့တယ် .....။ စိတ်တိုတတ်တဲ့ မောင်နဲ့ သိပ်ချစ်တတ်တဲ့ ကျမဟာ
စကားများ ရန်ဖြစ်ခဲ့ရတဲ့ အကြိမ်မနည်း ခဲ့ပါဘူး ။ ဒီလိုပါပဲ ဘ၀ဟာ ရန်ဖြစ်ပြီး ပြန်ချစ်လိုက်နဲ့........အနက်ရောင် ပန်ချီကားလေးကို ကျမ ကြိုက်နှစ်သက် သွားရတယ်....။)

Friday, June 12, 2009

ပျောက်ဆုံးလွင့်ရှ

ချစ်သူရေ ....
ညတစ်ရေးနိုးချိန် တမ်းတမိတော့ ကြေကွဲရတယ် ။
တို့နှစ်ယောက်လက်တွေ ....................
တို့နှစ်ယောက်မနက်တွေ ......................

တို့နှစ်ယောက်လမ်းတွေ ......................
တို့နှစ်ယောက်အနမ်းတွေ .....................
ပျောက်ဆုံးလွင့်ရှ ...................ပြန်မရတော့ဘူး..................။

ဒီကဗျာလေးက မောင်ပေးတဲ့ကဗျာတွေ ထဲကမဖတ်ချင်သော ကဗျာလေးပါ….
ဘာလို့မဖတ်ချင်လဲ ဆိုတော့ အချစ်တွေ ပျောက်ဆုံးသွားတာ မလိုလားမိလို့ပါ ။
ဒါပေမဲ့ မောင်ပေးတဲ့ အရာတိုင်းကို ကြိုက်၏ မကြိုက်၏ထက် လက်ခံရမှာ
ကျမတာဝန်ပါ….။မောင်က ဒီကဗျာကိုပေးတုန်းကတော့ မောင်တစ်ရေးနိုးချိန် ဂျစ်ကို
တမ်းတမိလို့……ဒီကဗျာလေးစပ်ခဲ့တာပါတဲ့ ။

( ကျမ ပြောချင်တာကတော့ တကယ်လို့များ ၊ တို့နှစ်ယောက်လမ်းတွေ၊
အနမ်းတွေ ၊ မနက်တွေ ပျောက်ဆုံးခဲ့ရရင်တောင် ၊ ကျမရဲ့ အနက်ရှိုင်းဆုံး
နေရာဖြစ်တဲ့ နှလုံးသားတစ်ထောင့်မှာ မောင်ဟာ ရှိနေသေးတယ်
လို့ယုံကြည် ထားလိုက်တယ်.................မောင် ။)

ကျမ မောင့်ကို သိပ်ချစ်တယ်…မောင် ယုံပါ့မလား ?




Thursday, June 11, 2009

လက်ရှိ ဘဝ

မိတ်ဆွေ သူငယ်ချင်းများ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံလို့ လိုရာပန်းတိုင်ကို ရောက်ရှိပါစေလို့ နှုတ်ခွန်းဆက်ပါရစေ...။
ဒီပို့စ်လေး ရေးဖြစ်ရခြင်းကတော့ ဂျစ် ...အကိုကြီး“စိတ်စမ်းရေ”..
ညီမ မေလေး
“ ဆုံနိုင်ခွင့် နေ့ရက်လေး”ဘလော့ ကို ဒီနေ့ office မှာ အားတဲ့အချိန်လေး
သွားလည်ဖြစ်ခဲ့တယ်.....။

ကိုကြီးစိတ်စမ်း ကတော့ သူဖြစ်ချင်တဲ့ ဘ၀ကိုမရခဲ့ပေမဲ့ မိခင်ရဲ့နှစ်သိမ့်ပေးခဲ့တဲ့

စကားလေးကို သူ့ကိုခင်တဲ့မောင်နှမတွေ ကိုဘလော့လေးမှာ ဝေမျှခဲ့တယ်.....
ဖတ်ရတာ စိတ်မကောင်းဖြစ်မိသလို ဥာဏ်မကောင်းဘူးလို့ ကိုယ့်ကိုကိုယ် ယူဆပေမဲ့
ကြိုးစားခဲ့တဲ့စိတ် ဓါတ်လေးကို ငဂျစ် ရင်ထဲကလေးစားရတယ်.....။

ညီမလေး “မေ ” ကတော့ သူဖြစ်ချင်တဲ့ဘ၀ကို သတ္တိရှိရှိကြိုးစားခဲ့ပြီး ရယူခဲ့တယ်..

ဘ၀တူ အမတွေကိုလဲ ကိုယ့်လို ဒုက္ခမဖြစ်အောင် အခက်အခဲ မတွေ့ရအောင် စေတနာ
ထားပြီး သူ့ဘလော့လေးမှာ ဝေမျှထားတာတွေ့ ရတယ်.... နောက်တစ်ခုကတော့ .............
.မေချစ်တဲ့သူရဲ့ စကားကို မှတ်ထားတတ်တဲ့စိတ်လေး ............ ......
ချစ်သူ့အနား မရှိပေမဲ့ ချစ်သူကိုစိတ်ထဲမှာ ထားတဲ့ မိန်းမတစ်ယောက်ရဲ့

ချစ်တတ်တဲ့စိတ်ထားလေး ......... “ငဂျစ်”နဲ့ ချစ်သူအပေါ် ထားတဲ့စိတ်ဓါတ်လေး
တိုက်ဆိုင်မှုတွေ ရှိလို့ ....မေ့ကို လေးစားချီးကျူးမိတယ် ....စဉ်းစားမိသလောက်....
ချစ်သူအဖြစ်ခံရတဲ့ ယောကျာင်္း....အချစ်ခံရတဲ့ ယောကျာင်္းတစ်ယောက် သိပ်ကံကောင်း

ပါလားလို့ စိတ်ထဲက ခံယူမိပါတယ်.........ချစ်တဲ့သူတိုင်း ပျော်ရွှင်တဲ့ ဘ၀လေးကို
ပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးလိုက်တယ် ......ညီမလေး “မေ”ကံကောင်းပါစေနော် ။

ဂျစ်လည်း ငယ်ငယ်ထဲက ပြည့်ပြည့်စုံစုံ ချမ်းချမ်းသာသာနဲ့ ကြီးပြင်းခဲ့တာ မဟုတ်ပါဘူး.....

ဘ၀မှာငယ်ငယ်ထဲက အဘွားအိမ်မှာ ကပ်နေခဲ့ရတာပါ....မိဘကလဲ ဂျစ်တို့ လူတန်းစေ
့နေနိုင်အောင် နေ့စဉ်ရုံးကန်နေရတယ် ။ ဂျစ်မှာ ညီမ(၃)ယောက်ရှိတယ် ...သုံးယောက်လုံး
စာတော်ကြပါတယ် .....မိဘကမပြည့်စုံတော့ ဘာပဲလိုချင်လိုချင် မိဘကို မပူစာတတ်ဘူး ...

စိတ်ကူးတွေ ရည်မှန်းချက်တွေတော့ ပြင်းပြင်း ပျပျ ရှိခဲ့တယ်ဗျ...မိဘက ပညာတတ်ဘွဲ့ရ
မဟုတ်ခဲ့တော့ ဖေဖေနဲ့မေမေက ဂျစ်တို့ကို ပညာတတ်ကြီးတွေ ဖြစ်စေချင်ခဲ့တယ်....။
ဒီလိုဆန္ဒကလည်း မိဘတိုင်း ကိုယ့်သားသမီးတွေကို ပညာတတ်ကြီးတွေ ဖြစ်စေချင်တာ

ချည်းပဲလို့ ယုံကြည်မိတယ်...........။

ဂျစ် အသက်(၈)နှစ် ၊ ညီမလေး အသက်(၃)နှစ် လောက်မှာ မေမေနိုင်ငံခြားလာပြီး အလုပ်

လုပ်ခဲ့တယ် ။ ဂျစ် ဖေဖေကတော့ စာတိုက်က post man လေးပါ... အလုပ်ဆင်းရင်
မေမေ့အမေ(အဘွား)အိမ်ကကားမှာ ကားဆပယ်ရာ လုပ်ခဲ့သေးတယ်................
ဒီအလုပ်က ဖေဖေ့အတွက် မသင့်တော်ဘူး ...ဖေဖေပင်ပန်းတယ်လို့ ခံစားခဲ့ဘူးပေမဲ့

ဘာတစ်ခုမှ ဖေဖေအတွက် မကူပေးနိုင်ခဲ့ပါဘူးဗျာ..။ ဖေဖေက ဒီအလုပ်ကို ဂျစ်တို့မိသားစုလေး
အစဉ်ပြေပြေ နေနိုင်ဘို့ ကြိုးစားလုပ်ခဲ့မှန်း အရင်ကနားမလည် ခဲ့မိဘူး.။
မေမေ့ရဲ့အဖေ(အဘိုး)က မြန်မာနိုင်ငံသား မဟုတ်ပါဘူး ...အဖိုးကြောင့်
ဂျစ်မေမေနိုင်ငံခြားမှာ
ပိုက်ဆံလာရှာတယ်.. ဂျစ်ဖေဖေ ကတော့ မေမေသွားပြီး (၁)နှစ်ကျော်မှာ လိုက်သွားခဲ့တယ်........။

ဒီလိုချိန်မှာ စိတ်ဓါတ်တွေ တအားကျမိတယ်....အားငယ်မိတယ်....ရင်ထဲက

စကားတွေ ဖေဖေနဲ့မေမေကို ပြောပြချင်တာတောင် မဖြစ်နိုင်လို့ မျိုချခဲ့ရပါတယ်....ဥပမာ..
ဂျစ်တို့ ဆုပေးပွဲမှာ ဆုတတ်ယူဖို့တောင် ဘယ်သူမှလိုက်ပေးမဲ့သူ မရှိခဲ့ပါဘူးဗျာ....
ဖေဖေနဲ့မေမေ ကမိဘ သဘောမတူပဲ လက်ထက်ထားကြတာပါ....ဒါကြောင့် ဂျစ်တို့

ငယ်ငယ်ထဲက မေမေ့ ဘက်ကသူတွေရဲ့ နှိပ်ကွတ်တာကို အမြဲခံရတယ်.........့  ။
ဂျစ်တို့မိသားစုလေး ပြေလည်လာတယ် ....လူတန်းစေ့လာတယ် ..။ ဂျစ်(၁၃)နှစ်အရွယ်မှာ
ထိုင်ဝမ်ရောက်ခဲ့တယ်...ကျောင်း(၂)နှစ် တက်ခဲ့တယ်....ပြီးတော့ ..........................
မိဘတွေရဲ့ စီးပွားရေးလုပ်ငန်းကြောင့် မြန်မာပြည်ကိုပြန်ပြီး ကျောင်းဆက်တက် ခဲ့တယ်.....။

ဖေဖေက သမီး(၃)ယောက်လုံးကို တစ်ရက်မှာ ကတိတစ်ခုတောင်းခဲ့တယ်......

သုံးယောက်စလုံး စာကိုကြိုးစားဖို့ (၁၀)တန်း အောင်လို့ ဆေးကျောင်းမမှီရင်
နိုင်ငံခြားသွားပြီး (၁)နှစ် အလုပ်သွားလုပ်ရမယ် လို့ကတိတောင်းခဲ့တယ်....ဂျစ်တို့အားလုံး
သဘောတူခဲ့တယ်.. .ဒါကြောင့် စာကို အရမ်းကြိုးစား ခဲ့မိတယ် ။

မိဘနဲ့ခွဲနေရတဲ့ ဘ၀ကိုမုန်းမိလို့ပါ....နှစ်စဉ်ဆုရတဲ့ စာရင်းမှာ ဂျစ်တူးနာမည်
ပါအောင် ကြိုးစားခဲ့ရတယ် ....။

ဂျစ် (၁၀)တန်းနှစ်မှာ ရင်ခုန်တတ်လာတယ် ချစ်သူရည်းစားရခဲ့တယ်................

.ဒီချစ်သူဟာ ဂျစ်ဘ၀မှာ ခုချိန်ထိ အချစ်ဆုံးနေရာမှာ ရှိနေဆဲပါ...။ ဘ၀မှာ သိပ်ချစ်ရသောသူပါ၊
ချစ်သူက အရေးပိုကြီး ခဲ့တယ်....ချစ်သူနဲ့ ချိန်းဆိုတဲ့ နေ့တွေ မပျက်မကွက

် သွားဖြစ်တယ်...အဲ့ဒီအချိန်က အချစ်စိတ်တွေ တတ်နေတယ်လို့ ပြောရမှာပဲ....
ဖေဖေ့ကို ပေးခဲ့တဲ့ကတိကို မေ့လျော့ခဲ့မိတယ်....တခါတရံ ချစ်သူနဲ့ တွေ့ပြီး ကျူရှင်အဆင်း
အိမ်ပြန်ရမယ်လို့ အသိဝင်တိုင်း ...ချစ်သူကမပြန်စေချင်သေးတော့..

ချစ်သူနဲ့ စကာများရန်ဖြစ်ရတယ်..... ချစ်သူကို ပိုပြီးအလေးထားတယ် စာလဲလုပ်သင့်
သလောက်ပဲ လုပ်ဖြစ်ခဲ့တယ်.......ချစ်သူကို သိပ်ချစ်ခဲ့ရလို့ပါ အချစ်ကို ကိုးကွယ်ခဲ့တယ် ပြောရမှာပဲ...။

ဂျစ်(၁၀) တန်းစာမေးပွဲတွေ နီးတော့ ချစ်သူအိမ်ကို နေ့တိုင်းလိုလိုလောက် သွားပြီး စာပြပေးခဲ့တယ်.

..ချစ်သူ စာမေးပွဲ ကျမှာ တကယ်စိုးမိလို့.....လေ။ ဂျစ်ချစ်ရတဲ့ချစ်သူက ငယ်ငယ် ကျောင်းသူဘ၀ထဲက
သိပ်ခင်ကြတဲ့ သူငယ်ချင်းတွေပါ .... သူချစ်နေမှန်း သိသိနဲ့ အချစ်တွေမျိုသိပ်ခဲ့ကြတာပါ...။
ချစ်သူဖြစ်တာ (၁၀)တန်းနှစ်မှ ဆိုပေမဲ့ တစ်ယောက်ရင်ထဲမှာ တစ်ယောက်အမြဲ ရှိခဲ့တာ
ကြာပြီဆိုတာလိမ်လို့မရပါဘူး။

(၁၀)တန်းနှစ် ကျူရှင်“၀ိုင်း”တူတူတက်ဖြစ်တယ် ၊ ချစ်သူမနက်ပိုင်း ကျူရှင်လာရင်

ချစ်သူစားဘို့ ကော်ဖီနဲ့မုန့်....ဒါမှမဟုတ် ကော်ဖီနဲ့ မုန့်ဟင်းခါး...စီစဉ်ပေးခဲ့တယ် ။
ဂျစ် ချစ်သူက မုန့်ဟင်းခါးစားပြီးရင် ကော်ဖီစိမ့်စိမ့်လေး သောက်ချင်တယ်ပြောဘူးတော့
အလိုက်တသိ လိုက်လုပ်ပေးခဲ့ဘူးတယ်။အချစ်ကို လက်တွေ့ကျကျ ပေးခဲ့တာတွေကို

ကြုံတဲ့အခါ “ဘော်ဘော်”တွေကို ပြောပြပါ့မယ်.....နော် ။
ချစ်သူအနားမှာဆို တကယ်ပျော်စရာ ကောင်းလှတယ်.....ငြိမ်းချမ်းတယ်....ပြီးပြည့်စုံတယ်လို့
တင်စားချင်ပါတယ် ....။
(ချစ်သူနဲ့ဂျစ် အကြောင်းဖတ်ချင်ရင်တော့ “မောင်နှင့်အတူ(၁)”ပို့စ် မှာတင်ထားပါတယ် ။ အပြည့်အစုံလေး တင်ပေးပါအုံးမယ်)


ဒီလိုနဲ့ (၁၀)တန်းကို ဂုဏ်ထူး တစ်ဘာသာနဲ့ အောင်ခဲ့တယ်.....ဖေဖေ့ကို ပေးထားတဲ့
ကတိ အတိုင်း ဆေးကျောင်း အမှတ်မမှီလို့ ထိုမ်ဝမ်ကို ထွက်လာရတယ်..။ ဘာကြောင့်
ဂျစ်ဖေဖေက ဒဏ်ပေးလဲဆိုတော့ ဘ၀တန်ဖိုး သိအောင်လို့တဲ့...ဘ၀ကို ကိုယ့်ခြေထောက်
ပေါ်ကိုယ် ရပ်တည်တတ်အောင် နိုင်ငံခြားလွှတ်ခဲ့တယ် ။ “ဂျစ်”တို့မိသားစု မပြေလည်စဉ် ကာလ

၊ ပြေပြေလည်လည် ဖြစ်လာတဲ့ ဘ၀အထိ ငွေရဲ့ တန်ဖိုး သိအောင် ဖေဖေကအမြဲ သွန်သင်ခဲ့ပါတယ်...
.ပိုက်ဆံလည်း များများစားစား မသုံးရပါဘူး...စည်းစနစ်ကျကျ လုပ်ပေးခဲ့တယ်။ ငယ်ငယ်က
ဆင်းရဲခဲ့တော့ ဘ၀ကို တန်ဖိုးရှိရှိ ဖြတ်သန်းတတ်အောင် ၊နောက်တစ်ခု ဖေဖေပြောတာရှိသေးတယ်
လောကမှာ ကြိုးစားအားထုတ်မှု မရှိပဲ အလကားမရဘူးတဲ့ ... အလကားရခဲ့ရင်လည်း အဲဒါတန်ဖိုးမရှိဘူးတဲ့ ၊

လွယ်လွယ်နဲ့ ပျောက်ပျက်တတ်တယ်လို့ ပြောပြီးဆုံးမတာ ဂျစ် မှတ်မိတယ် ။
“ဂျစ်”ဘ၀မမေ့တတ် ပါဘူး ။

ဂျစ်တစ်ယောက် (၁၉၉၉)ခုနှစ်(၈)လပိုင်းမှာ ထိုင်ဝမ်ကို ထွက်လာခဲ့တယ်....

ဒီမှာစပြီးဘ၀ဆိုတာ ဘာလဲလို့ ? ကောင်းကောင်းကြီး သိခဲ့ရပါတယ်............။
နိုင်ငံခြားကို စရောက်ခါစ အလုပ်ရုံတစ်ခုမှာ အလုပ်သမားဘ၀နဲ့ အလုပ်ပိတ်ရက်ဆိုတာ

ဘယ်နေ့မှန်းမသိ နေ့တိုင်းအလုပ်တက်ခဲ့ရတယ် ။ အလုပ်စလုပ်တဲ့ နေ့က မျက်ရည်နဲ့မျက်ခွက် ...
.ငိုခဲ့ရတယ် အရမ်းပင်ပန်းလို့ ...IC တွေထည့်သုံးတဲ့ ဒီဇိုင်းခွက်တွေလုပ်တာပါ ...
တစ်နေ့တစ်နေ့ ကီလို(၃၅)လောက်ရှိတဲ့ ကော်စေ့ထည့်ထားတဲ့ အိတ်တွေကို မ မပြီး ပုံစံခွက်ထုတ်တ

ဲ့ စက်ထဲကိုကော်စေ့တွေ ထည့်ပေးရတယ်လေ။ ဂျစ်လက်တွေဆို ပေါက်ပြဲနေတာပဲ....
စက်ကထုတ်လုပ်ပြီး ကျလာတဲ့ Chip Tray တွေကိုလည်း သေချာစနစ်တကျ
စီပြီး ပုံးထဲထည့်ပေးရသေးတယ်...တစ်ခါတလေ packingတွေ မမှီလို့ကတော့ ဆူစဲခံရတာဗျ....။

မြန်မာပြည်ကို အရမ်းပြန်ချင်တယ်ဗျာ... စိတ်ဓါတ်တွေ ကျခဲ့ဘူးတယ်၊ စိတ်အားလဲ ငယ်မိတယ် ၊
ချစ်တဲ့သူ ကသူ့ချစ်သူတော့ နိုင်ငံခြားမှာ ပျော်နေလောက်ပြီ ထင်ချင်ထင်မှာဗျ ။

ဂျစ်ထိုင်ဝမ် ရောက်ပြီး (၈)လကျော်လောက်မှာ ကျောင်းဆက်တက်ဖို့ ဆုံးဖြတ်ခဲ့တယ်၊

ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ ဘွဲ့ကြီးပြန်လန် ရထားလည်း ဒီရောက်တဲ့မြန်မာပြန်တွေ
အလုပ်သမားဘ၀ပဲ ။ ဒါကြောင့် ကျောင်းတစ်ဖက် အလုပ်တစ်ဖက် ကြိုးစားခဲ့ရတယ် ။
ချစ်သူကိုလဲ လွမ်းတယ် ....လက်ရှိဘ၀ကြီးကလည်း ရုံးကန်နေရတယ် ...................။
ဂျစ်သိပ်ချစ်တဲ့ ချစ်သူကိုအချစ်က လွဲလို့ ဘာမှမပေး နိုင်သလို ၊ချစ်သူကျေနပ်အောင်
တစ်နှစ်တစ်ခလည်း မြန်မာပြည်မပြန် နိုင်ခဲ့ဘူး ။တကယ်ဆိုးဝါး လွန်းတယ်ဗျာ...........ချစ်သူနဲ့
ချစ်လျှက်နဲ့ ဝေးနေတာလည်း ၀ဋ်ကြွေး တစ်ခုလိုပါပဲ ။ အရမ်းလွမ်းလို့ မွန်းကျပ်ခဲ့တာ

နေ့တိုင်းလိုလိုပါပဲ ။

ထိုင်ဝမ်မှာ ကျောင်းတက်နေတဲ့ အချိန်မှာ အလုပ်အမျိုးမျိုး လုပ်ဘူးခဲ့တယ်။

ဘာတွေလဲဆိုတော့ ကျောင်းတက၊်ကျောင်းဆင်းချိန် တွေမှာ ကျောင်းသားတွေရှိမဲ့နေရာ ၊
လမ်းသွားလမ်းလာ သူတွေကို ဆံပင်ညှပ်ဆိုင် ကြော်ငြာစာရွက် ၊ အိမ်ရောင်း ကြော်ငြာစာရွက်တို့၊
PIZZAဆိုင်က မုန့်ကြော်ငြာစာရွက် စသဖြင့်ဝေတဲ့အလုပ် လုပ်ခဲ့သေးတယ် ။
ကော်ဖီဆိုင် ၊ ပါမုန့်ဆိုင်တွေမှာလည်း part time လေးတွေလုပ်ခဲ့တယ် ....။
မိဘကို ရှာလို့ရတဲ့ပိုက်ဆံထဲက ကျောင်းစရိတ်ဖယ် ၊ စားစရိတ် အသုံးစရိတ်နဲနဲ အိမ်စရိတ်ဖယ်ပြီး

ကျန်တဲ့ပိုက်ဆံလေးကို ဖေဖေ၊မေမေကို ကတော့ခဲ့တယ် ...။ဒီအကျိုးတွေ ဂျစ်တူးလက်ရှိခံစား နေရပါပြီ ။

ကျောင်းပြီးတော့ အငယ်တန်း Engineer ဘ၀နဲ့ဖြတ်သန်းခဲ့တယ် ။ ဒီနိုင်ငံသား မဟုတ်တော့

ဘာပဲဖြစ်ဖြစ် အနှိမ်ခံရတုန်းပါပဲ ။ ဒါပေမဲ့ ဂျစ် ချော်လဲကျတဲ့နေရာမှာ အားတင်းပြီး ပြန်ထခဲ့တာပဲ......
မျက်ရည်တွေ ကျတာများတော့ လူတွေအကြောင်းကို နားလည်
လာခဲ့ရတယ်။ ဘ၀ဆိုတာ ပါးစပ်ကပြောသလောက် မလွယ်ဘူးဆိုတာရယ် ၊

မိဘအိမ်မှာနေတုန်းက ငွေရှာရတာ ခက်ခဲမှန်း မသိတဲ့ဂျစ် ကောင်းကောင်း သိခွင့်ရှိလာတယ် ...။
ယ္ခု လက်ရှိ ဂျစ်တူး Quality Assurance Engineer Dept. (Senior Engineer) ဘ၀နဲ့
Officeမှာတာဝန်ယူ ရပါတယ်.။လက်ရှိ အလုပ်ရုံကလည်း ဂျစ် ထိုင်ဝမ်ကို စရောက်ကတည်းက

အလုပ်သမားဘ၀နဲ့ ဖြတ်သန်းဘူးခဲ့တဲ့ စက်ရုံမှာပဲ တာဝန်ထမ်းဆောင်နေ တုန်းပါပဲ ။
ဟိုးအရင်ကနဲ့မတူတော့တာ တစ်ခုကတော့ တွေ့လိုက်ရတယ်... အလုပ်ရုံက အထက်မန်နေဂျာတွေရဲ့
အခေါ်အဝေါ်တွေ ....မြန်မာပြန် တစ်ယောက်ကို ကြည့်တဲ့ပုံစံတွေ ကွာသွားတာ

ဂျစ်တူး ခံစားလိုက်ရတယ် ။ နိုင်ငံခြားကဆို မတူမတန် ဆက်ဆံမှုတွေ ရပ်သွားတော့တယ် ....
သိပ်မကြားရတော့ဘူး ။ အထင်ကြီးတတ်လာတယ် သူတို့တွေ လုပ်သလို ဂျစ်တို့
မြန်မာတွေလည်း လုပ်တတ်မှန်း လက်ခံလာကြတယ် ။

ဂျစ် လက်ရှိဘ၀လေး ပိုင်ဆိုင်ဘို့ အများကြီးပေးဆပ်ခဲ့ ရပါတယ် ....အချိန်တွေ ၊ ခံစားချက်တွေ ၊

သည်းခံစိတ်တွေ ၊ ဆုံးရှုံးမှုတွေ စသဖြင့်ပေးလိုက်ရတယ် ။နောက်ဆုံး ချစ်သူနဲ့ အဆင်မပြေ
ဖြစ်ခဲ့ရတဲ့အထိပါပဲ။ ချစ်သူက ဂျစ်အပေါ် စိတ်တွေကုန်ချင် လာတယ် ....။
မိဝေးဘဝေးမှာ ကိုယ့်ဘ၀ကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ခဲ့ဖို့ တကယ်မလွယ်ပါဘူး ...ဗျာ။
ဘာပဲဇြစ်ဖြစ် အခုလက်ရှိ အမိမြန်မာနိုင်ငံနဲ့ ခွဲခွာပြီး ပညာသင်နေတဲ့ မောင်နှမများ ၊နိုင်ငံခြားမှာ

အလုပ်လာလုပ် ကြရတဲ့ မောင်နှမများ စိတ်ဓါတ်တွေမကျ လိုက်ပါနဲ့ ၊ ဖြစ်ချင်တဲ့ ရည်မှန်းချက်
ပန်းတိုင်ကို ကြိုးစားပြီး ရောက်အောင်သွား ကြပါလို့ အားပေးစကားပြော ချင်ပါတယ်.....။
တစ်နေ့ မှာ ဖြစ်ချင်တဲ့ဘ၀နဲ့ ဖြစ်နေရတဲ့ဘ၀ တစ်ထပ်တည်းကျ လာလိမ့်မယ်လို့ ယုံကြည်ကြပါ။
တစ်ထပ်တည်းကျ လာပါစေလို့လည်း “ ဂျစ် ဆုတောင်းပေးပါတယ် ။


(ဂျစ်တူး သိပ်ချစ်ရတဲ့ ချစ်သူနဲ့ အကြောင်းမလှလို့ ဒီဘ၀ မပေါင်းခဲ့ရရင်တောင် .....

အချစ်ဆုံးနဲ့ ဂျစ်တူးရဲ့ ဒီရင်ဘက်ထဲက အနှိုင်းမဲ့ ချစ်ရတဲ့ ချစ်သူနေရာမှာ ....
ဂျစ်တူး အသက်ရှူတွေ မရပ်တန့်သေးသရ်ျ ရှိနေမှာပါ......
.သိပ်ချစ်ခဲ့တာလည်း ရင်နှင့်အမျှပါပဲ ...ချစ်သူ......................မောင်ရယ် ။)


ဂျစ်တူး ချစ်ခင်လေးစားရပါသော မောင်နှမများ ကိုယ်စိတ်နှဖျာ ကျန်းမာချမ်းသာပါစေလို့ ...
အောင်မြင်တဲ့ဘ၀လေးကို ပိုင်ဆိုင်ကြ ပါစေလို့
ဆန္ဒပြုပါတယ် ...................။

ခင်မင်သောအားဖြင့်
ဂျစ်




Wednesday, June 10, 2009

Online ပေါ်မှ သူငယ်ချင်းများ(1)

ဒီပို့စ်လေးကို ရေးဖြစ်သွားတာကတော့ လွန်ခဲ့တဲ့ အပတ်က စင်ကာပူရောက်
သူငယ်ချင်း ဖုန်းဆက်လာ ဖြင်းကြောင့်ပါပဲ....။ သူမနဲ့ “ ဂျစ်” စတင်သိကျွမ်းခဲ့ရ
တာကတော့ skype online ပေါ်ကစသိတယ် ပြောရမှာပဲ...။ သူ့နာမည်က
“ဖြိုး”လို့ခေါ်ပါတယ်...စသိတဲ့နေ့က သူကအရင် invite စလုပ်ခဲ့တာပါ။

