Thursday, March 26, 2009

ငယ်ချစ်ဦး

ကျွန်တော့် ဘ၀တွင် သိပ်ချစ်ရပါသော ငယ်ချစ်ဦး(အချစ်ဆုံးသူ).................သို့.....ရည်ရွယ်ပါသည် ။
ငယ်က အချစ် အနှစ် တစ်ရာ....လေ......တစ်ရာကျော် တာတောင် မင်းကို ငါချစ်နေအုံးမှာ ... သေချာတယ် ....ချစ်သူရယ်။
မမျှော်လင့်ပဲ ကျူရှင်ဆင်းတဲ့အချိန်မှာ တွေ့ခဲ့ရတာ မင်းရဲ့ မျက်နှာ............. တွေ့မိလို့ စွဲလန်းသွား တော့ ငါ့ ရဲ့ ရင်မှာ တဒိုင်းဒိုင်းခုန်တာ....... အတန်း ထိုင်ခုံချင်း ရှေ့ဆင့် နောက်ဆင့် ဖြစ်ခဲ့ ရလို့ မင်းနဲ့ ငါ နဲ့ ခင်မင်ခဲ့တာ...... ဒီလိုနဲ့ ငါ့ရဲ့ ဘ၀မှာ မင်းရဲ့ပုံရိပ် တဖြည်းဖြည်း ပေါ်လာ.......... အမှန်တိုင်း ၀န်ခံရရင် စိတ်တစ်ခုက မင်းကိုသိပ်ချစ်တဲ့ အချစ်ဖြစ်လာ..... ရင်ထဲက ချစ်တဲ့စိတ်က ထိန်းချုပ်မရ ဒါလဲ ပြသနာ...... ငါမကြိုက်တဲ့ သူတွေနဲ့ မင်းရောနှောနေရင် ငါ့ ရင်ခွင်မှာ ပူပြင်းနေကာ.... မင်းအရိပ်လို နောက်ကလိုက်ပါချင်တာ မင်းမှ မသိတာ....... အ.ထ.က(၁) ရဲ့ မုန့်စားဆင်းချိန် အသုတ်ဆိုင်မှာ မင်းမျက် နှာကို တွေ့ခဲ့ရတာ..... အသုံးမကျတဲ့ ငါ့လိုကောင် ကို ဖမ်းစားခဲ့တာ....... ဟဲ့ .... မင်းငါ့ကို ကြည့်အုံး........လှည့် ဟဲ့....နင် ဘယ်သူ့ကို အချစ်ဆုံးလဲ ? အချိန်ကြာတော့ ငါ့ ရဲ့ခြေထောက်တွေ ညောင်းလာ ဒါပေမဲ့ ငါ့ရင်မှာပိုချစ်......... မင်း က တစိမ်းတစ်ယောက် လို့ ပြောရင် ငါ့ရင်ထဲမှာ ၀မ်းနည်းခဲ့......... ငါချစ်တာ မင်းတစ်ယောက်တည်း ရှိထား.... ငါရင်မှာ မင်းကလွဲလို့ ချစ်ဦးသူလဲ မရှိထား..... ချစ်တတ်ရင် မှားတတ်တာတော့ မင်းနားလည်ပါ .....ကြာလာရင်သိ လာမှာပါ... ငါ မင်းကို ဘယ်လောက်ချစ်တယ်ဆိုတာ....... ရင်ခုန်စရာ အိမ်မက်လေးတော့ တစ်ခါပြန်လည် မက်ခွင့် ရချင်ပါသည်.....နင် မမုန်းလိုက်ပါနဲ့ဟာ..... တစ်နေ့နေ့တော့ နင်နားလည်ပါစေ......ငါဘယ်လောက် ချစ်တယ်ဆိုတာကိုပေါ့.....ငယ်ချစ်(အချစ်ဆုံး)ရယ်...။
( ကျွန်တော် သိပ်ချစ်ရသော .....တစ်ဦးတစ်ယောက်တည်းသော...ချစ်သူငယ်ချစ်သူသို့....ရည်ရွယ်ထားပါသည် )
အချစ်မှာ ပုံသေနည်းမရှိဘူး! အချစ်အတွက် ဖွင့်ဆိုထားတဲ့ အချက်အလက်ကောင်းတိုင်းက လူတိုင်းနဲ့ သင့်တော်ချင်မှ သင့်တော်လိမ့်မယ်။ ကောင်းတယ်လို့ ကိုယ်ထင်ထားတဲ့အချစ်ကို တစ်ခြားလူကြိုက်ချစ်မှ ကြိုက်မယ်။ မကောင်းဘူးလို့ ကိုယ်ထင်ထားတဲ့ အချစ်က တစ်ခြားလူရဲ့ မျက်စိထဲမှာ လုံးဝကောင်းတယ်လို့ ထင်နေကြမယ်။ အချစ်မှာ အကောင်းဆုံးဆိုတာ မရှိဘူး။ အသင့်တော်ဆုံး ဆိုတာပဲရှိတယ်။


