Thursday, June 4, 2009

ကောင်းကင် .....Eassy

ကျွန်တော့်တွင် ကောင်းကင်တစ်ခု ရှိပါသည် ။

ကောင်းကင်များ၏ သဘောသည် အခါအားလျှော်စွာ တည်ငြိမ်မနေတတ်.....ပြောင်းလဲတတ်ပါသည်။
ဒါပေမဲ့...... ကျွန်တော့် ကောင်းကင်လေးသည် သာယာနေပါသည်.............မပြောင်းလဲနိုင်ပါ ။

ထို့ပြင်......ကျွန်တော့် ကောင်းကင်သည် လတ်ဆက်သော ကောင်းကင်ဖြစ်ပါသည် ။
ရေခဲရိုက် ကောင်းကင်မဟုတ်ပါ ....။

ကောင်းကင် ဆိုသည်မှာ မြင့်မားလှပါသည် ။
မြင့်မားလှသော အရာကို မျှော်မှန်းခြင်းသည်လည်း လွန်စွာမိုက်မဲလှပါသည်......။

ဘာပဲဖြစ်ဖြစ် ပိုင်ဆိုင်ခွင့်ရရန်လည်း ကြိုးစားပါမည် ။
ပြီးတော့.....ကျွန်တော့် ကောင်းကင်ကို ကျွန်တော်သိပ်ချစ်ပါသည်.......။

(ချစ်သူ ကိုယ့်ကိုရူးတယ်လို့များ ဆိုချင်မလား..... ? သိပ်ချစ်လွန်းတော့လည်း
အရာရာကို ရူးသွပ်စေခဲ့တယ်လေ ....။)

***ဒီစာလေးကတော့ ဂျစ်ရဲ့ ချစ်သူ“မောင်”ဂျစ်အတွက် ရေးပေးခဲ့တာပါ ။
(၉)တန်းနှစ် ...ကျောင်းသားဘ၀က ဂျစ်တူးဘေးမှာ ကောင်လေးတွေ တန်းစီ
ချစ်စကားဆိုနေချိန် သူသိပ်ချစ်တဲ့ ဂျစ်ကို ကောင်းကင်လေး နေရာထားပြီး
တင်စားကာ......သိပ်ချစ်ကြောင်းဖော်ပြ ခဲ့တာပါ ။ ***

Wednesday, June 3, 2009

၇င်ခွင်နှင်းဆီ


“ မောင်ပို့ပေးတဲ့ ....ချစ်သူ့လက်ဆောင် ”
ပန်းမကြိုက်တဲ့
မောင့်............ချစ်သူကို
နှင်းဆီတခက် အစဉ်ပေးဆပ်
မပြတ်ခဲ့ဘူး.......။
အခုတော့.......ချစ်သူရယ်
ဂျစ်လေး.............မရှိမှ
အလွမ်းတွေအုံ
နှင်းဆီရုံဟာ ရည်ရွယ်သူမဲ့
ပွင့်နေကြပြီ........။

ဝေးနေချိန်မှာ
ဂျစ်.........လက်ဆပ်ဖို့
နှင်းဆီတမျိုးကို
အလွမ်းငွေ့နဲ့ ပုတ်နိုး
မောင့်ရင်ခွင်မှာ ပျိုးထားပေးမယ် ....။

သိပ်ချစ်၇တဲ့ ချစ်သူ
မောင့်........ရင်ခွင်သို့
အချိန်မှီသာ ပြန်လာခဲ့တော့.........။
( အဝေးကချစ်သူမောင် )


**ဒီကဗျာလေးက ဂျစ်ကို သိပ်ချစ်တတ်သော မောင့်ရဲ့ကဗျာလေးပါ.....။
ဂျစ်တို့ မိုင်တွေအများကြီး ဝေးနေချိန်က လစဉ်တိုင်းရဲ့ (၂၀)ရက်နေ့ရောက်တိုင်း
ကဗျာတွေ စပ်ပြီးအမြဲ အမှတ်တရ ပေးခဲ့တာပါ......။
ဟိုးအရင် ကျောင်းသားဘ၀ ကတော့ နှင်းဆီပန်းလေးတွေ
နေ့တိုင်းလိုလို ပေးခဲ့ဘူးတဲ့ မောင်ကို ရင်ထဲကနေ မြတ်မြတ်နိုးနိုး ချစ်မိခဲ့တာပါပဲ....။
ခုလို ဂျစ်တူးကိုယ်ပိုင် ဘလော့လေးမှာ မောင်နဲ့ ပက်သက်မှုလေးတွေ
ဖော်ပြခွင့်ရလို့ အတိုင်းထက်အလွန် ၀မ်းသာမိပါတယ်.........မောင် ။


