Tuesday, June 2, 2009

လွမ်းသူ့အိမ်မက်


ဒီတနေ့တော့
ဝက်ကလေး ပြန်ရောက်
တို့တွေ အလွမ်းပျောက်ပြီ.......။

အစွန်းေ၇ာက် အချစ်နဲ့
ရူးရူးမိုက်မိုက် သိပ်ချစ်ခဲ့လို့
တို့နှစ်ယောက် ပျော်မလောက်ဘူး.....။

ဝေးနေချိန်မှာ
တမ်းတမ်းတတ လွမ်းခဲ့သမျှလည်း
အခုမှပဲ ရယ်မောရတယ်..........။
တို့နှစ်ယောက် အတွက်တော့
ဝေးပြီးမှပဲ ပိုနီးလာသလို
ထပ်ဝေးမှာလည်း ကြောက်နေမိတယ်....။

အရင်ကလို
ချစ်သူ့ ပါးပြင်ထက်
ကျတော့်နေ့ရက်တွေ ပြန်လင်းလက်ဖို့
ပါးနှစ်ဖက်ကို ချဉ်းကပ်ဆဲမှာ
အလင်းတွေဝင်ရောက် မင်းပျောက်သွားပြီ.....။

ဒီလိုနဲ့ပဲ
မိုးလင်းတော့မှ
ရင်ခွင်တွေနွမ်း ပိုလွမ်း၇တယ်.......ချစ်သူရယ်။
(အိမ်မက်မက်ခဲ့ရသော ညများကိုရည်ရွယ်ပါသည်။)
**(ချစ်သူ သက်တန်း ၂ နှစ်ပြည့် ......အထိမ်းအမှတ်)
ချစ်သူမောင်က ဂျစ်တူးကို ချစ်စနိုးဖြင့် ၀က်ခလေးလို့ခေါ်တတ်သည် ။
ဂျစ်တူး သိပ်ချစ်ခဲ့ရသော ''မောင်'' ရေးဖွဲ့၍ အမှတ်တရ
ပို့ပေးခဲ့သော ကဗျာလေးအား မောင်နှမများအား မျှဝေခံစားသည်.။)

2 comments:

ချစ်တဲ့မောင် said...

အဲဒီလိုလွမ်းရတဲ့ ဘ၀ကို ပြန်မရောက်ချင်တော့ပါဘူး..။
ခါးသီးလွန်းတယ်...အိမ်မက်တွေက နှိပ်စက်လွန်းတယ်.
နေ့တွေညတွေမှာ စိတ်ကူးတွေနဲ့ ရူးခဲ့ရတယ်..။
ဘ၀တလျှောက်ပျော်ရွှင်ပါစေ..။

မြစ်ကျိုးအင်း said...

အဆင်ပြေပါစေ...ဂျစ်တူးကလည်း တပုဒ်တပုဒ် အင်မတန်ကြာတာပါပဲလား..။နောက်အသစ်လေးတွေ
မျှော်နေပါ့မယ်..။