Saturday, April 4, 2009

တွေ့ဆုံမှုလေး


ဆောင်းလေလေး ထွက်ပြေးသွားတာ ကြားလိုက်ရသည်.....ကျွန်တော် စဉ်းစားတွေးတောရင်း
စောင့်စားမိ မျှော်လင့်မိ.....လာမဲ့အနာဂတ် ကို ဘယ်လိုမျိုး စီရင်ထားမလဲလို့....ပါ ။

အနာဂတ် ကိုစောင့်စား မျှော်လင့်ရင်း ဦးတည်ရာဟာ ဘယ်ဖက်လား ညာဖက်လား .....အရှေ့စူးစူး ကိုကြည့်ရင်း ဖြင့်.....ကျွန်တော် လိုချင်မိတဲ့ အချစ်တွေ ဘယ်လမ်း ကလာပြီး ....ဘယ်လမ်းကို ကွေ့မယ်...လမ်းကွေ့ ဘယ်နှစ်ကွေ့ ကွြေ့ပီးမှ ရောက်လာမလဲ ?

ကျွန်တော် ဘယ်သူ့ကို တွေ့ဆုံမယ်....ဘယ်လိုစကားလုံး တွေပြောမယ်.....ကျွန်တော် စောင့်တဲ့သူ ဟိုးအဝေးကြီး မှာလား ..။ အားလုံး နည်းတူ ပါပဲ ....တုံကင် နံပါတ်လေးနဲ့ တန်းစီ နေပါတယ် ။

အချစ်ကြောင့် နာကြင် ကြေကွဲ ဖူးရု ပျံသန်းခွင့် ရချင်ပါသည်....အချိန်ပင်လယ်ကြီး ကိုကျော်ဖြတ် လိုက်ချင်သည်....။

ကျွန်တော် ရှေ့တည့်တည့်က လမ်းလေးကို ကြည့်မိသည်...လမ်းလေး ကလွန်စွာ ကျဉ်းမြောင်း မှန်းသိလိုက်ရသည်....သို့ပေမဲ့လည်း သိသိနဲ့ ဆက်လျှောက် ခဲ့ရင်း မင်းကိုဆုံတွေ့ ခဲ့ရတယ်...။

ဒါဟာလည်း ဘ၀မှာ အလှပဆုံး .......မတော်တဆ တွေ့ဆုံမှု လေးပါပဲ....။

ကျွန်တော် သိပ်ချစ်ရပါသော ချစ်သူ (ငယ်ချစ်) အတွက် အမှတ်တရ............................

1 comment:

Anonymous said...

အချစ်ကြောင့် လေယာဉ်ပျံကြီး စီးပြီး ပင်လယ်ကြီးကို ကျော်ဖြတ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ :)
(ဓါတ်ပုံထဲက မင်းသမီးလေးက လှတယ်နော်)