Wednesday, June 10, 2009

Online ပေါ်မှ သူငယ်ချင်းများ(1)

ဒီပို့စ်လေးကို ရေးဖြစ်သွားတာကတော့ လွန်ခဲ့တဲ့ အပတ်က စင်ကာပူရောက်
သူငယ်ချင်း ဖုန်းဆက်လာ ဖြင်းကြောင့်ပါပဲ....။ သူမနဲ့ “ ဂျစ်” စတင်သိကျွမ်းခဲ့ရ
တာကတော့ skype online ပေါ်ကစသိတယ် ပြောရမှာပဲ...။ သူ့နာမည်က
“ဖြိုး”လို့ခေါ်ပါတယ်...စသိတဲ့နေ့က သူကအရင် invite စလုပ်ခဲ့တာပါ။

ထုံးဆံအတိုင်းဘယ်သူ.. ဘယ်ဝါ..ဘယ်မှာနေလဲ...ဘာအလုပ်လုပ်လဲ မေးကြမြန်းကြတာပေါ့....။
သူကတော့ profile မှာမြန်မာကဆိုလို့ လာမိတ်ဆက်တာလို့ ပြောပါတယ်။
အချင်းချင်းမိတ်ဆက် လို့ခင်မင်သွားတယ်...နောက်ပိုင်းမှ သူနဲ့စကားစပ်မိပြီး
ခုလက်ရှိရောက်နေတဲ့ နိုင်ငံချင်းတူနေတာ သိလိုက်ရတော့တယ်....။နေတဲ့အိမ်ကလည်း တကယ့်မှ
နီးနီးလေး ရယ်.......။

online မှာဆိုသူ့အသံက ခက်မာမာနဲ့ ပြက်သားတယ်....အပြင်မှာကတော့ ပုပုသေးသေးလေး
ချစ်ဖို့ကောင်းတယ်...။သူကအလုပ်ရှာတုန်း အချိန် ..“ဂျစ်”က officeမှာ သာမန်အငယ်တန်း
ှQuality Assurance ဘ၀မှာပေါ့ ။ ညဘက်ကျောင်းတက်တဲ့ ဘ၀ချင်းတော့ တူတူပါပဲ ...။
ဒီလိုခင်နေရင်းမှာ နွေရာသီ ကျောင်းပိတ်ရက်တွေ ညပိုင်း Part time အလုပ်တူတူလုပ်ဖို့
ပြောဖြစ်ကြတယ်...ဒါနဲ့ coffee shop တစ်ခုမှာအလုပ်ဝင်လုပ်ဖြစ်တယ်....။

သူကဂျစ်ထက် လစာပိုရတယ် သူကကော်ဖီဖျော် ၊ ကော်ဖီစပ်တာ တကယ့်ဆရာမကြီးပေါ့...
ဂျစ်ကတော့ ကောင်တာမှာ ငွေရှင်းငွေသိမ်းလေးပေါ့ ...သူနဲ့ဂျစ် အလုပ်ဆင်းရင် coffee
တစ်ယောက်တစ်ခွက်နဲ့ အငြိမ့်စားထိုင်ပြီး ရင်ထဲက စကားတွေရင်ဖွင့် ဖြစ်ကြတယ်...
ပြီးမှအိမ်ကို ဆိုင်ကယ်တူတူစီးပြီး ပြန်ကြတယ်...။

“ဖြိုး”လို့ခေါ်ဖြစ်တာကတော့ သူက၀၀ဖြိုးဖြိုးလေး ဖြစ်လို့ချစ်စနိုးနဲ့ ခေါ်တာပါ...
နာမည်အရင်းကတော့ မပြောတော့ဘူးနော်....ဂျစ်က သူနဲ့စကားပြောတိုင်း ဂျစ် ချစ်သူ
အကြောင်းမပါမပြီး ပြောလို့ ဂျစ်ကိုတော့ သူက “အချစ်”လို့နောက်ပြီး ခေါ်လေ့
ရှိတယ်....။(မိန်းကလေး အချင်းချင်းခေါ်တော့ ကြက်သီးတော့ ထသား.......ဟဲဟဲ ။)

သူကိုစသိတော့ သူ့ဆီမှာဘာရည်ရွယ်ချက် ရှိတယ်ဆိုတာမသိခဲ့ပေမဲ့
နောက်ပိုင်းအရမ်း ရင်းနှီးလာတော့ သူပြောပြချက်အရ သူရည်းစားကဖြတ်သွားတာ
မကြာသေးဘူးတဲ့ ဘာလို့လဲဆိုတော့ နှစ်စဉ်မြန်မာပြည်ကို ပြန်မတွေ့နိုင်လို့ နောက်တစ်
ယောက် ထပ်ရှာသွားတယ်လို့ ပြောပြီး ငိုပါလေရော....သူ့ကောင်လေးက သူ့ကိုမချစ်လို့
လားဆိုတော့လည်း သူပြောပြချက်မရဆို သိပ်ချစ်တယ်ထင်ရတာပါပဲ....သူကတော့
ဘ၀ကိုကျောင်းတဖက် အလုပ်တစ်ဖက် ဖြစ်နေချိန် သူ့ချစ်သူ ကတော့ အခြားတစ်ယောက်ရဲ့
ချစ်သူဖြစ်သွားချိန်ပေါ့....။

ဒါကသူမနဲ့ ပက်သက်တဲ့ အဖြစ်လေးတစ်ခုပါ....နောက်ပိုင်း သူစင်ကာပူကို ကျောင်းသွားတက်
တယ်.....မကြာမကြာ ဂျစ်ဆီပြန်လာတယ်.....သူ့ဆီမှာ ရည်းစားရတာ မကြာသေးဘူး သိလိုက်
ရတယ်......(၁)နှစ်အတွင်း သူ့ရည်းစားဖြစ်သူ သူ့ချစ်သူက သူ့ကိုလက်ထပ်ခွင့်တောင်းပြီး မကြာသေးခင်မှာပဲ
မင်္ဂလာဆောင်သွား ပါပြီ......အဲဒီမင်္ဂလာဆောင်သွား တာနဲ့ပက်သက်ပြီး အတွေးတစ်ခုတော့ ပေါ်မိသည်...
အော်အော် .................ဖြိုး.........ဖြိုး.................
တကယ်လို့များ နောက်ထပ် ချစ်သူနဲ့ဝေးတဲ့နေရာ “ ဇြိုး” ရောက်သွားရင် ခုလက်ရှိ သူ့ချစ်သူက
သူ့ကိုထပ်ပြစ်သွားမှာ စိုးလို့မြန်းလား ..မသိဘူးဆိုပြီး ဂျစ် တစ်ယောက် တွေးပြီးသဘောကျရတယ်....
.နောက်လ သူပြန်လာရင် သူငယ်ချင်းကို ဒီမေးခွန်းမေးလိုက်ပါအုံးမယ်..............ဗျာ...........။
ချစ်သူငယ်ချင်း ပျော်ရွှင်အောင်မြင်တဲ့ ဘ၀ပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးလိုက်တယ်နော် ။