ဂျစ်တူး သိပ်ချစ်တဲ့ ငယ်ချစ် “မောင်” သို့ .....
I Love You “မောင်”












Tuesday, June 2, 2009

လွမ်းသူ့အိမ်မက်


ဒီတနေ့တော့
ဝက်ကလေး ပြန်ရောက်
တို့တွေ အလွမ်းပျောက်ပြီ.......။

အစွန်းေ၇ာက် အချစ်နဲ့
ရူးရူးမိုက်မိုက် သိပ်ချစ်ခဲ့လို့
တို့နှစ်ယောက် ပျော်မလောက်ဘူး.....။

ဝေးနေချိန်မှာ
တမ်းတမ်းတတ လွမ်းခဲ့သမျှလည်း
အခုမှပဲ ရယ်မောရတယ်..........။
တို့နှစ်ယောက် အတွက်တော့
ဝေးပြီးမှပဲ ပိုနီးလာသလို
ထပ်ဝေးမှာလည်း ကြောက်နေမိတယ်....။

အရင်ကလို
ချစ်သူ့ ပါးပြင်ထက်
ကျတော့်နေ့ရက်တွေ ပြန်လင်းလက်ဖို့
ပါးနှစ်ဖက်ကို ချဉ်းကပ်ဆဲမှာ
အလင်းတွေဝင်ရောက် မင်းပျောက်သွားပြီ.....။

ဒီလိုနဲ့ပဲ
မိုးလင်းတော့မှ
ရင်ခွင်တွေနွမ်း ပိုလွမ်း၇တယ်.......ချစ်သူရယ်။
(အိမ်မက်မက်ခဲ့ရသော ညများကိုရည်ရွယ်ပါသည်။)
**(ချစ်သူ သက်တန်း ၂ နှစ်ပြည့် ......အထိမ်းအမှတ်)
ချစ်သူမောင်က ဂျစ်တူးကို ချစ်စနိုးဖြင့် ၀က်ခလေးလို့ခေါ်တတ်သည် ။
ဂျစ်တူး သိပ်ချစ်ခဲ့ရသော ''မောင်'' ရေးဖွဲ့၍ အမှတ်တရ
ပို့ပေးခဲ့သော ကဗျာလေးအား မောင်နှမများအား မျှဝေခံစားသည်.။)

Saturday, May 9, 2009

“အမေများနေ့”




မနက်ဖြန်ဆိုရင် မေလ ဒုတိယအပတ်ရဲ့ တနင်္ဂနွေနေ့ “အမေများနေ့” ရောက်လာပြန်ပါပြီ ။
အဲဒီနေ့လေး ရောက်ရှိတိုင်းမှာ ဂျစ်တူး မေမေ့အတွက် အကောင်းဆုံး တန်ဖိုးရှိတဲ့ လက်ဆောင်တွေ
ဝယ်ပေးမယ်ဆိုတဲ့ စိတ်ကူးတွေ ခဏခဏ စိတ်ကူးယဉ်ခဲ့ ဖူးတယ်ဆိုရမှာပါပဲဗျာ ....။
ခုချိန်ထိတော့ စိတ်ကူးနဲ့ လက်တွေ့က တော်တော်လေး ကွာဟနေရတုန်းပါပဲ......ဒါပေမဲ့ မေမေကတော့
ဂျစ်တူး ပေးခဲ့တဲ့ လက်ဆောင်တွေကို မကြိုက်ဘူးလို့ မပြောခဲ့ပါဘူး ။ အမြဲလိုလို မေမေ ကြိုက်လို့ ဈေးမှာ ကြွားတောင် ကြွားခဲ့တယ်လို့ ပြောပြ စမြဲပါ.....။

