Tuesday, July 7, 2009

လောင်းကြေး


တစ်ခါတလေများ
စဉ်းစားမိတယ်
တကယ်လို့များ......ငါသေသွားရင်
ငါချစ်တဲ့သူ
လွမ်းဒဏ်ရာနဲ့
ပြန်လာနိုင်မလား.....သိချင်ပါရဲ့ ။


တကယ်လို့သာ
ပြန်လာမယ်ဆို
ငါ့အသက်ကိုစတေး
လောင်းကြေးထပ်ပြီး
ပြန်ခေါ်လိုက်ချင်.............


ဒါပေမဲ့လည်း
သေ၀ံ့သူရဲ့
မြင်ခွင့်မရှိမဲ့
မျက်ဝန်းတွေအတွက်
ဝမ်းနည်းမိတယ်.........................။
(၇.၃.၂၀၀၁)ချစ်သူ “မောင်”ရေးဖွဲ့သည် ။
ချစ်သူလေး“ဂျစ်”သေသေချာချာ ဖတ်ကြည့်ရင် ရှင်းပြစရာတောင်
မလိုလောက်ပါဘူး ......သိစေချင်တာက အဲ့ဒီလောက်ထိ မင်းကို
လွမ်းတယ် ..............။
ချစ်ခင်လေးစားစွာဖြင့်
ဂျစ်တူး

12 comments:

မေဇင် said...

အိုး....မမ ရေ... မမ ရဲ့ မောင် ကဗျာတွေက မိ လှချည်လား..အားကျအောင် တင်ပေးနေတာလား ဝေ..း)

မိုးစက်အိမ် said...

ဂျစ်ရေ လုပ်ပေါ.ဝေ. လုပ်နိုင်တဲ.လူတွေ
တို.များတော.ကွာ ... အားကျယုံသာ
ရှိပါတယ် ကွယ်... :)

နဒီမိုးညို said...

အသက်နဲ့ တော့..လောင်ကြေးမထပ်ရဲဖူး.
လွမ်း၇တဲ့ဒုက္ခကို..မခံစားနိုင်လို့ ပါ..ဂျစ်ရေ..
ပျော်ရွှင်ပါစေနော်

thawzin said...

”တကယ်လို့များ သေသွားခဲ့ရင်”
အမိုက်စားလေး စားသားကတော့
ကမ်းကုန်အောင် မိုက်မယ့် စာသားပဲ
အချစ်တွက်နဲ့တော့ မသေစမ်းပါနဲ့ဗျာ
တကိုယ်ကောင်းဆန်(အဲဒီမှာသုံးတဲ့ စံ ဆိုတာဘယ်လိုရေးတယ်မသိဘူး) လွန်းလို့ပါ...
သူကိုပါခေါ်သွားပေါ့ နှစ်ကိုယ်ကောင်းဆန် တော့တော်သေးတယ် မဟုတ်လား?
ခင်မင်ချင်လို့နောက်ပါသည် သည်းခံပေးပါဗျာ
ခင်မင်စွာ
ငသော်

ahphyulay said...

လွမ်းဆွေးကြေကွဲခြင်းတွေက မျှော်လင့် ချက်
မဲ့ နေတဲ့ လမ်းစပေါ်၊ ခြေချမိသူတွေအတွက်ပါ၊
ပြန်မဆုံနိုင်တော့ မဲ့  မီးရထား သံလမ်း နှစ်ကြောင်း
လိုပါ။ အတူတူတော့  သွားနေကြတာပဲလေ...
ဦးတည်ချက်တော့ တူနေပြီး ရည်ရွယ်ချက်မတူ
တော့ တာ။

အိုက်ခီလောက် said...

လုပ်ပြီဝေး ဂျစ်တူးလေးတော့
ဘာမှမပြောလိုပါ ပြောလည်းပြောမထွက်ပါ

Sein Lyan Tun said...

မောင် က ရေးတတ်လိုက်တာ

လွမ်းတတ်လိုက်တာ

မောင်လို ရေးတတ်လွမ်းတတ် ချင်တယ်

ပြောပေးပါ ဂျစ်ရေ


မောင်လိုလွမ်းတတ်အောင် ဖိုးစိန် သင်ချင်ပါတယ်လို့


ချစ်ခင်စွာဖြင့်

ဖိုးစိန်

ချစ်တဲ့မောင် said...

ချစ်သူကိုလွမ်းလွန်းတော့ ခဏလေးဖြစ်ဖြစ်တွေ့ခွင့်ရဘို့
အတွက် အတွေးတွေဟိုရောက်ဒီရောက်နဲ့ အဲဒီလိုတောင်
စိတ်ကူးမိခဲ့ဖူးတယ်လေ...။

အတိတ်ကို မမေ့သေးတဲ့ မောင့်အတွက် ဒီကဗျာဖတ်ပြန်ရတော့ အလွမ်းခါးခါးတွေကို မြင်ယောင်နေမိတယ်...။

ဂျာမုန်းဒန် said...

အိုးဂျစ်လေးေ၇....ချစ်သူကိုချစ်လိုက်ပုံများစံတင်ထိုက်စရာပင်။
ချစ်သူသာသိရင်....ကျေနပ်လောက်ပါပေတယ်။
ဖြစ်ချင်တဲ့ဆန္ဒပြည့်ဝပါစေလို့ဆုတောင်းရင်း
မမဂျာမုန်းဒန်

ရဲဝင့်သူ said...

သေ၀ံ့သူရဲ့
မြင်ခွင့်မရှိမဲ့
မျက်ဝန်းတွေအတွက်
ဝမ်းနည်းတယ်...

ကောင်းဗျား။

နေဒေးသစ် said...

ချစ်သူများ ငြိမ်းချမ်းပျော်ရွှင်ကြပါစေ ..
နေဒေးသစ်။

rose of sharon said...

အဲလောက်တောင်ချစ်တယ်လား?