Wednesday, July 22, 2009

နတ်ကြေ

ဒီနေ့ မနက်(၈)နာရီကျော်လောက်က officeမှာ တရုန်းရုန်း ဖြစ်နေကြပါတယ် ....။
ဘာလို့လဲဆိုတော့ ဒီနေ့ နေကြတ်တာကို (၉)နာရီကနေ (၁၀)နာရီအတွင်း သေသေချာချာ
မြင်နိုင်မယ်လို့ သတင်းဋ္ဌာနက ကြိုတင်ကြေညာ ထားသောကြောင့် အလုပ်စတက်တဲ့
အချိန်ထဲက မငြိမ်သက်ပဲ ဒီအကြောင်းပဲ ဆွေးနွေးနေဖြစ်ကြတယ် ....။

“နေ”ကို“လ”က အပြည့်ဖုံးမယ့် အချိန်က ထိုင်ဝမ် စံတော်ချိန် (၉း၃၃မိနစ်မှ ၉း၄၀မိနစ်)
အတွင်းမှာ တွေ့ မြင်ကြရပါတယ် ။ ဂျစ်တူးလဲ (၉း၀၀)ထိုးတော့ ရုံးအပြင်ကို ခဏသွား
ကြည့်လိုက် အလုပ်လုပ်လိုက်နဲ့ နေရာမရဖြစ်နေတယ် ...။

ပြီးတော့ နေကြတ်တာကို မျက်စိကို အကာအကွယ် မရှိဘဲကြည့်ရင် မျက်စိပျက်တတ်တယ်လို့
အလုပ်က အန်တီ ကပြောလို့ မြန်မြန်အလုပ်နေရာကို ပြန်ပြီး နေကာမျက်မှန် ဘယ်သူ့ဆီပါလဲ
လိုက်မေး ကြည့်မိတယ် .....။နောက်တော့ 3.5DiSC မှာပါတဲ့ coverလေး ဒါမှမဟုတ် ဓါတ်ပုံဖလင်နဲ့
ကြည့်ရင်မြင်တယ်ဆိုလို့ ပြေးလွှားယူပြီး ကြည့်တော့ တသက်လုံးကြာကြာ မကြည့်နိင်ဘဲ
ထွန်းလင်းတောက်ပ နေတဲ့နေမင်းကြီးခမျာ ဒီတခါတော့ ကြက်ဥနှစ်ရောင် လခြမ်းပဲ့လေးပုံစံမျိုးမြင်လိုက်ရတယ် ....။

ဂျစ်တူး တစ်ခါမှ နေကြတ်တာ မမြင်ဘူးပါဘူး။
ရှားရှားပါးပါး မြင်ခွင့်ရလိုက်ရတော့ ကြည်နူးသွားတယ် ။
ဒီလို “နေ”နဲ့“လ”တစ်ထပ်တည်း အပြည့်အ၀ ကျဘို့ မြင်ချင်ရင် နောက်အနှစ် ရာကျော်စောင့်မှ မြင်ရမယ်ဆိုလို့
ဒီနေ့ နေကြတ်ခြင်းကို မြင်လိုက်ရတော့ ကျေနပ်သွားမိတယ် ။

နေကြတ်တာကို အာရှမှာ ရှိတဲ့ ဘလော့ဂါသူငယ်ချင်းတော်တော်များများ မြင်လိုက်ရနိင်ပေမယ့်
အိပ်ပျော်နေပြီး နေကြတ်တာကို မမြင်လိုက်ရတဲ့ ချစ်သူမောင် အတွက်မြင်စေချင်တဲ့ ဆန္ဒရယ်
လုပ်ငန်းခွင်ကို ရောက်ရှိနေတဲ့ မောင်နှမသူငယ်ချင်းများ အတွက်ရည်ရွယ်ပြီး yahoo ကနေ
ပုံလေးများစုဆောင်း တင်ပြလိုက်ရတာပါ....။











နေကြတ်တဲ့ ပုံလေး

ရှန်ဟိုင်းမှာ အမှောင်ကျသွားတဲ့ ပုံလေးပါ ။





11 comments:

ကောင်းကင်ပြာ said...

