Wednesday, June 10, 2009

Online ပေါ်မှ သူငယ်ချင်းများ(1)

ဒီပို့စ်လေးကို ရေးဖြစ်သွားတာကတော့ လွန်ခဲ့တဲ့ အပတ်က စင်ကာပူရောက်
သူငယ်ချင်း ဖုန်းဆက်လာ ဖြင်းကြောင့်ပါပဲ....။ သူမနဲ့ “ ဂျစ်” စတင်သိကျွမ်းခဲ့ရ
တာကတော့ skype online ပေါ်ကစသိတယ် ပြောရမှာပဲ...။ သူ့နာမည်က
“ဖြိုး”လို့ခေါ်ပါတယ်...စသိတဲ့နေ့က သူကအရင် invite စလုပ်ခဲ့တာပါ။

ထုံးဆံအတိုင်းဘယ်သူ.. ဘယ်ဝါ..ဘယ်မှာနေလဲ...ဘာအလုပ်လုပ်လဲ မေးကြမြန်းကြတာပေါ့....။
သူကတော့ profile မှာမြန်မာကဆိုလို့ လာမိတ်ဆက်တာလို့ ပြောပါတယ်။
အချင်းချင်းမိတ်ဆက် လို့ခင်မင်သွားတယ်...နောက်ပိုင်းမှ သူနဲ့စကားစပ်မိပြီး
ခုလက်ရှိရောက်နေတဲ့ နိုင်ငံချင်းတူနေတာ သိလိုက်ရတော့တယ်....။နေတဲ့အိမ်ကလည်း တကယ့်မှ
နီးနီးလေး ရယ်.......။

online မှာဆိုသူ့အသံက ခက်မာမာနဲ့ ပြက်သားတယ်....အပြင်မှာကတော့ ပုပုသေးသေးလေး
ချစ်ဖို့ကောင်းတယ်...။သူကအလုပ်ရှာတုန်း အချိန် ..“ဂျစ်”က officeမှာ သာမန်အငယ်တန်း
ှQuality Assurance ဘ၀မှာပေါ့ ။ ညဘက်ကျောင်းတက်တဲ့ ဘ၀ချင်းတော့ တူတူပါပဲ ...။
ဒီလိုခင်နေရင်းမှာ နွေရာသီ ကျောင်းပိတ်ရက်တွေ ညပိုင်း Part time အလုပ်တူတူလုပ်ဖို့
ပြောဖြစ်ကြတယ်...ဒါနဲ့ coffee shop တစ်ခုမှာအလုပ်ဝင်လုပ်ဖြစ်တယ်....။

သူကဂျစ်ထက် လစာပိုရတယ် သူကကော်ဖီဖျော် ၊ ကော်ဖီစပ်တာ တကယ့်ဆရာမကြီးပေါ့...
ဂျစ်ကတော့ ကောင်တာမှာ ငွေရှင်းငွေသိမ်းလေးပေါ့ ...သူနဲ့ဂျစ် အလုပ်ဆင်းရင် coffee
တစ်ယောက်တစ်ခွက်နဲ့ အငြိမ့်စားထိုင်ပြီး ရင်ထဲက စကားတွေရင်ဖွင့် ဖြစ်ကြတယ်...
ပြီးမှအိမ်ကို ဆိုင်ကယ်တူတူစီးပြီး ပြန်ကြတယ်...။

“ဖြိုး”လို့ခေါ်ဖြစ်တာကတော့ သူက၀၀ဖြိုးဖြိုးလေး ဖြစ်လို့ချစ်စနိုးနဲ့ ခေါ်တာပါ...
နာမည်အရင်းကတော့ မပြောတော့ဘူးနော်....ဂျစ်က သူနဲ့စကားပြောတိုင်း ဂျစ် ချစ်သူ
အကြောင်းမပါမပြီး ပြောလို့ ဂျစ်ကိုတော့ သူက “အချစ်”လို့နောက်ပြီး ခေါ်လေ့
ရှိတယ်....။(မိန်းကလေး အချင်းချင်းခေါ်တော့ ကြက်သီးတော့ ထသား.......ဟဲဟဲ ။)

