Friday, July 3, 2009

မတားရက်ခဲ့သူ.....အကြောင်း


လမရှိတဲ့
ညတချို့မှာ
ကြယ်စင်တွေကို
ငေးမောရင်းနဲ့....
(ငါတို့)
ဝေးရခြင်းကို
နှမျောမိတယ်.......။

တကယ်ဆိုရင်
ငါ့အချစ်ကြိုးတွေနဲ့
အုပ်မိုးထားချင်လည်း
ချစ်သူမျက်နှာ
နွမ်းမှာစိုးလို့
အလွမ်းတစ်ပုဒ်နဲ့
လဲခဲ့သူပါ........။


အခုတော့ ချစ်သူ....ရယ်
(တကိုယ်ရေ)
ငါ့အခန်းမှာ
အလွမ်းငွေ့တွေ
ပြည့်နေတာကို
မြင်စေချင်တယ်......။

(၂၀၀၁.၁.၂၁) မောင်ရေးဖွဲ့ခဲ့သည် ။
( ချစ်သူ“ဂျစ်တူး”ရေ (၂၀၀၁)ခုနှစ်ရဲ့ ပထမဆုံးရေးဖြစ်တဲ့ ကဗျာပါ ။
ချစ်သူ မြန်မာနိုင်ငံက ထွက်ခါနီးတုန်းက ကိုတားဆီးချင်တဲ့ စိတ်တွေ
ပြင်းထန်နေပေမဲ့ ၊ မင်းရဲ့ဘ၀တိုးတက်ဘို့ကို မြင်ယောင်ပြီး စိတ်လျှော့
ခဲ့ရတယ် ။ ပြီးတော့ ဒီလောက်အထိ ခံစားရမယ်မှန်း မသိသေးဘူးလေ ။
အလွမ်းဆိုတာ မခံစားဘူးလို့ပါ ။ သေချာတာက ချစ်သူမရှိရင် မနေတတ်
မှန်း သိနေပေမဲ့ အားလုံးအဆင်ပြေဘို့ ကိုမတားဖြစ်ခဲ့ဘူး။
မင်းကို သိပ်ချစ်ခဲ့ရလို့ အလွမ်းတွေနဲ့ လဲလှယ်ခဲ့ရတယ် ....။)


***ဒီကဗျာလေးက မောင် ကျမအတွက် ရည်ရွယ်ပြီး ရေးစပ်ခဲ့တဲ့ ကဗျာလေးပါ ။***
အကြာကြီး ဝေးရမယ်ဆိုတာ သိသိနဲ့ မောင်ဟာ ကျမရဲ့ဘ၀လေး
တိုးတက်စေချင်တဲ့ စေတနာနဲ့ ...ထိုင်ဝမ်သွားဘို့ မတားခဲ့ပါဘူး။
မောင် ကျမကို သိပ်လွမ်းတယ် ဆိုတာ ယုံကြည်ခဲ့ပါတယ်.......၊
ခုလို internetတွေ မြန်မာပြည်မှာ သုံးလို့မရတဲ့ အချိန်မျိုးမှာ ....
မောင်ကျမ အတွက် စာတွေရေးပြီး လစဉ် ပျမ်းမျှ (၃)စောင်
ရအောင်ရေးပို့ ပေးခဲ့သူပါ ....။ နေ့ထူးနေ့ရက်လေးတွေ ...အမှတ်တရ
နေ့လေးတွေ ....အထိမ်းအမှတ်နေ့လေးတွေ ...မှာတော့ ကဗျာလေးတွေ
ရေးပြီး ပို့ပေးခဲ့တာပါပဲ...............။


ချစ်ခင်လေးစားစွာဖြင့်
ဂျစ်

14 comments:

Anonymous said...

ရိုမက်တစ်ပဲ။
အချစ်တွေကို တွေ့နေရလို့ပါ။

kiki said...

အောင်မြတ်လေးးးးးး
လွမ်း နေ တုန်း ပဲ လား ကွယ်..
အဟောင်း တွေ အစုတ် ဖြစ်အောင်
ပြန်ထုတ် ပြ မနေ ပါ နဲ့တော့ ..

ခု .. ဘေးနားမှာ ရှိ နေတာ များး
ဘာလိုသေးလဲ အဟစ်ရယ် ပေါ့
ဟဲ ဟဲ .. သိနေတယ်နော်..

ချဉ်တဲ့  ..အဲ...
ခင်တဲ့ 
မကိ

မေဇင် said...