အမတော့ အလုပ်ထဲ ရောက်နေလို့ မကြည့်ရဘူးကွယ်၊ ဒီမှာတော့ မိုးတွေ တအားရွာနေတာ၊ ပုံလေးတွေ ကြည့်သွားတယ်နော်

ဂျာမုန်းဒန် said...

နေကြက်ပုံကိုလာကြည့်သွားတယ်
အားလုံးကိုဖုံးလွမ်းနိုင်တယ်နော်။
မနေ့ညဂျာမုန်းတို့ဆီမှာလည်းမိုးကြိုးတွေပြစ်နဲ့
အရမ်းကိုကြောက်စရာကောင်းတယ်
ချစ်တဲ့မမ
မုန်း

ဇော် said...

အယ်
နေကြတ်တဲ့ပုံဗျ။
ကျနော်ငယ်ငယ် ၄တန်းတုန်းက ရန်ကုန်မှာ နေကြတ်တာကို တစ်ခါပဲ မြင်ဖူးလိုက်တာ။
ခုရိုက်ထားတာ အရမ်းလှတယ်နော် ဒေါ်လေးဂျစ်။
=)

Anonymous said...

စင်ကာပူမှာတော့ မနက်မိုးရွာတယ်
နေ့လည်ကျတော့ သတိမရလိုက်တော့ဘူး။

kiki said...

ဂျစ်တူးလေးက ကံကောင်းလို့ နတ်ကြေတာကြီး မြင်လိုက်ရသေးတယ် ..

မကိ မှာတော့ အလုပ်ထဲမှာ အပြင်ထွက်ဖို့ အဆင်မပြေတာနဲ့ လောကကြီးနဲ့  အဆက်ပြတ် နေရတယ် ။။
စိတ် ကုန် တယ် ..

ကမ္ဘာသူ ကမ္ဘာသား အားလုံး
ကံကောင်းကြပါစေ ။ ချမ်းမြေ့ ကြပါစေ ။ ဘေးအန္တရာယ် ကင်းဝေးကြပါစေ

မြစ်ကျိုးအင်း said...

မမြင်လိုက်ရလို့ ခုမှနေကြတ်တယ် သဘောထား
လိုက်မယ် မကောင်းဘူးလား ရိုက်ထားတာလေး လှတယ်နော် ...နောက်တခေါက်ကြတ်မှပဲ ဥရောပဘက်
သွားပြီး သေသေချာချာ ကြည့်တော့မယ်....

နဒီမိုးညို said...

ဒီဘက်မှာလဲ..မိုး..အုံ့ နေလို့ မမြင်လိုက်ရဖူး..
ပုံလေး.တွေ.ပဲ..ကြည့်ရတော့မယ်

စိတ်စမ်းရေ said...

မိုးအုံ့နေလို့ မမြင်လိုက်ရဘူးဂျစ်ရေ.........

သားကြီး said...

ဗွီဒီယိုကြည့်လို့ရရင်ပိုမိုက်မယ်ဗျာ
ပုံတွေကတော့အလင်းအမှောင်လှတယ်

ကိုလူထွေး said...

မမြင်လိုက်ရတာ ပြန်ပြပေးလို့ ကျေးဇူးပါ ဂျစ်တူးရေ... ၂၀၃၇ ဆိုလာ နောက်တကြိမ် ပြန်ကြုံမယ် ပြောတာပဲ...

ငယ်ငယ်တုန်းကတော့ ကြည့်ဖူးတယ်... အဲဒီတုန်းက ကျောင်းမှာ ဆရာမတွေရော ကျောင်းသူကျောင်းသားတွေရော အပြင် ထွက် ကြည့်ကြတာ...

Sein Lyan Tun said...

ဒီမှာ တော့ သိတောင်မသိလိုက်ဘူး

း)

ငယ်ငယ်တုန်းကတော့ တခါကြုံဖူးတယ်

နေကြတ်.. ရေသောက်.... ပစ္စည်းပျောက်တဲ့

ဘာပစ္စည်းပျောက်တတ်မှန်းမသိလို့ ရေမသောက်ခဲ့ဘူး..

သားသားကြောက်လို့ လေ


ခုတော့ နေကြတ်တာမသိလိုက်ပဲ ကြတ်နေတဲ့အချိန်သောက်မိသလားလို့ 

တွေးပူနေမိပီး

အဟီးးး


ချစ်ခင်စွာဖြင့်

ဖိုးစိန်