Monday, August 17, 2009

လွမ်းလို့ သေသွားတဲ့ လိပ်ပြာ


သတိရတယ်
တချိန်ကဘဝ
အတူရှိစဉ်က
ညဟာလှပ
အေးမြခဲ့တယ်....ချစ်သူရယ် ။

မင်းရဲ့မျက်ဝန်းတညို့မှာ
ငါ့ရင်ခွင်တစ်ခုလုံး
မိုးခေါ်ဗုံးတလုံး
ဖြစ်ခဲ့ဘူးတယ်။

ခုတော့လည်း.......ငါ
လွမ်းလို့သေသွားတဲ့ လိပ်ပြာတစ်ကောင်လို
အရာရာမှာ
အေးခဲစွာနဲ့
ငြိမ်...သက်....ခဲ့.....ပေါ့ ။



ချစ်သူ“မောင်”ရေးဖွဲ့သည် ။

8 comments:

အိုက်ခီလောက် said...

အင်းခံစားချက်တွေ ခံစားချက်တွေ မပြောလိုပါ လုံးလုံးကိုမပြောလို ပါ ချစ်ကျပါ ကြိုက်ကျပါ :D
ချီးထူမောင် ရေးသွားတယ်ပေါ့လေ ခံစားချက်ပြင်းထန်နေတယ် ထင်တယ် စာလုံးလေးတွေ က ထိရှနေတယ် ဝေးးးးးး

မိုးစက်အိမ် said...

စားသားကတော. မိုက်တယ်ဗျာ ...
ဘာတဲ. လွမ်းလို.သေသွားတဲ. လိပ်ပြာ
လှတယ်ဗျာ ... အဲဆရာ ဂျစ်ကိုဘာကို
ရေးဖွဲ.လည်း စဉ်းစားအုံး ကိုအိုက်ပြောသလို
ဂျေးထူမောင်ရေးတာတွေဘဲ တင်မနေနဲ.အုံး :D

မြစ်ကျိုးအင်း said...

လွမ်းနေချိန်မှာတော့ ဒီလိုပါပဲလေ...။

အခုတော့ မငြိမ်သက်တော့ဘူးမဟုတ်လား...။

Anonymous said...

မရေ....
ကဗျာလေးလာဖတ်တယ်
မမကအရမ်းကံကောင်းတာပဲသိလား
ကဗျာလေးတွေ ရေးပေးတဲ့ ချစ်သူမောင်ရှိနေလို့ လေ
အဟင့်

ချစ်တဲ့
မြူးလေး

Yu Ya said...

ဂျစ်ရေ...ကဗျာလေးကို ဖတ်မှတ်ခံစားသွားပါတယ်ဗျာ။

yu ya

သုဒြေ္န said...

ဒါမျိုးတော့ ဘယ်ရမလဲ..မ၇ှင်းမရှင်းနဲ့ ..ဟိုလိုဒီလို.......နားမလည်အောင်ရေးသွားတယ်...မိုးခေါ်ဗုံးဆိုတာ.......ဘယ်လိုအမျိုးစားလဲရှင်းပြ...ရဘူးနော်ဒါဘဲ....ကြားဘူး.နေတာတွေက..မိုင်းဗုံး...လက်ပစ်ဗုံး....မျက်ရည်ယိုဗုံး...အနူမြူဗုံး..စသည်ဖြင့် ပေါ့ ဗျာ...သူ့ လက်ထက်ကျမှ.....မိုးခေါ်ဗုံးတဲ့ စာဖတ်သူတို့ ရေ..ရှင်းမပြနိုင်ရင်တော့ .....အာလူးပေးသွားတာ..ပုံပြောသွားတာလို့ ...မှတ်လိုက်မယ်..သွားလူဇိုး...ချစ်တော့ ဘူးလို့  ခင်တဲ့ ကိုကြီး ဘလော့ ဂါ မ ဟုတ်တဲ့  ဘလော့တဂါ.သုန်တဇ မကိပေးတဲ့ နာမည်..ကိုကြီးနာမည်ဟုတ်ဘူး.

ကိုလူထွေး said...

လိပ်ပြာသေရင် မအေးခဲဘူး
ခြောက်သွေ့သွားမှာ

(ကဗျာမဆန်စွာ ပြောသွားသည်)

းဝ)

မိုးမခ said...

အဲဒီလောက်လွမ်းတယ်ပေါ့