Thursday, June 25, 2009

တစ်နှစ်ပြည့်........

မနှစ်က ဒီလိုအချိန်မှာ “ဂျစ်”တို့ သူယ်ချင်း(၃)ယောက် မိဘမဲ့
ကလေးထိန်းကျောင်းမှ ကလေးတစ်ယောက်(မောင်လေး)ကို
ပညာဒါန ပေးလှူဘူးတယ်...။ အဲဒီမောင်လေး အသက်(၉)နှစ်မှာ
မိဘနှစ်ပါးက မတော်တဆ ကားတိုက်မှုဖြစ်ပြီး သူ့ကိုခွဲခွာသွားကြ
တာလို့ ဂျစ်တို့တွေသိထားတယ် ။


ဟိုးအရင် ကျောင်းတုန်းက သူငယ်ချင်းထဲမှာ တစ်ခါတလေ
ကျူရှင်လခ မပေးနိုင်တဲ့သူ ရှိဘူးတယ် ။ မပြေလည်တဲ့
သူငယ်ချင်းကို ကူညီချင်တော့ ..အိမ်က မားမားဆီမှာ
ပြောပြီး ငွေချေး ပေးဘူးခဲ့တယ်...၊ပြန်ဆပ်ဘို့ မပြေလည်တာ
ဂျစ်တူးသိတော့ မားမားကို အကျိုးအကြောင်း ပြောပြလိုက်တယ်..။
ဒါနဲ့မားမား ဂျစ်သူငယ်ချင်းကို တစ်နှစ်စာ ကျူရှင် ထားပေးတော့တာပဲ ။
(ဒါကတော့ ဂျစ် ကျောင်းတုန်းက ငွေမကုန်ပဲ လှူလိုက်ရတဲ့ ပညာဒါနပါ ။)


ဒီပညာဒါနလေးကို ပေးလှူသွားဖြစ် တာကတော့ ..ခုလက်ရှိ
အလုပ်officeက သူငယ်ချင်းလေးကြောင့်ပါ...။ ဂျစ်သူငယ်ချင်းက
ထိုင်ဝမ်သူ စစ်စစ်ပါ....သူ့ကိုစသိတုန်းက သူကဖော်ရွေတယ်..
သွက်လက်တယ်...အလုပ်ကို လေးစားတတ်တယ်...ဘယ်တော့မှ
အလုပ်ကို နောက်ကျလာတာ မရှိဘူးလေ...။ ဒါကြောင့် သူနဲ့
ဂျစ် တော်တော် ခင်သွားတယ် ....။

ဂျစ်နဲ့သူ တော်တော်ခင်လာတဲ့ အချိန်မှာ သူ့အကြောင်းပြောပြ
ခဲ့ဘူးတယ် ။ သူက မိဘမဲ့ဖြစ်ကြောင်း ၊ (၁၂)နှစ်အရွယ်ရောက်မှ
ချမ်းသာတဲ့ မွေးစားမိဘတွေ ပေါ်လာခဲ့ရတယ်တဲ့ ...။
သူ့ကို မိဘမဲ့ ကလေးထိန်းကျောင်းက ခေါ်ယူမွေးစားခဲ့တဲ့
မိဘတွေကြောင့် သူခုလိုပညာတတ် ဖြစ်လာရတာရယ် ၊
ပြည့်ပြည့်စုံစုံ နေရတာ စသဖြင့် ဂျစ်ကို သူပြောပြခဲ့တယ်။
ဒီအကြောင်းကို officeက တခြားသူတွေ မသိကြပါဘူး ။
ဂျစ်ရယ်..သူငယ်ချင်းထဲက နောက်တစ်ယောက်ပဲ သိကြတာပါ ။

ဂျစ်သူငယ်ချင်းက သူငယ်ငယ်ထဲက မိဘမဲ့ ကလေးထိန်းကျောင်းမှာ
ကြီးပြင်းခဲ့ရ သူပါ...။ သူ့မိဘအရင်းက ဘယ်သူဘယ်ဝါ ဆိုတာ မသိရှာ

ပါဘူး...။ သူအဲ့ဒီအကြောင်း ပြောပြတုန်းက ၀မ်းနည်းတဲ့အသံ ပါခဲ့တယ် ၊
ဒါပေမဲ့ သူမျက်ရည်မကျဘူး....။ဂျစ်အမြင်အရ ဆိုရရင် အရမ်းတော်တဲ့သူပါ ....။

သူကတစ်လတစ်ခါ သူလစာငွေထဲက $1000 ကို အမြဲ မိဘမဲ့
ကလေးကျောင်းကို လှူတာတွေ့ရတယ် ။ အစကတော့ သူဘာလို့
လှူတယ်ဆိုတာ မသိခဲ့ဘူးလေ...။ ဂျစ်သူနဲ့ တစ်ခါ “ထိုင်ပေ”က
မိဘမဲ့ ကလေးကျောင်းကို အဖော်အဖြစ်လိုက် သွားခဲ့ဘူးတယ် ၊
အဲ့ဒီနေ့က ဂျစ်တို့ သူငယ်ချင်းသုံးယောက် တူတူသွားခဲ့တာပါ ....၊
ကျောင်းရောက်ရောက်ချင်း မြင်လိုက်ရတာကတော့ ကလေးတစ်ယောက်
ကို ရဲစခန်းက တာဝန်ရှိသူ တစ်ယောက်က အဲ့ဒီကျောင်းကိုလာပို့တာပါ...။
မိဘနှစ်ပါးက မတော်တဆ ကားတိုက်မှုဖြစ်ပြီး လက်ရှိ အုပ်ထိန်းသူ မရှိလို့
လာပို့ရခြင်းပါလို့ ဂျစ်တူးတို့ ကြားလိုက်ရတယ် ။
(ဒီကစပြီး လှူချင်တဲ့ စိတ်လေး ၀င်သွားတော့ တာပါပဲ )

ဒါနဲ့ဂျစ် တစ်ယောက် စိတ်ကူးလေး တစ်ခုရသွားတယ်....လက်ထဲမှာ
ပါသလောက် ငွေလေးနဲ့ အလှူလေးလုပ်မယ်ပေါ့ ။ ဂျစ်သူငယ်ချင်းက ဘယ်လို
လှူရင်ရတယ် ဆိုတာမျိုး လိုက်ရှင်းပြပေးတယ် ........။
နောက်ဆုံး သူငယ်ချင်း(၃) ယောက် တစ်လကို တစ်ခါ$1000 နဲ့
ဒီကလေး အတွက် ပညာသင်ထောက်ပံ့ငွေ ပေးလှူခဲ့တယ် ...။
တစ်ယောက်ကို $300ကျော်လေးပဲ ကျတာပါ....ဂျစ်တို့ပေးတဲ့
ငွေပမာဏက ဘာမှမဟုတ်ပေမဲ့ ဒီကလေးအတွက်တော့
အများကြီး အထောက်အကူ ဖြစ်သွားမယ်လို့ ထင်ပါတယ် ။

ဂျစ်တို့လိုပဲ လာပြီး လှူတန်းတဲ့ သူတွေလဲ တွေ့ခဲ့ရပါတယ် ..။
တကယ်ကြည်နူးရပါတယ် ...မပြောပြတတ်ဘူး ...ဘယ်လိုမျိုးပီတိ
ဖြစ်ခဲ့တယ် ဆိုတာကိုပေါ့ ...။ ဂျစ်ကတော့ ခုချိန် အဲ့ဒီကလေး
အတွက် ဆုတောင်းပေးချင်တာက သူ့ကို ကောင်းမွန် လုံခြုံစွာ
ပေးနိုင်မဲ့ မွေးစားမိဘတွေ့ ပါစေလို့ ...ဆန္ဒပြုချင်တာပါ ။
ဟိုနေ့က ပညာဒါန တစ်နှစ်ပြည့် ဆိုပြီး စာလေးတစ်စောင် အဲ့ဒီမောင်လေး
ပို့ပေးခဲ့လို့ ..............................ဒီပို့စ်လေးကို ရေးဖြစ်သွားတာပါ...။




“မောင်လေး ပို့ပေးတဲ့ စာလေးပါ”


ချစ်ခင်ရပါသော .....မမတို့

တစ်ခါပဲ မြင်ဘူးတဲ့ အတွက် ဘယ်လိုနာမည်ခေါ်ရမှန်း မသိလို့ပါ ။ အခု......(၄)တန်းတက်နေပါပြီ ။

ကျောင်းမှာကွန်ပြူတာသုံး ရလို့ အများကြီး ဗဟုသုတ ရပါတယ် ။ အစစ အရာရာ အဆင်ပြေ

လို့ ကျေးဇူးတင်ပါတယ်... မမတို့ပျော်ရွှင်ပါစေ...... ”လို့ ရေးထားတာပါ ။



*****တကယ်တော့ လူ့ပတ်ဝန်းကျင်မှာ ဒီလိုမိဘမဲ့တဲ့ ကလေးတွေ အများကြီးရှိကြမှာပါ ။

ဂျစ်တကယ် အရမ်းကံကောင်းတယ်လို့ စိတ်ထဲမှာ ဖြစ်မိတယ်...ခေါ်စရာ အဖေအမေ

မရှိတဲ့ဘ၀က တကယ်ဝမ်းနည်းဘို့ ကောင်းသလို ၊ သူတို့လေးတွေ အားငယ်နေမှာ

သေချာပါတယ်.... သူတို့လေးတွေ ပျော်ရွှင်လှပတဲ့ မိသားစုဘ၀လေး ရကြပါစေလို့

ဆုတောင်းလိုက်ပါတယ်................။*****




22 comments:

သုဒြေ္န said...

ဂျစ်ရေတစ်ဟဲ့ တစ်ရပြီ

သုဒြေ္န said...

ဂျစ်လေးအမြတ်ပြေဘို့ ...တစ်လေးရအောင်....ကြိုးစား..မန့် လိုက်တယ်...ဖြူစင်သန့် ရှင်းတဲ့ ...စိတ်ထား၇ှိတဲ့ ဂျစ်လေး...မွန်မြတ်တဲ့ စိတ်ထားရှိတဲ့ ဂျစ်။။။။သူတပါးကို..တတ်နိုင်သလောက်ကူညီတတ်တဲ့ ..ဂျစ်။။။။ပွင့် လင်းတဲ့ ....ဂျစ်.။။။။။ရိုးသားတဲ့ .....ဂျစ်။။။။။။အားဆက်ပြောရင်....သူများတွေ...အငေါင်္်တူး...ခံရတော့ မယ်.....ညီမလေးရဲ့ စေတနာတွေကမွန်မြတ်တယ်.....ညီမလေးအဲလို.........အမြဲပျော်ရွှင်ပါစေ....ညီမလေးကို....အားပေးနေမဲ့ ......ကိုကြီး။။။။။သုဒြေ္န

kiki said...

သာဓု ၃ကြိမ်ခေါ်ပါတယ် ။
မွန်မြတ်တဲ့ အလှူ ဒါန လေးပါ ။
နောင်လဲ ဆထက်တန်ပိုး တိုးပြီး အမြဲ လှူ နိုင် ပါစေ

kiki said...

အဲဒီ အပေါ်ကလူကြီးကရောဂါ သိပ်မသေးဘူး နော် ။
နေရာလု တာ ရောဂါ ရင့်နေပြီ။
သူ့ အတွက်ပါ လှူပေးလိုက်အုံး ဂျစ်ရေ ...

ဟိဟိ

မြစ်ကျိုးအင်း said...

မကီရေ သူ့အတွက်ဒီတပါတ် ၀က်သားတုတ်ထိုးလှူပေး
မယ်လေ....။တစ်လိုချင်တဲ့သူ ဆိုတော့ တုတ်ထိုးလှူတာ အသင့်တော်ဆုံးပဲ ဒါမှသူလဲ အမြဲတစ်နေမှာ အဲလေ
အမြဲတစ်ရနေမှာ...ကိုသုနြေ္ဒကြီး ခင်လို့ စတာနော်...
စိတ်မဆိုးရဘူး

မြစ်ကျိုးအင်း said...

လူကြီးတွေ ရန်ပွဲထဲ ပါသွားမိတာ လာရင်းကိစ္စတောင် မေ့သွားတယ်...မွန်မြတ်တဲ့အလှူဖြစ်လို့ ပီတိဖြစ်ရပါတယ်
ဒီ့ထက်ပိုပြီးလှူနိင်ပါစေဗျာ...

ဧပရယ်၈၄၇၇ said...

ဒီပို့စ်ကို ဖတ်လိုက်ရတော့ ငါ့ညီမ အလှူအတွက် ပီတိ ဖြစ်မိသလို စိတ်ထဲမှာလည်း ကြည်နူးမိတယ် ........။ ငါ့ညီမ ဒီထက်မက လှူနှိုင်တန်းနှိုင် ပါစေ..........။
သာဓု သာဓု သာဓု..............။

Unknown said...

စိတ်ထားလေးက မွန်မြတ်ပါပေတယ်...။

Lucifer said...

မွန်မြတ်ထဲ့ အလှူတစ်ခုပါ..
ပကာသနမပါဘဲး.. သိပ်တန်ဖိုးရှိပါတယ်...

chitpalone said...

မွန်မြတ်ပါပေတယ်။ မိဘမဲ့တွေက တကယ်ကိုသနားဖို့ကောင်းပါတယ်။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

သားကြီး said...

တစ်ကယ်လိုအပ်သူကိုကူညီတာကမှမြင့်မြတ်တဲ့အလှူဒါနပါ
ဒီပိုစ်လေးကိုဖတ်ပြီးအကြိမ်ကြိမ်သာဓုခေါ်မိတယ်
စေတနာကောင်းတဲ့ ဘလော့ပိုင်ရှင်လေးရေ
ဒီထက်မကများများလှူနိုင်ပါစေ

မငုံ said...

တကယ်လိုအပ်တဲ့ နေရာတွေမှာ လှူတော့ ပိုကုသိုလ်ဖြစ်တာပေါ့။ သာဓုခေါ်တယ်နော့။ ဒီထက်ပိုမိုလှူဒါန်းနိုင်ပါစေ။

မြူးလေး said...

မရေ.....
မွန်မြတ်တဲ့အလှူတွက် သာဓုခေါ်ပါတယ်
နှောင်လဲဒီ့ထက်မက လှူနိုင်ပါစေ

Anonymous said...

မွန်မြတ်တဲ့အလှူဒါနလေးအတွက် ၀မ်းသာကြည်နူးမိပါတယ်ဗျာ..
အဆင်ပြေပျော်ရွှင်ပါစေ

မေဇင် said...

တကယ်ပဲ မွန်မြတ်ပါတယ်... များများလှုနိုင်ပါစေရှင်..။

ဝေကြီး said...

သူငယ်ချင်း....ဂျစ်
နင်ကစိတ်ကောင်းရှိတာ အားလုံးသိတာပေါ့ဟ..
နင်အလှူအတွက် သာဓု(၃)ခါခေါ်ပါတယ်..။
သဘောကောင်းတဲ့ ဂျစ်တူးလေး...
လိုတာပြည့်စေဟာ....နင်အားလုံးပြည့်မှန်း သိပါတယ်...
ဒါပေမဲ့ .....အတိုင်းထက်အလွန် ပေါ့....ရရှိပါစေ
ငယ်သူငယ်ချင်း....
ဝေကြီး

Anonymous said...

မိဘမဲ့ကလေးတွေရဲ့ ရှေ့ရေးဆိုတာ တကယ်ကို စာနာ သနားဖို့ ကောင်းပါတယ် ....
တတ်နိုင်တဲ့ စွမ်းအားရှိသလောက် ကိုယ် စွမ်းနိုင်တဲ့ ဘက်က ဖြည့်ဆည်းပေးတတ်တာ မင်္ဂလာ တစ်ပါးပါ ...
နောင်လည်း ဆထက်တစ်ပိုး ပေးကမ်း လှုဒါန်းနိုင်တဲ့ ....
ပေးကမ်းလှုဒါန်းနိုင်လောက်အောင် အောင်မြင်ပြည့်စုံတဲ့ ဘဝမျိုး ရရှိပိုင်ဆိုင်နိုင်ပါစေ ...
နေဒေးသစ်။

ahphyulay said...

စာတစ်စောင်ကြိုးစားပြီးရိုက်နေရလို့ 
နောက်ကျသွားတယ်၊မြတ်သောအလူ
တစ်ခုပါ၊အခုအချိန်အထိ မရှိတော့ တဲ့ အဖေ့ 
ရဲ့ အရိပ်ကိုတမ်းတမိဆဲပါ။ အရိပ်မဲ့ တဲ့ ကလေးတွေ
ကိုစာနာမိပါတယ်။

သီဟသစ် said...

သာဓုသာဓုသာဓုပါ ညီမ ဂျစ်တူးရေ
လိုအပ်တဲ့နေရာတွေမှာ လှူရတာ တကယ်မွန်မြတ်တဲ့ ကုသိုလ်ပါ

ခင်မင်စွာဖြင့်
သီဟသစ်

Sein Lyan Tun said...

ကိုကြီး သုန်သုန်က ဒီအိမ်မှာ တစ်နေတာ မသိလိုက်ဘူး...

ဖိုးစိန်ကတော့ ပျောက်လို့လိုက်ရှာနေတာ


သူကလာတစ်နေတယ်ဒီမှာ...း)


ဂျစ်ရေ...

တကယ်ကို ဝမ်းသာပီတိဖြစ်ရပါတယ်...

နောင်လဲများများလျှျူနိုင်ပါစေလို့

ချစ်ခင်စွာဖြင့်

ဖိုးစိန်

မဟာဆန် said...

ကြည်ကြည်နူးနူးနဲ့ သာဓုခေါ်ပါတယ်ကွာ..။

သူကြီးမင်း (တုံးဖလား) said...

ညီမရဲ့  ကောင်းမွန်တဲ့ အလုပ်ကလေးတွေကို သာဓုခေါ်သွားပါတယ်။။