ထုံးဆံအတိုင်းဘယ်သူ.. ဘယ်ဝါ..ဘယ်မှာနေလဲ...ဘာအလုပ်လုပ်လဲ မေးကြမြန်းကြတာပေါ့....။
သူကတော့ profile မှာမြန်မာကဆိုလို့ လာမိတ်ဆက်တာလို့ ပြောပါတယ်။
အချင်းချင်းမိတ်ဆက် လို့ခင်မင်သွားတယ်...နောက်ပိုင်းမှ သူနဲ့စကားစပ်မိပြီး
ခုလက်ရှိရောက်နေတဲ့ နိုင်ငံချင်းတူနေတာ သိလိုက်ရတော့တယ်....။နေတဲ့အိမ်ကလည်း တကယ့်မှ
နီးနီးလေး ရယ်.......။

online မှာဆိုသူ့အသံက ခက်မာမာနဲ့ ပြက်သားတယ်....အပြင်မှာကတော့ ပုပုသေးသေးလေး
ချစ်ဖို့ကောင်းတယ်...။သူကအလုပ်ရှာတုန်း အချိန် ..“ဂျစ်”က officeမှာ သာမန်အငယ်တန်း
ှQuality Assurance ဘ၀မှာပေါ့ ။ ညဘက်ကျောင်းတက်တဲ့ ဘ၀ချင်းတော့ တူတူပါပဲ ...။
ဒီလိုခင်နေရင်းမှာ နွေရာသီ ကျောင်းပိတ်ရက်တွေ ညပိုင်း Part time အလုပ်တူတူလုပ်ဖို့
ပြောဖြစ်ကြတယ်...ဒါနဲ့ coffee shop တစ်ခုမှာအလုပ်ဝင်လုပ်ဖြစ်တယ်....။

သူကဂျစ်ထက် လစာပိုရတယ် သူကကော်ဖီဖျော် ၊ ကော်ဖီစပ်တာ တကယ့်ဆရာမကြီးပေါ့...
ဂျစ်ကတော့ ကောင်တာမှာ ငွေရှင်းငွေသိမ်းလေးပေါ့ ...သူနဲ့ဂျစ် အလုပ်ဆင်းရင် coffee
တစ်ယောက်တစ်ခွက်နဲ့ အငြိမ့်စားထိုင်ပြီး ရင်ထဲက စကားတွေရင်ဖွင့် ဖြစ်ကြတယ်...
ပြီးမှအိမ်ကို ဆိုင်ကယ်တူတူစီးပြီး ပြန်ကြတယ်...။

“ဖြိုး”လို့ခေါ်ဖြစ်တာကတော့ သူက၀၀ဖြိုးဖြိုးလေး ဖြစ်လို့ချစ်စနိုးနဲ့ ခေါ်တာပါ...
နာမည်အရင်းကတော့ မပြောတော့ဘူးနော်....ဂျစ်က သူနဲ့စကားပြောတိုင်း ဂျစ် ချစ်သူ
အကြောင်းမပါမပြီး ပြောလို့ ဂျစ်ကိုတော့ သူက “အချစ်”လို့နောက်ပြီး ခေါ်လေ့
ရှိတယ်....။(မိန်းကလေး အချင်းချင်းခေါ်တော့ ကြက်သီးတော့ ထသား.......ဟဲဟဲ ။)

သူကိုစသိတော့ သူ့ဆီမှာဘာရည်ရွယ်ချက် ရှိတယ်ဆိုတာမသိခဲ့ပေမဲ့
နောက်ပိုင်းအရမ်း ရင်းနှီးလာတော့ သူပြောပြချက်အရ သူရည်းစားကဖြတ်သွားတာ
မကြာသေးဘူးတဲ့ ဘာလို့လဲဆိုတော့ နှစ်စဉ်မြန်မာပြည်ကို ပြန်မတွေ့နိုင်လို့ နောက်တစ်
ယောက် ထပ်ရှာသွားတယ်လို့ ပြောပြီး ငိုပါလေရော....သူ့ကောင်လေးက သူ့ကိုမချစ်လို့
လားဆိုတော့လည်း သူပြောပြချက်မရဆို သိပ်ချစ်တယ်ထင်ရတာပါပဲ....သူကတော့
ဘ၀ကိုကျောင်းတဖက် အလုပ်တစ်ဖက် ဖြစ်နေချိန် သူ့ချစ်သူ ကတော့ အခြားတစ်ယောက်ရဲ့
ချစ်သူဖြစ်သွားချိန်ပေါ့....။

ဒါကသူမနဲ့ ပက်သက်တဲ့ အဖြစ်လေးတစ်ခုပါ....နောက်ပိုင်း သူစင်ကာပူကို ကျောင်းသွားတက်
တယ်.....မကြာမကြာ ဂျစ်ဆီပြန်လာတယ်.....သူ့ဆီမှာ ရည်းစားရတာ မကြာသေးဘူး သိလိုက်
ရတယ်......(၁)နှစ်အတွင်း သူ့ရည်းစားဖြစ်သူ သူ့ချစ်သူက သူ့ကိုလက်ထပ်ခွင့်တောင်းပြီး မကြာသေးခင်မှာပဲ
မင်္ဂလာဆောင်သွား ပါပြီ......အဲဒီမင်္ဂလာဆောင်သွား တာနဲ့ပက်သက်ပြီး အတွေးတစ်ခုတော့ ပေါ်မိသည်...
အော်အော် .................ဖြိုး.........ဖြိုး.................
တကယ်လို့များ နောက်ထပ် ချစ်သူနဲ့ဝေးတဲ့နေရာ “ ဇြိုး” ရောက်သွားရင် ခုလက်ရှိ သူ့ချစ်သူက
သူ့ကိုထပ်ပြစ်သွားမှာ စိုးလို့မြန်းလား ..မသိဘူးဆိုပြီး ဂျစ် တစ်ယောက် တွေးပြီးသဘောကျရတယ်....
.နောက်လ သူပြန်လာရင် သူငယ်ချင်းကို ဒီမေးခွန်းမေးလိုက်ပါအုံးမယ်..............ဗျာ...........။
ချစ်သူငယ်ချင်း ပျော်ရွှင်အောင်မြင်တဲ့ ဘ၀ပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးလိုက်တယ်နော် ။

(ချစ်သူငယ်ချင်း “ဇြိုး”အတွက် ခင်မင်မှု အမှတ်တရ )

Tuesday, June 9, 2009

နီးနီးလေး

“မောင်ရဲ့.... ချစ်သူများနေ့ အမှတ်တရလေး ”

ချစ်တဲ့သူရေ
ရာသီကအေး တို့တွေဝေးရင်
မင်းအကြောင်းကိုတွေး
ရင်မှာနွေးတယ်.....။

မျက်လုံးကိုမှိတ်
ရင်မှာတိတ်ရင်
မင်းပုံရိပ်က
စိတ်မှာပြည့်တယ်....။

ချစ်သူစကား
ငါနားထဲမှာပြန်ကြားမိရင်
ရင်ထဲအေးမြ ပျော်ရွှင်ရတယ်.....။

ဘယ်အချိန်မဆို ငါ့ရင်ထဲကို
ငါကြည့်တဲ့အခါ
မင်းနဲ့ငါက နီးနီးလေးပါ......။

ဒါဆို
ငါတို့တွေဝေး သွေးအေးပြီလို့
ဘယ်သူပြောမလဲ ....။

“ဂျစ်”ရင်ထဲမှာ“မောင်”ရှိရင်
“မောင့်”ရင်ထဲမှာ“ဂျစ်”ရှိနေရင်
သေချာပါတယ်
နေ့တွေတိုင်းဟာ နီးနေမှာပဲ.......ချစ်သူ။
**၆ .၂. ၂၀၀၄ မနက် (၁၁း၄၇) မောင်ရေးစပ်ခဲ့ပါသည် ။**
“၁၄.၂.၂၀၀၄ ခုနှစ် Valentine's Day နေ့ .....မောင့်သိပ်ချစ်ရသော ချစ်သူလေးအတွက်”
{ချစ်သူရေ မောင်တို့နှစ်ယောက်ရဲ့ ရင်ထဲမှာ တစ်ယောက်ကိုတစ်ယောက် ရှိနေပေးရင် မောင်တို့ဝေးတယ်
ဆိုတာ ဖြစ်နိုင်ပါ့မလား...။ အချိန်တိုင်း “ဂျစ်”ဟာ မောင့်ရဲ့အနီးဆုံးမှာ ထာဝရအမြဲ ရှိနေပါတယ်....။}
အချစ်များစွာဖြင့် .....မောင် ...........

ဒီကဗျာလေးကတော့ မောင် ကျမအတွက် (၂၀၀၄)ခုနှစ်မှာ ကျရောက်တဲ့ ချစ်သူများနေ့အတွက် ပို့ပေးခဲ့တာပါ..
အဲ့ဒီအချိန်က ခံစားချက်ကို ပြောရမယ်ဆိုရင် ရင်ထဲမှာ တကယ် ငြိမ်းချမ်းရတယ်....မောင့်ကိုလဲ ရင်ထဲက လေးစားမိတယ်။
ဝေးနေချိန်မှာ သတိတရ ဒီကဗျာလေးကို “ဂျစ်”အတွက် ရေးစပ်ပေးလို့ သိပ်ချစ်တတ်တဲ့ ချစ်သူ ပိုင်ဆိုင်ခွင့် ရလိုက်တယ်လို့
ဂုဏ်ယူမိတယ် ပြောရမှာပါပဲ...................မောင့်ကိုလဲ မြတ်မြတ်နိုးနိုး ချစ်နေမှာပါ “မောင်” ~





Monday, June 8, 2009

မောင်နှင့်အတူ(၁)

ကျမဘ၀မှာ ဘယ်တော့မှ မေ့လို့မရတဲ့ အကြောင်းအရာတွေထဲမှာ မောင့်အကြောင်း
တွေကပိုများခဲ့ပါပြီ......။တစ်ချိန်မှာ မောင်နဲ့ကျမ သိပ်ချစ်ရတဲ့ ချစ်သူတွေ ဖြစ်လာလိမ့်မယ်လို့
ကျမ မတွေးမိခဲ့သလို မောင်လည်းပဲ တွေးမိခဲ့မှာမဟုတ်တာ သေချာပါသည်...............................။

ငယ်ရွယ်တဲ့ကျောင်းသူဘ၀မှာ အချစ်ဆိုတာကို ရင်ခုန်တတ်....ခံစားတတ်လာအောင် ဖန်ဆင်း
ပေးခဲ့တာကတော့ ချစ်တဲ့ “မောင်” ပါပဲ...ကျမကျောင်းသူဘ၀ (၇)တန်းနှစ်မှာ မောင်နဲ့စဆုံခဲ့ကြတယ်။
အဲ့ဒီနေ့လေးကတော့ မောင်ပြန်ပြချက်အရ မောင်က “ကျမကျောင်းစတက်တဲ့ နေ့လေးမှာ မောင်ကျမကို
မသိစိတ်နဲ့ ရင်ထဲရောက်ခဲ့တယ် တဲ့....

ဘာလို့လဲလို့ခုချိန် ပြန်မေးမိတော့ ပုံစံက တစ်ခြားကျောင်းသူတွေနဲ့ မတူလို့တဲ့ ” ဘယ်တူပါ့မလဲ ကျမကဂျစ်ကန်ကန် နေတတ်တယ်....စက်ဘီးတောင် မြန်မြန်ပြေးတဲ့ဘီးမျိုးမှ.....လွယ်အိတ်ဆို ကျောပိုး အိတ်မှ လွယ်ချင်တာ....တစ်ခြားကျောင်းသူတွေ ရင်ဖုန်းအကျီ င်္ဝတ်တဲ့ကြားထဲမှာ ကျမက
ဘလောက်အကျီ င်္ ခါးရှည်င်္နဲ့ပေါ့....ဆံပင်ပုံစံက ဂုတ်ဝဲ အဖြောင့်လေးနဲ့...လမ်းသွားရင်
ဆောင့်ကြွားကြွားနဲ့ မိန်းမမပီသတဲ့ မိန်းကလေးပါ....ဒီပုံစံကို အမှတ်မထင် မောင့်ရင်ဘတ်ထဲ
စွဲစွဲလန်းလန်း ရောက်ခဲ့တယ် ဆိုရမှာပဲ.............။

ကျမက မောင့်ထက်(၇)လ အသက်ကြီးတယ် ..ကျောင်းစတတ်တဲ့ နေ့က မောင်ကျမကို စမြင်ခဲ့တယ်..
မောင်ကသူ့အထင် သူ့ထက်အသက်တော့ နဲနဲကြီးမယ်လို့ ယူဆခဲ့တယ်တဲ့...ကျမက ကျောင်းရဲ့ဟောခန်း
နားမှာ မောင်တိန်စက်ဘီးလေး လာရပ်တာပေါ့...မောင်ကစမြင်ကတည်းက ကျမရဲ့အမူအရာတွေကို
စိတ်ဝင်တစား ကြည့်ခဲ့တယ်တဲ့....ကျမကတော့ ကျမအနီးနား ဘယ်သူဘယ်ဝါ ရှိနေမှန်းသတိကို
မထားမိခဲ့ပါဘူး......................။

အဲဒီနေ့မှာ ကျမအတွက်တော့ ကျောင်းစအပ်ရတဲ့ နေ့ပေါ့....နိုင်ငံခြားမှာ(၂)နှစ် ကျောင်းတက်တော့
မြန်မာပြည်မှာ အတန်းတွေအောက် ကုန်တယ်...ကံကောင်းတာကတော့ ကျောင်းလိုက်အပ်ပေးတဲ့
ဆရာမက ကျမတို့ကို မူလတန်းဘ၀ထဲက ရင်းနှီးခဲ့ရတဲ့ တရုတ်စာ သင်ပေးခဲ့တဲ့ ဆရာကြီးရဲ့သမီးပါ။

ဆရာမက အဒေါ်လိုဖြစ်နေတော့ ကျောင်းအပ်ဖို့သွားတဲ့ လမ်းမှာမေးတယ် “ဘေဘေး ဘယ်အခန်းနေ
ချင်တာလဲ”တဲ့ ကျမကတော့ အထူးတလည် နေချင်တဲ့အခန်း မရှိဘူး....ဒါပေမဲ့ ကျမကို(A)ခန်းကို
လိုက်အပ်ပေးတယ်..(A)ခန်းမှာ ထိုင်စရာနေရာမရှိတော့ဘူး...ဒါနဲ့ဆရာမ တစ်ယောက် ဘေးနားရောက်
လာပြီး သူ့(C)ခန်းမှာ လာအပ်ဖို့ ပြောလာတယ်....။