(ချစ်သူငယ်ချင်း “ဇြိုး”အတွက် ခင်မင်မှု အမှတ်တရ )

Tuesday, June 9, 2009

နီးနီးလေး

“မောင်ရဲ့.... ချစ်သူများနေ့ အမှတ်တရလေး ”

ချစ်တဲ့သူရေ
ရာသီကအေး တို့တွေဝေးရင်
မင်းအကြောင်းကိုတွေး
ရင်မှာနွေးတယ်.....။

မျက်လုံးကိုမှိတ်
ရင်မှာတိတ်ရင်
မင်းပုံရိပ်က
စိတ်မှာပြည့်တယ်....။

ချစ်သူစကား
ငါနားထဲမှာပြန်ကြားမိရင်
ရင်ထဲအေးမြ ပျော်ရွှင်ရတယ်.....။

ဘယ်အချိန်မဆို ငါ့ရင်ထဲကို
ငါကြည့်တဲ့အခါ
မင်းနဲ့ငါက နီးနီးလေးပါ......။

ဒါဆို
ငါတို့တွေဝေး သွေးအေးပြီလို့
ဘယ်သူပြောမလဲ ....။

“ဂျစ်”ရင်ထဲမှာ“မောင်”ရှိရင်
“မောင့်”ရင်ထဲမှာ“ဂျစ်”ရှိနေရင်
သေချာပါတယ်
နေ့တွေတိုင်းဟာ နီးနေမှာပဲ.......ချစ်သူ။
**၆ .၂. ၂၀၀၄ မနက် (၁၁း၄၇) မောင်ရေးစပ်ခဲ့ပါသည် ။**
“၁၄.၂.၂၀၀၄ ခုနှစ် Valentine's Day နေ့ .....မောင့်သိပ်ချစ်ရသော ချစ်သူလေးအတွက်”
{ချစ်သူရေ မောင်တို့နှစ်ယောက်ရဲ့ ရင်ထဲမှာ တစ်ယောက်ကိုတစ်ယောက် ရှိနေပေးရင် မောင်တို့ဝေးတယ်
ဆိုတာ ဖြစ်နိုင်ပါ့မလား...။ အချိန်တိုင်း “ဂျစ်”ဟာ မောင့်ရဲ့အနီးဆုံးမှာ ထာဝရအမြဲ ရှိနေပါတယ်....။}
အချစ်များစွာဖြင့် .....မောင် ...........

ဒီကဗျာလေးကတော့ မောင် ကျမအတွက် (၂၀၀၄)ခုနှစ်မှာ ကျရောက်တဲ့ ချစ်သူများနေ့အတွက် ပို့ပေးခဲ့တာပါ..
အဲ့ဒီအချိန်က ခံစားချက်ကို ပြောရမယ်ဆိုရင် ရင်ထဲမှာ တကယ် ငြိမ်းချမ်းရတယ်....မောင့်ကိုလဲ ရင်ထဲက လေးစားမိတယ်။
ဝေးနေချိန်မှာ သတိတရ ဒီကဗျာလေးကို “ဂျစ်”အတွက် ရေးစပ်ပေးလို့ သိပ်ချစ်တတ်တဲ့ ချစ်သူ ပိုင်ဆိုင်ခွင့် ရလိုက်တယ်လို့
ဂုဏ်ယူမိတယ် ပြောရမှာပါပဲ...................မောင့်ကိုလဲ မြတ်မြတ်နိုးနိုး ချစ်နေမှာပါ “မောင်” ~





Monday, June 8, 2009

မောင်နှင့်အတူ(၁)

ကျမဘ၀မှာ ဘယ်တော့မှ မေ့လို့မရတဲ့ အကြောင်းအရာတွေထဲမှာ မောင့်အကြောင်း
တွေကပိုများခဲ့ပါပြီ......။တစ်ချိန်မှာ မောင်နဲ့ကျမ သိပ်ချစ်ရတဲ့ ချစ်သူတွေ ဖြစ်လာလိမ့်မယ်လို့
ကျမ မတွေးမိခဲ့သလို မောင်လည်းပဲ တွေးမိခဲ့မှာမဟုတ်တာ သေချာပါသည်...............................။

ငယ်ရွယ်တဲ့ကျောင်းသူဘ၀မှာ အချစ်ဆိုတာကို ရင်ခုန်တတ်....ခံစားတတ်လာအောင် ဖန်ဆင်း
ပေးခဲ့တာကတော့ ချစ်တဲ့ “မောင်” ပါပဲ...ကျမကျောင်းသူဘ၀ (၇)တန်းနှစ်မှာ မောင်နဲ့စဆုံခဲ့ကြတယ်။
အဲ့ဒီနေ့လေးကတော့ မောင်ပြန်ပြချက်အရ မောင်က “ကျမကျောင်းစတက်တဲ့ နေ့လေးမှာ မောင်ကျမကို
မသိစိတ်နဲ့ ရင်ထဲရောက်ခဲ့တယ် တဲ့....

ဘာလို့လဲလို့ခုချိန် ပြန်မေးမိတော့ ပုံစံက တစ်ခြားကျောင်းသူတွေနဲ့ မတူလို့တဲ့ ” ဘယ်တူပါ့မလဲ ကျမကဂျစ်ကန်ကန် နေတတ်တယ်....စက်ဘီးတောင် မြန်မြန်ပြေးတဲ့ဘီးမျိုးမှ.....လွယ်အိတ်ဆို ကျောပိုး အိတ်မှ လွယ်ချင်တာ....တစ်ခြားကျောင်းသူတွေ ရင်ဖုန်းအကျီ င်္ဝတ်တဲ့ကြားထဲမှာ ကျမက
ဘလောက်အကျီ င်္ ခါးရှည်င်္နဲ့ပေါ့....ဆံပင်ပုံစံက ဂုတ်ဝဲ အဖြောင့်လေးနဲ့...လမ်းသွားရင်
ဆောင့်ကြွားကြွားနဲ့ မိန်းမမပီသတဲ့ မိန်းကလေးပါ....ဒီပုံစံကို အမှတ်မထင် မောင့်ရင်ဘတ်ထဲ
စွဲစွဲလန်းလန်း ရောက်ခဲ့တယ် ဆိုရမှာပဲ.............။

ကျမက မောင့်ထက်(၇)လ အသက်ကြီးတယ် ..ကျောင်းစတတ်တဲ့ နေ့က မောင်ကျမကို စမြင်ခဲ့တယ်..
မောင်ကသူ့အထင် သူ့ထက်အသက်တော့ နဲနဲကြီးမယ်လို့ ယူဆခဲ့တယ်တဲ့...ကျမက ကျောင်းရဲ့ဟောခန်း
နားမှာ မောင်တိန်စက်ဘီးလေး လာရပ်တာပေါ့...မောင်ကစမြင်ကတည်းက ကျမရဲ့အမူအရာတွေကို
စိတ်ဝင်တစား ကြည့်ခဲ့တယ်တဲ့....ကျမကတော့ ကျမအနီးနား ဘယ်သူဘယ်ဝါ ရှိနေမှန်းသတိကို
မထားမိခဲ့ပါဘူး......................။

အဲဒီနေ့မှာ ကျမအတွက်တော့ ကျောင်းစအပ်ရတဲ့ နေ့ပေါ့....နိုင်ငံခြားမှာ(၂)နှစ် ကျောင်းတက်တော့
မြန်မာပြည်မှာ အတန်းတွေအောက် ကုန်တယ်...ကံကောင်းတာကတော့ ကျောင်းလိုက်အပ်ပေးတဲ့
ဆရာမက ကျမတို့ကို မူလတန်းဘ၀ထဲက ရင်းနှီးခဲ့ရတဲ့ တရုတ်စာ သင်ပေးခဲ့တဲ့ ဆရာကြီးရဲ့သမီးပါ။

ဆရာမက အဒေါ်လိုဖြစ်နေတော့ ကျောင်းအပ်ဖို့သွားတဲ့ လမ်းမှာမေးတယ် “ဘေဘေး ဘယ်အခန်းနေ
ချင်တာလဲ”တဲ့ ကျမကတော့ အထူးတလည် နေချင်တဲ့အခန်း မရှိဘူး....ဒါပေမဲ့ ကျမကို(A)ခန်းကို
လိုက်အပ်ပေးတယ်..(A)ခန်းမှာ ထိုင်စရာနေရာမရှိတော့ဘူး...ဒါနဲ့ဆရာမ တစ်ယောက် ဘေးနားရောက်
လာပြီး သူ့(C)ခန်းမှာ လာအပ်ဖို့ ပြောလာတယ်....။

ကျမလည်း(C)ခန်းမှာ နေဖို့ဆုံးဖြတ်ခဲ့တယ်....ဒီကစလို့ မောင်နဲ့ကျမ အတန်းတူ အခန်းတူဖြစ်လာရတယ် ။
မောင်က “အဲဒီနေ့က ဟောခန်းနားမှာ စတွေ့ခဲ့တဲ့ ကျွတ်ဆတ်ဆတ် ကောင်မလေးက သူနဲ့တစ်ခန်းထဲ ကျလို့
ပျော်တယ်” တဲ့။နောက်တစ်ခု ကျမနဲ့မောင် ပိုမိုသိကျွမ်းစေဖို့ အကြောင်းတစ်ခု ဖန်လာတယ်....ဘာလဲ
ဆိုတော့ မောင်က ကျမထိုင်တဲ့ နောက်တန်းမှာ မောင့်ကိုဆရာမ နေရာချပေးခဲ့ခြင်းကြောင့်ပေါ့.....။

မောင်က စကားအရမ်း နည်းတယ်...တိတ်ဆိတ်စွာအမြဲ နေတတ်ခဲ့လို့ ကျမ မောင့်ကိုစတင် စိတ်ဝင်
စားမိခဲ့ရတယ် ဆိုရမှာပဲ....မောင့်ကို မောင့်ဘေးက သူငယ်ချင်းတစ်ချို့က မကြာခဏ နောက်နေတာ ကြားနေရတာကတော့ “ဟေ့ကောင် အသည်းကွဲနေတာလား .. စကားကနည်းပါ့ ပိုက်ဆံမပေးရ
ပါဘူးကွာ ”လို့ နောက်နေသံ ကြားရတယ်လေ...

ကျောင်းလာရင် ကျောင်းခေါင်းလောင်း အသံမြည်မှ မောင်ရောက်လာ တတ်သလို ကျောင်းဆင်း ခေါင်းလောင်းမြည်တာနဲ့ ကျမရဲ့ နောက်တန်းလေးမှာ မောင်မရှိတော့ဘူး....။
မောင်စကားနည်းတယ်....အခန်းထဲမှာ ဘယ်သူနဲ့မှ အရေးမကြီးရင် စကားမပြောတဲ့ သူလေ
ကျောင်းတက်ချိန် နောက်ကျရောက်ပြီး ကျောင်းဆင်းချိန် ချက်ချင်းပျောက်သွားတတ်တယ်....
ဒါတွေက ကျမ စိတ်ဝင်စားခဲ့ရတဲ့ အဖြစ်လေးတွေပါ.....။

မောင်က ကျောင်းအကျီ င်္ လည်ကတုံးလေး ကျောင်းစိမ်းပုဆိုးနဲ့ သိပ်လိုက်တယ်လို့ ဘယ်သူမှမသိအောင်
ရင်ထဲက မှတ်ချက်ချဘူး ခဲ့တယ်...မောင်လွယ်တဲ့ လွယ်အိတ်လေးက အနက်ရောင် သိုးမွှေးလွယ်အိတ်
လေးပါ.....မောင့်ကိုမြင်ရင် စမတ်သိပ်ကျတာပဲ .. ရိုးရိုးရှင်းရှင်း ၀တ်စားတတ်တယ်...။

မောင့်ကို မတော်တစ နောက်ဘက်လှည့်မိလို့ ကြည့်မိခဲ့ရင်တောင် မောင်က စာအုပ်တစ်အုပ် ဘောပင်တစ်ချောင်း နဲ့အလုပ်များ နေတတ်တယ် ....
သူ့ကိုစိတ်ဝင်တစား ကြည့်နေတဲ့ ကောင်မလေးရှိမှန်းတောင် သိပုံမပေါ်ပါဘူး။
ဒီလိုနဲ့ ကျောင်းတက်ရက်တွေ ဖြတ်သန်းရင်း.....မောင်နဲ့ကျမ စကားစပြောခဲ့ရတဲ့ အဖြစ်လေး စတင်ခဲ့
ရတယ်............................။

