Wednesday, June 24, 2009

ဘလော့.......ရေစက်

ပြီးခဲ့တဲ့(2009.06.20) စနေနေ့က ဂျစ်တူး မမျှော်လင့်ထားတဲ့ အကြောင်းအရာ
တစ်ခုကို ကြားလိုက်ရတယ် ။ ဘလော့ဂါ“ကိုအင်း”(ကိုမြစ်ကျိုးအင်း) က
ဂျစ်တူးဆီ ဖုန်းဆက်လာပါတယ်။ ဒီနေ့ ည တောင်ပေါ်ကို ရှုခင်းသွားကြည့်ဘို့
ချိန်းဆိုတာပါ..။ ဒီအစီအစဉ်ကို “ကိုကြီး သုနြေ္ဒ” ( ဘလော့နေရာများများမှာ
ချစ်ခင်တဲ့စိတ်နဲ့ လိုက်အားပေးတတ်တဲ့ ကိုကြီး )က ကားနဲ့လိုက်ပို့ပေးမယ်လို့
ပြောထားတာကြာပါပြီ ။

ကိုအင်းကဖုန်းထဲမှာ ဂျစ်ကို “ဒီနေ့ည ဂျစ်တူးရဲ့ ဘလော့သူငယ်ချင်း တစ်ယောက်ပါမယ်”
အဲ့ဒီသူက မမကီ( kiki-idiotlove ) လေ..”လို့ပြောပါတယ်....စစချင်းတော့ ကြောင်သွား
တယ်....ဟုတ်ရဲ့လားလို့...။ တကယ်ပါ ....မမကီကီပါ....အပြင်မှာ မတွေ့ဘူးပေမဲ့ cbox မှာ
လာလာအော်တတ်တဲ့ မမနဲ့ မမျှော်လင့်ပဲ ဒီနေ့တွေ့ရတော့မယ် ဆိုပြီး ပျော်သွားရတယ် ။

ကိုကြီး သုနြေ္ဒကတော့ ကိုယ်ပိုင်ဘလော့မလုပ်ပဲ ဘလော့မောင်နှမတွေရဲ့ စာတွေလိုက်ဖတ်ပြီး
comment ပေးတတ်သူ၊ အားပေးစကားပြောတတ်သူ ၊ ဘလော့ဂါတွေ... ပို့စ်အသစ်တင်တာနဲ့
ပထမနေရာ မန့်ချင်လွန်းလို့ အမြဲနေရာလုနေတဲ့ ချစ်စရာ အကိုကြီးတစ်ယောက်ပါ


(ဒါပေမဲ့ ကိုကြီး သုနြေ္ဒ့လုတဲ့ ဘလော့ထဲမှာ ဂျစ်တူးဘလော့ မပါပါဘူး ........
ဘာလို့လဲဆိုတော့ ဂျစ်တူးက စာရေးကောင်းသူ မဟုတ်ပါ ။ အပျော်ရေးတာပါ....

ချစ်သူပေးခဲ့ဘူးတဲ့ အမှတ်တရ ကဗျာလေးတွေကို တင်ချင်တာရယ် ၊
အဲဒီအချိန်က ခံစားရတာလေးတွေကို ရေးချင်လို့ ..ချစ်သူက ဘလော့လုပ်ပေးခဲ့တာပါ။
ဘလော့ဂါတစ်ယောက်ရဲ့ ရှိသင့်တဲ့ယဉ်ကျေးမှုကို ဂျစ်တကယ်မသိခဲ့ပါဘူး...
ဥပမာ ဂျစ်အိမ်လေးကို လာလည်ရင် ပြန်လည်ရမှန်းမသိ ခဲ့ပါဘူး ...

နောက်တော့ မနေနိုင်တဲ့ ချစ်သူက ဘလော့လုပ်ရင် ကိုကလဲ သူများဆီကို သွားအားပေးရတယ်..
အဲဒါဘလော့ယဉ်ကျေးမှုဖြစ်တယ် ဆိုတဲ့ အကြောင်းသေသေချာချာရှင်းပြမှပဲ
ဂျစ်အိမ်လည်တတ်သွား ရတာပါ ။)
ကိုကြီး သုနြေ္ဒကိုတော့ ချစ်သူခင်သူ ပေါများတယ်လို့ ယူဆမိတယ်...ဘလော့မောင်နှမ
တော်တော်များများရဲ့gtalk account ကို ကိုကြီးသုနြေ္ဒ သိနေတတ်တယ်...လေ။

အဲဒီစနေနေ့က ဂျစ်တို့ ချစ်သူသက်တမ်း (၁၁)နှစ်ပြည့်ဘို့ နှစ်လအလို ၊ ချစ်သူအထိမ်းအမှတ်
နေ့(၂၀)ရက်နေ့လေးပါ...။မှတ်မှတ်ရရ ဘလော့ထဲက မောင်နှမတွေနဲ့ တော်တော်ကြာကြာ

