Sunday, March 15, 2009

ခဏတော့ သုံးနှင့်ပါ


ဆေးရုံးကြီးရဲ့ အရေးပေါ်ဌာန သို့ ညအချိန်မတော် ဖုန်းဝင်လာသည်။
တာဝန်ကျ ဆရာဝန်မှ ဖုန်းကိုင်ပြီး ပြန်ထူးလိုက်သည်။

ဆရာဝန်...ဟုတ်ကဲ့ပြောပါ ခင်ဗျာ အရေးပေါ် ဌာနကပါ။
အမျိုးသမီး...အမြန်လာကယ်ပါဆရာရေ ကျွန်မကလေး အခု ခဲတံမြို ချ မိလို့ပါ ဆေးရုံကားကို
အမြန်ဆုံးလွှတ်ပေးစေချင်တယ်။
ဆရာဝန်...စိတ်အေးအေးထားပါ ခင်ဗျာ တနာရီ အတွင်း ဆေးရုံကား ရောက်လာပါ့မယ်
တည်နေရာကိုသာ ပြောပါဗျာ။
အမျိုးသမီး...တနာရီ တောင်လားဆရာ ဒီအတော အတွင်း ဘယ်လိုလုပ် ရပါ့မလဲ။
ဆရာဝန်...ဘယ်လိုမှ မလုပ်ပါနဲ့ အခုလောလော ဆယ်တော့ ဘော်ပင်ပဲ သုံးနှင့်ပါ။

No comments: