Friday, June 12, 2009

ပျောက်ဆုံးလွင့်ရှ

ချစ်သူရေ ....
ညတစ်ရေးနိုးချိန် တမ်းတမိတော့ ကြေကွဲရတယ် ။
တို့နှစ်ယောက်လက်တွေ ....................
တို့နှစ်ယောက်မနက်တွေ ......................

တို့နှစ်ယောက်လမ်းတွေ ......................
တို့နှစ်ယောက်အနမ်းတွေ .....................
ပျောက်ဆုံးလွင့်ရှ ...................ပြန်မရတော့ဘူး..................။

ဒီကဗျာလေးက မောင်ပေးတဲ့ကဗျာတွေ ထဲကမဖတ်ချင်သော ကဗျာလေးပါ….
ဘာလို့မဖတ်ချင်လဲ ဆိုတော့ အချစ်တွေ ပျောက်ဆုံးသွားတာ မလိုလားမိလို့ပါ ။
ဒါပေမဲ့ မောင်ပေးတဲ့ အရာတိုင်းကို ကြိုက်၏ မကြိုက်၏ထက် လက်ခံရမှာ
ကျမတာဝန်ပါ….။မောင်က ဒီကဗျာကိုပေးတုန်းကတော့ မောင်တစ်ရေးနိုးချိန် ဂျစ်ကို
တမ်းတမိလို့……ဒီကဗျာလေးစပ်ခဲ့တာပါတဲ့ ။

( ကျမ ပြောချင်တာကတော့ တကယ်လို့များ ၊ တို့နှစ်ယောက်လမ်းတွေ၊
အနမ်းတွေ ၊ မနက်တွေ ပျောက်ဆုံးခဲ့ရရင်တောင် ၊ ကျမရဲ့ အနက်ရှိုင်းဆုံး
နေရာဖြစ်တဲ့ နှလုံးသားတစ်ထောင့်မှာ မောင်ဟာ ရှိနေသေးတယ်
လို့ယုံကြည် ထားလိုက်တယ်.................မောင် ။)

ကျမ မောင့်ကို သိပ်ချစ်တယ်…မောင် ယုံပါ့မလား ?




5 comments:

Anonymous said...

လက်တွေ .. မနက်တွေ .. လမ်းတွေ .. အနမ်းတွေ .. ဒီစကားလုံးတွေကို ဘယ်လိုများ စဉ်းစားရှာဖွေခဲ့တာလဲ ... မောင်ရှာဖွေခဲ့တာတဲ့လား ... ခံစားဖွဲ့တည်တတ်တဲ့မောင်နဲ့ .. မြတ်နိုးတန်ဖိုးထားတတ်တဲ့ ဂျစ် ... သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်း ... တွဲလက်မြဲမြံနိုင်ကြပါစေ
နေဒေးသစ်။

ချစ်တဲ့မောင် said...

ချစ်သူရေ...မမေ့နိင်တဲ့အရာတွေက ဘယ်တော့မှ မေ့မှာ
မဟုတ်ပါဘူး....။ဘ၀ရဲ့ဖယ်ထုတ်ပစ်လို့ မရတဲ့နေရာမှာ
ချစ်သူရှိနေမှာပါ...

ခမ်းကီး said...

လူကို အရည်ပျော်မတတ်ပါပဲ.. နုရက်ပါပေ့...။
မောင်ဆိုတဲ့ လူက ဘ်ာလိုနေနိုင်သလဲ မသိဘူးနော်။
^__^

စိတ်စမ်းရေ said...

အော် အားကျပါပေ့ဗျာ...။

Sein Lyan Tun said...

သိပ်ချစ်တတ်လိုက်တာ ညီမလေး ဂျစ်ဂျစ်ရယ်
လက်ဖျားခါတယ် တကယ်ပဲ
ချစ်ခင်စွာဖြင့်
အကိုဖိုးစိန်