Tuesday, June 16, 2009

ဘ၀ အပိုင်းအစလေးများ(၁)

ဂျစ် ”(၁၃) နှစ်အရွယ်မှာ ဖေဖေနဲ့မေမေက မြန်မာပြည် ပြန်လာခဲ့ပြီး ဂျစ်တို့ညီမ
သုံးယောက်လုံးကို ထိုင်ဝမ်သို့ ခေါ်သွားခဲ့တယ်.....။ ထိုင်ဝမ်ကို လိုက်သွားရမယ် ဆိုတော့
တော်တော်ပျော်တယ်ဗျ....။ ဂျစ် တစ်ယောက် စာတွေအများကြီး မကျက်ရတော့ဘူးပေါ့ ၊
ဖေဖေ ၊ မေမေ နဲ့လဲ တူတူနေရပြီ ဆိုတဲ့ အတွေးလေးတွေက ရင်ထဲကြိတ်ပျော် နေခဲ့မိတယ်...။

စရောက်ရောက်ချင်း တရုတ်စကား မတတ်တော့ ကျူရှင်ယူရတယ်။
ကျူရှင်မှာ တူတူတက်တဲ့ မြန်မာပြည်က ဘ၀တူသူငယ်ချင်း (၂)ယောက်ရှိတယ်....
သူတို့ကလဲ ထိုင်ဝမ်မှာ ကျောင်းလာတက် ကြတာပဲ....သူတို့က ဂျစ်လိုပဲ တရုတ်လို
ဘာတစ်ခုမှမတတ်ဘူး ။ထမင်းစား ရေသောက်တော့ နည်းနည်းပါးပါး နားထောင်တတ်
ရုံလောက်ပဲ ရှိကြတယ် .....။

ဂျစ်တူးတို့ကို တရုတ်စာပြပေးတဲ့ ကျူရှင်ဆရာမက မြန်မာပြည်ကနေ ထိုင်ဝမ်ရောက်တာ (၁၅)နှစ်လောက်ရှိပြီ ။

တရုတ်စာ ကောင်းကောင်းရတော့ ဂျစ်တို့လို ဟိုမရောက် ဒီမရောက် ချာတိတ်လေးတွေကို စာပြပေးခဲ့တယ်......။
ဂျစ်တို့ အဲ့ဒီမှာ စပြီး ကျွတ်တော့တာပဲ....အိမ်စာတွေ နေ့တိုင်းပေးတယ်။ စာတွေကျက်ခိုင်းတယ၊် ပြီးတော့ နောက်တစ်နေ့ မေးတော့တစရောက်ရောက်ချင်း စာမရမရလို့ကတော့ ထိုင်ထအခါ(၂၀) လုပ်ရတယ်.၊
ပြီးရင် မကျက်လာတဲ့ စာကို အခေါက်ရေသုံးခါ ရေးပြီးမှ အိမ်ပြန်လွှတ်တာ....။
စိတ်ကူးထဲမှာ စာတွေဒီလောက် လုပ်ရမယ်လို့ မထင်ခဲ့ဘူး......။

ဒါပေမဲ့ ကျူရှင်ဆရာမက ဂျစ်တို့စိတ်ညစ်ပြီး ကျူရှင်မလာတော့ မှာဆိုးတယ်ထင်တာပဲ ...
နောက်နေ့တွေမှာ စာရတဲ့သူ ကျူရှင်ဆင်းရင် TV GAME ပေးဆော့ တတ်တယ်....ပျော်ဘို့လည်းကောင်း
သလို တရုတ်စာတွေ မကျက်ချင်ကျက်ချင်နဲ့ လုပ်နေရတော့ စိတ်ပိန်တယ်..................ဗျာ.။

အစက နိုင်ငံတကာကလာပြီး ကျောင်းလာတတ်တဲ့ နိုင်ငံတကာကျောင်းမှာ ဂျစ်ကို ထားမလို့ပဲ ။
တရုတ်စာ မကောင်းမှာဆိုးတာရယ် အဲ့ဒီကျောင်းက လူဆိုးများလို့ဆိုပြီး အဲဒီကျောင်းမှာထားဘို့ အစီအစဉ်
ဖျက်လိုက်တယ်....။ ဒီလိုနဲ့ မေမေက ဂျစ်တူးကို ထိုင်ဝမ်က သူတွေတက်တဲ့ နေ့ကျောင်းမှာ
ကျောင်းအပ်ခဲ့တာပဲ......။

