Monday, March 16, 2009

အထင်မှား








ဆရာမတစ်ယောက် ကျောင်းတက်ချိန် စာသင်ခန်းသို့ ၀င်လာချိန်တွင်
သူမ၏ ကျောင်းသားလက်တွင် ကျောက်ပတ်တီး စီးထားသည်ကို မြင်သောအခါ....
ဆရာမ: “ဟဲ့......နှစ်ရက်လေး ကျောင်းပိတ်လို့ မတွေ့၇တယ်..မင်းလက်က ဘယ်လိုဖြစ်တာတုန်း.. ”
ကျောင်းသား : "လက်ကျိုးသွားတာဆရာမရေ....."
ဆရာမ: .... “ဟာ...ဒီကလေးနဲ့တော့ဘယ်လိုကြောင့် လက်ကျိုးသွားရတာလဲကွယ်? ”
ကျောင်းသား : “ကျွန်တော် အပျင်းကြီး လိုက်တာက စတာပါပဲ ဆရာမရယ်”
ဆရာမ : “ဟင်..မင်းဟာကလဲ အပျင်းကြီးတာနဲ့ လက်ကျိုးရောလား ”
ကျောင်းသား : “မဟုတ်ဘူးဆရာမ....ကျောင်းပိတ်ရက် ကျွန်တော်လမ်းသွားရင်း ဖိနပ်ထဲ ခဲလုံးဝင်သွားတာ...
ဖိနပ်ချွတ်ပြီး ခဲလုံးကိုခါချဖို့ပျင်းတာနဲ့လမ်းဘေးက ဓါတ်တိုင်ကို ညာလက်တဖက်က ကိုင်ပြီး
ဘယ်ခြေထောက်ကိုမြှောက်တယ်.ခဲလုံးဝင်နေတဲ့ ခြေထောက်ကို ဟိုရမ်းဒီရမ်းနဲ့လုပ်နေတာဗျ.... ”
“အဲဒါဆို ဖိနပ်ထဲက ခဲလုံးထွက်ကျလာမယ် ထင်တာကိုး......”
“မကြာပါဘူး ဆရာမရယ် ကျွန်တော့်နောက်ကို လူတစ်ယောက် ရောက်လာပြီး

သစ်သားတုတ် တစ်ချောင်းနဲ့ဓါတ်တိုင်ကိုင်ထားတဲ့ လက်ကိုရိုက်ချလို့...လက်ကျိုးသွားရတာပါ၊
ဆရာမ : မင်းကိုဘာဖြစ်လို့တုတ်နဲ့ရိုက်တာလဲ ?
ကျောင်းသား : အင်း..........အဲ့ဒီလူက ကျွန်တော့််ကို ဓါတ်လိုက်ခံနေရတယ်ထင်လို့တဲ့ဗျာ....။











4 comments:

မြစ်ကျိုးအင်း said...

အေးဗျ ဟာသပေမယ့် ဒါမျိုးက ဖြစ်တတ်တယ်ဗျ

Anonymous said...

ဖြစ်တက်ဆို...ဂျစ်တူးလဲ ဒီလိုပြင်းဘူးတယ်ဗျ...

Anonymous said...

ဖြစ်တတ်ဆို ဂျစ်တူးလဲပြင်းဘူး...တာကိုးဗျ

flowerpoem said...

ဟား၂လုပ်တဲ့လူကလည်းလုပ်တယ် ရိုက်တဲ့လူကလည်း ရိုက်တယ် ကောင်းပါ့ ရှင် ရီလိုက်ရတာ.