Saturday, July 11, 2009

သင့်ရဲ့ တစ်နေ့တာ


ဂျစ်တူး ချစ်ခင် လေးစားရသော မောင်နှမများ “ချမ်းသာကိုယ်စိတ်မြဲပါစေ ”

အခုရက်ပိုင်း ရုံးမှာ အလုပ်များလို့ ရေသောက်ဘို့ မေ့လျော့ နေခဲ့ပါတယ် ။
ပြီးခဲ့တဲ့ရက်ပိုင်းက ကျောအောင့်နေတာနဲ့ ဆေးခန်းပြမယ်ဆိုပြီး အလုပ်က မန်နေဂျာဆီက
ခွင့်ယူချင်တယ်လို့ သွားပြောတော့ ...သူက ဂျစ်ကို တနေ့ရေ(၈)ခွက် သောက်နည်းကို
ပြောပြခဲ့တယ်...ဒါ့အပြင် ရေသောက်လို့ ရရှိနိုင်တဲ့ကောင်းကျိုးနဲ့ ဆိုးကျိုးပါတဲ့ စာရွက်လေးကိုပါ
ဖတ်ဘို့ပေးခဲ့တယ်လေ ။


သူက ဂျစ်တူး ကျောအောင့်တာ ရေသောက်နည်းလို့ ကျောက်ကပ်မကောင်းတာလည်း
ဖြစ်နိုင် တယ်လို့ ပြောပါတယ် ။ ဆေးခန်းပြဘို့ဆို ခက်ပျင်းပျင်း ရှိတတ်တဲ့ ဂျစ်တူးလည်း
သူပေးတဲ့နည်း လမ်းလေး အတိုင်း ရေကိုတနေ့(၈)ခွက် ပုံမှန်သောက်ခဲ့ပါတယ် ။
နောက်တရက်လောက်ကြာတော့ ကျောပြင်အောင့် တာ သိသိသာသာ သက်သာသွားပါတယ် ။
ဒါနဲ့ပဲ ဂျစ်တူး ခင်တဲ့ မိတ်ဆွေတွေကို ကျန်းမာအဆင်ပြေချင်စိတ်နဲ့ “ တစ်နေ့တာ...ရေ(၈)ခွက် ”
အကြောင်း ဝေမျှဘို့ ဒီပို့စ်လေးရေးဖြစ် သွားရပါတယ် ။


ဘာကြောင့် တစ်နေ့တာ...ရေ(၈)ခွက် သောက်ဘို့ လိုအပ်သလဲ ဆိုရင်..
လူရဲ့ ခန္ဓာကိုယ်ထဲမှာ ရေဓါတ်က ၉၀% ကျော်ပါဝင်တယ် တဲ့။အသက်တွေ ကြီးလာလေ
ရေဓါတ် ဆုံးရှုံးမှု ပိုများပြီး ၊ ကလေးငယ်တွေ မှာတော့ ရေဓါတ်က (၁၀)ပုံပုံရင်
(၉)ပုံထက်မနည်း ရှိလို့ အသားအရေ စိုစိုပြေပြေ ဖြစ်နေတာလို့ ဆိုပါတယ် ။


ကျန်းမာရေး အတွက် ရေသောက်နည်း
အကောင်းဆုံး ရေသောက်သုံးတဲ့ နည်းလေးကတော့ .....ပျမ်းမျှအားဖြင့် (၂၀၀~၂၅၀ ml)
ရှိတဲ့ ရေတစ်ခွက်ကို တခါတည်းနဲ့အကုန် သောက်နိုင်ရင် အကောင်းဆုံးပါ ။ တဆက်ထဲ
မသောက်နိုင်ရင်တောင် (၅)မိနစ်အတွင်း ကုန်အောင်သောက်သင့် ပါတယ် ။ဒါမှခန္ဓာကိုယ်က
ရေဓါတ်ကို ပုံမှန်လက်ခံထားနိုင်မှာပါ ။ ရေငတ်မှ တငုံ ၊နှစ်ငုံ သောက်လိုက် မသောက်လိုက်
က ခန္ဓာကိုယ် ရေဓါတ်လက်ခံနိုင်စွမ်းအတွက် မထူးမခြားနား ဖြစ်မှာသေချာပါတယ် တဲ့လေ..။