(ဆက်ရန်)


သူငယ်ချင်းမိတ်ဆွေ မောင်နှမများ ဂျစ်ရဲ့ ဘလော့လေးကို မအားလပ်တဲ့ကြားက ခင်မင်စိတ်ကလေးဖြင့်
မငြီးမငြူ လာရောက်အားပေးကြလို့ ကျေးဇူးတင်မိပါတယ်......ဒီဘလော့လေး ဖြစ်လာအောင် စိတ်ရှည်ရှည်
တည်ဆောက်ပေးခဲ့သူ “မောင်” ကိုလည်း ရင်ထဲက သိပ်ချစ်တဲ့ စိတ်လေးနဲ့ ကျေးဇူးတင်ချင်ပါတယ် မောင် ........။ စာရေးကောင်းသူ မဟုတ်တဲ့ ဂျစ်တူး ကိုအားပေးကြပါလို့ လေးစားစွာ တောင်းဆိုပါတယ် ။
လိုတာလေးတွေ ရှိရင်လဲ ဝေဖန်ကြပါနော်....ဂျစ်တူးကြိုးစား ပြင်ပါ့မယ် ။
လေးစားချစ်ခင်စွာဖြင့်
ဂျစ်တူးလေး

Friday, June 5, 2009

နောက်ဆုံး ညနေခင်း

(မောင်နဲ့ကျမ ခွဲခဲ့ရသော “နောက်ဆုံးညနေခင်း”သို့ ရည်ရွယ်ပါသည်။)

အေးစက်နေတဲ့ နှုတ်ဖျားက
နှုတ်ဆက်စကား.........
ဘယ်သူစလို့ ပြောမှာလဲ ။
ပြောမထွက်သလို
မကြားရက်တာလည်း.....ပါမှာပေါ့ ။

ဒီလိုနဲ့
တစ်ယောက်နဲ့ တစ်ယောက်
နောက်ကမ္ဘာသစ်ဆီ ခေါ်ဆောင်ဖြစ်ကြ
တစက္ကန့်....နှစ်စက္ကန့်......
စက္ကန့်များစွာ...............
ဒီအနမ်းဟာလည်း ကျန်ရစ်ခဲ့သူအတွက်
ပြန်မဖြစ်တဲ့.....အတိတ်ကို
ရင်ဆိုင်ရဲဖို့ နှစ်သိမ့်တာလည်း
ဖြစ်နိုင်ပါတယ်.........။

နေ့ပေါင်းများစွာ ....ညပေါင်းများစွာ
ဒီအနမ်းတွေကို
လွမ်းနေမှာပါ
တမ်း...တ....ရင်း...နဲ့ပေါ့။