ပျော်ပျော်ပါးပါးတောင်ပေါ်မှာ စကားတွေပြောလိုက်ရတယ်....။

မမကီကီကတော့ တကယ်သဘောကောင်းတယ် ....မမကီက သူ့အိမ် မှာရှိတဲ့

စပျစ်သီးတွေကို ဘူးကြီးတစ်ဘူးနဲ့ အပြည့်ယူလာတာ....ဂျစ်တို့တွေ အားလုံးဝိုင်းစားကြတာ
ပျော်စရာကြီး ။ မမကီကီကို အပြင်မှာ မတွေ့ခင်က ဂျစ်ထက်ငယ်မယ် ထင်ထားတာလေ ။
cbox မှာ သူငယ်ချင်း ဒီအပတ်ဘယ်သွားလဲ.?...ဘာညာပေါ့...အော်ချင်တိုင်း အော်ခဲ့တာပဲ..။
တကယ်အပြင်မှာ ဆုံလိုက်ရတော့ တော်တော်အားနာသွားတယ်....မမ ဖြစ်နေတော့
စကားပြောတာ မလေးမစားဖြစ်မှန်း ဂျစ်ကိုဂျစ်သိလိုက်တယ်..။
ှsorry နော်မမကီကီ.............။

ဂျစ်နဲ့ စောစောထဲက ခင်နေကြတဲ့ Bloggerတွေကတော့ (ကိုမြစ်ကျိုးအင်း၊ ကိုအဖြူလေး)
Bloggerမဟုတ်တဲ့ ကိုကြီးသုနြေ္ဒ ၊ ခုမှမြင်ဖူးပြီး ပိုခင်သွားရတဲ့ မမကီကီ၊ ကိုကြီးသုနြေ္ဒ
သူငယ်ချင်းနှစ်ယောက် ....ကိုကြီးညောင်ရမ်း ၊ဂျစ်ရဲ့ မမ ၊ ဂျစ်အပါအ၀င် အားလုံး(၉)
ယောက် ကားနှစ်စီးနဲ့ တောင်ပေါ်တက်ခဲ့ကြတယ် ....၊ဂျစ်တို့နဲ့ အရမ်းလိုက်ချင်တဲ့
ဂျစ်အကို (ဧပရယ်)ကတော့ အဲဒီနေ့က သွားကိုက်လို့ ဆေးခန်းသွားနေတဲ့ အတွက်
ဂျစ်တို့နဲ့ တောင်ပေါ်မလိုက်နိုင်ခဲ့ဘူးးလေ
....(နောက်တစ်ခေါက်ပေါ့ ကိုကြီးဧပရယ်...နော်)

တောင်ပေါ်ရောက်တော့ဆိုင်ရာပိုင်ရာ ဘိုးဘိုးကြီးကို အမွှေးတိုင်တွေ၊ ပန်းတွေနဲ့
လိုရာဆုကို ဆုတောင်းခဲ့ကြတယ် ၊တောင်ပေါ်ကအဆင်း လမ်းမှာ ထီဝင်ထိုးကြသေးတယ်.....
အဲဒီထီထိုးတဲ့ သူ အားလုံးထဲမှာ ကိုမြစ်ကျိုးအင်းက $500 ထီပေါက်ပြီး ၊
ဂျစ်ကတော့ $100 နဲ့ကျေနပ်ခဲ့ရတယ်................ဲ။

ဒါနဲ့ ကိုကြီး သုနြေ္ဒက ထီပေါက်တဲ့ပိုက်ဆံနဲ့ မုန့်ကျွေးရမယ် လို့ပြောတော့တာပဲ....
ဒီတော့ လာမဲ့အပတ် စနေနေ့ ဂျစ်တို့ မုန့်လုပ်စားကြမယ်...ဝေး....။
ဂျစ်မမက ၀က်သားတုတ်ထိုးလုပ် ပေးမယ်ပြောတယ်....ရာသီဥတု ကောင်းရင်
တော့ တကယ်လုပ်စားဖြစ်ပြီ.....သူငယ်ချင်းတို့ရေ....။


ဘလော့ထဲမှာခင်ကြတဲ့ မောင်နှမတွေကိုလည်း အပြင်မှာ“ဂျစ်”နဲ့တွေ့ရင်
မမကီကီ လိုပဲ ...မုန့်ကျွေးမှာပါ.....ဂျစ်တို့ သူငယ်ချင်းတွေက အပတ်တိုင်းလိုလိုလောက်
မုန့်တစ်ခုခု လုပ်စားတတ်လို့လေ.........။

*** မမကီ.......ဂျစ်တို့က အပတ်တိုင်းလိုလိုမုန့်လုပ်စားဖြစ်တယ်.......
.............ဖုန်းဆက်အကြောင်းကြား လိုက်မယ်နော်...........မမ ။



ချစ်ခင်စွာဖြင့်....

ညီမလေးဂျစ်

















10 comments:

Anonymous said...