ရွေးချယ် သောက်သုံးသင့်သည့် ရေ
ရေသန့်ကို သောက်သုံးသင့်သလို ၊ ရေကို ကျိုချက်သောက်သုံးပါ ။ နွေရာသီမှာ လူတွေ
အများစုက ရေခဲရေကို နှစ်နှစ်ခြိုက်ခြိုက် ရွေးချယ်သောက်သုံး ကြပါတယ် ။ တကယ်တော့
ရေခဲရေဟာ အစာအိမ် အလုပ်လုပ်ခြင်းကို အနှောက်အယှက် ဖြစ်စေပါတယ် ။ ရေကို
ရေကျက်အေး သို့မဟုတ် ရေနွေးနွေးလေး သောက်သုံးခြင်းအားဖြင့် ကျန်းမာရေးအတွက်
ကောင်းသလို အစာချေဖျတ်မှုအားလည်း ကောင်းစေပါတယ်၊ တနည်းအားဖြင့် အစာကြေလွယ်ကူ ပါတယ် ။


အစာ မစားမှီ ရေသောက်ခြင်း
ရေသောက်တာတော့ အချိန်မရွေး နေရာမရွေး သောက်သုံးလို့ ရပါတယ် ။ အများအားဖြင့်
ရေကိုငတ်မှ သောက်တတ်တဲ့ အကျင့်က မကောင်းတဲ့အကျင့်လေးပါ ။ ဖြစ်နိုင်ရင် ရေကိုအစာမစားမှီ
သောက်သုံးသင့်ပါတယ် .....ဒါမှအစာအိမ် လမ်းကြောင်းရှင်း သွားပြီး အစားအစာထဲမှာ ပါဝင်တဲ့
အဟာရကို တိုက်ရိုက် လက်ခံထားဘို့ လွယ်ကူပါလိမ့်မယ် ။

အလုပ်တက်နေသော သူများ ရေသောက်ဘို့ မေ့လျော့တတ်ခြင်း ၊ အလုပ်မှာအိမ်သာ ခဏခဏ
သွားရတာ အလုပ်ရှုတ်တယ် ထင်သူများဟာ ရေကိုများများ သောက်လေ့မရှိကြပါဘူး ။
အချိန်ကြာလာလျှင် ဆီးအောင့် ၊ ဆီးကျင်ခြင်း ၊ ခါးနာခါးအောင့် ၊ကျောက်ကပ်မှာ ကျောက်တည်ခြင်းများ
ဖြစ်တတ်ပါတယ် ............။ နောက်ဆုံး ကျောက်ကပ်လုံးဝ မကောင်းလို့ ကျောက်ကပ်အစားထိုးရတဲ့
အဆင့်အထိ ရောက်တတ်ပါတယ် ။

ရေကို တနေ့တာ (၂၀၀၀ ml) သောက်ခြင်း အားဖြင့် ၊ ခန္ဓာကိုယ်မှ မသန့်ရှင်းတဲ့ အညစ်အကြေးများ
ဆီးသွားသည့် အခါပါသွားတတ်ပါတယ် ။ အသားအရေလဲ စိုစိုပြေပြေ ဖြစ်နိုင်သလို ၊ အပိန်ကျင့်နေတဲ့
မမလေးတွေအဖို့ မလိုအပ်တဲ့ အဆီ(脂肪)များ ဆီးနှင့်အတူ ရောပါသွား တတ်ပါတယ်။ ဒါကြောင့်
ကျန်းမာရေး အတွက် ရေကို နေ့စဉ်ပုံမှန် သူ့အချိန်လေးနဲ့ သူ သောက်သုံးသင့် ပါတယ် ။

ရေသောက်သင့်သည့် အချိန်
တစ်နေ့တာ အတွက် ရေ(၈)ခွက်သောက်ဘို့ဆိုတာ တကယ်တော့ တော်တော်ခက်ခဲ ပါတယ်။
ကျန်းမာရေးအတွက် ဆိုတော့ စိတ်ပါလက်ပါ လိုက်နာသောက်သုံး သင့်တယ်လို့ ယူဆမိလို့
ကြိုးစားလိုက်နာ ကြပါလို့ အကြံပေးချင်တာပါ။