ခန္ဓာကိုယ်ချင်းပွေ့ဖက်
လွင့်ထွက်မှာစိုးတဲ့ တို့နှစ်ယောက်ဟာ
မကြာခင်မှာ ဝေးရတော့မှာ
ကြိုသိနေတာတော့
ကြေကွဲဖို့.....ကောင်းလှတယ် ။
မငိုပါနဲ့ ချစ်သူရယ်
မျက်ရည်တွေထက် လေးနက်တဲ့စကား
မင်းနှုတ်ဖျားက .......ပြောလိုက်စမ်းပါ။
ဒီအချိန်မှာတော့ မင်းကိုလည်းငါ
မနှစ်သိမ့်နိုင်ရှာဘူး...
ငါ့ကိုယ်တိုင်တောင်
ပါးနှစ်ဘက်ပေါ်မှာ မျက်ရည်စတွေနဲ့လေ
နေပါဦး......ဂျစ်ရယ်
မင်းကကြာမှာမို့လို့......မှာနေတာလား?
ဘာပဲဖြစ်ဖြစ် နင်မှာသမျှကို
လိုက်နာပါ့မယ် ....။
ဒါပေမဲ့လည်း
မလွမ်းရစ်ဖို့တော့ မတားမြစ်ပါနဲ့
တကယ်တမ်းပြောရင်
ရင်ပွင့်မတတ် ချစ်ခဲ့မိလို့
ရင်နစ်အောင်တော့.....လွမ်းနေမှာပါ ။
အချစ်စစ်မှတော့
မလွမ်းဖြစ်တဲ့သူ ရှိနိုင်ပါ့မလား
နင်ယုံသင့်တယ် ချစ်သူရယ်
ထားရစ်ခဲံရသူအတွက်
ညပေါင်းများစွာ.......လပေါင်းများစွာ
ယုံကြည်နေမယ့်
စကားတခွန်းကို ..... မြန်မြန်ပြောပါ ။
“မကြာခင်ပြန်လာမယ်”
ဆိုတာပဲဖြစ်ဖြစ် ဒါမှမဟုတ်......
“အမြဲတမ်းသစ္စာရှိနေပါ့မယ်”ဆိုတာမျိုးပေါ့ ။
တို့နှစ်ယောက်ကို ဝေးကွာစေမယ့်
အချိန်တွေကတော့ ကဝေတကောင်လို
နီးကပ်လာပြီ.......။
ငါတို့နှစ်ယောက်
လက်တွဲဖြုတ်ပြီး နှုတ်ဆက်ရမယ့်
ညနေခင်းကို
သေမင်းထက်တောင်......ငါကြောက်မိတယ် ။
ဒီလို.....နောက်ဆုံးချိန်မှာ
ငါဘာလုပ်ရမလဲ
အေးစက်တဲ့လမ်းခွဲမှာ
နှုတ်ဆက်အနမ်းတွေ......ချွေရမှာလား?
မှာတမ်းတွေပဲ......ဝေရမှာလား ?
ဒီလိုနဲ့ပဲ နောက်ဆုံးမှာတော့
ငါကြောက်ရွံ့တဲ့ အချိန်ဓါးက
ငါတို့အနားကို .....ရောက်လာခဲ့ပြီ ။
“သွား...တော့...မယ်..”တဲ့
ဒါဟာ...နှုတ်ဆက်တာလား ?
ခဏလေး .... ချစ်သူရယ်
ကိုယ်တခုလောက် ပြောလိုက်ပါရစေ ။
“ကိုယ်....မင်းကို......သိပ်ချစ်တယ်”
ပြီးတော့............................
“အမြဲတမ်းလည်း လွမ်းနေမှာပါ
ရူးသွပ်ရင်းနဲ့ပေါ့........”။
**၁၈.၆.၂၀၀၀ မနက် ၁၀း၄၅ ရေးစပ်ခဲ့သည်။**
“ (၇)ရက် (၈)လ (၁၉၉၉) ချစ်သူနှင့် ခွဲခွာခဲ့ရသော ညနေခင်းသို့ အမှတ်တရ ”
နေ့စွဲတွေကို ဘာအတွက်ထည့်ပြောရလဲ ဆိုရင် ကိုယ်ဟာချစ်သူနဲ့ပက်သက်လာရင်
စနစ်တကျ မှတ်ထားလေ့ရှိတယ်....စာလာတဲ့နေ့တွေ ဖုန်းလာတဲ့နေ့တွေ ....နာရီတွေ
..ပစ္စည်းပို့တဲ့နေ့တွေ ...ပို့တဲ့စာရင်းတွေအားလုံးကို စနစ်တကျ လုပ်ခဲ့တယ် ။
အချစ်ကလွဲရင် ကျန်တာတွေ စနစ်တကျနဲ့ပါပဲ ။
ဒီ“နောက်ဆုံးညနေခင်း ”ကဗျာလေးကို ပြန်ဖတ်လိုက်တိုင်း ဗွီဒီယိုဇာတ်လမ်းလေး
တခုကို နောက်ပြန်ရစ်ကြည့် ရသလိုပါပဲ .....အရာရာဟာ အစီအစဉ်တကျ ပီပီပြင်ပြင်
ပေါ်လာခဲ့တယ်....။ကိုယ်ကတော့ ဒီကဗျာကို အကြိုက်ဆုံးပဲ...သိပ်လွမ်းနေချိန်မှာများ
ဒီကဗျာလေးကို ဖတ်လိုက်ရင် မျက်ရည်တောင်ကျခဲ့ဘူးတယ်.....ချစ်သူရယ် ..။
***မောင် ဒီကဗျာလေးကလည်း ဂျစ်တူးသိပ်ကြိုက်တဲ့ ကဗျာထဲမှာပါပါတယ် ...
သူများတွေလိုတော့ စာအရေးမကောင်းပါဘူး....ချွဲချွဲနွဲ့နွဲ့လည်း မပြောတတ်ခဲ့တဲ့
ဂျစ်အတွက် မောင်ခွင့်လွှတ်ပေးစေချင်တယ် ....စာဖတ်တာနည်းလို့ စကားပြောရတာ
လက်ပေါက်ကပ်တယ်လို့ မပြောပါနဲ့တော့နော်.... စာတွေဖတ်ဖြစ်အောင်
ကြိုးစားဖတ်နေပါတယ် ....။ မောင်ပေးခဲ့တဲ့ စာတွေ ကဗျာတွေကို ဘယ်အချိန်ထုတ်ဖတ်
ထုတ်ဖတ် ရင်ထဲမှာ မောင့်ကိုသိပ်ချစ်တယ် ဆိုတဲ့ အဖြေပဲထွက်နေတုန်းပါပဲ....မောင်။
ဂျစ်ဘယ်လောက် ချစ်တယ်ဆိုတာ မောင်မသိခဲ့တာ နှမျောဖို့တော်တော်ကောင်းတယ်...
မောင်ကစကားနာ ထိုးပြီး ပြောတတ်တဲ့စကားဟာ ဂျစ်ဘယ်လောက်ခံစားရမယ် ဆိုတာ
မောင်မသိဘူးနော်...“ငါလဲ ငါ့ကိုချစ်တဲ့သူကိုရှာချင်တယ် ”ဆိုတာမျိုးပေါ့...။
မောင်သိအောင် ပြောရရင် ဘ၀မှာ တွေ့ဖူးသမျှ ဘယ်ယောကျာင်္းမှ ဂျစ်ချစ်လောက်တဲ့
ယောကျာင်္းမရှိခဲ့ဘူး...မောင်ဟာဂျစ်ရဲ့အချစ်ဆုံးနဲ့.....ငယ်ချစ်ဦး ဆိုတာ ဘယ်သူငြင်းနိုင်
မှာလဲ...ဟင်....။ ( ဂျစ်ဘေးမှာမရှိတော့တဲ့ ချစ်သူ “မောင်”အတွက် ရည်ရွယ်ပါသည်...။)
**ဂျစ်တူး ဘလော့လေးကို လာလည်သော ချစ်သူငယ်ချင်းများ ...
ဂျစ်တူးက စာဖတ်အားသိပ်မကောင်းတော့ စာလုံးပေါင်းမှားယွင်းသည်ဖြစ်စေ...
စာတွေဖတ်ရတာ မချောမွေ့ဘူးဖြစ်ခဲ့ပါက သည်းခံပြီးဖတ်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်ဗျာ..။**
ချစ်ခင်စွာဖြင့်
ဂျစ်တူးလေး


















































Thursday, June 4, 2009

ကောင်းကင် .....Eassy

ကျွန်တော့်တွင် ကောင်းကင်တစ်ခု ရှိပါသည် ။

ကောင်းကင်များ၏ သဘောသည် အခါအားလျှော်စွာ တည်ငြိမ်မနေတတ်.....ပြောင်းလဲတတ်ပါသည်။
ဒါပေမဲ့...... ကျွန်တော့် ကောင်းကင်လေးသည် သာယာနေပါသည်.............မပြောင်းလဲနိုင်ပါ ။

ထို့ပြင်......ကျွန်တော့် ကောင်းကင်သည် လတ်ဆက်သော ကောင်းကင်ဖြစ်ပါသည် ။
ရေခဲရိုက် ကောင်းကင်မဟုတ်ပါ ....။

ကောင်းကင် ဆိုသည်မှာ မြင့်မားလှပါသည် ။
မြင့်မားလှသော အရာကို မျှော်မှန်းခြင်းသည်လည်း လွန်စွာမိုက်မဲလှပါသည်......။

ဘာပဲဖြစ်ဖြစ် ပိုင်ဆိုင်ခွင့်ရရန်လည်း ကြိုးစားပါမည် ။
ပြီးတော့.....ကျွန်တော့် ကောင်းကင်ကို ကျွန်တော်သိပ်ချစ်ပါသည်.......။

(ချစ်သူ ကိုယ့်ကိုရူးတယ်လို့များ ဆိုချင်မလား..... ? သိပ်ချစ်လွန်းတော့လည်း
အရာရာကို ရူးသွပ်စေခဲ့တယ်လေ ....။)

***ဒီစာလေးကတော့ ဂျစ်ရဲ့ ချစ်သူ“မောင်”ဂျစ်အတွက် ရေးပေးခဲ့တာပါ ။
(၉)တန်းနှစ် ...ကျောင်းသားဘ၀က ဂျစ်တူးဘေးမှာ ကောင်လေးတွေ တန်းစီ
ချစ်စကားဆိုနေချိန် သူသိပ်ချစ်တဲ့ ဂျစ်ကို ကောင်းကင်လေး နေရာထားပြီး
တင်စားကာ......သိပ်ချစ်ကြောင်းဖော်ပြ ခဲ့တာပါ ။ ***

