
ဒီနေ့ကိုပေါ့
ငါမျှော်လင့်နေခဲ့တာ
စောင့်စားပြီး ရင်ခုန်ခဲ့ရတာ
အဲ့ဒီနေ့ရောက်ရင်
တို့နှစ်ယောက် ကြင်နာမှုတွေ
(သာမန်ထက်) အပြန်အလှန်
ပေးဖြစ်ကြတယ် ။
လတစ်လရဲ့ နှစ်ဆယ်ရက်နေ့ကို
(တကယ်)တသက်မမေ့ဘူးဆို
မင်းလည်းလက်ခံမှာပါ ။
ဒီအချိန်တစ်ခေါက်
ပြန်ရောက်တိုင်းလည်း
ပိုမိုမြတ်နိုး
အကြင်နာတိုးလို့
အစဉ်ကြိုလေ့
အစဉ်ကြိုလေ့
အထိမ်းအမှတ်နေ့ ။
ချစ်သူ“မောင် ”ရဲ့ ချစ်သူ့သက်တမ်း(၂)နှစ်ပြည့် အထိမ်းအမှတ်အတွက်
ပို့ပေးခဲ့ဘူးသော ကဗျာလေးပါ ။
ဒီနေ့ဆို ချစ်သူသက်တမ်း(၁၁)နှစ်ပြည့်ပေါ့နော်.......၊ အရာရာဟာ
ပြောင်းလဲသွားပေမဲ့ မောင့်အပေါ်ထားတဲ့ စေတနာတွေ ၊ချစ်ခြင်းတရားတွေ
ကတော့ အမြဲရှင်သန်နေတုန်းပါပဲ ။ မျက်ဝန်းထဲက ရင်ခုန်မြတ်နိုးခြင်းတွေ
မောင်သိမြင်နိုင်ပါစေ ........။
15 comments:
တသက်တာလုံးမပြောင်းလဲဘဲ ချစ်နေမှာပါ
ဘယ်လို ဒုက္ခတွေကြုံပါစေ ရင်ထဲက အချစ်က ဘယ်တော့မှ မပြောင်းလဲ သွားပါဘူး....။
တယောက်ရင်ထဲမှာ တယောက်ရှိနေမယ်ဆို ငါတို့နေ့တွေ တိုင်း နီးနီးလေးပဲ ရှိနေမှာပါ..။
ဘယ်လောက်ပဲဝေးဝေးပေါ့...။
နောက်နှစ်တွေမှာ ငါတို့ အတူမရှိနိင်ပေမယ့် တသက်တာ
လုံး သတိတရနဲ့ ချစ်နေမှာပါ...။အချိန်တိုင်း မပြောင်းလဲ မယ့် စကားထပ်ပြောပါရစေ....။
သိပ်ချစ်ပါတယ် ချစ်သူရယ်...။
အင်းမိုက်တယ်ဝေး ဂျစ်ညီမတော့
ဒီထက် ပိုချစ်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်
နှစ်ပတ်လည်တွေ များများလုပ်နိုင်ပါစေကွယ်
ဆုတွေ တစ်ထပ်ကြီးပေးလိုက်တယ်
ကဗျာလေး ဖတ်ပြီး....ကြည်နူးမိတယ် ဒါပေမယ့် ကော်မန့် မှာ ချစ်တဲ့မောင် ရေးထားတာ ဖတ်ပြီး စိတ်မကောင်းဘူး.. နောက်နှစ်တွေမှာ ငါတို့ အတူမရှိနိင်ပေမယ့် ... ဆိုလို့ပါ..။ အမြဲမခွဲပဲ ထာဝရ လက်တွဲ သွားနိုင်ပါစေဖို့ သိပ်ချစ်တတ်တဲ့ ချစ်သူနှစ်ဦး အတွက် ဆုတောင်းပေးပါတယ် ရှင်......။
အပြန်အလှန်ကြည်နူးခဲ့ကြတာ ၁၁ နှစ်တော်ရှိသွားမှကိုး...
နောက်ထပ် ၁၁၁ နှစ်ထိ တည်တံ့ခိုင်မြဲပါစေ...
းဝ)
ဂျစ်ရဲ့ စိတ်ထားလေးကို သဘောကျသွားပါတယ်ခင်ဗျာ။
yu ya
အမြဲထာဝရ ချစ်သူတွေတည်တံ့နိင်ပါစေ။
နောက်ထပ်နှစ်ပေါင်းများစွာ
ချစ်သက်တမ်း တည်မြဲပါစေ လို့ 
ဝသန်မိုး
သံသရာ အဆက်ဆက်က ရှိဘူးတဲ့  ရေစက်ကြောင့်  ခုဘ၀မှာ စုံစည်းချစ်ခင်ကြတယ်လို့  ယုံကြည်ပါတယ် ၁၁ နှစ်ဆိုတဲ့ ကာလကို ချစ်သူတွေ အဖြစ် ဖြတ်သန်း လာခဲ့ ပြီနော် ဒီလိုဘဲ နောင်နှစ်ပေါင်း ၁၁၀ တိုင် ချစ်ချင်းမေတ္တာများစွာဖြင့်  ဆက်လက်လျှောက်လှမ်း နိုင်ပါစေနော်ဂျစ်လေး ခင်တဲ့ ကိုကြီး သုဒြေ္န
တော်တော်ကြာပြီနော် အချစ်တွေ ဆက်လက်ရှင်သန်နိုင်ပါစေ
ဂျစ်ညီမလေးရေ...
ရာစုနှစ်တွေထိအောင် ဆက်လက်တည်တံ့ခိုင်မြဲနိုင်ကြပါစေလို့....
နေ့သစ်တွေတိုင်းမှာ အပျော်တွေနဲ့သာ ကုန်ဆုံးနိုင်ပါစေဗျာ...
ခင်တဲ့
ပြည့်စုံ (ဝေါသားလေး)
နှစ်ပတ်လည်တိုင်းမှာ ကဗျာတစ်ပုဒ်ကို ခဲတစ်ချောင်းနဲ့ နှစ်ယောက်သား အလုအရက် ရေးနိုင်ပါစေဗျာ
မောင်အချီ မယ်အချ ပေါ့ဗျာ။
ဂျစ်လေးရေ..နှစ်ပတ်လည်တိုင်းမှာ ပျော်ရွှင်ပါစေကွယ်...နောင်နှစ်ပေါင်းမျာစွာ
ချစ်ချင်းမေတ္တာများစွာဖြင့်  ဆက်လက်လျှောက်လှမ်း နိုင်ပါစေနော်..
ချစ်တဲ့သူနဲ့ တသက်တာ မခွဲမခွာ နေနိုင်ကြပါစေ
ဂျစ်ရေ ..
ချစ်တဲ့သူနဲ့ ပေါင်းဖက်နိုင်ပါစေ..
Post a Comment