နံနက်စောစော အိပ်ရာထထခြင်း အချိန် မှာ ရေ ၂ ခွက် သောက်သင့်ပါတယ်တဲ့...
(ဒီအချိန်က ရေသောက်ဘို့ ပိုအရေးကြီးပါတယ်.....မနက်စောစော အပေါ့သွားတဲ့အခါ
ခန္ဓာကိုယ်မှ အညစ်အကြေးတွေ ဆီးနှင့်အတူ ပါသွားနိုင်လို့ပါ ၊နောက်တစ်ခုက ၀မ်းမချုပ်
စေပါဘူး ။)

မနက်(၁၀း၃၀) : ၁ ခွက်
နေ့လည်ထမင်း မစားခင်အချိန် : ၁ ခွက်
ညနေ(၃း၀၀) : ၁ ခွက်
ညနေ(၅း၀၀) : ၁ ခွက်
ညစာထမင်း မစားခင်အချိန် : ၁ ခွက်
ညအိပ်ရာ မ၀င်ခင် (၁)နာရီ အလို : ၁ ခွက်
(ရေတစ်ခွက်ကို ၂၀၀ ~၂၅၀ml )စံထားပြီးသောက်သုံးပါ ။



ဂျစ်တူး သိသလောက် မှတ်မိသလောက် ကြိုးစားပြီး ဘာသာပြန်ထားပြီး ရေးထားတာပါ ။
အကြောင်းအချက်အလက် လိုအပ်တာတွေ မချောမွေ့တာရှိခဲ့ရင် နားလည်ပေးပါလို့
မေတ္တာရပ်ခံပါတယ် ....။
ရေသောက်ခြင်းဟာ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ကြားဘူးသလို
ရေကိုလိုအပ်တာထက် အလွန်အကျွံ သောက်သုံးခြင်းကြောင့် ရေအဆိပ်တတ်ပြီး အသက်ပါ
ပျောက်ရတဲ့ သတင်းတွေ တွေ့ဖူးပါတယ် ။ဒီပို့စ်လေးက မောင်နှမများ အတွက်အနည်းငယ်ပဲ ဖြစ်ဖြစ်
အကျိုးရှိမယ် ထင်မိလို့ ဘာသာပြန် တင်ပေးလိုက်ရတာပါ ။အသားအရေ လှချင်တဲ့မမများ ၊ ကျန်းမာရေး
လိုက်စားတတ်တဲ့ အကို၊မောင်တွ ၊ အမများ၊ ညီမများ တစ်နေ့တာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေကို
မမေ့မလျော့ သောက်သုံးကြပါလို့ တိုက်တွန်း ချင်ပါတယ် .......။



ဂျစ်တူး ချစ်ခင်လေးစားရသော မောင်နှမများ ကျန်းမာပျော်ရွှင်နိုင်ကြပါစေဗျာ..................။



လေးစားစွာဖြင့်
ဂျစ်

15 comments:

မေဒီဇာ said...

jie jie ဂျစ် ပြောမှပဲ ရေသောက်ရခြင်းရဲ့ အကျိုးကို သိရတော့တယ်။ မေဒီလည်း ခုတစ်လော ဘယ်ဖက် နောက်ကျောက ကျဉ်သလိုလိုတော့ ဖြစ်နေသား။ ရေသောက်နည်းလို့လားမသိ။ ခုလို နည်းလမ်းမျှဝေတဲ့အတွက် လိုအင်ဆန္ဒ တစ်လုံးတစ်ဝ ပြည့်ဝနိုင်ပါစေနော်။

နဒီမိုးညို said...

ကျောအောင့်နေတယ်..ဆိုတော့.
မကောင်းဖူးနော်..ဂရုစိုက်အုံး.
နဒီ..က..ဖြစ်ဖူးတယ်..တော်တော်ကုလိုက်ရတယ်.
ကိုယ်ချင်းစာတယ်..သိလား..
ပျော်ရွှင်ပါစေ

Yu Ya said...

ဂျစ်တူးရေ... ဒီနေ့ကစပြီး ရေကိုများများ သောက်တော့မယ်။

ကျေးဇူးတင်စွာဖြင့်
yu ya

Anonymous said...