Wednesday, June 3, 2009

၇င်ခွင်နှင်းဆီ


“ မောင်ပို့ပေးတဲ့ ....ချစ်သူ့လက်ဆောင် ”
ပန်းမကြိုက်တဲ့
မောင့်............ချစ်သူကို
နှင်းဆီတခက် အစဉ်ပေးဆပ်
မပြတ်ခဲ့ဘူး.......။
အခုတော့.......ချစ်သူရယ်
ဂျစ်လေး.............မရှိမှ
အလွမ်းတွေအုံ
နှင်းဆီရုံဟာ ရည်ရွယ်သူမဲ့
ပွင့်နေကြပြီ........။

ဝေးနေချိန်မှာ
ဂျစ်.........လက်ဆပ်ဖို့
နှင်းဆီတမျိုးကို
အလွမ်းငွေ့နဲ့ ပုတ်နိုး
မောင့်ရင်ခွင်မှာ ပျိုးထားပေးမယ် ....။

သိပ်ချစ်၇တဲ့ ချစ်သူ
မောင့်........ရင်ခွင်သို့
အချိန်မှီသာ ပြန်လာခဲ့တော့.........။
( အဝေးကချစ်သူမောင် )


**ဒီကဗျာလေးက ဂျစ်ကို သိပ်ချစ်တတ်သော မောင့်ရဲ့ကဗျာလေးပါ.....။
ဂျစ်တို့ မိုင်တွေအများကြီး ဝေးနေချိန်က လစဉ်တိုင်းရဲ့ (၂၀)ရက်နေ့ရောက်တိုင်း
ကဗျာတွေ စပ်ပြီးအမြဲ အမှတ်တရ ပေးခဲ့တာပါ......။
ဟိုးအရင် ကျောင်းသားဘ၀ ကတော့ နှင်းဆီပန်းလေးတွေ
နေ့တိုင်းလိုလို ပေးခဲ့ဘူးတဲ့ မောင်ကို ရင်ထဲကနေ မြတ်မြတ်နိုးနိုး ချစ်မိခဲ့တာပါပဲ....။
ခုလို ဂျစ်တူးကိုယ်ပိုင် ဘလော့လေးမှာ မောင်နဲ့ ပက်သက်မှုလေးတွေ
ဖော်ပြခွင့်ရလို့ အတိုင်းထက်အလွန် ၀မ်းသာမိပါတယ်.........မောင် ။


ဂျစ်တူး သိပ်ချစ်တဲ့ ငယ်ချစ် “မောင်” သို့ .....
I Love You “မောင်”












Tuesday, June 2, 2009

လွမ်းသူ့အိမ်မက်


ဒီတနေ့တော့
ဝက်ကလေး ပြန်ရောက်
တို့တွေ အလွမ်းပျောက်ပြီ.......။

အစွန်းေ၇ာက် အချစ်နဲ့
ရူးရူးမိုက်မိုက် သိပ်ချစ်ခဲ့လို့
တို့နှစ်ယောက် ပျော်မလောက်ဘူး.....။

ဝေးနေချိန်မှာ
တမ်းတမ်းတတ လွမ်းခဲ့သမျှလည်း
အခုမှပဲ ရယ်မောရတယ်..........။
တို့နှစ်ယောက် အတွက်တော့
ဝေးပြီးမှပဲ ပိုနီးလာသလို
ထပ်ဝေးမှာလည်း ကြောက်နေမိတယ်....။

အရင်ကလို
ချစ်သူ့ ပါးပြင်ထက်
ကျတော့်နေ့ရက်တွေ ပြန်လင်းလက်ဖို့
ပါးနှစ်ဖက်ကို ချဉ်းကပ်ဆဲမှာ
အလင်းတွေဝင်ရောက် မင်းပျောက်သွားပြီ.....။

ဒီလိုနဲ့ပဲ
မိုးလင်းတော့မှ
ရင်ခွင်တွေနွမ်း ပိုလွမ်း၇တယ်.......ချစ်သူရယ်။
(အိမ်မက်မက်ခဲ့ရသော ညများကိုရည်ရွယ်ပါသည်။)
**(ချစ်သူ သက်တန်း ၂ နှစ်ပြည့် ......အထိမ်းအမှတ်)
ချစ်သူမောင်က ဂျစ်တူးကို ချစ်စနိုးဖြင့် ၀က်ခလေးလို့ခေါ်တတ်သည် ။
ဂျစ်တူး သိပ်ချစ်ခဲ့ရသော ''မောင်'' ရေးဖွဲ့၍ အမှတ်တရ
ပို့ပေးခဲ့သော ကဗျာလေးအား မောင်နှမများအား မျှဝေခံစားသည်.။)

Saturday, May 9, 2009

“အမေများနေ့”




မနက်ဖြန်ဆိုရင် မေလ ဒုတိယအပတ်ရဲ့ တနင်္ဂနွေနေ့ “အမေများနေ့” ရောက်လာပြန်ပါပြီ ။
အဲဒီနေ့လေး ရောက်ရှိတိုင်းမှာ ဂျစ်တူး မေမေ့အတွက် အကောင်းဆုံး တန်ဖိုးရှိတဲ့ လက်ဆောင်တွေ
ဝယ်ပေးမယ်ဆိုတဲ့ စိတ်ကူးတွေ ခဏခဏ စိတ်ကူးယဉ်ခဲ့ ဖူးတယ်ဆိုရမှာပါပဲဗျာ ....။
ခုချိန်ထိတော့ စိတ်ကူးနဲ့ လက်တွေ့က တော်တော်လေး ကွာဟနေရတုန်းပါပဲ......ဒါပေမဲ့ မေမေကတော့
ဂျစ်တူး ပေးခဲ့တဲ့ လက်ဆောင်တွေကို မကြိုက်ဘူးလို့ မပြောခဲ့ပါဘူး ။ အမြဲလိုလို မေမေ ကြိုက်လို့ ဈေးမှာ ကြွားတောင် ကြွားခဲ့တယ်လို့ ပြောပြ စမြဲပါ.....။