ကျမလည်း(C)ခန်းမှာ နေဖို့ဆုံးဖြတ်ခဲ့တယ်....ဒီကစလို့ မောင်နဲ့ကျမ အတန်းတူ အခန်းတူဖြစ်လာရတယ် ။
မောင်က “အဲဒီနေ့က ဟောခန်းနားမှာ စတွေ့ခဲ့တဲ့ ကျွတ်ဆတ်ဆတ် ကောင်မလေးက သူနဲ့တစ်ခန်းထဲ ကျလို့
ပျော်တယ်” တဲ့။နောက်တစ်ခု ကျမနဲ့မောင် ပိုမိုသိကျွမ်းစေဖို့ အကြောင်းတစ်ခု ဖန်လာတယ်....ဘာလဲ
ဆိုတော့ မောင်က ကျမထိုင်တဲ့ နောက်တန်းမှာ မောင့်ကိုဆရာမ နေရာချပေးခဲ့ခြင်းကြောင့်ပေါ့.....။

မောင်က စကားအရမ်း နည်းတယ်...တိတ်ဆိတ်စွာအမြဲ နေတတ်ခဲ့လို့ ကျမ မောင့်ကိုစတင် စိတ်ဝင်
စားမိခဲ့ရတယ် ဆိုရမှာပဲ....မောင့်ကို မောင့်ဘေးက သူငယ်ချင်းတစ်ချို့က မကြာခဏ နောက်နေတာ ကြားနေရတာကတော့ “ဟေ့ကောင် အသည်းကွဲနေတာလား .. စကားကနည်းပါ့ ပိုက်ဆံမပေးရ
ပါဘူးကွာ ”လို့ နောက်နေသံ ကြားရတယ်လေ...

ကျောင်းလာရင် ကျောင်းခေါင်းလောင်း အသံမြည်မှ မောင်ရောက်လာ တတ်သလို ကျောင်းဆင်း ခေါင်းလောင်းမြည်တာနဲ့ ကျမရဲ့ နောက်တန်းလေးမှာ မောင်မရှိတော့ဘူး....။
မောင်စကားနည်းတယ်....အခန်းထဲမှာ ဘယ်သူနဲ့မှ အရေးမကြီးရင် စကားမပြောတဲ့ သူလေ
ကျောင်းတက်ချိန် နောက်ကျရောက်ပြီး ကျောင်းဆင်းချိန် ချက်ချင်းပျောက်သွားတတ်တယ်....
ဒါတွေက ကျမ စိတ်ဝင်စားခဲ့ရတဲ့ အဖြစ်လေးတွေပါ.....။

မောင်က ကျောင်းအကျီ င်္ လည်ကတုံးလေး ကျောင်းစိမ်းပုဆိုးနဲ့ သိပ်လိုက်တယ်လို့ ဘယ်သူမှမသိအောင်
ရင်ထဲက မှတ်ချက်ချဘူး ခဲ့တယ်...မောင်လွယ်တဲ့ လွယ်အိတ်လေးက အနက်ရောင် သိုးမွှေးလွယ်အိတ်
လေးပါ.....မောင့်ကိုမြင်ရင် စမတ်သိပ်ကျတာပဲ .. ရိုးရိုးရှင်းရှင်း ၀တ်စားတတ်တယ်...။

မောင့်ကို မတော်တစ နောက်ဘက်လှည့်မိလို့ ကြည့်မိခဲ့ရင်တောင် မောင်က စာအုပ်တစ်အုပ် ဘောပင်တစ်ချောင်း နဲ့အလုပ်များ နေတတ်တယ် ....
သူ့ကိုစိတ်ဝင်တစား ကြည့်နေတဲ့ ကောင်မလေးရှိမှန်းတောင် သိပုံမပေါ်ပါဘူး။
ဒီလိုနဲ့ ကျောင်းတက်ရက်တွေ ဖြတ်သန်းရင်း.....မောင်နဲ့ကျမ စကားစပြောခဲ့ရတဲ့ အဖြစ်လေး စတင်ခဲ့
ရတယ်............................။

(ဆက်ရန်)


သူငယ်ချင်းမိတ်ဆွေ မောင်နှမများ ဂျစ်ရဲ့ ဘလော့လေးကို မအားလပ်တဲ့ကြားက ခင်မင်စိတ်ကလေးဖြင့်
မငြီးမငြူ လာရောက်အားပေးကြလို့ ကျေးဇူးတင်မိပါတယ်......ဒီဘလော့လေး ဖြစ်လာအောင် စိတ်ရှည်ရှည်
တည်ဆောက်ပေးခဲ့သူ “မောင်” ကိုလည်း ရင်ထဲက သိပ်ချစ်တဲ့ စိတ်လေးနဲ့ ကျေးဇူးတင်ချင်ပါတယ် မောင် ........။ စာရေးကောင်းသူ မဟုတ်တဲ့ ဂျစ်တူး ကိုအားပေးကြပါလို့ လေးစားစွာ တောင်းဆိုပါတယ် ။
လိုတာလေးတွေ ရှိရင်လဲ ဝေဖန်ကြပါနော်....ဂျစ်တူးကြိုးစား ပြင်ပါ့မယ် ။
လေးစားချစ်ခင်စွာဖြင့်
ဂျစ်တူးလေး

Friday, June 5, 2009

နောက်ဆုံး ညနေခင်း

(မောင်နဲ့ကျမ ခွဲခဲ့ရသော “နောက်ဆုံးညနေခင်း”သို့ ရည်ရွယ်ပါသည်။)

အေးစက်နေတဲ့ နှုတ်ဖျားက
နှုတ်ဆက်စကား.........
ဘယ်သူစလို့ ပြောမှာလဲ ။
ပြောမထွက်သလို
မကြားရက်တာလည်း.....ပါမှာပေါ့ ။

ဒီလိုနဲ့
တစ်ယောက်နဲ့ တစ်ယောက်
နောက်ကမ္ဘာသစ်ဆီ ခေါ်ဆောင်ဖြစ်ကြ
တစက္ကန့်....နှစ်စက္ကန့်......
စက္ကန့်များစွာ...............
ဒီအနမ်းဟာလည်း ကျန်ရစ်ခဲ့သူအတွက်
ပြန်မဖြစ်တဲ့.....အတိတ်ကို
ရင်ဆိုင်ရဲဖို့ နှစ်သိမ့်တာလည်း
ဖြစ်နိုင်ပါတယ်.........။

နေ့ပေါင်းများစွာ ....ညပေါင်းများစွာ
ဒီအနမ်းတွေကို
လွမ်းနေမှာပါ
တမ်း...တ....ရင်း...နဲ့ပေါ့။

