Tuesday, June 9, 2009

နီးနီးလေး

“မောင်ရဲ့.... ချစ်သူများနေ့ အမှတ်တရလေး ”

ချစ်တဲ့သူရေ
ရာသီကအေး တို့တွေဝေးရင်
မင်းအကြောင်းကိုတွေး
ရင်မှာနွေးတယ်.....။

မျက်လုံးကိုမှိတ်
ရင်မှာတိတ်ရင်
မင်းပုံရိပ်က
စိတ်မှာပြည့်တယ်....။

ချစ်သူစကား
ငါနားထဲမှာပြန်ကြားမိရင်
ရင်ထဲအေးမြ ပျော်ရွှင်ရတယ်.....။

ဘယ်အချိန်မဆို ငါ့ရင်ထဲကို
ငါကြည့်တဲ့အခါ
မင်းနဲ့ငါက နီးနီးလေးပါ......။

ဒါဆို
ငါတို့တွေဝေး သွေးအေးပြီလို့
ဘယ်သူပြောမလဲ ....။

“ဂျစ်”ရင်ထဲမှာ“မောင်”ရှိရင်
“မောင့်”ရင်ထဲမှာ“ဂျစ်”ရှိနေရင်
သေချာပါတယ်
နေ့တွေတိုင်းဟာ နီးနေမှာပဲ.......ချစ်သူ။
**၆ .၂. ၂၀၀၄ မနက် (၁၁း၄၇) မောင်ရေးစပ်ခဲ့ပါသည် ။**
“၁၄.၂.၂၀၀၄ ခုနှစ် Valentine's Day နေ့ .....မောင့်သိပ်ချစ်ရသော ချစ်သူလေးအတွက်”
{ချစ်သူရေ မောင်တို့နှစ်ယောက်ရဲ့ ရင်ထဲမှာ တစ်ယောက်ကိုတစ်ယောက် ရှိနေပေးရင် မောင်တို့ဝေးတယ်
ဆိုတာ ဖြစ်နိုင်ပါ့မလား...။ အချိန်တိုင်း “ဂျစ်”ဟာ မောင့်ရဲ့အနီးဆုံးမှာ ထာဝရအမြဲ ရှိနေပါတယ်....။}
အချစ်များစွာဖြင့် .....မောင် ...........

ဒီကဗျာလေးကတော့ မောင် ကျမအတွက် (၂၀၀၄)ခုနှစ်မှာ ကျရောက်တဲ့ ချစ်သူများနေ့အတွက် ပို့ပေးခဲ့တာပါ..
အဲ့ဒီအချိန်က ခံစားချက်ကို ပြောရမယ်ဆိုရင် ရင်ထဲမှာ တကယ် ငြိမ်းချမ်းရတယ်....မောင့်ကိုလဲ ရင်ထဲက လေးစားမိတယ်။
ဝေးနေချိန်မှာ သတိတရ ဒီကဗျာလေးကို “ဂျစ်”အတွက် ရေးစပ်ပေးလို့ သိပ်ချစ်တတ်တဲ့ ချစ်သူ ပိုင်ဆိုင်ခွင့် ရလိုက်တယ်လို့
ဂုဏ်ယူမိတယ် ပြောရမှာပါပဲ...................မောင့်ကိုလဲ မြတ်မြတ်နိုးနိုး ချစ်နေမှာပါ “မောင်” ~





3 comments:

ဇော် said...

အိုင် အမ်မ် ဒယ် ဖက်စ်
ငှဲငှဲ

ဘယ်အချိန်မဆို ငါ့ရင်ထဲကို
ငါကြည့်တဲ့အခါ
မင်းနဲ့ငါက နီးနီးလေးပါ......။

ဒါဆို
ငါတို့တွေဝေး သွေးအေးပြီလို့
ဘယ်သူပြောမလဲ ....။

“ဂျစ်”ရင်ထဲမှာ“မောင်”ရှိရင်
“မောင့်”ရင်ထဲမှာ“ဂျစ်”ရှိနေရင်
သေချာပါတယ်
နေ့တွေတိုင်းဟာ နီးနေမှာပဲ.......ချစ်သူ။

အိုင် လိုက်က် ဒစ်စ် မက်ရှ်ရှ်ရှ်။ ဒက်စ် ရိုက်။
ဟွင်းဟွင်း
အဟိဟိ။

ချစ်တဲ့မောင် said...

ဟုတ်တယ် ရင်ထဲမှာ ရှိရင် ဘယ်တော့မှမဝေးဘူး...

ဝေကြီး said...

ချစ်သော ငယ်သူငယ်ချင်းလေး
နင့်ရင်ထဲမှာ ငါမရှိပေမဲ့ ...
ငါရင်ထဲမှာ နင်က တိတ်တိတ်ကြိတ်ချစ်၇တဲ့
သူငယ်ချင်းလေးပါ...
နင့်ချစ်တဲ့သူ ကို ငါအားကြမိတယ်..
နင်ပျော်နေရင် ငါ့ကို ခေါင်းလာစားတာ
သက်သာသွားတာပေါ့ဟာ...
နောက်တာနော်...စိတ်မဆိုးနဲ့..ဂျစ်တူး
ဝေကြီး