Friday, August 7, 2009

သို့........





ဂျစ်ငယ်ငယ်ထဲက လေးစားခဲ့တဲ့သူတစ်ယောက် ရှိပါတယ် ။
အဲ့ဒါကတော့ ကျေးဇူးရှင် ဖေဖေပါ ။ ဖေဖေက ပညာတတ်ကြီးဖြစ်လို့ ဖေဖေကို
လေးစားတတ်ခဲ့တဲ့ ပုံစံမျိုး မဟုတ်ခဲ့ပါဘူး ။ ဖေဖေက မိသားစုအပေါ် အမြဲအနွံတာ
ခံခဲ့တယ် ၊လိုချင်တာတွေကို ပြည့်စုံအောင် ပေးခဲ့တယ် ။မပြေလည်ခဲ့တဲ့ ဘ၀လေးကို
ရုံးကန်ပြီး တနေ့ထက် တနေ့ ပိုပြီးပြေလည်အောင် ၊ထိပ်ဆုံးရောက်အောင် ကြိုးစားခဲ့တဲ့
စိတ်ဓါတ်ရှိသူ ဖေဖေပါ ။


ဂျစ် (၁၀)တန်းအောင်တဲ့ အထိဖေဖေရဲ့ စေတနာတွေကို မသိခဲ့ပါဘူး ။
ဂျစ်နဲ့ဖေဖေက အိမ်မှာဆိုရင် သိပ်မတည့်ပါဘူး။ ဘာလို့လဲဆိုတော့ ဖေဖေက
ဂျစ်တူးကို အရမ်းနှိပ်ကွတ်လို့ပါ ။ တစ်ခါမှ ငါ့သမီးသိပ်တော်တာပဲလို့ မချီးကျူး
ခဲ့ပါဘူး ။ “သမီးလေးကလည်း လိုနေသေးတာပဲ ၊ သူများတွေတောင် ဒီထက်
အများကြီး သာတယ်နော် ”လို့ ခဏခဏ ပြောလေ့ရှိလို့ ဖေဖေ့ကို မချစ်ချင်
တော့ဘူး ။ စကားပြောရင် ကောင်းတာတစ်ခုမှ မပြောလို့ နောက်ပိုင်း ဖေဖေနဲ့
မဆွေးနွေးဖြစ်ဘူးလေ။


ဂျစ်တူး ထိုင်ဝမ်ရောက်တော့မှ ဖေဖေနဲ့အရင်က ဆွေးနွေးခဲ့တဲ့ အဖြစ်တွေက
အရမ်းမှန်တယ်ဆိုတာ သိလာရတယ် ။“ လူတွေက တစ်ခုလိုချင်လို့ တစ်ခုကို
ပေးဆပ်တာပါတဲ့ ”ဒီစကားလေးက ရိုးရိုးလေးပါ ။ သူများတွေ အတွက်မှန်တယ်
မမှန်ဘူး ဂျစ်တူးမသိပါဘူး ။ ဂျစ်တူး ဒီနိုင်ငံမှာတော့ လူတွေက တစ်ခုလိုချင်လို့
တစ်ခုကိုပေးဆပ် နေတဲ့သူတွေ တော်တော်များများတွေ့ နေရတယ်ဗျ ။


ဟိုးအရင်က ဖေဖေ ဂျစ်တူးကို ဘာလို့နှိပ်ကွတ် ခဲ့လဲလို့ မေးမိတယ်။ ဖေဖေကပြော
တယ် “လူဆိုတာ အမြင့်ရောက်သွားရင် လက်ရှိကြိုးစား ချင်တဲ့ စိတ်တွေပျောက်
ကွယ် သွားတတ်တယ်တဲ့ ”လေ။ မှန်ပါတယ် ဂျစ်ကို တစ်ခါမှ မြှောက်ပင့်မပြောခဲ့ဘူး။
သမီးထပ်ကြိုးစားပါအုံးကွာလို့ပဲ ဖေဖေ ပြောလေ့ရှိတယ် ။ ကျောင်းမှာပထမဆု ရခဲ့ရင်တောင်
“သမီးရယ် ဒီကျောင်းမှာမို့ ပထမရတာ ဒီပြင့်ကျောင်းမှာဆိုရင် ဒုတိယ ၊ တတိယ
ဖြစ်ချင်ဖြစ်နေမှာ ငါ့သမီးရ ”။အဲ့လိုတွေ ဖေဖေ ပြောခဲ့လို့လားတော့ မသိဘူး ဂျစ်တူး
အမြဲကြိုးစားချင်စိတ် မပျောက်ခဲ့ဘူး ။