ုူ

Monday, March 23, 2009

ဂျစ်တူးကို ချစ်တဲ့....ချစ်မေမေ




မေမေ့ အကြောင်းကို ရေးဖြစ်သွားတာ ကတော့.....
“ခလုတ်ထိ တော့ အမိတ ”လေ....ဂျစ်တူး အမှား တွေလုပ်မိတဲ့ အခါ...ဂျစ်တူး အားကိုးတကြီး တမ်းတမိတာ..မေမေပါ .

ဂျစ်တူးကို သိပ်ချစ်တဲ့ ...မေမေ
အရာရာကို အလိုလိုက်တတ်တဲ့......မေမေ
သူများနဲ့ မတူအောင် ချစ်စနိုး နာမည်ပေးတတ်တဲ့....ချစ်မေမေ
ဘယ်သူဘာပြောပြော ကျွန်တော့် ဘက်က ရပ်တည်ပေးခဲ့တဲ့....မေမေ
တစ်လစာ မုန့်ဘိုး မလောက်လို့ မောင်နှမတွေ ကွယ်ရာ မုန့်ဘိုးခိုးပေးတတ်တဲ့....မေမေ

အိမ်ပြန် ရောက်ရောက်ချင်း ဂျစ်တူးကို မြင်ရင် အမောပြေတယ် ဆိုတဲ့.......မေမေ
နေပူမိုးရွာမရှောင် အထည်ထုပ်ကို ခေါင်းပေါ်တင်ပြီးဈေးရောင်းကျွေးခဲ့တဲ့......မေမေ
ကိုယ့်အတွက် ၀ယ်ဖို့မေ့ ပြီး ဂျစ်တူးကို အသစ်အဆန်း အမြဲဝယ်ပေးတတ်တဲ့.....မေမေ
ထမင်းဝိုင်း မှာ ကြက်သားဟင်းချက်တိုင်း “မေမေ” အသားသိပ် မကြိုက်ဘူးလို့ ညာပြောတတ်တဲ့....မေမေ
ဂျစ်တူးငယ်ငယ် ကအတန်းထဲမှာ အဆင့်ကျလို့ မျက်ရည်ဝဲတဲ့ .....မေမေ
ဆယ်တန်းစာမေးပွဲ မဖြေခင် ဗေဒင်တွေ ခဏခဏ မေးပြီး တစ်ယောက်ထဲ ဗျာများခဲ့တဲ့.....မေမေ
စာမေးပွဲ ဖြေပြီး အခန်းပေါက်ဝက လာကြို ....အားပေးစကားပြောပြီး မေမေ့ဂျစ်တူး လို့ပြောတတ်တဲ့.....မေမေ
ဂျစ်တူး ဟင်း ချေးများတတ်တာသိလို့ ဂျစ်တူးမကြိုက်တဲ့ ဟင်း လုံးဝမချက် ဘူးဆိုတဲ့.......မေမေ
ခေါင်းမာ တတ်တဲ့ ဂျစ်တူးကို စိတ်ရှည်ရှည် နဲ့ နားချ ဆုံးမတတ်တဲ့.....မေမေ
ဂျစ်တူး သဘောကောင်း တတ်လို့ အလိမ်ခံရမယ် နော်ဟု အမြဲပြောတတ်တဲ့......မေမေ
ဂျစ်တူး အိမ်မှာ မရှိရင်တစ်ခုခု လိုနေတယ် ဆိုတဲ့...မေမေ
(ကျွန်တော် မေမေ့ကို ခွဲလာတာ (၁၀)နှစ် ပြည့်တော့မယ်ဗျာ...ဂျစ်တူးကိုကောင်းစားစေချင်တဲ့ ဆန္ဒတွေနဲ့
နိုင်ငံခြား လွှတ်ပညာတွေ သင်ပေးခဲ့တဲ့ မေမေ့ ကို ဂျစ်တူး အရမ်းကျေးဇူးတင်ပါ တယ်မေမေ ။ မေမေ့ ကျေးဇူး ကို ဂျစ်တူး ငွေတွေပေးပြီး ကျေးဇူးဆပ်လို့ကုန်မှာ မဟုတ်ပါဘူး...ဒါပေမဲ့ မေမေ့ စကားကို တသက်လုံး နားထောင်သွားတဲ့ “ဂျစ်တူး ”......မေမေ့ ကို ဘယ်တော့မှ စိတ်ဆင်းရဲ အောင်မလုပ် တဲ့ “ဂျစ်တူးလေး” အဖြစ်နဲ့ မေမေ့ ကို ကျေးဇူးဆပ်ပါရစေတော့ ......မေမေ ရယ် ။
ချစ်မေမေ အတွက် ရည်ရွယ်ပါ သည်....။














