Monday, June 22, 2009

သစ္စာ ...ရှိကြေး

ချစ်သူ..........ရေ
တို့နှစ်ယောက်ကြားက
သစ္စာတရားကို
ဓါးသွားတလက်လို
ထက်မြက်နေစေ.....

အနားကပ်မယ့်
နှောက်ယှက်ခြင်းကို
တို့ချစ်ခြင်းနဲ့
ရှင်းလင်းကြစို့....။

တကယ်လို့များ
“ဂျစ်”အနားကို
ချည်းကပ်သူတွေ
တိုးဝင်လာရင်....
“ဂျစ်”ရင်ထဲမှာ
မောင်ရှိနေတာ
ပြောပြလိုက်ပါ.....။

ရင်ခုန်သံဝေး
သွေးအေးသွားလို့
ဟန်ဆောင်စကားမှာ
နားယောင်မှာတော့
စိုးရိမ်မိတယ်.....။

ဘေးကလူတွေ
ပြောနိုင်တာထက်
မောင်ပိုချစ်တာ
မေ့မပစ်ပါနဲ့......။

(ဒီကဗျာလေးကို မောင်က“ဂျစ်”အတွက် ပို့ပေးခဲ့တာပါ ။)


မောင်တစ်ယောက် ကျမဘေးမှာ မရှိတဲ့အချိန်တွေမှာ ....ကျမကို သစ္စာရှိရှိ ချစ်ခဲ့တာပါတဲ့ ၊
ပြီးတော့ အစစအရာရာ တိုးတက်နေတဲ့ နိုင်ငံမှာ ကျမအနားမှာ မောင်မရှိလို့ စိတ်ပူ
တယ်လို့ ပြောဘူးခဲ့တယ်....ကျမက အချစ်ကို ကိုးကွယ်ခဲ့သူပါ....မောင်မပါတဲ့ လမ်းတွေ၊
မောင်မပါတဲ့ အချိန်တွေမှာ မောင်ကို ကျမဘေးမှာ ရှိနေခဲ့သလို သဘောထားခဲ့သူပါ။
စိတ်အားငယ်လို့ ရင်ဖွင့်ချင်ရင်တောင် စိတ်ထဲက တောင်းတောင်းတတ.................
မောင်..........ရယ် လို့ ရေရွတ်ခဲ့ရသူပါ....။ မောင်မပါတဲ့ ဘ၀မှာ ကျမချစ်တဲ့သူဟာ
မောင်ပါလို့ ခံယူခဲ့တာ...မောင်မြင်ပါ့မလား ? ကျမဘေးက သူတွေ ဘယ်လောက်
ကျမကို ချစ်တယ်ပြောပြော...မောင် ကျမကို ချစ်တဲ့အချစ်တွေက အားလုံးထက်ပို
တယ်လို့ တကယ်ယူဆ ခဲ့တာပါ.....။
မောင်ရော ....ကျမ မောင့်အးနားမှာ မရှိတဲ့ အချိန်တွေမှာ ...မောင် သစ္စာထားရှိ ခဲ့ပါသလား?
တကယ်တော့ မောင်ကျမအပေါ် ချစ်သေးသည် ဖြစ်စေ....၊ မချစ်တော့သည် ဖြစ်ပါစေ....၊
ကျမ အချစ်ဆုံးက မောင်ဆိုတာ ငြင်းဆိုဘို့ တကယ်မဖြစ်နိုင်ပါဘူး....။ ချစ်ခဲ့ကြတာ မုန်းဘို့မှ
မဟုတ်တာ.....မောင် ကြားသိအောင် ပြောချင်ပါတယ်.......မောင် !


မောင့်ကို ချစ်တဲ့ ....
ဂျစ်







8 comments:

Sein Lyan Tun said...

မောင့် ကိုချစ်တတ်လိုက်တာနော်...

ချစ်ခဲ့တာ မုန်းဖို့မဟုတ်ပါဘူး....


အချစ်နဲ့မေတ္တာကို သစ္စာနဲ့ ခိုင်မြဲနေပါစေလို့


ဆုတောင်းပေးပါတယ် အကို့ ဂျစ်ညီမလေးကိုး)


ပျော်ရွှင်ပါစေဗျာ

ချစ်ခင်စွာဖြင့်

ဖိုးစိန်

စိတ်စမ်းရေ said...

အော် ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့
လား.......
သူများစကား ဌားသုံးသွားပါတယ်....။

သုဒြေ္န said...

သစ္စာရှိကြေး.......ဟုတ်တယ်ညီမလေး.....အဲဒီတခုဘဲ ...ဘ၀တခုလုံးနဲ့ ရင်းပြီး...... တောင်းဆိုချင်တာပါလို့ ........ပြတ်ပြတ်သားသား........ထက်တဲ့ ဓါးနဲ့  ......အကြွင်းကျန်မရှိ....၇ှင်း၇ှင်း .........လင်းလင်း.....တိတိကျကျ.......တောင်းဆိုပိုင်ခွင့် ........ညီမလေးမှာ၇ှိတယ်.....ညီမလေး...ချစ်တဲ့ မောင်သိစေ..ညီမလေးရဲ့ ဒီဘက်..ခြမ်းမှာကိုကြီးရှိနေတယ်...... ညီမလေး၇ဲ့ ......ကိုကြီး.... သုဒြေ္န

မြစ်ကျိုးအင်း said...

ဖြစ်သင့်ဖြစ်ထိုက်တဲ့သဘောပါ...
တကယ်တော့သစ္စာဆိုတာ ရှိသင့်ပါတယ်...
သစ္စာတွေပျက်တဲ့အခါ အဲဒီလူက တသက်လုံး ဒဏ်ရာနဲ့
ရှင်သန်နေရတော့တာပါပဲလေ...။

ဝေကြီး said...

ဟဲ့...ဂျစ်တူး
နင်နေကောင်းလား.....
ငါပြောချင်တာကတော့ နင့်ကိုငါလေးစားမိပါတယ်..
ပိုးရယ်...နင်သူ့ကို အဲ့လောက်ချစ်နိုင်လို့...
ငါ့ သူငယ်ချင်း မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင်ပါစေ။
ဂျစ် ....စက်ဘီးပြိုင်စီးရအောင်....
ချစ်သူငယ်ချင်း.....
ဝေကြီး

jigaboy said...

hi...
i wana friend with you..,Git
Jo Mike

Anonymous said...

ချစ်တတ်တဲ့မောင်
ချစ်တတ်တဲ့ဂျစ်
စဉ်ထာဝရ ချစ်နိုင်ကြပါစေ ..
နေဒေးသစ်။

Anonymous said...

သိပ်ချစ်တတ်လွန်းသူ တယောက်ပါလား၊
ချစ်သူသက်တမ်း တစ်ဆယ့်နှစ်နှစ်တောင်၊
ချစ်သူဘ၀ ပျော်စရာအကောင်းဆုံးပါလေ။