ဒီမှာ ဂျစ်တူးရဲ့ body language စတင်တော့တယ်......ကျောင်းစတက်တဲ့ နေ့မှာပဲ
တလွဲတွေ လုပ်ဘူးတယ်....အတန်းထဲက ကျောင်းသူ အားလုံး ရှပ်အကျီ င်္နဲ့ စကပ်ဝတ်တဲ့
နေ့မှာ ငဂျစ်က အားကစားအကျီ င်္ အပြာရောင်နဲ့ ....“ကျော်ဟိန်း”လုပ်နေတာ.............
အတန်းထဲက သူတွေအားလုံးက ဂျစ်ကို ၀ိုင်းကြည့်တာပေါ့.....ဂျစ်ကတော့ မသိချင်ယောင်
ဆောင်နေရတယ်။ ဘာလို့လဲဆိုတော့ လာပြီးမေးမှာ ဆိုးလို့ ၊ စကားမပြောတတ်တဲ့ ကြားထဲ
လာမေးရင် ဘာဖြေရမှန်း မသိဘူးလေ .......ဒီတော့ ခက်တည်တည်ပဲ နေလိုက်တယ်..။

အတန်းထဲက ဆရာမက လက်ပြပြီး လှန်းခေါ်တယ်....ဘာတွေပြောမှန်း နားမလည်တော့
ခက်ပြုံးပြုံးလေး ရယ်ပြရတယ်....ပြီးတော့ ခေါင်းခါ လက်ခါနဲ့ ဘာတွေလုပ်မှန်းကို မသိတာ၊
ဂျစ်က သတ္တိတော့ ရှိတယ်......ဆရာမကို So sorry လို့ ပြောပြီး နေရာကို ပြန်ထိုင်ခဲ့တယ် ။
နေ့လည် အတန်းတက်နေချိန် အပေါ့သွားချင်တော့ ဘယ်လိုခွင့်တောင်း ရမှန်းမသိတာနဲ့
ဖြစ်ချင်ရာဇြစ်ဆိုပြီး ဆရာမကို လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်တယ်......။
ကံကောင်းတော့ ဆရာမ နားလည်တယ်ဗျာ....ပျော်သွားရတယ်...................။

နောက်နေ့တွေ ကျောင်းတက်တော့လည်း အတန်းထဲက သူတွေနဲ့ ကျောင်းဝတ်စုံ
အရောင်မတူတဲ့ ကိစ္စဖြစ်ပြန်ရော.......အဲ့ဒါနဲ့ ဂျစ်တူးလဲ အိမ်ပြန်ရောက်တော့ စဉ်းစားမိ
တယ်....မနက်ဖြန် ဘာအရောင်ဝတ်ရင် ကောင်းမလဲပေါ့ ...နောက်နေ့တွေမှာ ဂျစ်တူး
စိတ်ထဲက မှန်းပြီးတူမလားလို့ ၀တ်သွားတာပဲ.....တူတဲ့..နေ့တူ မတူတဲ့နေ့လဲ မတူပေါ့..။

အဲ့ဒါကတော်သေး ဆိုးတာက တနင်္လာနေ့ ၊ ဗုဒ္ဓဟူးနေ့၊ သောကြာနေ့တွေမှာ ကျောင်းကွင်း
ထဲကိုတစ်ကျောင်းလုံး ကျောင်းသား/သူတွေဆင်းပြီး နိုင်ငံတော်အလံကို အလေးပြုရတယ်..။
ဂျစ် အကျီ င်္ဝတ်တာ တတန်းလုံးနဲ့မတူတဲ့နေ့တွေမှာ အခန်းထဲမှာ ကျန်ခဲ့ရတယ်....။
ဆရာမကလည်း မြန်မာပြည်က ကျောင်းလာတက်တဲ့ ဂျစ်ကို နားလည်မှုပေးခဲ့တယ်..။
ဆရာမခေါ်ပြောတိုင်း ပြုံးပြုံးလေး နားထောင်ပြီး ပြန်ခဲ့တဲ့ဘ၀ကို ဂျစ် တွေးမိတိုင်း
သဘောကျမိတယ်.................။

ဂျစ်တို့ နေ့တိုင်းရေးရတဲ့ စာအုပ်လေး တစ်အုပ်ရှိတယ်...အဲ့ဒါက နေ့စဉ် homework
တွေ ၊ မိဘတွေကို မှာတဲ့ အကြောင်းကြားစာမျိုးလေးတွေ ရေးမှတ်ရတယ်...။ဒါကို
မိဘက နေ့တိုင်းကြည့်ပြီး လက်မှတ်ထိုးပေး ရတယ်.....မိဘကလည်း ဆရာမကို
ပြောချင်တာ ရှိတာရေးပြီး ပြောလို့ရတယ်....ဒီစာအုပ်ကို ကျောင်းတက်တာနဲ့ ဆရာမစားပွဲမှာ
တင်ကြရတယ် ။

ဆရာမက ကျောင်းဖွင့်ပြီး နှစ်ပတ်လောက် အကြာမှာ ဂျစ်ရဲ့ နေ့စဉ်မှတ်တမ်း
စာအုပ်မှာ ရေးလိုက်တာကတော့ ......
( 穿錯衣服.....好幾天了) ကျောင်းအကျီ င်္ မှားဝတ်တာ
ရက်တော်တော် များနေပြီလို့ မိဘကို အကြောင်းကြားလိုက်ခြင်းပါ.....။