မနှစ်က မေမေ့အတွက် “အမေများနေ့” အမှတ်တရ ပို့စကဒ်လေး စာတိုက်က ပို့ဖြစ်ခဲ့ပါတယ်....ဒီပို့စကဒ်လေးကို မေမေ ရတော့ မျက်ရည်တောင် ကျတယ်တဲ့......။ဘာမှတန်ဖိုး ရှိလှတဲ့ အရာတော့ မဟုတ်ပါဘူးဗျာ .......ဒီနိုင်ငံငွေ ၂၅ကျပ် ပေါ့ ။
ပို့စကဒ်လေးကြောင့် မေမေ မျက်ရည်ကျရ တာကတော့ ဂျစ်တူးရေးထားတဲ့ စာတန်းလေးတွေ ကြောင့်ပါ.........“မေမေရေ ဂျစ်တူးနောင်ဘ၀တွေမှာ မေမေ့သားသမီး ထပ်ဖြစ်ချင်သေးတယ် ....
သိပ်ချစ်တယ် မေမေ့ကို...မေမေ အမြဲ ကျန်းမာပြီး စိတ်ချမ်းသာ ပါစေ...မေမေ ” လို့ရေးခဲ့တယ် ။


ဒီနှစ်တော့ မေမေ ဘာလိုချင်လဲလို့ ဖုန်းဆက်မေးမိတယ်......မေမေက ပြန်ပြောတာကတော့
စိန်နားကပ် ထက်ဈေးကြီးတာ မေမေ့ကိုဝယ်ပေးလို့ ပြောတာပါ...... ဒါနဲ့ဂျစ်တူးတော့ စိတ်ထဲက
မေမေ လိုချင်တာ ပိုက်ဆံလက်ထဲ ရှိတာအကုန်ဝယ်ပေး မယ်လို့ ချက်ချင်းဖြစ်မိတယ်....မေမေကို
ဂျစ်တူး ဆီမှာပိုက်ဆံရှိတယ် ၀ယ်ပေး မယ်လို့ပြောလိုက်တော့....မေမေက “ဂျစ်တူး ရဲ့ လိမ္မာတယ် အစဉ်ပြေတယ် ကျန်းမာတယ် ဆိုတဲ့ ကောင်းသတင်း မေမေ့နားက ကြားရတိုင်း မေမေ နားရွက်က
စိန်နားကပ် ပန်ထားတာထက် ပိုတောင်လှသေး လို့” မေမေ ပြန်ပြောတယ်...ဗျာ ။
မေမေ့ စကားကြောင့် ကျွန်တော် မျက်ရည်ဝဲမိတယ် ...မေမေ ဂျစ်တူးဆီက တန်ဖိုးကြီးကြီး ဘာတစ်ခုမှ မမျှော်လင့်ဘူး ဆိုတာသိလိုက်ရလို့ပါပဲ ။

မေမေ့အတွက် အကောင်းဆုံး “အမေများနေ့” လက်ဆောင်ကတော့ မနက်ဖြန်မှာ မေမေ့အတွက်
ဒီနိုင်ငံမှာ ရှိတဲ့ဘုန်းကြီးကျောင်းတစ်ခုမှာ သင်္ကန်းအလှူ ပြုပြီး မေမေ့အတွက် လက်ဆောင်ပေးလိုက်
မယ်လို့ ဆုံးဖြတ်လိုက်တယ်ဗျာ.........။


ကျွန်တော့် ဘော်ဘော် blogger မောင်နှမများလဲ ဘော်ဘော်တို့ မေမေအတွက် တစ်ခုတစ်ခု
လက်ဆောင်လေးတွေ ပေးဖို့ မမေ့နေပါနဲ့ လို့သတိပေးတယ်ဗျာ..... ။
“အမေများနေ့”အတွက် မောင်နှမများ မေမေ့အတွက် ဘာလက်ဆောင်များ ပေးမယ် စိတ်ကူး
ပါသလဲ ခင်ဗျာ....။ ဝေမျှနိုင်မယ် ဆိုရင်ပေါ့ဗျာ....comments များ ထားခဲ့စေလို ပါတယ် ....။

“အမေများနေ့” ချစ်မေမေ အတွက် အမှတ်တရ ဒီပို့စ်လေးတင်လိုက် ရပါသည် ။

Saturday, April 4, 2009

တွေ့ဆုံမှုလေး


ဆောင်းလေလေး ထွက်ပြေးသွားတာ ကြားလိုက်ရသည်.....ကျွန်တော် စဉ်းစားတွေးတောရင်း
စောင့်စားမိ မျှော်လင့်မိ.....လာမဲ့အနာဂတ် ကို ဘယ်လိုမျိုး စီရင်ထားမလဲလို့....ပါ ။

အနာဂတ် ကိုစောင့်စား မျှော်လင့်ရင်း ဦးတည်ရာဟာ ဘယ်ဖက်လား ညာဖက်လား .....အရှေ့စူးစူး ကိုကြည့်ရင်း ဖြင့်.....ကျွန်တော် လိုချင်မိတဲ့ အချစ်တွေ ဘယ်လမ်း ကလာပြီး ....ဘယ်လမ်းကို ကွေ့မယ်...လမ်းကွေ့ ဘယ်နှစ်ကွေ့ ကွြေ့ပီးမှ ရောက်လာမလဲ ?

ကျွန်တော် ဘယ်သူ့ကို တွေ့ဆုံမယ်....ဘယ်လိုစကားလုံး တွေပြောမယ်.....ကျွန်တော် စောင့်တဲ့သူ ဟိုးအဝေးကြီး မှာလား ..။ အားလုံး နည်းတူ ပါပဲ ....တုံကင် နံပါတ်လေးနဲ့ တန်းစီ နေပါတယ် ။

အချစ်ကြောင့် နာကြင် ကြေကွဲ ဖူးရု ပျံသန်းခွင့် ရချင်ပါသည်....အချိန်ပင်လယ်ကြီး ကိုကျော်ဖြတ် လိုက်ချင်သည်....။

ကျွန်တော် ရှေ့တည့်တည့်က လမ်းလေးကို ကြည့်မိသည်...လမ်းလေး ကလွန်စွာ ကျဉ်းမြောင်း မှန်းသိလိုက်ရသည်....သို့ပေမဲ့လည်း သိသိနဲ့ ဆက်လျှောက် ခဲ့ရင်း မင်းကိုဆုံတွေ့ ခဲ့ရတယ်...။

ဒါဟာလည်း ဘ၀မှာ အလှပဆုံး .......မတော်တဆ တွေ့ဆုံမှု လေးပါပဲ....။

ကျွန်တော် သိပ်ချစ်ရပါသော ချစ်သူ (ငယ်ချစ်) အတွက် အမှတ်တရ............................

Thursday, April 2, 2009

ဂျစ်တူးရဲ့ ပျော်စရာ.....နေ့လေးများ

(၁) ဂျစ်တူးဖေဖေ နိုင်ငံခြားက ပထမဆုံး ပို့ပေးခဲ့တဲ့ ပိုက်ဆံနဲ့ ၀ယ်ပေးလို့

ဂျင်းအကျီ င်္/ဘောင်းဘီ စတင်ဝတ်ခွင့် ရခဲ့တဲ့နေ့လေး တစ်နေ့။


(၂) အရင်နေ့တွေက မုန့်ဖိုး (၂)ကျပ်ကနေ မနက်ဖြန် မုန့်ဖိုး(၁)ကျပ်စတိုး
ပေးမယ်လို့ အဘိုးပြောတဲ့နေ့ တစ်နေ့ ။

(၃) အတန်းထဲမှာ အမြဲအဆင့် (၁) (၂) လုခဲ့ရတဲ့ စာပြိုင်ဖက်ကို အမှတ်အပြတ်
အသတ်နဲ့ ဗိုလ်စွဲခဲ့တဲ့နေ့ တစ်နေ့ ။

(၄) ငယ်ငယ်က အဘွားအိမ်မှာ တီဗွီဝယ်လို့ စကြည့် ရတဲ့နေ့လေး တစ်နေ့ ။

(၅) ဂျစ်တူး (၁၀)နှစ် အရွယ် နွေရာသီ ကျောင်းပိတ်ရက် အထက်မြန်မာပြည် ကို
အဘိုးအဘွားနဲ့ လျှောက်လည် မန္တလေးမှာ သင်္ကြန် ကျခဲ့ဖူးတဲ့ နေ့လေးများ ။

(၆) မေမေ နိုင်ငံခြားထွက်လို့ (၃)နှစ် ကြာမှ ဂျစ်တူးဆီကို မေမေ ပြန်ရောက်တဲ့
နေ့လေး တစ်ရက် ။