ဖေဖေက သူ့စကားကို နားထောင်မှ ကြိုက်တယ် ။ ဂျစ်က ဂျစ်ကန်ကန် နေတတ်တော့
သိပ်အစေးမကပ်ဘူးပေါ့ဗျာ ။ ဖေဖေ့ကိုတော့ အားလည်းကျမိတယ် ၊ ချစ်လည်း သိပ်ချစ်
တယ် ၊ တစ်ခါမှတော့ ဖေဖေ့ကို သမီးသိပ်ချစ်တာပဲလို့ မပြောမိခဲ့ဘူး ။ အဝေးရောက်မှ
ဖေဖေ သင်ပေးခဲ့တဲ့ လူတွေရဲ့စိတ်နေစိတ်ထားတွေ မြင်လာတယ် ။ ဖေဖေက ဂျစ်တူး
အဝေးရောက်မှ အမြဲအားပေးစကားပြော တတ်လာတယ် ။ “ငါ့သမီးလေး ကိုယ့်ကိုယ်ကို
အထင်ဘယ်တော့မှ မကြီးလိုက်ပါနဲ့ ...သမီးက ထက်ထက်မြက်မြက် ရှိပါတယ် ၊ လူတွေက
စိတ်မမှန်ကြတော့ သမီးနာကျင်မှာ ဆိုးရတယ် ။ဒါကြောင့် ဘယ်သူ့ကိုမဆို အပေါ်ယံ
ကြည့်ပြီး မဆုံးဖြတ်ပါနဲ့ ၊ လောကကြီးမှာ သမီးထက် တော်တဲ့တတ်တဲ့ သူတွေရှိတာ
မမေ့ထားရင် ဖေဖေ့သမီးလေး အမြဲအောင်မြင်မှုရမှာ သေချာတယ်တဲ့ ”။



ဖေဖေက အလုပ်မျိုးစုံ လုပ်ပြီး ဂျစ်တူးတို့တွေကို ကျွေးမွေးစောင့်ရှောက်ခဲ့သူပါ ။
ဖေဖေ့စကားကို နားမထောင်တဲ့ သမီးတစ်ယောက်မှ မရှိခဲ့ပါဘူး ။ ဖေဖေက ခုချိန်ထိ
သမီးတွေ တစ်ခုခုဖြစ်ချင်ရင် ချက်ချင်းထပြီး လုပ်ပေးတာပါ ။ ငယ်ငယ်က ကျောင်းမှာ
အဆင့်ကျလို့ မေမေဆူလို့ ငိုခဲ့ရင်တောင် ဖေဖေက သမီးဖေဖေကိုကြည့်စမ်း
ဖေဖေကပြမယ် ဆိုပြီး “ဦးရွှေရိုး”အက ထကပြတာ ။အဲ့ဒီတော့လဲ မရယ်ပဲနေပါ့
မလား။ စိတ်ညစ်တာတွေ ပြေရော။


