Thursday, April 2, 2009

ဂျစ်တူးရဲ့ ပျော်စရာ.....နေ့လေးများ

(၁) ဂျစ်တူးဖေဖေ နိုင်ငံခြားက ပထမဆုံး ပို့ပေးခဲ့တဲ့ ပိုက်ဆံနဲ့ ၀ယ်ပေးလို့

ဂျင်းအကျီ င်္/ဘောင်းဘီ စတင်ဝတ်ခွင့် ရခဲ့တဲ့နေ့လေး တစ်နေ့။


(၂) အရင်နေ့တွေက မုန့်ဖိုး (၂)ကျပ်ကနေ မနက်ဖြန် မုန့်ဖိုး(၁)ကျပ်စတိုး
ပေးမယ်လို့ အဘိုးပြောတဲ့နေ့ တစ်နေ့ ။

(၃) အတန်းထဲမှာ အမြဲအဆင့် (၁) (၂) လုခဲ့ရတဲ့ စာပြိုင်ဖက်ကို အမှတ်အပြတ်
အသတ်နဲ့ ဗိုလ်စွဲခဲ့တဲ့နေ့ တစ်နေ့ ။

(၄) ငယ်ငယ်က အဘွားအိမ်မှာ တီဗွီဝယ်လို့ စကြည့် ရတဲ့နေ့လေး တစ်နေ့ ။

(၅) ဂျစ်တူး (၁၀)နှစ် အရွယ် နွေရာသီ ကျောင်းပိတ်ရက် အထက်မြန်မာပြည် ကို
အဘိုးအဘွားနဲ့ လျှောက်လည် မန္တလေးမှာ သင်္ကြန် ကျခဲ့ဖူးတဲ့ နေ့လေးများ ။

(၆) မေမေ နိုင်ငံခြားထွက်လို့ (၃)နှစ် ကြာမှ ဂျစ်တူးဆီကို မေမေ ပြန်ရောက်တဲ့
နေ့လေး တစ်ရက် ။

(၇) ဂျစ်တူးဆီမှာ ကိုယ်ပိုင်စက်ဘီး လေးပိုင်ဆိုင် ခဲ့ရတဲ့ နေ့လေး တစ်နေ့ ။

(၈) ဂျစ်တူး ဖေဖေကိုယ်တိုင် ပထမဆုံး ပေးခဲ့တဲ့ ဂျစ်တူးအတွက် အနက်ရောင်
စပို့စ်ရှပ်လေး ရရှိခဲ့တဲ့ နေ့လေး တစ်နေ့ ။


(၉) မိသားစု ဆုံဆုံညီညီ ကျိုက်ထီးရိုး ဘုရားဖူး ထွက်ခဲ့ကြတဲ့ ပျော်စရာ နေ့လေး တစ်နေ့ ။

(၁၀) ဂျစ်တူး ကိုးတန်းကျောင်းသား ဘ၀က အမှတ်ခြစ်တဲ့ ဆရာမ အမှတ်တွက်တာ မှားလို့
ဆုပေးစာရင်း မပါခဲ့ဘူး....ဒါပေမဲ့ နောက်တစ်နေ့ မနက်စောစော ကျောင်းသွားကာ
သတ္တိကိုမွေး ကျောင်းအုပ် ဆရာမကြီးကို ကြောက်ကြောက် နဲ့ဝင်တွေ့ပြီး ဂျစ်တူး ဆုရတဲ့
စာရင်း မ၀င်ရတဲ့ အကျိုးအကြောင်း သိချင်ပါကြောင်း ......အကျိုးအကြောင်း မသိခဲ့ရင်
ဂျစ်တူးမေမေ စိတ်မကောင်းဖြစ်မှာ သေချာကြောင်း ရှင်းပြပြီး ဂျစ်တူး ၇ဲ့အဖြေလွှာကို
ပြန်ပြီး စစ်ပေးဖို့ တောင်းပန်ခဲ့ ရပါတယ်....ကျောင်းအုပ် ဆရာမကြီးက ပြန်လည်စစ်ပေး
ကာ ..နေ့လည် မုန့်စားဆင်းချိန် ဂျစ်တူးကို ဆရာမကြီးကိုယ်တိုင် ဆုပေးပွဲ ဖိတ်စာလာ
ပေးပြီး ဆုယူတဲ့နေ့ လာရောက်ဆုယူဖို့ ပြောသွားတဲ့နေ့လေးဟာ ဂျစ်တူးအတွက်တော့
သိန်းဆုကြီး ပေါက်သလို ပျော်၇ွှင်ရသော နေ့လေး တစ်နေ့ပါပဲ.......။


(၁၁) ဂျစ်တူး ချစ်တဲ့ ငယ်ချစ်သူက ဂျစ်တူးကို ချစ်နေတယ်ဆိုတာ သိခဲ့ရတဲ့ နေ့လေး တစ်နေ့ ။

(၁၂) ချစ်သူရဲ့ ပထမ ဦးဆုံး Valentine's Day လက်ဆောင် ရခဲ့တဲ့ နေ့လေး တစ်နေ့ ။

(၁၃) ချစ်သူနဲ့ ခြွဲ့ပီး (၂)နှစ်ကြာမှ ပြန်လည် ဆုံတွေ့ခွင့်ရခဲ့တဲ့ နေ့လေး တစ်နေ့ ။

(၁၄) ချစ်သူအတွက် ... သူ့လိုအပ်မှုတစ်ခုခုကို စပြီး ဖြည့်ဆည်းပေးနိုင်တဲ့ နေ့လေး တစ်နေ့ ။