(၇) ဂျစ်တူးဆီမှာ ကိုယ်ပိုင်စက်ဘီး လေးပိုင်ဆိုင် ခဲ့ရတဲ့ နေ့လေး တစ်နေ့ ။

(၈) ဂျစ်တူး ဖေဖေကိုယ်တိုင် ပထမဆုံး ပေးခဲ့တဲ့ ဂျစ်တူးအတွက် အနက်ရောင်
စပို့စ်ရှပ်လေး ရရှိခဲ့တဲ့ နေ့လေး တစ်နေ့ ။


(၉) မိသားစု ဆုံဆုံညီညီ ကျိုက်ထီးရိုး ဘုရားဖူး ထွက်ခဲ့ကြတဲ့ ပျော်စရာ နေ့လေး တစ်နေ့ ။

(၁၀) ဂျစ်တူး ကိုးတန်းကျောင်းသား ဘ၀က အမှတ်ခြစ်တဲ့ ဆရာမ အမှတ်တွက်တာ မှားလို့
ဆုပေးစာရင်း မပါခဲ့ဘူး....ဒါပေမဲ့ နောက်တစ်နေ့ မနက်စောစော ကျောင်းသွားကာ
သတ္တိကိုမွေး ကျောင်းအုပ် ဆရာမကြီးကို ကြောက်ကြောက် နဲ့ဝင်တွေ့ပြီး ဂျစ်တူး ဆုရတဲ့
စာရင်း မ၀င်ရတဲ့ အကျိုးအကြောင်း သိချင်ပါကြောင်း ......အကျိုးအကြောင်း မသိခဲ့ရင်
ဂျစ်တူးမေမေ စိတ်မကောင်းဖြစ်မှာ သေချာကြောင်း ရှင်းပြပြီး ဂျစ်တူး ၇ဲ့အဖြေလွှာကို
ပြန်ပြီး စစ်ပေးဖို့ တောင်းပန်ခဲ့ ရပါတယ်....ကျောင်းအုပ် ဆရာမကြီးက ပြန်လည်စစ်ပေး
ကာ ..နေ့လည် မုန့်စားဆင်းချိန် ဂျစ်တူးကို ဆရာမကြီးကိုယ်တိုင် ဆုပေးပွဲ ဖိတ်စာလာ
ပေးပြီး ဆုယူတဲ့နေ့ လာရောက်ဆုယူဖို့ ပြောသွားတဲ့နေ့လေးဟာ ဂျစ်တူးအတွက်တော့
သိန်းဆုကြီး ပေါက်သလို ပျော်၇ွှင်ရသော နေ့လေး တစ်နေ့ပါပဲ.......။


(၁၁) ဂျစ်တူး ချစ်တဲ့ ငယ်ချစ်သူက ဂျစ်တူးကို ချစ်နေတယ်ဆိုတာ သိခဲ့ရတဲ့ နေ့လေး တစ်နေ့ ။

(၁၂) ချစ်သူရဲ့ ပထမ ဦးဆုံး Valentine's Day လက်ဆောင် ရခဲ့တဲ့ နေ့လေး တစ်နေ့ ။

(၁၃) ချစ်သူနဲ့ ခြွဲ့ပီး (၂)နှစ်ကြာမှ ပြန်လည် ဆုံတွေ့ခွင့်ရခဲ့တဲ့ နေ့လေး တစ်နေ့ ။

(၁၄) ချစ်သူအတွက် ... သူ့လိုအပ်မှုတစ်ခုခုကို စပြီး ဖြည့်ဆည်းပေးနိုင်တဲ့ နေ့လေး တစ်နေ့ ။

(၁၅) နောက်တစ်ခုကတော့ ဂျစ်တူး အလုပ်ရာထူး တက်သွားလို့ ပျော်ခဲ့ရတဲ့ နေ့တစ်နေ့...ပါပဲ။
( ဂျစ်တူး ဘော်ဘော်တို့လည်း ဂျစ်တူးလိုပဲ ဘ၀မှာ ပျော်စရာကောင်းတဲ့ နေ့လေးတွေ...
မမေ့နိုင်တဲ့ နေ့လေးတွေရှိကြမယ်လို့ ယုံကြည်ပါတယ်....)

