Sunday, June 14, 2009

အနက်ရောင်...ပန်းချီကားတစ်ချပ်


ကျမက အဖြူရောင်ကို ငယ်ငယ်ထဲက သိပ်ကြိုက်ခဲ့တယ်........။ အဖြူရောင်ဆိုတာ ဖြူစင်တယ် ရှင်းသန့်တယ်လို့ ယူဆမိခဲ့တယ်....ဒါကြောင့် စိတ်ထဲက စွဲစွဲမြဲမြဲ နှစ်သက်ခဲ့ရတယ်.............။
မောင်နဲ့ ကျမ ဆုံစည်းခွင့် ရလာတဲ့အချိန် ၊ ချစ်သူကို ချစ်တတ်ခဲ့တဲ့ အချိန်မှာ ကြိုက်တဲ့အရောင်
က တစ်မျိုးပြောင်းလဲခဲ့တယ်....အနက်ရောင်ကို ချစ်တဲ့စိတ်နဲ့ နှစ်သက်သွား ခဲ့ရတယ်.......။
ကျမ ... မောင့်ကို ဘာလို့ အရမ်းချစ်တတ် ခဲ့တာလဲ ?
မောင်ကရော ကျမအပေါ် ဒီလောက် ဘာလို့ ချစ်ခဲ့ရတာလဲ ............ဟင် !
ကျမရဲ့ မျက်ဝန်းအကြည့်တိုင်းက “မောင်” တစ်ယောက်ထဲအတွက်ပါ..... မောင်ရယ် ။
ခုချိန်မှာ မောင့်ကို လွမ်းနေသူ ကျမအတွက်တော့ အရာရာတိုင်းဟာ ကြေကွဲစရာချည်းပါပဲ ။
ချစ်သူမရှိပဲ ဖြတ်သန်းခဲ့ရတဲ့ နေ့တွေလဲ ထပ်မလိုချင်တော့ ပါဘူး ။ ကျမသာ ဖန်ဆင်းရှင်ဆိုရင်
မောင့်ကို ကျမ အနားရောက်အောင် ဖန်ဆင်းခေါ်ဆောင် မိမှာအမှန်ပါပဲ ။ဝေးနေချိန်မှာ အလိုချင်ဆုံး
အရာဟာ မောင်ကိုအတွေ့ချင်ဆုံး ဖြစ်ခဲ့တယ်....မောင်.... ။ ကျမ တမ်းတမိတာ မောင်တစ်ယောက် ကြားသိပါ့မလား ...............? နှစ်တွေ ၊ လတွေ ၊ ရက်တွေကတော့ ကုန်နေအုံးမှာပါပဲ.....သေချာတာ
တစ်ခုက ကျမ မောင့်အပေါ် ထားရှိခဲ့တဲ့ အချစ်တွေကတော့ ဘယ်တော့မှ ကုန်သွားမှာ မဟုတ်ဘူး
ဆိုတာ ကျမ ရဲရဲကြီးပြောရဲ ပါတ.ယ်.............။
မောင့်ရဲ့ အတ္တတွေဟာ ရက်စက်မှုအဖြစ် ပြောင်းလဲခဲ့ရင်တောင်မှ “ဂျစ်” က ဒီလိုပဲ “မောင့်” ကို
မြတ်မြတ်နိုးနိုး ချစ်နေအုံးမှာပါ...။ မောင်ပြောဘူးတဲ့ စကားလေးကို နှစ်သက်ဘူးတယ် ........
“မောင် နဲ့ ကျမ ရဲ့ အတိတ်ဟာ ပန်းချီကားတစ်ချပ်နဲ့ တူတယ်” ဆိုတာလေ .......။
ရန်ဖြစ်ခြင်းဟာ အနက်ရောင် ဆိုရင် အနက်ရောင်များတဲ့ ပန်းချီကားလေး ဖြစ်မှာပါတဲ့ ။ဒါပေမဲ့ နှစ်ယောက်စလုံး ချစ်တဲ့စိတ်နဲ့ ရေးဆွဲခဲ့ကြတာမို့ ကျမဟာ အလိုလို အနက်ရောင် ကြိုက်ပြီးသား
ဖြစ်နေပါပြီ ...... မောင်ရယ် ။
( ချစ်သူဘ၀ မောင်တစ်ယောက်..... ကျမနဲ့ အချိန်တိုင်း တွေ့ချင်နေခဲ့တယ်...ကျမ မောင်နဲ့တွေ့ပြီး
အိမ်ပြန်မယ် ဆိုတဲ့အခါတိုင်း မောင်ဟာ ကျမကို စိတ်ဆိုးတတ်တယ်........ကျမတို့ရဲ့ မိဘတွေက
စည်းကမ်းကြီးတယ်.....ငယ်ရွယ် ကျောင်းသူဘ၀ ချစ်သူကို သိပ်ချစ်ရက်နဲ့ အိမ်ပြန်ဘို့ပဲ မောင့်ကို
ပြောခဲ့ဘူးတယ် ပူဆာခဲ့တယ် .....။ စိတ်တိုတတ်တဲ့ မောင်နဲ့ သိပ်ချစ်တတ်တဲ့ ကျမဟာ
စကားများ ရန်ဖြစ်ခဲ့ရတဲ့ အကြိမ်မနည်း ခဲ့ပါဘူး ။ ဒီလိုပါပဲ ဘ၀ဟာ ရန်ဖြစ်ပြီး ပြန်ချစ်လိုက်နဲ့........အနက်ရောင် ပန်ချီကားလေးကို ကျမ ကြိုက်နှစ်သက် သွားရတယ်....။)