(၁၅) နောက်တစ်ခုကတော့ ဂျစ်တူး အလုပ်ရာထူး တက်သွားလို့ ပျော်ခဲ့ရတဲ့ နေ့တစ်နေ့...ပါပဲ။
( ဂျစ်တူး ဘော်ဘော်တို့လည်း ဂျစ်တူးလိုပဲ ဘ၀မှာ ပျော်စရာကောင်းတဲ့ နေ့လေးတွေ...
မမေ့နိုင်တဲ့ နေ့လေးတွေရှိကြမယ်လို့ ယုံကြည်ပါတယ်....)

ဒါကြောင့် ဒီပို့စ်လေးကို အမှတ်တရ တင်လိုက်ခြင်း ...............ပါ ။

***ဂျစ်တူး ချစ်ခင် လေးစားရပါသော ဘော်ဘော်တို့ ...ခင်ဗျာ

ပျော်စရာကောင်းတဲ့ နေ့လေးတွေကို ဝေမျှနိုင်မယ်ဆိုရင် ....

comments ပေးခဲ့ဖို့ တောင်းဆိုပါရစေ....ဗျာ ။








6 comments:

မင်းဒင် said...

ဂျစ်တူး ဘော်ဘော်တို့လည်း ဂျစ်တူးလိုပဲ ဘ၀မှာ ပျော်စရာကောင်းတဲ့ နေ့လေးတွေ...
မမေ့နိုင်တဲ့ နေ့လေးတွေရှိကြမယ်လို့ ယုံကြည်ပါတယ်....)
..
လောလောဆယ်တော့ ပေးတဲ့ဆုနဲ့ ဝေးနေတယ်ခင်ဗျာ .
စီးပွားပျက်ကပ်နဲ့ ငွေဈေးလှိမ့်ကျနေလို့ ဈေးရောင်းထိုင်းတယ် ။ဘာဘဲဖြစ်ဖြစ် အဆင်ပြေသွားမှာပါလေ ။။
ကိုရင့်ဘလော့ကို ဈေးဦးလာဖောက်တယ်။ မိတ်ဆွေတွေ တန်းစီတိုးပါစေဗျား။

ခင်မင်သော။

မင်းဒင်

မီးမီးငယ် ရဲ့  ထည်ဝါချို said...

လည်လည်လာသည်ဂျစ်တူးဆီ
း)

တင်ထားတဲ့ငုပန်းပုံလေးက ချစ်စရာကောင်းမှကောင်း
း)

ဂျစ်တူးရေ နံပါတ်(၁၃) ကဘာပြောတာလဲ။
ချစ်သူနဲ့ ခွဲပြီး (၂)အကြာပြန်လည်ဆုံတွေ့ တာလေ
နှစ်၊လ၊ရက်..............
း)

ဂျစ်တူးလေးနဲ့ သူငယ်ချင်းများ ကောင်းသောနေ့ များ ပိုင်ဆိုင်နိုင်ပါစေရှင်

မီးမီးငယ်

မြစ်ကျိုးအင်း said...

လူတိုင်းပျော်ရတဲ့ နေ့လေးတွေ ရှိကြပါတယ်
ဒီပို့လေးကို သဘောကျပါတယ်။

နေ့အိပ်မက် said...

ကိုယ်ကြိုက်သလို မွေးနေ့လုပ်ရတဲ့နေ့....
ကိုယ်ပိုင်အခန်းနဲ့စနေရတဲ့နေ့...
ဂျာနယ်ထဲမှာ ကိုယ်ရေးတဲ့စပထမဆုံးပါတဲ့နေ့
အစ်ကို့ကိုအဖြေပေးတဲ့နေ့
စိုင်းစိုင်းရှိုးသွားရတဲ့နေ့...
ဟိုနေ့...
ဒီနေ့......... :P :P :P
စကားမစပ်.. နေ့အိပ်မက်ဆီလာလည်တာ ကျေးဇူးပဲနော်မမ(ဟုတ်လားဟင်.. တော်ကြာ ကိုဂျစ်တူးဖြစ်နေရင် ဒုက္ခော... )

Poe said...

အစ်ကိုလား ညီလားမသိတဲ့ ဂျစ်ဂျစ်ခေါ်သလို ဘော်ဘော် မင်းဒင်လိုပါပဲ ဟီး.. အဲ့လိုပဲပေါ့ ပြန်ကောင်းသွားမှာပါ... ဒီလိုပါပဲ ဟိုလိုလဲ ဟုတ်တာပါပဲ.. ဘာလိုပဲဖြစ်ဖြစ်ပါ... ဂျစ်ဂျစ်လည်း တူးရင်းတူးရင်း ခုနံပါဆယ့်ငါးအထိပဲ ရှိပေမယ့် နောက်တစ်ခေါက် ဒီလိုပျော်စရာ နေ့ရက်များ ဆိုပြီး စီပြီးရေးရင် ၁၅၀ အထိ ရှိပါစေဗျား။။

ဂျပန်ကောင်လေး said...

ကိုဂျစ်တူးဘ၀ကလည်း ပျော်စရာကြီးပဲဗျာ.....