သူကိုစသိတော့ သူ့ဆီမှာဘာရည်ရွယ်ချက် ရှိတယ်ဆိုတာမသိခဲ့ပေမဲ့
နောက်ပိုင်းအရမ်း ရင်းနှီးလာတော့ သူပြောပြချက်အရ သူရည်းစားကဖြတ်သွားတာ
မကြာသေးဘူးတဲ့ ဘာလို့လဲဆိုတော့ နှစ်စဉ်မြန်မာပြည်ကို ပြန်မတွေ့နိုင်လို့ နောက်တစ်
ယောက် ထပ်ရှာသွားတယ်လို့ ပြောပြီး ငိုပါလေရော....သူ့ကောင်လေးက သူ့ကိုမချစ်လို့
လားဆိုတော့လည်း သူပြောပြချက်မရဆို သိပ်ချစ်တယ်ထင်ရတာပါပဲ....သူကတော့
ဘ၀ကိုကျောင်းတဖက် အလုပ်တစ်ဖက် ဖြစ်နေချိန် သူ့ချစ်သူ ကတော့ အခြားတစ်ယောက်ရဲ့
ချစ်သူဖြစ်သွားချိန်ပေါ့....။

ဒါကသူမနဲ့ ပက်သက်တဲ့ အဖြစ်လေးတစ်ခုပါ....နောက်ပိုင်း သူစင်ကာပူကို ကျောင်းသွားတက်
တယ်.....မကြာမကြာ ဂျစ်ဆီပြန်လာတယ်.....သူ့ဆီမှာ ရည်းစားရတာ မကြာသေးဘူး သိလိုက်
ရတယ်......(၁)နှစ်အတွင်း သူ့ရည်းစားဖြစ်သူ သူ့ချစ်သူက သူ့ကိုလက်ထပ်ခွင့်တောင်းပြီး မကြာသေးခင်မှာပဲ
မင်္ဂလာဆောင်သွား ပါပြီ......အဲဒီမင်္ဂလာဆောင်သွား တာနဲ့ပက်သက်ပြီး အတွေးတစ်ခုတော့ ပေါ်မိသည်...
အော်အော် .................ဖြိုး.........ဖြိုး.................
တကယ်လို့များ နောက်ထပ် ချစ်သူနဲ့ဝေးတဲ့နေရာ “ ဇြိုး” ရောက်သွားရင် ခုလက်ရှိ သူ့ချစ်သူက
သူ့ကိုထပ်ပြစ်သွားမှာ စိုးလို့မြန်းလား ..မသိဘူးဆိုပြီး ဂျစ် တစ်ယောက် တွေးပြီးသဘောကျရတယ်....
.နောက်လ သူပြန်လာရင် သူငယ်ချင်းကို ဒီမေးခွန်းမေးလိုက်ပါအုံးမယ်..............ဗျာ...........။
ချစ်သူငယ်ချင်း ပျော်ရွှင်အောင်မြင်တဲ့ ဘ၀ပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးလိုက်တယ်နော် ။

(ချစ်သူငယ်ချင်း “ဇြိုး”အတွက် ခင်မင်မှု အမှတ်တရ )

5 comments:

မြစ်ကျိုးအင်း said...

ဂျစ်ရဲ့သူငယ်ချင်းမလေး သူလက်ထပ်တဲ့သူက သူ့ကို တကယ်ချစ်တဲ့သူ ဖြစ်ဘို့အရေးကြီးကြောင်း ပြောလိုက် အုံးနော်

ဧပရယ်၈၄၇၇ said...

ကဲ..............ဆရာဂျစ် သူငယ်ချင်း တွေကတော့ စွံကုန်ပြီနော်............ ဘယ်လိုလဲ အားမကျဘူးလားဗျ.........ဟဲဟဲ

Unknown said...

အော် အဲဒီလိုလား..။ကောင်းပါပေ့ဗျာ...။

Anonymous said...

အွန်လိုင်းပေါ်မှာ ဆိုပေမယ့်လည်း တကယ်ကို ခင်မင် ရင်းနှီးချင်စရာ မောင်နှမလို ကူညီအားပေးတတ်ကြတဲ့ သူတွေ တော်တော်များများကို ရှိပါတယ် .. ဒီလို တစ်ယောက်နဲ့ တစ်ယောက် ခံစားနားလည်ပေးနိုင်ကြတဲ့ သူငယ်ချင်းတွေ ဂျစ် ရတာ အားကျစရာပါပဲ ... ပျော်ရွှင် အောင်မြင်တဲ့ ဘဝတစ်ခု ဂျစ် သူငယ်ချင်း ပိုင်ဆိုင်နိုင်ပါစေ ..
နေဒေးသစ်။

ahphyulay said...

ဘဝကို တထစ်ချင်း တဆစ်ချင်း တက်လှမ်းခဲ့ဘူးတဲ့အတွက် မှန်ကန်တဲ့ ရွေးချယ်မူ ဖြစ်မှာပါ၊မဆုံးဖြတ်ခင် စဉ်းစား၊ဆုံးဖြတ်ပြီး ရင်ဆိုင်ပါ။