Sunday, March 22, 2009

ပျော်စရာ (၁) (၂) (၃) အဖြေညှိ

ဂျစ်တူး ချစ်ခင်လေးစားရသော ဘော်ဘော်တို့ရေ....ပထမဆုံး ပြောချင်တာကတော့ ဂျစ်တူးကို ခင်မင်လေးစားမှု ပေးပြီး စိတ်ရှည်ရှည်ထားကာ ပျော်စရာမေးခွန်းလေး တွေ
ရဲ့အဖြေများကို comments ပေးခဲ့ကြ လို့အတိုင်းထက် အလွန် ဂျစ်တူးပျော်ရပါတယ်...အရမ်းကျေးဇူးတင်ပါတယ် ခင်ဗျာ......နောက်ထက် “ဥာဏ်စမ်းဗဟေဠိ” လေးတွေ ဆက်လက် တင်သွားချင် ပါတယ်....။
မေးမိမေးရာ ပျော်စရာ (၁) အဖြေကို comments ပေးခဲ့ကြတဲ့.......
Blogger “အန်တီချမ်း” “ပီတီ(စိတ်ပညာ)” “mgnge” “မြစ်ကျိုးအင်း” “မိုး ခါး” ....ကျေးဇူးတင်တယ်ဗျာ....အဖြေမှန်ကတော့ “ခိုး တာခြင်း တူတူ အမှုလဲ မဖြစ် တရားလဲ မစွဲ ခံရတာ “ခိုးရယ် တာပါ”။ ဘော်ဘော်တို့အဖြေနဲ့ တိုက်ဆိုင်မှု မရှိခဲ့ရင် စိတ်မဆိုး ကြေးနော်.........။
မေးမိမေးရာ ပျော်စရာ (၂) အဖြေကို comments ပေးခဲ့ကြတဲ့.....Blogger “ပီတိ(စိတ်ပညာ)” “နွေမိုးတိမ်” “မိုးခါး ” .......ကျေးဇူးဗျို့....ကျေးဇူး ။ အဖြေမှန်ကတော့ “ပီတိ”နှင့်“မိုးခါး” တို့မှန်ပါတယ် ....ကတုံး မို့ရေမစို တာပါ ...။
မေးမိမေးရာ ပျော်စရာ (၃) အဖြေကို comments ပေးကြတဲ့.....Blogger “ပီတိ” “မိုးခါး”....အားပေးတဲ့အတွက် thanks a lot ဗျာ.....။ “ပီတိ”နှင့်“မိုးခါး” တို့မှန်ပါတယ် ဗျာ....small size ပါ...။
ဂျစ်တူး ဘော်ဘော်များ....ပျော်ရွှင်ကြပါ စေ.....။

Thursday, March 19, 2009

မေးမိမေးရာ...ပျော်စရာ(၃)


ဂျစ်တူး တို့...ဘော်ဘော်တို့ ငယ်ငယ်ထဲက သိခဲ့ကြတဲ့ super man ကြီးရဲ့
အကျီ င်္ကsize သေးနေတယ်လို့ ပြောကြတယ် ။
ဘာကြောင့်အဲဒီလို ပြောကြတာလဲ?
(ခင်မင်လေးစားသော အားဖြင့် အဖြေလေးများကို comments တွင် ပေးသွားကြပါ။)

မေးမိမေးရာ...ပျော်စရာ(၂)


တစ်ရက်မှာ ရုတ်တရက် မိုး အသည်းအထန် ရွာချပါ လေရော....ဒါပေမဲ့ မိုးရေထဲက လူတစ်ယောက် ထီးမပါ မိုးကာမပါနဲ့ ထူးဆန်းတာ သူဆံပင် တွေလုံး ၀ေ၇မစိုဘူးဗျ .....။

ဘော်ဘော်တို့ အဖြေညှိ ကြည့်ရအောင်....နော်
(ခင်မင်လေးစားသော အားဖြင့် အဖြေလေးများကို comments တွင် ပေးသွားကြပါ။)

မေးမိမေးရာ...ပျော်စရာ(၁)




ဘော်ဘော်တို့ရေ.....