အိုး...ကောင်းလိုက်တဲ့ မမဂျစ် ရဲ့ မောင်ပါပဲနော်... ကြည်နှုးစရာပဲနော်..။ ထာဝရ ချစ်မြတ်နိုးမှုနဲ့ ငြိမ်းချမ်းနိုင်ပါစေ။..း))

မီးမီးချစ် said...

အချစ် တွေ ကို ပြန်လည် တူးဆွ ခြင်း ပေါ့ နော် ..
ဟုတ် တယ် ဟုတ်

ဒီဇင်ဘာ said...

ကဗျာလေးက heart ထိတယ်နော်း)

မိုးစက်အိမ် said...

ကဗျာလေးက လန်းတယ်ဗျာ...

mae said...

ချစ်သူနှစ်ယောက် ရွှင်လန်းချမ်းမြေ့ ပါစေ

Yu Ya said...

မဂျစ်တူးရေ...အလွမ်းတွေချုပ်ငြိမ်းပြီး အချစ်တွေနဲ့ စိုပြေနိုင်ပါစေ။

မငုံ said...

ကဗျာလေး ကောင်းတယ်။ လွမ်းနေပြီ။ မြန်မြန် ပြန်တွေ့ပါစေလို့နော်။

သုဒြေ္န said...

ဂျစ်ပြီးရင်း.....ဂျစ်တတ်တဲ့ ..ဂျစ်.ချစ်ပြီးရင်း...ချစ်တတ်တဲ့ ...ဂျစ်ေ၇.....ရေးပြီးရင်း.....ရေးအုံးကွယ့် ဖတ်ပြီးရင်း...ဖတ်ဦးမယ်.....ရေးတတ်လာတဲ့ ..ဂျစ်....တွေးတတ်လွန်းတဲ့ ...ဂျစ်...အရေးရော..အတွေးရော...ကောင်းတယ်ဂျစ်ရေ...ဆက်ပြီးရေးဦးကွဲ့ ....ဆက်ပြီးအားပေးဦးမဲ့ ....ကိုကြီး...သုဒြေ္န

အိုက်ခီလောက် said...

ကဗျာလေးက ခံစားပြီးေ၇းထားမှန်း ဖတ်ပြီး ခံစားမိတယ်
နှင့်ပြီးရေးသွားတာ တန်ဖိုးထားပြီး တင်ပေးတဲ့ ဂျစ်တူးလေးလည်း ခံစားရမယ့်လို့ ထင်ပါတယ်

ဇော် said...

အောင်မာ ကြာသာမိုးကျိုး ဂျစ်ကိုက ထူးထူးခြားခြား အတည်မန့်နေတယ်ဟ။ အဟက်။
ဂျစ် သိလား။ ဂျစ်ကို ( အိုက်ခီလောက် )က ဘယ်တော့မှ သူများကို အကောင်းမန့်တာဟုတ်ဘူးရယ်။ ကျနော့်ကိုဆိုလဲ ဂျစ်ညီမဆိုပြီးတော့ ရေရေလည်လည်ဆော်တာရယ်။ ခုတော့ ကြာသားမိုးကျိုး ကျနော် ထီပြေးထိုးမှထင်တယ်။ အဟီး။ =P

လွမ်းနေပါတယ်ဆိုမှ ဂျစ်ရဲ့မောင်ရေးတဲ့ ကဗျာကောင်းလေး ဖတ်ပြီး ပိုလွမ်းသွားပြီဗျ။ မနာလိုဖြစ်အောင် မလုပ်နဲ့နော ...။ ရန်သူတွေ ဖြစ်ကုန်မယ်။ ဟွင်းဟွင်း။ အဟိ။ =)

ချစ်တဲ့မောင် said...

နောက်ထပ်အလွမ်းငွေ့တွေ ပြည့်နေမယ့် အခန်းလေး
ရှိလာအုံးမလား ချစ်သူရယ်...အများကြီးမပြောတော့ဘူး
နော် နှစ်ပေါင်းများစွာ ချစ်ပြခဲ့ပြီးပြီလေ...။
စကားလုံးတွေထက် လေးနက်တဲ့အရာကို မပြောလဲ
ငါတို့ နှစ်ယောက်စလုံး နားလည် ထားကြပါတယ်..။

မိုးမခ said...

ကဗျာလေးက ဆန်းဆန်းပြားပြား စကားလုံးတွေနဲ့ တန်ဆာမဆင်ထားပေမယ့်လူတယောက်လွမ်းနေတာကို တော့ မြင်ရပါတယ်။ဂျစ်တူးလေးက ကံကောင်းတာပဲ