ပျော်ရွှင်စရာ ခရီးလေးပါပဲ ... ထပ်တူ ပျော်ရွှင်ခဲ့ပါတယ်
နေဒေးသစ်။

kiki said...

မမျှော်လင့်ဘဲ သိရ ခင်ရတဲ့  ဂျစ် ညီမလေးရေ ...
ထပ်တူ ထပ်မျှ ပါဘဲ ..
ဒီမှာ အနေကြာနေပေမဲ့ အပေါင်းအသင်း သိပ်မရှိခဲ့တာ ။
ခုတော့ လည်စရာ တအိမ်တိုး လို့ လည်း ပျော်ပါတယ်။

ဟိဟိ .. အပါတ် တိုင်း စားရမယ် ဆို လို့ ဖါး နေတာ ပါ..
စားဖါးကြီးပေါ့....

ခင်မင်လျှက်...
မမကိကိ

ahphyulay said...

ဂျစ်ကလေးရေ..
ဒို့ အဖွဲ့ က တယောက်နဲ့ တယောက် အရင်းအတိုင်း
ပေါင်းတတ်ကြတော့  ရေးခဲ့ သလို စေးပြစ်နေသော
သံယောဇဉ် ဝိုင်းကလေးပေါ့ ။
ဒါကြောင့်  တွေးကြည့် မိတယ်၊ ဝိုင်းထဲကအရင်ဆုံး
ထွက်နိုင်တဲ့ သူကအနိုင်ပဲလို့ ။
ဘာဖြစ်လို့ ဆို..သူ့ကို ကျန်ခဲ့ သူတွေ အားလုံး
သတိရနေကြတော့ မှာ။

သုဒြေ္န said...

ဟားဟဟဟ..ဂျစ်လေးကအထင်လွဲနေတာကိုး...........ခုမှသိတယ်...သွားသူမကောင်းဘူး.....လူဇိုးနော်.........ကိုကြီးကညီမလေးပို့ စ်တွေမှာ....နေရာတစ်...မလိုချင်လို့ ဟုတ်ဘူး......တစ်နေရာလုလို့ မရတာ......တခြားသူတွေဆီမှာ....တခါတလေတစ်ရဘူးတာက.....အထာလေးတွေရှိတယ်ညီမလေးရဲ့ .....နောက်တွေ့ ရင် .ပြောပြမယ်နော်...ဒီထဲမှာပြောရင်....သူများတွေငြိုငြင်...လိမ့် မယ်....ခုလိုဆုဲံဖြစ်ကြတာကို..ညီမလေးကကျော်တယ်ဆိုလို့ ....ကိုကြီးဝမ်းသာတယ်...အစဉ်...ထာဝရ...ပျော်ရွှင်...ပျ........နိုင်ပါစေ....ညီမလေးကို....ခင်တဲ့ ကိုကြီး....သုဒြေ္န....အထင်တော်...မလွဲပါနဲ့ ညီမလေးရယ်

မြစ်ကျိုးအင်း said...

ဝက်သားတုတ်ထိုး ..တုတ်ထိုးဝက်သား
ဝါးကြမယ်ဟေ့ကောင်းကောင်း...
မကီကိုပါ ပိုကာဒေါင်းနည်းသင်ပေးမှပဲ
သူကစားစရာ တအိမ်တိုးတယ်ဆိုလို့...
ဏတို့လည်း ဒေါင်းစရာ တအိမ်ပြန်တိုးလိုက်မယ်

Sein Lyan Tun said...

မနာလိုဖြစ်ပြီး ပြန်သွားတယ်

ဖိုးစိန်ကို ထားထားသွားကြတယ်....


လုံးဝ မနာလိုဘူးး


ကို ကြီး သုန်ဒရေကိုရော


ကိုပိုင်ကိုရော

မကီးကိုရော

ှုဂျစ်လေးကိုရော...


ဝါးးးးးးးးးးးးးးးးးးးးးးးးးးးးးး


မလိုက်ရဖူး.............

း(

ချစ်ခင်စွာဖြင့်

ကိုကြီးဖိုးစိန်

စိတ်စမ်းရေ said...

ပျော်စရာကြီးပါလားဝေ့....။
နောက်တခါသွားရင် လိုက်မယ်နော်...။

ဇော် said...

နာယဲလိုက်မယ် ချန်မထားနဲ့
မောင်နှမတွေသွားတော့ ပျင်းလှဒယ်။
ဟုတ်ဒယ်။ ကိုဂျီးစိန်ပြောသလိုပဲ နာ့ကိုယဲ ချန်ထားခဲ့ကြဒယ်။ နာလိုဘူး။ အီး။။

ပျော်ခဲ့တယ်ဟုတ် မမဂျစ်။
မမဂျစ်ပျော်တယ်ဆိုရင် ကျနော်လဲ ၀မ်းသာပါတယ်ဗျ။ =)

မငုံ said...

ပျော်စရာကြီး ။

သူကြီးမင်း (တုံးဖလား) said...

တကယ့်ကို ပျော်စရာကြီး။