ခိုးတာခြင်း အတူတူ....အမှုလဲမဖြစ် တရားလည်း စွဲမခံရတာ ဘာခိုးတာဖြစ် မလဲ ?
(ခင်မင်လေးစားသော အားဖြင့် အဖြေလေးများကို comments တွင် ပေးသွားကြပါ။)

Wednesday, March 18, 2009

ခက်မိုက်မိုက်..တင်ပြချက်





ဂျစ်တူး ရဲ့ပေါ့ပေါ့ပါးပါး ပျော်စရာကောင်းတဲ့ မေးခွန်းလေး တွေကို...
ဂျစ်တူး ဘလော့ကို လာလည်တဲ့ ဂျစ်တူးရဲ့မိတ်ဆွေ ဘော်ဘော်များ အတွက်
ခေါင်းလေးနဲနဲ စားသွား စေချင်တဲ့ဆန္ဒ.....ပျော်စေချင် တဲ့ဆန္ဒ... များဖြင့်
ပျော်စရာကောင်းတဲ့ “ဥာဏ်စမ်းဗဟေဠိ”လေးတွေ
တင်ပေးချင်ပါတယ် ဗျာ။

လေးစားစွာဖြင့်.........
ဘော်ဘော်တို့ရဲ့ ...ဂျစ်တူး

Monday, March 16, 2009

နောက်တစ်ခေါက်


ကိုဂျစ်တူး တစ်ယောက် ယာဉ်မောင်းလိုင်စင်သွားဖြေသည် ။
ယာဉ်မောင်းလိုင်စင်ဋ္ဌာနမှ စစ်ဆေးသူက ဂျစ်တူးအားမေးခွန်းတစ်ခု မေးလိုက်၏ ။
"တကယ်လို့များ ခင်ဗျားကားမောင်းရင်း လမ်းမပေါ်မှာ ရုတ်တရက်
ကောင်မလေးတစ်ယောက် နဲ့ခွေးလေးတစ်ကောင်တွေ့တယ်ဆိုပါစို့ဗျာ.....
ခင်ဗျား ကားနဲ့ဘယ်သူ့ကိုတိုက်မလဲ ? "
ကိုဂျစ်တူးက “ကျွန်တော်မဖြေချင်ဘူးဗျာ....ဒါပေမဲ့ ခွေးကိုပဲကားနဲ့တိုက် ဖြစ်မှာပါ ”
အဲဒီအခါမှာ စစ်ဆေးသူက “ဒါဆိုခင်ဗျားနောက်တစ်ခေါက်မှပဲ ထပ်ပြီးလာဖြေပါနော် ”
ဟုပြောချလိုက်တယ်။ကိုဂျစ်တူးတစ်ယောက် အလွန်ဒေါကန်သွားကာ.......
“ခင်ဗျားဗျာ...ဘာလဲကျွန်တော်က ကောင်မလေး ကိုတိုက်ရမှာ လားဗျ ....”ဟု
ဒေါသတကြီး ပြန်ပြောလိုက်တယ် ။ထိုအခါ စစ်ဆေးသူ က ပြုံးစိစိဖြင့်
“ ခင်ဗျားဖြေရမယ့် အဖြေကမှားနေတယ်ဗျ...
အမှန်ကကားကိုချက်ချင်း ဘရိတ်အုပ် သင့်တယ်လို့ ဖြေရမှာလေ...”