မနှစ်က မေမေ့အတွက် “အမေများနေ့” အမှတ်တရ ပို့စကဒ်လေး စာတိုက်က ပို့ဖြစ်ခဲ့ပါတယ်....ဒီပို့စကဒ်လေးကို မေမေ ရတော့ မျက်ရည်တောင် ကျတယ်တဲ့......။ဘာမှတန်ဖိုး ရှိလှတဲ့ အရာတော့ မဟုတ်ပါဘူးဗျာ .......ဒီနိုင်ငံငွေ ၂၅ကျပ် ပေါ့ ။
ပို့စကဒ်လေးကြောင့် မေမေ မျက်ရည်ကျရ တာကတော့ ဂျစ်တူးရေးထားတဲ့ စာတန်းလေးတွေ ကြောင့်ပါ.........“မေမေရေ ဂျစ်တူးနောင်ဘ၀တွေမှာ မေမေ့သားသမီး ထပ်ဖြစ်ချင်သေးတယ် ....
သိပ်ချစ်တယ် မေမေ့ကို...မေမေ အမြဲ ကျန်းမာပြီး စိတ်ချမ်းသာ ပါစေ...မေမေ ” လို့ရေးခဲ့တယ် ။


ဒီနှစ်တော့ မေမေ ဘာလိုချင်လဲလို့ ဖုန်းဆက်မေးမိတယ်......မေမေက ပြန်ပြောတာကတော့
စိန်နားကပ် ထက်ဈေးကြီးတာ မေမေ့ကိုဝယ်ပေးလို့ ပြောတာပါ...... ဒါနဲ့ဂျစ်တူးတော့ စိတ်ထဲက
မေမေ လိုချင်တာ ပိုက်ဆံလက်ထဲ ရှိတာအကုန်ဝယ်ပေး မယ်လို့ ချက်ချင်းဖြစ်မိတယ်....မေမေကို
ဂျစ်တူး ဆီမှာပိုက်ဆံရှိတယ် ၀ယ်ပေး မယ်လို့ပြောလိုက်တော့....မေမေက “ဂျစ်တူး ရဲ့ လိမ္မာတယ် အစဉ်ပြေတယ် ကျန်းမာတယ် ဆိုတဲ့ ကောင်းသတင်း မေမေ့နားက ကြားရတိုင်း မေမေ နားရွက်က
စိန်နားကပ် ပန်ထားတာထက် ပိုတောင်လှသေး လို့” မေမေ ပြန်ပြောတယ်...ဗျာ ။
မေမေ့ စကားကြောင့် ကျွန်တော် မျက်ရည်ဝဲမိတယ် ...မေမေ ဂျစ်တူးဆီက တန်ဖိုးကြီးကြီး ဘာတစ်ခုမှ မမျှော်လင့်ဘူး ဆိုတာသိလိုက်ရလို့ပါပဲ ။

မေမေ့အတွက် အကောင်းဆုံး “အမေများနေ့” လက်ဆောင်ကတော့ မနက်ဖြန်မှာ မေမေ့အတွက်
ဒီနိုင်ငံမှာ ရှိတဲ့ဘုန်းကြီးကျောင်းတစ်ခုမှာ သင်္ကန်းအလှူ ပြုပြီး မေမေ့အတွက် လက်ဆောင်ပေးလိုက်
မယ်လို့ ဆုံးဖြတ်လိုက်တယ်ဗျာ.........။


ကျွန်တော့် ဘော်ဘော် blogger မောင်နှမများလဲ ဘော်ဘော်တို့ မေမေအတွက် တစ်ခုတစ်ခု
လက်ဆောင်လေးတွေ ပေးဖို့ မမေ့နေပါနဲ့ လို့သတိပေးတယ်ဗျာ..... ။
“အမေများနေ့”အတွက် မောင်နှမများ မေမေ့အတွက် ဘာလက်ဆောင်များ ပေးမယ် စိတ်ကူး
ပါသလဲ ခင်ဗျာ....။ ဝေမျှနိုင်မယ် ဆိုရင်ပေါ့ဗျာ....comments များ ထားခဲ့စေလို ပါတယ် ....။

“အမေများနေ့” ချစ်မေမေ အတွက် အမှတ်တရ ဒီပို့စ်လေးတင်လိုက် ရပါသည် ။

Saturday, April 4, 2009

တွေ့ဆုံမှုလေး


ဆောင်းလေလေး ထွက်ပြေးသွားတာ ကြားလိုက်ရသည်.....ကျွန်တော် စဉ်းစားတွေးတောရင်း
စောင့်စားမိ မျှော်လင့်မိ.....လာမဲ့အနာဂတ် ကို ဘယ်လိုမျိုး စီရင်ထားမလဲလို့....ပါ ။

အနာဂတ် ကိုစောင့်စား မျှော်လင့်ရင်း ဦးတည်ရာဟာ ဘယ်ဖက်လား ညာဖက်လား .....အရှေ့စူးစူး ကိုကြည့်ရင်း ဖြင့်.....ကျွန်တော် လိုချင်မိတဲ့ အချစ်တွေ ဘယ်လမ်း ကလာပြီး ....ဘယ်လမ်းကို ကွေ့မယ်...လမ်းကွေ့ ဘယ်နှစ်ကွေ့ ကွြေ့ပီးမှ ရောက်လာမလဲ ?

ကျွန်တော် ဘယ်သူ့ကို တွေ့ဆုံမယ်....ဘယ်လိုစကားလုံး တွေပြောမယ်.....ကျွန်တော် စောင့်တဲ့သူ ဟိုးအဝေးကြီး မှာလား ..။ အားလုံး နည်းတူ ပါပဲ ....တုံကင် နံပါတ်လေးနဲ့ တန်းစီ နေပါတယ် ။

အချစ်ကြောင့် နာကြင် ကြေကွဲ ဖူးရု ပျံသန်းခွင့် ရချင်ပါသည်....အချိန်ပင်လယ်ကြီး ကိုကျော်ဖြတ် လိုက်ချင်သည်....။

ကျွန်တော် ရှေ့တည့်တည့်က လမ်းလေးကို ကြည့်မိသည်...လမ်းလေး ကလွန်စွာ ကျဉ်းမြောင်း မှန်းသိလိုက်ရသည်....သို့ပေမဲ့လည်း သိသိနဲ့ ဆက်လျှောက် ခဲ့ရင်း မင်းကိုဆုံတွေ့ ခဲ့ရတယ်...။

ဒါဟာလည်း ဘ၀မှာ အလှပဆုံး .......မတော်တဆ တွေ့ဆုံမှု လေးပါပဲ....။

ကျွန်တော် သိပ်ချစ်ရပါသော ချစ်သူ (ငယ်ချစ်) အတွက် အမှတ်တရ............................