7 comments:

Anonymous said...

" ကျမသာ ဖန်ဆင်းရှင်ဆိုရင် မောင့်ကို ကျမအနားရောက်အောင် ဖန်ဆင်းခေါ်ဆောင်မိမှာ အမှန်ပါပဲ ...... "
ဒီစကားကို ကြားရတော့ ကျွန်တော့် ကိုယ်ပွားလေးကို ပြန်သတိရမိတယ် .... သူကလည်းပြောတယ် ...
" ငယ်သာ ဖန်ဆင်းရှင်ဆိုရင် ကို့ကို ဘယ်မှထွက်သွားလို့ မရအောင် လှောင်ချိုင့်ထဲထည့်ထားချင်တယ်တယ် " တဲ့ ..
ဂျစ်နဲ့ မောင်ရဲ့ ဇာတ်လမ်းမှာတော့ ဂျစ်က မောင့်ကို ခွဲခွာခဲ့သူ .... ကျွန်တော်နဲ့ ငယ်ရဲ့ ဇာတ်လမ်းကတော့ ကျွန်တော်က ငယ့်ကို ထားရစ်ခဲ့သူ .... ဒါပေမယ့် မချစ်လို့ မဟုတ်ပါဘူးလေ ... အားလုံးက ရည်မှန်းချက်တစ်ခုကြောင့် ခဏတာ ဝေးကွာနေခဲ့ကြတာပါ ... စစ်မှန်နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတိုင်း တစ်ချိန်မှာ ပေါင်းစပ်ဆုံစည်းခွင့် ရရှိနိုင်ကြပါစေ ....
နေဒေးသစ်။

စိတ်စမ်းရေ said...

ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့
ပျော်စရာကြီးပေါ့နော်....။

ချစ်တဲ့မောင် said...

ချစ်တဲ့စိတ်နဲ့ ရန်တွေဖြစ်ခဲ့ရတာပဲလေ...
နောက်တကြိမ် ရန်ဖြစ်ခွင့်တောင် ရှိပါ့အုံးမလား...
ရန်ဖြစ်လိုက်..ပြန်ချစ်လိုက်ဘ၀ကို သတိရမိတယ်...။

ကောင်းကင်ပြာ said...

ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပဲ ကောင်းပါတယ် ဂျစ်ရေ၊ နို့မို့ ပျင်းစရာကြီး

အဖြူလေး said...

့အနက်ရောင် ကိုကြိုက်ခဲ့လို့လဲ ညီမလေးတို့ 
ဇာတ်သိမ်းက အမှောင် ကန့်လန့် ကာကြီး
ကျလာခဲ့ တယ်လို့ ထင်ပါတယ်။

သုဒြေ္န said...

Dကိစ္စနဲ့ ပတ်သတ်လို့ အကျယ်တ၀င့် ဆွေးနွေးချင်တယ် Zလမ်းကြီးကသိပ်ဖတ်လို့ မကောင်းဖြစ်နေတယ် ၇န်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ဘဲဖြစ်သင့် တယ် ဆိုတာ အကို့ ရင်ထဲကဆန္ဒမှန်ပါညီမလေးရယ် ညီမလေးတို့ ကိုသိပ်ခင်တဲ့  အကို သုဒြေ္န

ဇော် said...

သြော်.. ခုပဲ မမမေလေး အိမ်ကနေ ကို့အကြောင်းကို ဖတ်ပြီး ဂျစ်ဆီလာတာ သူက မောင်တဲ့။
အနော်က ခေးပဲရှိတေးဒါနော်။ တူတို့နော်။ တူညားကို ငိုချင်အောင် တိပ်လုပ်ကြရာပဲ။ ဟွင်း။ =(