အထင်မှား








ဆရာမတစ်ယောက် ကျောင်းတက်ချိန် စာသင်ခန်းသို့ ၀င်လာချိန်တွင်
သူမ၏ ကျောင်းသားလက်တွင် ကျောက်ပတ်တီး စီးထားသည်ကို မြင်သောအခါ....
ဆရာမ: “ဟဲ့......နှစ်ရက်လေး ကျောင်းပိတ်လို့ မတွေ့၇တယ်..မင်းလက်က ဘယ်လိုဖြစ်တာတုန်း.. ”
ကျောင်းသား : "လက်ကျိုးသွားတာဆရာမရေ....."
ဆရာမ: .... “ဟာ...ဒီကလေးနဲ့တော့ဘယ်လိုကြောင့် လက်ကျိုးသွားရတာလဲကွယ်? ”
ကျောင်းသား : “ကျွန်တော် အပျင်းကြီး လိုက်တာက စတာပါပဲ ဆရာမရယ်”
ဆရာမ : “ဟင်..မင်းဟာကလဲ အပျင်းကြီးတာနဲ့ လက်ကျိုးရောလား ”
ကျောင်းသား : “မဟုတ်ဘူးဆရာမ....ကျောင်းပိတ်ရက် ကျွန်တော်လမ်းသွားရင်း ဖိနပ်ထဲ ခဲလုံးဝင်သွားတာ...
ဖိနပ်ချွတ်ပြီး ခဲလုံးကိုခါချဖို့ပျင်းတာနဲ့လမ်းဘေးက ဓါတ်တိုင်ကို ညာလက်တဖက်က ကိုင်ပြီး
ဘယ်ခြေထောက်ကိုမြှောက်တယ်.ခဲလုံးဝင်နေတဲ့ ခြေထောက်ကို ဟိုရမ်းဒီရမ်းနဲ့လုပ်နေတာဗျ.... ”
“အဲဒါဆို ဖိနပ်ထဲက ခဲလုံးထွက်ကျလာမယ် ထင်တာကိုး......”
“မကြာပါဘူး ဆရာမရယ် ကျွန်တော့်နောက်ကို လူတစ်ယောက် ရောက်လာပြီး

သစ်သားတုတ် တစ်ချောင်းနဲ့ဓါတ်တိုင်ကိုင်ထားတဲ့ လက်ကိုရိုက်ချလို့...လက်ကျိုးသွားရတာပါ၊
ဆရာမ : မင်းကိုဘာဖြစ်လို့တုတ်နဲ့ရိုက်တာလဲ ?
ကျောင်းသား : အင်း..........အဲ့ဒီလူက ကျွန်တော့််ကို ဓါတ်လိုက်ခံနေရတယ်ထင်လို့တဲ့ဗျာ....။











Sunday, March 15, 2009

အမူးပါး


သူငယ်ချင်း နှစ်ယောက် အရက်ဆိုင်တွင် အရက်ထိုင်သောက် နေကြသည်။
အနည်းငယ် ရေချိန်ကိုက်လာသော အခါ တယောက်မှ
“သူငယ်ချင်း ငါမင်းကို ငါ့မျက်လုံး ငါပြန်ကိုက် ပြမယ် ကြည့်မလား”
“မင်မူးနေပြီလား ”
“တကယ်ပြောတာကွ”
“မဖြစ်နိင်ဘူး”
“ကိုက်ပြလို့ ရရင် မင်း အရက်တလုံး ငါ့ကို တိုက်ရမယ် ဘယ်လိုလဲ”
“အိုကေ တိုက်မယ်ကွာ”
ထိုအခါ ပထမ သူငယ်ချင်းမှ သူ့ရဲ့ ညာဘက် က မျက်လုံးအတုကို ဖြုတ်ပြီး သွားဖြင့်ကိုက်ပြလိုက်သည်။
“မြင်ပြီမှတ်လား ပေးတော့ အရက်တလုံး”
ထိုအရက်တလုံးဖြင့် နှစ်ဦးသားအတူ တကွ သောက်လိုက် ကြသည်။
ထိုအရက်ကုန်သွားသောအခါ
ပထမ တယောက်ကပဲ
“သူငယ်ချင်း ငါကျန်တဲ့ မျက်လုံးတဖက်ကို သွားနဲ့ ထပ်ကိုက်ပြအုံးမယ် ဒီတခါ
အရက်နှစ်လုံးကြေးကွာ”
ဒီတခါတော့ ပထမ အကြိမ်ခံထားရသည့် သူငယ်ချင်းမှ မျက်လုံးအား စေ့စေ့ စပ်စပ် ကြည့်ပြီး
“အေး လောင်းမယ်ကွာ” ဟုပြန်လိုက်သည်။
ထိုအခါ ပထမ လူမှ သူ့ရဲ့သွားအတု ကို ချွတ်ကာ မျက်လုံးအကောင်း အားကိုက်ပြလိုက် တော့သည်။