Thursday, April 2, 2009

ဂျစ်တူးရဲ့ ပျော်စရာ.....နေ့လေးများ

(၁) ဂျစ်တူးဖေဖေ နိုင်ငံခြားက ပထမဆုံး ပို့ပေးခဲ့တဲ့ ပိုက်ဆံနဲ့ ၀ယ်ပေးလို့

ဂျင်းအကျီ င်္/ဘောင်းဘီ စတင်ဝတ်ခွင့် ရခဲ့တဲ့နေ့လေး တစ်နေ့။


(၂) အရင်နေ့တွေက မုန့်ဖိုး (၂)ကျပ်ကနေ မနက်ဖြန် မုန့်ဖိုး(၁)ကျပ်စတိုး
ပေးမယ်လို့ အဘိုးပြောတဲ့နေ့ တစ်နေ့ ။

(၃) အတန်းထဲမှာ အမြဲအဆင့် (၁) (၂) လုခဲ့ရတဲ့ စာပြိုင်ဖက်ကို အမှတ်အပြတ်
အသတ်နဲ့ ဗိုလ်စွဲခဲ့တဲ့နေ့ တစ်နေ့ ။

(၄) ငယ်ငယ်က အဘွားအိမ်မှာ တီဗွီဝယ်လို့ စကြည့် ရတဲ့နေ့လေး တစ်နေ့ ။

(၅) ဂျစ်တူး (၁၀)နှစ် အရွယ် နွေရာသီ ကျောင်းပိတ်ရက် အထက်မြန်မာပြည် ကို
အဘိုးအဘွားနဲ့ လျှောက်လည် မန္တလေးမှာ သင်္ကြန် ကျခဲ့ဖူးတဲ့ နေ့လေးများ ။

(၆) မေမေ နိုင်ငံခြားထွက်လို့ (၃)နှစ် ကြာမှ ဂျစ်တူးဆီကို မေမေ ပြန်ရောက်တဲ့
နေ့လေး တစ်ရက် ။

(၇) ဂျစ်တူးဆီမှာ ကိုယ်ပိုင်စက်ဘီး လေးပိုင်ဆိုင် ခဲ့ရတဲ့ နေ့လေး တစ်နေ့ ။

(၈) ဂျစ်တူး ဖေဖေကိုယ်တိုင် ပထမဆုံး ပေးခဲ့တဲ့ ဂျစ်တူးအတွက် အနက်ရောင်
စပို့စ်ရှပ်လေး ရရှိခဲ့တဲ့ နေ့လေး တစ်နေ့ ။


(၉) မိသားစု ဆုံဆုံညီညီ ကျိုက်ထီးရိုး ဘုရားဖူး ထွက်ခဲ့ကြတဲ့ ပျော်စရာ နေ့လေး တစ်နေ့ ။

(၁၀) ဂျစ်တူး ကိုးတန်းကျောင်းသား ဘ၀က အမှတ်ခြစ်တဲ့ ဆရာမ အမှတ်တွက်တာ မှားလို့
ဆုပေးစာရင်း မပါခဲ့ဘူး....ဒါပေမဲ့ နောက်တစ်နေ့ မနက်စောစော ကျောင်းသွားကာ
သတ္တိကိုမွေး ကျောင်းအုပ် ဆရာမကြီးကို ကြောက်ကြောက် နဲ့ဝင်တွေ့ပြီး ဂျစ်တူး ဆုရတဲ့
စာရင်း မ၀င်ရတဲ့ အကျိုးအကြောင်း သိချင်ပါကြောင်း ......အကျိုးအကြောင်း မသိခဲ့ရင်
ဂျစ်တူးမေမေ စိတ်မကောင်းဖြစ်မှာ သေချာကြောင်း ရှင်းပြပြီး ဂျစ်တူး ၇ဲ့အဖြေလွှာကို
ပြန်ပြီး စစ်ပေးဖို့ တောင်းပန်ခဲ့ ရပါတယ်....ကျောင်းအုပ် ဆရာမကြီးက ပြန်လည်စစ်ပေး
ကာ ..နေ့လည် မုန့်စားဆင်းချိန် ဂျစ်တူးကို ဆရာမကြီးကိုယ်တိုင် ဆုပေးပွဲ ဖိတ်စာလာ
ပေးပြီး ဆုယူတဲ့နေ့ လာရောက်ဆုယူဖို့ ပြောသွားတဲ့နေ့လေးဟာ ဂျစ်တူးအတွက်တော့
သိန်းဆုကြီး ပေါက်သလို ပျော်၇ွှင်ရသော နေ့လေး တစ်နေ့ပါပဲ.......။


(၁၁) ဂျစ်တူး ချစ်တဲ့ ငယ်ချစ်သူက ဂျစ်တူးကို ချစ်နေတယ်ဆိုတာ သိခဲ့ရတဲ့ နေ့လေး တစ်နေ့ ။

(၁၂) ချစ်သူရဲ့ ပထမ ဦးဆုံး Valentine's Day လက်ဆောင် ရခဲ့တဲ့ နေ့လေး တစ်နေ့ ။

(၁၃) ချစ်သူနဲ့ ခြွဲ့ပီး (၂)နှစ်ကြာမှ ပြန်လည် ဆုံတွေ့ခွင့်ရခဲ့တဲ့ နေ့လေး တစ်နေ့ ။

(၁၄) ချစ်သူအတွက် ... သူ့လိုအပ်မှုတစ်ခုခုကို စပြီး ဖြည့်ဆည်းပေးနိုင်တဲ့ နေ့လေး တစ်နေ့ ။

(၁၅) နောက်တစ်ခုကတော့ ဂျစ်တူး အလုပ်ရာထူး တက်သွားလို့ ပျော်ခဲ့ရတဲ့ နေ့တစ်နေ့...ပါပဲ။
( ဂျစ်တူး ဘော်ဘော်တို့လည်း ဂျစ်တူးလိုပဲ ဘ၀မှာ ပျော်စရာကောင်းတဲ့ နေ့လေးတွေ...
မမေ့နိုင်တဲ့ နေ့လေးတွေရှိကြမယ်လို့ ယုံကြည်ပါတယ်....)

ဒါကြောင့် ဒီပို့စ်လေးကို အမှတ်တရ တင်လိုက်ခြင်း ...............ပါ ။

***ဂျစ်တူး ချစ်ခင် လေးစားရပါသော ဘော်ဘော်တို့ ...ခင်ဗျာ

ပျော်စရာကောင်းတဲ့ နေ့လေးတွေကို ဝေမျှနိုင်မယ်ဆိုရင် ....

comments ပေးခဲ့ဖို့ တောင်းဆိုပါရစေ....ဗျာ ။