ဒါကြောင့် ဒီပို့စ်လေးကို အမှတ်တရ တင်လိုက်ခြင်း ...............ပါ ။

***ဂျစ်တူး ချစ်ခင် လေးစားရပါသော ဘော်ဘော်တို့ ...ခင်ဗျာ

ပျော်စရာကောင်းတဲ့ နေ့လေးတွေကို ဝေမျှနိုင်မယ်ဆိုရင် ....

comments ပေးခဲ့ဖို့ တောင်းဆိုပါရစေ....ဗျာ ။








Thursday, March 26, 2009

ငယ်ချစ်ဦး

ကျွန်တော့် ဘ၀တွင် သိပ်ချစ်ရပါသော ငယ်ချစ်ဦး(အချစ်ဆုံးသူ).................သို့.....ရည်ရွယ်ပါသည် ။
ငယ်က အချစ် အနှစ် တစ်ရာ....လေ......တစ်ရာကျော် တာတောင် မင်းကို ငါချစ်နေအုံးမှာ ... သေချာတယ် ....ချစ်သူရယ်။
မမျှော်လင့်ပဲ ကျူရှင်ဆင်းတဲ့အချိန်မှာ တွေ့ခဲ့ရတာ မင်းရဲ့ မျက်နှာ............. တွေ့မိလို့ စွဲလန်းသွား တော့ ငါ့ ရဲ့ ရင်မှာ တဒိုင်းဒိုင်းခုန်တာ....... အတန်း ထိုင်ခုံချင်း ရှေ့ဆင့် နောက်ဆင့် ဖြစ်ခဲ့ ရလို့ မင်းနဲ့ ငါ နဲ့ ခင်မင်ခဲ့တာ...... ဒီလိုနဲ့ ငါ့ရဲ့ ဘ၀မှာ မင်းရဲ့ပုံရိပ် တဖြည်းဖြည်း ပေါ်လာ.......... အမှန်တိုင်း ၀န်ခံရရင် စိတ်တစ်ခုက မင်းကိုသိပ်ချစ်တဲ့ အချစ်ဖြစ်လာ..... ရင်ထဲက ချစ်တဲ့စိတ်က ထိန်းချုပ်မရ ဒါလဲ ပြသနာ...... ငါမကြိုက်တဲ့ သူတွေနဲ့ မင်းရောနှောနေရင် ငါ့ ရင်ခွင်မှာ ပူပြင်းနေကာ.... မင်းအရိပ်လို နောက်ကလိုက်ပါချင်တာ မင်းမှ မသိတာ....... အ.ထ.က(၁) ရဲ့ မုန့်စားဆင်းချိန် အသုတ်ဆိုင်မှာ မင်းမျက် နှာကို တွေ့ခဲ့ရတာ..... အသုံးမကျတဲ့ ငါ့လိုကောင် ကို ဖမ်းစားခဲ့တာ....... ဟဲ့ .... မင်းငါ့ကို ကြည့်အုံး........လှည့် ဟဲ့....နင် ဘယ်သူ့ကို အချစ်ဆုံးလဲ ? အချိန်ကြာတော့ ငါ့ ရဲ့ခြေထောက်တွေ ညောင်းလာ ဒါပေမဲ့ ငါ့ရင်မှာပိုချစ်......... မင်း က တစိမ်းတစ်ယောက် လို့ ပြောရင် ငါ့ရင်ထဲမှာ ၀မ်းနည်းခဲ့......... ငါချစ်တာ မင်းတစ်ယောက်တည်း ရှိထား.... ငါရင်မှာ မင်းကလွဲလို့ ချစ်ဦးသူလဲ မရှိထား..... ချစ်တတ်ရင် မှားတတ်တာတော့ မင်းနားလည်ပါ .....ကြာလာရင်သိ လာမှာပါ... ငါ မင်းကို ဘယ်လောက်ချစ်တယ်ဆိုတာ....... ရင်ခုန်စရာ အိမ်မက်လေးတော့ တစ်ခါပြန်လည် မက်ခွင့် ရချင်ပါသည်.....နင် မမုန်းလိုက်ပါနဲ့ဟာ..... တစ်နေ့နေ့တော့ နင်နားလည်ပါစေ......ငါဘယ်လောက် ချစ်တယ်ဆိုတာကိုပေါ့.....ငယ်ချစ်(အချစ်ဆုံး)ရယ်...။
( ကျွန်တော် သိပ်ချစ်ရသော .....တစ်ဦးတစ်ယောက်တည်းသော...ချစ်သူငယ်ချစ်သူသို့....ရည်ရွယ်ထားပါသည် )
အချစ်မှာ ပုံသေနည်းမရှိဘူး! အချစ်အတွက် ဖွင့်ဆိုထားတဲ့ အချက်အလက်ကောင်းတိုင်းက လူတိုင်းနဲ့ သင့်တော်ချင်မှ သင့်တော်လိမ့်မယ်။ ကောင်းတယ်လို့ ကိုယ်ထင်ထားတဲ့အချစ်ကို တစ်ခြားလူကြိုက်ချစ်မှ ကြိုက်မယ်။ မကောင်းဘူးလို့ ကိုယ်ထင်ထားတဲ့ အချစ်က တစ်ခြားလူရဲ့ မျက်စိထဲမှာ လုံးဝကောင်းတယ်လို့ ထင်နေကြမယ်။ အချစ်မှာ အကောင်းဆုံးဆိုတာ မရှိဘူး။ အသင့်တော်ဆုံး ဆိုတာပဲရှိတယ်။