ကျိန်ပြပါ့မယ်


ပန်ချီဆရာတယောက် စိတ်ပါဝင်စားစွာဖြင့် ပုံတူရေးဆွဲ နေသည်။
သူ့ရှေ့တွင် ပြေပြစ် လှပသော မော်ဒယ် ကောင်မလေးမှ လှပစွာ ပုံစံ ထိုင်ပေးနေသည်။
ပန်ချီဆွဲရင်း ချုပ်ထိန်းထားရသော စိတ်တို့ ပြေလျော့ကာ စုတ်တံကိုချပြီး မော်ဒယ်မလေးအား
ပွေ့ဖက် နမ်းရှုပ် လိုက်မိသည်။ထိုအခါ ကောင်မလေးမှ ပန်ချီဆရာအား ဆောင့်တွန်းကာ
“ရှင်ဘာလုပ်တာလဲ ရှင်တွေ့ဖူးတဲ့ မော်ဒယ်တွေလိုများ ကျွန်မကို ထင်နေလို့လား”
ပန်ချီဆရာမှ “ငါတောင်းပန်ပါ တယ်ကွာ ငါအရင်က ဒီလိုတခါမှ မဖြစ်ခဲ့ ဖူးပါဘူး
မင်းနဲ့ကျမှ ပထမဆုံး ဖြစ်မိတာပါ ကျိန်ဆိုကျိန်ပြပါ့မယ်”
ထိုအခါ မော်ဒယ်မှ အနည်းငယ် စိတ်ပြေသွားပြီ
“ရှင်တကယ် ပြောတာလား ရှင်အရင်က ဘယ်နှစ်ယောက် ကို ပန်ချီဆွဲ ခဲ့ဖူးသလဲ”
“မင်းအရင် ပန်းအိုးတလုံး ရယ် တံတားတစင်း ရယ် သစ်သီးခြင်း ပုံရယ်ဆွဲဖူးပါရဲ့
ဒါပေမဲ့ ငါစိတ်ထိန်း နိင်ခဲ့တာ ချည်းပါပဲ”

အို..ဘုရားသခင်


အရူးထောင်တွင်ဖြစ်သည်။ညအချိန်မတော် ဝေဒနာရှင် တယောက်မှ
“ငါက ဘရုစလီ ကွ ” ဟုထအော်သည်။
ညာဘက်ဘေးခန်းမှတယောက်က “ဟေ့ မင်းကို ဘရုစလီ လို့ ဘယ်ကောင်ပြော တာလဲ ”
ပထမတယောက်...ငါ့ကို ဘရားသခင် ပြောတာ ကွ
ထိုအခါဘယ်ဘက်အခန်းမှတယောက်ကလှမ်းအော်ပြောလိုက်သည်
“ဟေ့ဟေ့ ငါမပြောမိဘူး နော်” တဲ့။

ခဏတော့ သုံးနှင့်ပါ


ဆေးရုံးကြီးရဲ့ အရေးပေါ်ဌာန သို့ ညအချိန်မတော် ဖုန်းဝင်လာသည်။
တာဝန်ကျ ဆရာဝန်မှ ဖုန်းကိုင်ပြီး ပြန်ထူးလိုက်သည်။

ဆရာဝန်...ဟုတ်ကဲ့ပြောပါ ခင်ဗျာ အရေးပေါ် ဌာနကပါ။
အမျိုးသမီး...အမြန်လာကယ်ပါဆရာရေ ကျွန်မကလေး အခု ခဲတံမြို ချ မိလို့ပါ ဆေးရုံကားကို
အမြန်ဆုံးလွှတ်ပေးစေချင်တယ်။
ဆရာဝန်...စိတ်အေးအေးထားပါ ခင်ဗျာ တနာရီ အတွင်း ဆေးရုံကား ရောက်လာပါ့မယ်
တည်နေရာကိုသာ ပြောပါဗျာ။
အမျိုးသမီး...တနာရီ တောင်လားဆရာ ဒီအတော အတွင်း ဘယ်လိုလုပ် ရပါ့မလဲ။
ဆရာဝန်...ဘယ်လိုမှ မလုပ်ပါနဲ့ အခုလောလော ဆယ်တော့ ဘော်ပင်ပဲ သုံးနှင့်ပါ။