Wednesday, June 3, 2009

၇င်ခွင်နှင်းဆီ


“ မောင်ပို့ပေးတဲ့ ....ချစ်သူ့လက်ဆောင် ”
ပန်းမကြိုက်တဲ့
မောင့်............ချစ်သူကို
နှင်းဆီတခက် အစဉ်ပေးဆပ်
မပြတ်ခဲ့ဘူး.......။
အခုတော့.......ချစ်သူရယ်
ဂျစ်လေး.............မရှိမှ
အလွမ်းတွေအုံ
နှင်းဆီရုံဟာ ရည်ရွယ်သူမဲ့
ပွင့်နေကြပြီ........။

ဝေးနေချိန်မှာ
ဂျစ်.........လက်ဆပ်ဖို့
နှင်းဆီတမျိုးကို
အလွမ်းငွေ့နဲ့ ပုတ်နိုး
မောင့်ရင်ခွင်မှာ ပျိုးထားပေးမယ် ....။

သိပ်ချစ်၇တဲ့ ချစ်သူ
မောင့်........ရင်ခွင်သို့
အချိန်မှီသာ ပြန်လာခဲ့တော့.........။
( အဝေးကချစ်သူမောင် )


**ဒီကဗျာလေးက ဂျစ်ကို သိပ်ချစ်တတ်သော မောင့်ရဲ့ကဗျာလေးပါ.....။
ဂျစ်တို့ မိုင်တွေအများကြီး ဝေးနေချိန်က လစဉ်တိုင်းရဲ့ (၂၀)ရက်နေ့ရောက်တိုင်း
ကဗျာတွေ စပ်ပြီးအမြဲ အမှတ်တရ ပေးခဲ့တာပါ......။
ဟိုးအရင် ကျောင်းသားဘ၀ ကတော့ နှင်းဆီပန်းလေးတွေ
နေ့တိုင်းလိုလို ပေးခဲ့ဘူးတဲ့ မောင်ကို ရင်ထဲကနေ မြတ်မြတ်နိုးနိုး ချစ်မိခဲ့တာပါပဲ....။
ခုလို ဂျစ်တူးကိုယ်ပိုင် ဘလော့လေးမှာ မောင်နဲ့ ပက်သက်မှုလေးတွေ
ဖော်ပြခွင့်ရလို့ အတိုင်းထက်အလွန် ၀မ်းသာမိပါတယ်.........မောင် ။


ဂျစ်တူး သိပ်ချစ်တဲ့ ငယ်ချစ် “မောင်” သို့ .....
I Love You “မောင်”












3 comments:

စိတ်စမ်းရေ said...

ချစ်တဲ့သူနဲ့ အမြန်နီးပါစေ......။

ချစ်တဲ့မောင် said...

တသက်စာနှင်းဆီတွေ စိုက်ထားပေးမယ်နော်...။
ချစ်သူနှစ်သက်ရင် ကျေနပ်ပါတယ်..။

Anonymous said...

အားကျလိုက်တာ၊
ကိုယ့်အဖော်မွန်က အဲဒီလို ကဗျာမဆန်တတ်လို့လေ။:)