Thursday, June 4, 2009

ကောင်းကင် .....Eassy

ကျွန်တော့်တွင် ကောင်းကင်တစ်ခု ရှိပါသည် ။

ကောင်းကင်များ၏ သဘောသည် အခါအားလျှော်စွာ တည်ငြိမ်မနေတတ်.....ပြောင်းလဲတတ်ပါသည်။
ဒါပေမဲ့...... ကျွန်တော့် ကောင်းကင်လေးသည် သာယာနေပါသည်.............မပြောင်းလဲနိုင်ပါ ။

ထို့ပြင်......ကျွန်တော့် ကောင်းကင်သည် လတ်ဆက်သော ကောင်းကင်ဖြစ်ပါသည် ။
ရေခဲရိုက် ကောင်းကင်မဟုတ်ပါ ....။

ကောင်းကင် ဆိုသည်မှာ မြင့်မားလှပါသည် ။
မြင့်မားလှသော အရာကို မျှော်မှန်းခြင်းသည်လည်း လွန်စွာမိုက်မဲလှပါသည်......။

ဘာပဲဖြစ်ဖြစ် ပိုင်ဆိုင်ခွင့်ရရန်လည်း ကြိုးစားပါမည် ။
ပြီးတော့.....ကျွန်တော့် ကောင်းကင်ကို ကျွန်တော်သိပ်ချစ်ပါသည်.......။

(ချစ်သူ ကိုယ့်ကိုရူးတယ်လို့များ ဆိုချင်မလား..... ? သိပ်ချစ်လွန်းတော့လည်း
အရာရာကို ရူးသွပ်စေခဲ့တယ်လေ ....။)

***ဒီစာလေးကတော့ ဂျစ်ရဲ့ ချစ်သူ“မောင်”ဂျစ်အတွက် ရေးပေးခဲ့တာပါ ။
(၉)တန်းနှစ် ...ကျောင်းသားဘ၀က ဂျစ်တူးဘေးမှာ ကောင်လေးတွေ တန်းစီ
ချစ်စကားဆိုနေချိန် သူသိပ်ချစ်တဲ့ ဂျစ်ကို ကောင်းကင်လေး နေရာထားပြီး
တင်စားကာ......သိပ်ချစ်ကြောင်းဖော်ပြ ခဲ့တာပါ ။ ***

4 comments:

မြူး said...

ဂျစ်လေးရေးးးးးးးးးးးးးးး
ရှင့်ချစ်သူကတော်လိုက်တာနော်
အဆင်ပြေပါစေသယ်ရင်းရေး

ဇော် said...

ကောင်းလိုက်တာ ဂျစ်ရာ။ ချစ်သူကို ကောင်းကင်နဲ့ တင်စားသွားတယ်နော်။
ဂျစ်ချစ်သူက ချစ်တတ်လိုက်တာ။ ဇော်တောင် အားကျလာပြီ သိလား။ အဟိ။

ချစ်တဲ့မောင် said...

ကောင်းကင်လေးကို လာမော့ကြည့်သွားတယ်...။
ချစ်သူပျော်ရွှင်ပါစေ....။

Anonymous said...

Genial post and this fill someone in on helped me alot in my college assignement. Say thank you you on your information.