(星期一 /星期三/ 星期五) 穿制服.......တနင်္လာနေ့ ၊ ဗုဒ္ဓဟူးနေ့တွေမှာ ရှပ်အကျီ င်္နဲ့ စကပ်(ယူနီဖောင်းပေါ့)

(星期二/星期四) 穿運動服.....အင်္ဂါ ၊ ကြာသာပတေးမှာ အားကစား အကျီ င်္၊

(星期六上半天課) 便服........နေ့တစ်ဝက်တက်ရတဲ့ စနေနေ့မှာ ကြိုက်တဲ့
အပြင်အ၀တ်အစား ၀တ်နိုင်သည်။ အဲ့ဒီစာကို မေမေမြင်မှ ဂျစ်တူးကို ရယ်လိုက်တာ..........
...မပြောပါနဲ့တော့...........................
ရယ်ရလို့ မေမေ ဗိုက်တောင်နာတယ် ဆိုပဲ............................။

“ဂျစ် ရဲ့ ဘ၀အပိုင်းအစ လေးတွေပါ.....မောင်နှမများ အားလုံးကို မျှဝေခံစားလိုက်သည်...........။

လေးစားချစ်ခင်စွာဖြင့်......
ဂျစ်

ဆက်ရန်ရှိသေးသည်........................................။



9 comments:

မိုးစက်အိမ် said...

အော်ကို.မှမသိတာနော. ၀တ်ချင်တာဝတ်
မှာပေါ. ပြောပြော ကစောပေါ.နော. ... :P
တရုတ်စာတော. တော်တော် ကျွမ်းမယ်နဲ.တူ
တယ်နော် ဂျစ်တူးလေးက...ခင်မင်လျက်

စိတ်စမ်းရေ said...

ဖတ်လို့ကောင်းပါတယ်...။ဗဟုသုတရတာပေါ့.။
ဆက်ရန်မျှော်နေတယ်....။

Sein Lyan Tun said...

ဖြစ်ရမယ်... တော်သေးပါပေါ့... ဒီလိုပဲ အစဆိုတာက ခက်ခဲတာကြီးပဲ... ခုတော့ရယ်စရာဖြစ်သွားပြီးမဟုတ်လား.. ဟဟ
ချစ်ခင်စွာဖြင့်
ကိုကြီးဖိုးစိန်

မြစ်ကျိုးအင်း said...

ခုရောတော်တော်ကျွမ်းနေပြီပေါ့...။
တရုတ်စာသင်ပေးပါ...။
အလုပ်မှာရော အခုထိ လက်ညိုးထောင်နေသေးလား..

http://ahphyulayy.blogspot.com/ said...

ဝေါ်အိုက်ဆန့် နီ ကို ကျွန်တော့်  အချစ် တက်သွား
တယ် မင်းကို လို့  ပြန်တာထက် စာယင်တော်သေး
တာပေါ့ နော်၊

chitpalone said...

တရုတ်စာတော်တော်ကို ကျွမ်းနေပြီပေါ့နော်။ မျှော်နေတယ်နော် ဆက်ရန် ပျော်ရွှင်ပါစေ။
ချစ်ပါးလုံး

kiki said...

ခုတော့ ဂျစ်လေးကတောင် ဆရာမ ကို ဆရာကြီးပြန်လုပ်လို့  ရနေလောက်ပြီထင်ပါရဲ့  .. ဘယ် ဒီဇိုင်းကို ဘာနဲ့တွဲပြီး ဘယ်လို ဝတ်ဆိုပြီးတော့လေ ..ဟဲဟဲ ..
ခုရော ....ဘာဝတ်စုံတွေ ဝတ်နေပြီလဲ ..
Police Woman လုပ်ပါလား... မိုက်တယ် ။။

အမ ကိကီ

Anonymous said...

Body Language ကတော့ ဒီလိုပါပဲ ကိုယ့်ဘာသာစကားမဟုတ်တဲ့ သူများဘာသာကို စစချင်းပြောရတဲ့ အချိန်ဆို အနဲနဲ့ အများတော့ အားကိုးကြရတာပဲ ... တစ်လွဲလေးတွေ ဖတ်ပြီး ပွဲကျသွားတယ် ... ရီရတယ် .. ခုတော့ အကျီင်္မှားမဝတ်တော့ပါဘူးနော် ... :D
နေဒေးသစ်။

Lucifer said...

ဂျစ်တူးလေး.. ဟီး.. နင်တော်တော်ဟာသလုပ်တတ်တယ်နော်....
ကျောင်းဝတ်စုံ တစ်လွဲးကြီးနဲ့.. ရှက်လဲးရှက်ဘူး..