ဖေဖေရေ သမီး ဒိမ်ချဉ် သောက်ချင်တာလို့ ပြောလိုက်ရင် ချက်ချင်း သွားဝယ်ပေးခဲ့တယ်။
ဂျစ်မှတ်မိသလောက် (၉)နှစ်အရွယ်က ဖေဖေ့ကိုပြောဘူးတယ် ။ဖေဖေကိုယ်တိုင် မောင်းတဲ့
ကားလေးနဲ့ ကျောင်းလိုက်ပို့တဲ့ ဘ၀မျိုးရချင်တယ်လို့ စိတ်ကူးယဉ်ပြီး ပြောဘူးခဲ့တယ် ။
ဖေဖေက သမီး(၃)ယောက်လုံးကို ဖေဖေကိုတိုင် ကားမောင်းပြီး ကျောင်းလိုက်ပို့နိုင်အောင်
ကြိုးစားရမယ်ဟေ့လို့ ပြောခဲ့တယ်။



နောက်နေ့တော့ ဂျစ်တူးစိတ်ကျေနပ်အောင် အဘွားအိမ်က လိုင်းကားကြီး ခဏငှါးပြီး
“သမီးကားပေါ်တက် ဖေဖေကိုယ်တိုင် ကားမောင်းပို့မယ် ”ဆိုပြီး ကျောင်းပို့ခဲ့တယ် ။
ကျောင်းရောက်တော့ ဖေဖေက “သမီးလေး ဒါက အစမ်းကျင့်တာနော် ၊ ဖေဖေကားဝယ်
ဘို့ ကြိုးစားနေပါတယ်”လို့ ဂျစ်ကို မျက်စိတစ်ဖက် မှိတ်ပြတယ် ။ ဒါပေမဲ့ ဂျစ်အဲ့ဒီနေ့က
သိပ်ပျော်တာပဲ ၊ တို့ဖေဖေ ကျောင်းကို ကားနဲ့လိုက်ပို့တယ်လို့ပေါ့ ။


ဂျစ်(၁၁)နှစ်သမီးအရွယ်မှာ ဖေဖေရောမေမေ နှစ်ယောက်လုံး နိုင်ငံခြားမှာ ပိုက်ဆံရှာကြတယ် ။
ဂျစ်(၁၅)နှစ်မှာ ဖေဖေကိုယ်ပိုင်ကား ၀ယ်ခဲ့တယ်။ ဂျစ်တို့ကို နေ့တိုင်းကျောင်းကြို၊ကျောင်းပို့
ဖေဖေ အလုပ်ရသွားတယ် ။ ဖေဖေ ဂျစ်တို့ကို ချစ်တာကတော့ ဘေးကလူတွေ အမြင်ကပ်
လောက်တယ် ။ ဖေဖေက သမီးတွေအတွက်ဆို လိုအပ်ရင် အသက်တောင် ပေးရဲတယ်လို့
မေမေကို ခဏခဏ ပြောဘူးတယ်။ ဖေဖေကို လေးစားမိတာက မိသားစုရဲ့လိုအင်တွေကို
အချိန်မရွေး ပေးဆပ်ခဲ့တာပါပဲ ။


ဂျစ်တူးတို့ နှစ်ပတ်လောက် ဖုန်းမဆက်သွားရင် ဖေဖေ နေလို့ထိုင်လို့ မရဘူးလို့ မေမေ
အမြဲပြောတယ် ။ ဖုန်းကိုလဲ တကြည့်ကြည့်နဲ့တဲ့ ။ ဂျစ်တို့ တော်တော်ကြာမှ ဖုန်းဆက်သွားရင်
အရင်စပြောတာကတော့ သမီးတွေက နေနိုင်တယ် ၊ ဖေဖေ့ကို သတိမရကြဘူးပေါ့ ဆိုပြီး
ငိုသံပါနဲ့ ပြောတတ်တယ် ။ ဖေဖေက ပြောတတ်တာကတော့ ပြန်လာတော့ သမီးတို့ရာ ၊
ငွေတွေလည်း မရှာကြပါနဲ့တော့ ၊ ဖေဖေ သမီးလေးတွေကို လွမ်းလှတယ်လို့ ပြောတတ်တာ
ပါပဲ ။ ဖေဖေ့ အပြောက ဘေးကသူတွေ ကြည့်ရင် အဖြစ်သည်းတယ်ပေါ့ဗျာ။ ဖေဖေက
ဂျစ်တို့ငယ်ငယ် မေမေနိုင်ငံခြားစထွက်ချိန်ကစပြီး ဖေဖေပဲ အမေနေရာကို ၀င်ခဲ့ရသူပါ ။