ရေသောက်ရင် အဆီကျပြီး ပိန်တယ်ဆိုတာ ဟုတ်တယ် ဂျစ်တူးရေ။ လက်တွေ့ပဲ။ ကိုယ်တော့ မဟုတ်ဘူး။ ကိုယ့်အမျိုးသား။ :)

စိတ်စမ်းရေ said...

ရေသောက်နည်းလေး မျှဝေပေးလို့ ကျေးဇူးပါ...။

Anonymous said...

မရေ...............
ကျေးဇူးနော်
မြူးလဲရေတော့အသေသောက်
ပိန်ချင်လို့ ပိုသောက်တာဟီးးးးးးးးး
ချစ်တဲ့
မြူးလေး

မေဇင် said...

ဟယ်...မန့်တွေ မှာဖတ်ရတာ..ရေသောက်တာ ပိန်တယ်တဲ့ တော့..ဟိဟိ ဂျစ်ရေ...သေချာပြီ နောင့် တော့..ရေ များများသောက်တော့မယ်...ဒီနေ့ကစပြီး...မျှဝေပေးတာ ကျေးဇူးနော်...။

kiki said...

ရေသောက်တာ ကျန်းမာရေးနဲ့ ညီညွတ်စေတယ်။ မှန်တာပေါ့ ။တနေ့ ကို ၂ -၃ လီတာလောက်သောက်ရင် အကောင်းဆုံး ပါ ။
ဒါပေမဲ့  တန်ရင်ဆေး၊လွန်ရင်ဘေး တဲ့.. ရေအဆိပ်တက်ခြင်း( Water Intoxication) ဆိုတာ လဲ ရှိတယ်နော် ။ အလွန်အကျွံ သောက်ရင် လည်းမကောင်းဘူး ။ဟိုတနေ့ က ဒီမှာ ဘဲ လေ ။လူတယောက် တနေ့ ကို ရေ ၈ လီတာ ကျော်သောက် တာ ...ဒုက္ခ ရောက်သွားတယ် ။

ဒီလို ပညာပေး စာလေးတွေ ရေးပေးတာ ကောင်းတယ် ဂျစ်ရေ..

အားပေးလျှက်
မမကိ

ကောင်းကင်ပြာ said...

ကျေးဇူးပါ ညီမငယ်ရေ၊ ရေသောက်ပါတယ်၊ ထပ်သတိပေးတော့ မမေ့တော့ဘူးပေါ့

မငုံ said...

မှတ်သားသွားတယ် ဂျစ်ရေ။ ကျေးဇူးပါ။ မငုံ က ရေသောက်တာ နည်းတယ်။ တနေ့ ၂ခွက် လောက်ပဲ သောက်တယ်ဆိုတော့ တော်တော်နည်းတယ်။

မိုးစက်အိမ် said...

ဂျစ်တူးလေး က ရေသောက်တာနဲ. ပက်
သက်ပြီး အသေးစိတ်ပြောပြတာ ဗဟုသုတတွေ
ရသလို ကျေးဇူးလဲ တင်တယ်ဗျာ...ကျွန်တော်
ကရေသောက်နည်းတယ် ဘာဘဲဖြစ်ဖြစ် ခုတော.
ပိုသောက်ရမယ် :)

ahphyulay said...

ရေအသက်တမနက်တဲ့ သောက်ကိုသောက်ရမယ်
ငယ်ငယ်တုံးကမြစ်ရေပဲသောက်ခဲ့ ရတာဗျ
ဘာမှမဖြစ်ဘူး၊ပီအိတ်(ချ)တွေသောက်မှပဲ
ရောဂါပေါင်းစုံဖြစ်တော့ တယ်

မမသီရိ said...

မမလဲ အမြဲ သတိထားပြိးသောက်တယ်
ရေသောက်နည်းပြီ ဆို ကျောအောင့်တော့တာပဲ

မိုးမခ said...

ဟုတ်တယ် ရေများများသောက်သင့်တယ်
မျှဝေပေးတာ ကောင်းလှပါတယ်
တန်ဖိုးရှိတဲ့ စာစုလေးပါပဲ...။

ချစ်တဲ့မောင် said...

ရေသောက်ဘို့ သတိပေးရင် ကောင်းမှာပဲ