ခန္ဓာကိုယ်ချင်းပွေ့ဖက်
လွင့်ထွက်မှာစိုးတဲ့ တို့နှစ်ယောက်ဟာ
မကြာခင်မှာ ဝေးရတော့မှာ
ကြိုသိနေတာတော့
ကြေကွဲဖို့.....ကောင်းလှတယ် ။
မငိုပါနဲ့ ချစ်သူရယ်
မျက်ရည်တွေထက် လေးနက်တဲ့စကား
မင်းနှုတ်ဖျားက .......ပြောလိုက်စမ်းပါ။
ဒီအချိန်မှာတော့ မင်းကိုလည်းငါ
မနှစ်သိမ့်နိုင်ရှာဘူး...
ငါ့ကိုယ်တိုင်တောင်
ပါးနှစ်ဘက်ပေါ်မှာ မျက်ရည်စတွေနဲ့လေ
နေပါဦး......ဂျစ်ရယ်
မင်းကကြာမှာမို့လို့......မှာနေတာလား?
ဘာပဲဖြစ်ဖြစ် နင်မှာသမျှကို
လိုက်နာပါ့မယ် ....။
ဒါပေမဲ့လည်း
မလွမ်းရစ်ဖို့တော့ မတားမြစ်ပါနဲ့
တကယ်တမ်းပြောရင်
ရင်ပွင့်မတတ် ချစ်ခဲ့မိလို့
ရင်နစ်အောင်တော့.....လွမ်းနေမှာပါ ။
အချစ်စစ်မှတော့
မလွမ်းဖြစ်တဲ့သူ ရှိနိုင်ပါ့မလား
နင်ယုံသင့်တယ် ချစ်သူရယ်
ထားရစ်ခဲံရသူအတွက်
ညပေါင်းများစွာ.......လပေါင်းများစွာ
ယုံကြည်နေမယ့်
စကားတခွန်းကို ..... မြန်မြန်ပြောပါ ။
“မကြာခင်ပြန်လာမယ်”
ဆိုတာပဲဖြစ်ဖြစ် ဒါမှမဟုတ်......
“အမြဲတမ်းသစ္စာရှိနေပါ့မယ်”ဆိုတာမျိုးပေါ့ ။
တို့နှစ်ယောက်ကို ဝေးကွာစေမယ့်
အချိန်တွေကတော့ ကဝေတကောင်လို
နီးကပ်လာပြီ.......။
ငါတို့နှစ်ယောက်
လက်တွဲဖြုတ်ပြီး နှုတ်ဆက်ရမယ့်
ညနေခင်းကို
သေမင်းထက်တောင်......ငါကြောက်မိတယ် ။
ဒီလို.....နောက်ဆုံးချိန်မှာ
ငါဘာလုပ်ရမလဲ
အေးစက်တဲ့လမ်းခွဲမှာ
နှုတ်ဆက်အနမ်းတွေ......ချွေရမှာလား?
မှာတမ်းတွေပဲ......ဝေရမှာလား ?
ဒီလိုနဲ့ပဲ နောက်ဆုံးမှာတော့
ငါကြောက်ရွံ့တဲ့ အချိန်ဓါးက
ငါတို့အနားကို .....ရောက်လာခဲ့ပြီ ။
“သွား...တော့...မယ်..”တဲ့
ဒါဟာ...နှုတ်ဆက်တာလား ?
ခဏလေး .... ချစ်သူရယ်
ကိုယ်တခုလောက် ပြောလိုက်ပါရစေ ။
“ကိုယ်....မင်းကို......သိပ်ချစ်တယ်”
ပြီးတော့............................
“အမြဲတမ်းလည်း လွမ်းနေမှာပါ
ရူးသွပ်ရင်းနဲ့ပေါ့........”။
**၁၈.၆.၂၀၀၀ မနက် ၁၀း၄၅ ရေးစပ်ခဲ့သည်။**
“ (၇)ရက် (၈)လ (၁၉၉၉) ချစ်သူနှင့် ခွဲခွာခဲ့ရသော ညနေခင်းသို့ အမှတ်တရ ”
နေ့စွဲတွေကို ဘာအတွက်ထည့်ပြောရလဲ ဆိုရင် ကိုယ်ဟာချစ်သူနဲ့ပက်သက်လာရင်
စနစ်တကျ မှတ်ထားလေ့ရှိတယ်....စာလာတဲ့နေ့တွေ ဖုန်းလာတဲ့နေ့တွေ ....နာရီတွေ
..ပစ္စည်းပို့တဲ့နေ့တွေ ...ပို့တဲ့စာရင်းတွေအားလုံးကို စနစ်တကျ လုပ်ခဲ့တယ် ။
အချစ်ကလွဲရင် ကျန်တာတွေ စနစ်တကျနဲ့ပါပဲ ။
ဒီ“နောက်ဆုံးညနေခင်း ”ကဗျာလေးကို ပြန်ဖတ်လိုက်တိုင်း ဗွီဒီယိုဇာတ်လမ်းလေး
တခုကို နောက်ပြန်ရစ်ကြည့် ရသလိုပါပဲ .....အရာရာဟာ အစီအစဉ်တကျ ပီပီပြင်ပြင်
ပေါ်လာခဲ့တယ်....။ကိုယ်ကတော့ ဒီကဗျာကို အကြိုက်ဆုံးပဲ...သိပ်လွမ်းနေချိန်မှာများ
ဒီကဗျာလေးကို ဖတ်လိုက်ရင် မျက်ရည်တောင်ကျခဲ့ဘူးတယ်.....ချစ်သူရယ် ..။
***မောင် ဒီကဗျာလေးကလည်း ဂျစ်တူးသိပ်ကြိုက်တဲ့ ကဗျာထဲမှာပါပါတယ် ...
သူများတွေလိုတော့ စာအရေးမကောင်းပါဘူး....ချွဲချွဲနွဲ့နွဲ့လည်း မပြောတတ်ခဲ့တဲ့
ဂျစ်အတွက် မောင်ခွင့်လွှတ်ပေးစေချင်တယ် ....စာဖတ်တာနည်းလို့ စကားပြောရတာ
လက်ပေါက်ကပ်တယ်လို့ မပြောပါနဲ့တော့နော်.... စာတွေဖတ်ဖြစ်အောင်
ကြိုးစားဖတ်နေပါတယ် ....။ မောင်ပေးခဲ့တဲ့ စာတွေ ကဗျာတွေကို ဘယ်အချိန်ထုတ်ဖတ်
ထုတ်ဖတ် ရင်ထဲမှာ မောင့်ကိုသိပ်ချစ်တယ် ဆိုတဲ့ အဖြေပဲထွက်နေတုန်းပါပဲ....မောင်။
ဂျစ်ဘယ်လောက် ချစ်တယ်ဆိုတာ မောင်မသိခဲ့တာ နှမျောဖို့တော်တော်ကောင်းတယ်...
မောင်ကစကားနာ ထိုးပြီး ပြောတတ်တဲ့စကားဟာ ဂျစ်ဘယ်လောက်ခံစားရမယ် ဆိုတာ
မောင်မသိဘူးနော်...“ငါလဲ ငါ့ကိုချစ်တဲ့သူကိုရှာချင်တယ် ”ဆိုတာမျိုးပေါ့...။
မောင်သိအောင် ပြောရရင် ဘ၀မှာ တွေ့ဖူးသမျှ ဘယ်ယောကျာင်္းမှ ဂျစ်ချစ်လောက်တဲ့
ယောကျာင်္းမရှိခဲ့ဘူး...မောင်ဟာဂျစ်ရဲ့အချစ်ဆုံးနဲ့.....ငယ်ချစ်ဦး ဆိုတာ ဘယ်သူငြင်းနိုင်
မှာလဲ...ဟင်....။ ( ဂျစ်ဘေးမှာမရှိတော့တဲ့ ချစ်သူ “မောင်”အတွက် ရည်ရွယ်ပါသည်...။)
**ဂျစ်တူး ဘလော့လေးကို လာလည်သော ချစ်သူငယ်ချင်းများ ...
ဂျစ်တူးက စာဖတ်အားသိပ်မကောင်းတော့ စာလုံးပေါင်းမှားယွင်းသည်ဖြစ်စေ...
စာတွေဖတ်ရတာ မချောမွေ့ဘူးဖြစ်ခဲ့ပါက သည်းခံပြီးဖတ်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်ဗျာ..။**
ချစ်ခင်စွာဖြင့်
ဂျစ်တူးလေး