အမှတ်တရ မနက်ဖြန်မှာကျရောက်တဲ့ အဖေများနေ့အတွက် ဒီပို့စ်လေးကို ရေးမိပါတယ် ။
ဖေဖေရေ သမီး... ဖေဖေ့ကို သိပ်ချစ်ပါတယ်........ဖေဖေ ကျန်းမာပျော်ရွှင်ပါစေ ။
ဖေဖေ သမီးဒီပို့စ်လေးကို ဖတ်ရရင် မောခဲ့ရတဲ့ ဘ၀အမောတွေ ပြေပါစေနော် ။
ဖေဖေ့ကြောင့် သမီးတို့ လူတန်းစေ့နေနိုင်ခဲ့ရသလို ၊ ပညာတွေလဲ သင်ယူနိုင်ခဲ့တယ်။
ကျေးဇူးကြီးပါတယ်...ဖေဖေ.....謝謝您 爸爸........ 父親節快樂 !!






17 comments:

အိုက်ခီလောက် said...

အားကျမိပါတယ် ဂျစ်ညီမလေးရေ
တစ်ချိန်မှာ သိတတ်လာရင် ပိုတန်ဖိုးရှိတဲ့ အရာတွေပါ
အဆင်ပြေပါစေနော်

သုဒြေ္န said...

မိဘတွေရဲ့ ကျေးဇူး..သိတတ်တဲ့ .ဂျစ်လေး.................ပျော်ရွှင်မှုတွေထာဝရပိုင်ဆိုင်နိုင်ပါစေနော်..................ခင်တဲ့ ကိုကြီး......သုဒြေ္န

မေဇင် said...

ဂျစ်ရေ..... ဒီလို အဖေ မျိုးရထားတာလောက် ကံကောင်းမလား ကွာ...။ လေးစားမိပါတယ်..။ ဂျစ်တို့နဲ့ တူတူနေချင်တဲ့ ဂျစ်ဖေဖေ ရဲ့ ခံစားချက်ကိုလဲ ကိုယ်ချင်းစာတယ်...၊ ခုလို အဝေးမှာ နေပီး ငွေရှာနေရတဲ့ ကိုယ်တို့ ဘ၀တွေကိုလဲ ကိုယ်ချင်းစာပါတယ်....။

နဒီမိုးညို said...

သိပ်ချစ်တဲ့တဲ့..ဖေဖေ.မိုးရထားတာ..ဂျစ်ကံကောင်းတာပေါ့.
အမြန်ဆုံးအတူတူ.ပြန်လည်နေထိုင်နိုင်ပါစေလို့..ဆုတောင်းပေးလိုက်တယ်နော်

kiki said...

မိဘကျေးဇူးသိတတ်ပြီး လိမ္မာတဲ့ သမီးလေးဂျစ်အတွက်
ဂျစ်ဖေဖေက ကျေနပ်နေမှာပါ ။
ဂျစ်တို့ မိသားတစု ပျော်ရွှင်ချမ်းမြေ့ စွာနဲ့
အမြန်ဆုံးစုစည်းနေနိုင်ကြပါစေ နော် ...

ခင်တဲ့
မကိ

ဇော် said...

အယ် အဖေချစ်သမီးပါလား ဂျစ်ရယ် ... =)

မိုးစက်အိမ် said...

ဂျစ်ရေ ဂျစ်ရေးထားတဲ. ဂျစ်ဖခင်
အကြောင်းဖတ်ရတာ အားရတယ်ဗျို. ... ရှေ.ဆက်ပြီး
သာယာပျော်ရွှင်တဲ. မိသားစုလေး ပိုင်ဆိုင်ပါစေဗျာ...
အဲ ငယ်ငယ်ကလို လည်း ဂျစ်ကျ မနေနဲ. အုံးနော် :P

Yu Ya said...

