Monday, March 16, 2009

နောက်တစ်ခေါက်


ကိုဂျစ်တူး တစ်ယောက် ယာဉ်မောင်းလိုင်စင်သွားဖြေသည် ။
ယာဉ်မောင်းလိုင်စင်ဋ္ဌာနမှ စစ်ဆေးသူက ဂျစ်တူးအားမေးခွန်းတစ်ခု မေးလိုက်၏ ။
"တကယ်လို့များ ခင်ဗျားကားမောင်းရင်း လမ်းမပေါ်မှာ ရုတ်တရက်
ကောင်မလေးတစ်ယောက် နဲ့ခွေးလေးတစ်ကောင်တွေ့တယ်ဆိုပါစို့ဗျာ.....
ခင်ဗျား ကားနဲ့ဘယ်သူ့ကိုတိုက်မလဲ ? "
ကိုဂျစ်တူးက “ကျွန်တော်မဖြေချင်ဘူးဗျာ....ဒါပေမဲ့ ခွေးကိုပဲကားနဲ့တိုက် ဖြစ်မှာပါ ”
အဲဒီအခါမှာ စစ်ဆေးသူက “ဒါဆိုခင်ဗျားနောက်တစ်ခေါက်မှပဲ ထပ်ပြီးလာဖြေပါနော် ”
ဟုပြောချလိုက်တယ်။ကိုဂျစ်တူးတစ်ယောက် အလွန်ဒေါကန်သွားကာ.......
“ခင်ဗျားဗျာ...ဘာလဲကျွန်တော်က ကောင်မလေး ကိုတိုက်ရမှာ လားဗျ ....”ဟု
ဒေါသတကြီး ပြန်ပြောလိုက်တယ် ။ထိုအခါ စစ်ဆေးသူ က ပြုံးစိစိဖြင့်
“ ခင်ဗျားဖြေရမယ့် အဖြေကမှားနေတယ်ဗျ...
အမှန်ကကားကိုချက်ချင်း ဘရိတ်အုပ် သင့်တယ်လို့ ဖြေရမှာလေ...”




No comments: