Wednesday, August 5, 2009

အသက်တမျှ

လူငယ်ဘ၀ရဲ့ သိတတ်စမှာ
ရင်ခုန်သံဖျော့ဖျော့
ပေါ့ပေါ့ပါးပါး စိတ်ကူးများနဲ့
ဖြူစင်စွာပဲ ပျော်မြူးခဲ့တယ်.....။

ဒီလိုနဲ့
အချစ်ဆိုတဲ့စကားလုံး
စာလုံးပေါင်းတတ်ရုံရှိသေး
ငါ့ဘ၀လေးထဲ မင်းဝင်လာတယ်။

ဖြူစင်ခြင်းဟာပျောက်ဆုံး
ခေါင်းအုံးအောက်က ဒိုင်ယာရီမှာ
သူသာနတ်သမီးဖြစ်ခဲ့တယ်....။

တစ်ရက်ပြီးတော့ နောက်တစ်ရက်
စွဲလမ်းခြင်းတွေပြည့်ကျပ်
အိပ်စက်ခြင်းဟာညဉ့်နက်
အိမ်မက်တွေသာထပ်နေခဲ့ရင်း
နံနက်ခင်းလည်းမင်းပါပဲ ။

ငါ့အတွက်တော့
ကုန်ဆုံးသွားတဲ့နေ့ရက်တိုင်းမှာ
ချစ်တတ်ခြင်းသာရင့်ကျက်
နှုတ်ခမ်းတွေခြောက်ကပ်
ပြောမထွက်ခဲ့ဘူး ......။

ဟိုအဝေးမှာငေး..........ငါဆွေးတတ်သလို
အနားတိုးရင်......ပိုဆိုးပြန်တယ် ။
စိုးရိမ်ရေမှတ်....ဒီရေတက်သလို
ငါ့ရဲ့အချစ်တွေ မရပ်ခဲ့ဘူး။

ဖြစ်နိုင်မယ်ဆို
စွဲလမ်းခြင်းကို တောင်ပံတပ်
အိမ်မက်ကိုဇက်ကြိုးဆွဲပြီး
မင်းနှလုံးသားထဲ ပျံဝဲချင်တယ်။

ဒီအရွယ်ရဲ့ လွယ်အိတ်ထဲမှာ
ကျောင်းစာအုပ်ဟာ ကွက်လပ်
ချစ်တတ်ခြင်းသာ ပြည့်ကျပ်ခဲ့တယ် ။

တိတ်တဆိတ်နဲ့
ချိတ်ပိတ်ခဲ့တဲ့
ရင်ခုန်သံဟာ....သုံးနှစ်ကြာလည်း
လတ်ဆတ်ဆဲပေါ့ ။

တဖက်သတ်စွဲရုံနဲ့တော့
ရက်စွဲတွေသာကုန်သွားလိမ့်မယ်။
ဒီဘုံဘ၀မှာ ဆုံရမှာမဟုတ်ဘူး။
အုံကြွလာတဲ့ စွဲလမ်းခြင်းမှာ
ကိုယ့်ဘာသာ အားတင်းလျှက်
မင်းအနားကိုတိုးကပ်
ချစ်ခဲ့သမျှတွေ ဖွင့်ပြောမိတယ် ။

“မြတ်နိုးပါတယ်”ကိုယ့်စကား
သူ့နား ထဲမှာစွဲနေပါ့မလား။
ရင်ခုန်သံတဆတ်ဆတ်နဲ့
စိုးရိမ်တတ်ခဲ့
နယူတန်ရဲ့(တတိယ)နိယာမ
ငါသတိရတယ်.................။
ငါ့ရဲ့အချစ်စစ်မှန်ခဲ့ရင်
သူ့ထံကပြန် အချစ်မှန်မယ် ။


မြတ်မြတ်နိုးနိုး မျှော်ကိုးနေရင်း
အချစ်ရဲ့ ပျိုးခင်းပွင့်ခဲ့ပြီ ။
ရင်ခုန်သံတွေ ချိုမြ
အိမ်ပြန်လမ်းဟာ တောက်ပလွန်းတယ် ။

*ချစ်သူကို အနားမှာထား.............ဟိုအဝေးလည်း မသွားချင်ဘူး ။
*ချစ်သူရဲ့ အနားမှာကပ်..............တစက္ကန့်တောင်မလပ်ချင်ဘူး ။
*ချစ်သူရဲ့ အနားမှာနေ.................ဘယ်ဘ၀မဆို ငါနေပါ့မယ် ။
*ချစ်သူရဲ့ အနားမှာရှိ................မိုးပြိုကျတောင် ထမကြည့်ချင်ဘူး။
ဘာပဲဖြစ်ဖြစ်
*ချစ်သူသာငါ့ဘ၀ .......အသက်တမျှ....ထာ...၀....ရ...ပါပဲ....( ) ။


ဂျစ်ဘ၀မှာ သိပ်နှစ်သက်ခဲ့ရတဲ့ ကဗျာလေး တစ်ပုဒ်ပါ ။
ချစ်သူ“မောင်”ရေးဖွဲ့သည်။

8 comments:

ချစ်တဲ့မောင် said...

ဘယ်အချိန်မေးမေး နေရာမရွေး အသက်တမျှထာဝရက
ချစ်သူပါပဲ...။

kiki said...

*ချစ်သူကို အနားမှာထား.............ဟိုအဝေးလည်း မသွားချင်ဘူး ။
*ချစ်သူရဲ့ အနားမှာကပ်..............တစက္ကန့်တောင်မလပ်ချင်ဘူး ။
*ချစ်သူရဲ့ အနားမှာနေ.................ဘယ်ဘ၀မဆို ငါနေပါ့မယ် ။
*ချစ်သူရဲ့ အနားမှာရှိ................မိုးပြိုကျတောင် ထမကြည့်ချင်ဘူး။
ဘာပဲဖြစ်ဖြစ်
*ချစ်သူသာငါ့ဘ၀ .......အသက်တမျှ....ထာ...၀....ရ...ပါပဲ....( ) ။


ရေးတတ်လိုက်တဲ့ ချစ်သူ ပါလားကွယ်..
လက်မလွတ်စေနဲ့ ဂျစ်ရေ..
ဆွဲသာ ထားပေတော့ ... လက်ကိုပြော ပါတယ် .. :)

မကိ

ကိုလူထွေး said...

စာအုပ်ထဲမှာ ကွက်လပ်ကတော့
သိပ်မနိပ်သေးဘူးကွယ့်...

ကဗျားဖတ်ပြီး တော့တော့ ထပ်တူခံစားလို့ရတယ်...

းဝ)

ဂျာမုန်းဒန် said...

ခံစားချက်ရဲ့ရင်ခုန်သံလေးကိုလာဖတ်သွားပါတယ်။
ဂျစ်ရေ...ချစ်သူအနားမှာ....အမြဲနေခွင့်ရပါစေ။
ချစ်သူရဲ့ပြုစုယရမှုကိုရရှိနိုင်ပါစေ။
ချစ်သူခြင်းပေါင်းစည်းခွင့်ရရှိပါစေလို့အစ်မဆုတောင်းလိုက်တယ်
ချစ်တဲ့အစ်မ
ဂျာမုန်း

နဒီမိုးညို said...

သိပ်ချစ်တတ်တဲ့..ချစ်သူတစ်ယောက်ရထားတာ..
ဂျစ်...ကံကောင်းတာပေါ့..း)

မေဇင် said...

ချစ်သူကို အနားမှာထား.............ဟိုအဝေးလည်း မသွားချင်ဘူး ။
*ချစ်သူရဲ့ အနားမှာကပ်..............တစက္ကန့်တောင်မလပ်ချင်ဘူး ။
*ချစ်သူရဲ့ အနားမှာနေ.................ဘယ်ဘ၀မဆို ငါနေပါ့မယ် ။
*ချစ်သူရဲ့ အနားမှာရှိ................မိုးပြိုကျတောင် ထမကြည့်ချင်ဘူး။
ဘာပဲဖြစ်ဖြစ်
*ချစ်သူသာငါ့ဘ၀ .......အသက်တမျှ....ထာ...၀....ရ...ပါပဲ....( ) ။

ကြိုက်တယ်...ကဗျာလေး ဖတ်ပြီးတော့ မန့်မယ်ဆိုတော့ အပေါ်ဆုံးမှာ ချစ်သူ မောင်ရေးထားတာလေး ဖတ်ရတော့...ပြုံးမိတယ်..။း)

မိုးစက်အိမ် said...

ကဗျာ တွေ တင်လိုက် တိုင်း ဖတ်လို.
တကယ်ကောင်းတယ် ဂျစ်ရေ ... စာသား
တွေက ထိမိပါတယ် ... ပို.စ်မတင်တာ
ကြာလို. ဘာများဖြစ်လို.လဲလို. ... အားလုံး
အဆင်ပြေ ချောမွေ. ပျော်ရွှင်ပါစေဗျာ...

သုဒြေ္န said...

ဂျစ်လေး...ကဗျာလာဖတ်တယ်...သိပ်ကောင်းတဲ့ ........ကဗျာလေးပါ....ချစ်ခြင်းရဲ့ အဓိပါယ်...အပြည့် ပါတယ်...ချစ်တတ်ခြင်းကို....ဖွင့် လှစ်ပြတယ်..မြတ်နိုးတာတွေ....မိုးကောင်းကင်လို...ကျယ်ပြန့် လှတယ်....ကောင်းလိုက်.တာကွယ်....ဂျစ်လေးပျော်ရွှင်ပါစေ....ခင်တဲ့ ကိုကြီး......သုဒြေ္န