ဂုဏ်ယူပါတယ် ဂျစ်ရေ.. ဒီလို ဖခင်တစ်ယောက်ကို ပိုင်ဆိုင်ရတာ...

yu ya

Anonymous said...

ဖခင်တယောက်ရဲ့မေတ္တာကို အကောင်းဆုံးပြထားတဲ့စာပါပဲ၊ သမီးကလည်းလိမ္မာတယ်။
အားပေးလျှက်ပါ ဂျစ်တူး။

စိတ်စမ်းရေ said...

ဂျစ်ရေးထားတာလေး ဖတ်ပြီး အိမ်ပြန်ချင်စိတ်
တောင်ပေါက်လာတယ်....။ ပျော်ရွင်ပါစေ ဂျစ်
လေးရေ.....။

Anonymous said...

မိဘကျေးဇူးကို သိမြင်တတ်တာဟာ မင်္ဂလာတရားနဲ့ ညီပါပေတယ် ။ ချမ်းမြေ့ပျော်ရွှင် နိုင်ပါစေ ။

မင်းဒင်

ကြည်ဖြူပိုင် said...

ဂျစ်တူးရေ..အဖေကိုအရမ်းချစ်သလားဟ။ နာလဲ အဖေကိုအရမ်းချစ်တယ်။ ဒီစာလေးဖတ်ပြီးလွမ်းလာပြီဟာ

ahphyulay said...

ညီမလေးရေ... ကိုယ်ချစ်ချင်တဲ့ အချိန်မှာ ချစ်လို့ ရတဲ့ 
အဖေဆိုတာရှိသေးတယ်။လက်ညိုးထိုးပြလို့ ရသေးတယ်ကွ။ အရိပ်ဆိုတာ ရှိပါသေးတယ်လေ။
အရိပ်ဆိုကတဲက အေးမြတဲ့ သဘောကိုဆောင်တယ်လေ။တစ်ခါတလေ.. အရိပ်
အောက်ရောက်နေခဲ့ ပေမဲ့  အရိပ်ကိုသတိမပြုမိခဲ့ 
တာတွေလဲရှိခဲ့ ဘူးကြပါတယ်လို့ ။ဘယ်တော့ မှအစား
ထိုးလို့ မရတော့ တဲ့ အရိပ်တွေရှိတုံးအစွမ်းကုန်ချစ်
ပြလိုက်စမ်းပါလို့ ........ ။

ကိုလူထွေး said...

အဖေကိုချစ်တဲ့သမီး...
အဖေစကားကိုနားထောင်တဲ့သမီး...
အဖေ့ဆုံးမမှုအောက်မှာကြီးပြင်းခဲ့ရတဲ့သမီး...
ဘဝမှာအောင်မြင်တိုးတက်ကြီးပွားပါစေ...

းဝ)

ဂျာမုန်းဒန် said...

အဖေကိုချစ်တတ်လွန်းတဲ့သမီးလေးရေ။
အဖေရဲ့ကောင်းကြီးတွေရပြီးကြီးပွားတိုးတတ်တဲ့ဘ၀ကို
ပိုင်ဆိုင်နိုင်ပါစေ။
ချစ်တဲ့
အစ်မ

ချစ်တဲ့မောင် said...

သမီးအတွက်တော့ အဖေကကောင်းလွန်းပါတယ်....။
အရေးကြီးတာလည်း အဲဒါပဲ မဟုတ်လား။

မိုးမခ said...

ဂျစ်ကိုအဲဒီလောက်ချစ်တဲ့အဖေရထားတာအရမ်း
ကံကောင်းတာပေါ့။
ဂျစ်ချစ်တဲ့ဖေဖေကလည်း ဂျစ်လိမ်မာတော့ ကျေနပ်မှာ ပေါ့။