ုူ

Monday, March 23, 2009

ဂျစ်တူးကို ချစ်တဲ့....ချစ်မေမေ




မေမေ့ အကြောင်းကို ရေးဖြစ်သွားတာ ကတော့.....
“ခလုတ်ထိ တော့ အမိတ ”လေ....ဂျစ်တူး အမှား တွေလုပ်မိတဲ့ အခါ...ဂျစ်တူး အားကိုးတကြီး တမ်းတမိတာ..မေမေပါ .

ဂျစ်တူးကို သိပ်ချစ်တဲ့ ...မေမေ
အရာရာကို အလိုလိုက်တတ်တဲ့......မေမေ
သူများနဲ့ မတူအောင် ချစ်စနိုး နာမည်ပေးတတ်တဲ့....ချစ်မေမေ
ဘယ်သူဘာပြောပြော ကျွန်တော့် ဘက်က ရပ်တည်ပေးခဲ့တဲ့....မေမေ
တစ်လစာ မုန့်ဘိုး မလောက်လို့ မောင်နှမတွေ ကွယ်ရာ မုန့်ဘိုးခိုးပေးတတ်တဲ့....မေမေ

အိမ်ပြန် ရောက်ရောက်ချင်း ဂျစ်တူးကို မြင်ရင် အမောပြေတယ် ဆိုတဲ့.......မေမေ
နေပူမိုးရွာမရှောင် အထည်ထုပ်ကို ခေါင်းပေါ်တင်ပြီးဈေးရောင်းကျွေးခဲ့တဲ့......မေမေ
ကိုယ့်အတွက် ၀ယ်ဖို့မေ့ ပြီး ဂျစ်တူးကို အသစ်အဆန်း အမြဲဝယ်ပေးတတ်တဲ့.....မေမေ
ထမင်းဝိုင်း မှာ ကြက်သားဟင်းချက်တိုင်း “မေမေ” အသားသိပ် မကြိုက်ဘူးလို့ ညာပြောတတ်တဲ့....မေမေ
ဂျစ်တူးငယ်ငယ် ကအတန်းထဲမှာ အဆင့်ကျလို့ မျက်ရည်ဝဲတဲ့ .....မေမေ
ဆယ်တန်းစာမေးပွဲ မဖြေခင် ဗေဒင်တွေ ခဏခဏ မေးပြီး တစ်ယောက်ထဲ ဗျာများခဲ့တဲ့.....မေမေ
စာမေးပွဲ ဖြေပြီး အခန်းပေါက်ဝက လာကြို ....အားပေးစကားပြောပြီး မေမေ့ဂျစ်တူး လို့ပြောတတ်တဲ့.....မေမေ
ဂျစ်တူး ဟင်း ချေးများတတ်တာသိလို့ ဂျစ်တူးမကြိုက်တဲ့ ဟင်း လုံးဝမချက် ဘူးဆိုတဲ့.......မေမေ
ခေါင်းမာ တတ်တဲ့ ဂျစ်တူးကို စိတ်ရှည်ရှည် နဲ့ နားချ ဆုံးမတတ်တဲ့.....မေမေ
ဂျစ်တူး သဘောကောင်း တတ်လို့ အလိမ်ခံရမယ် နော်ဟု အမြဲပြောတတ်တဲ့......မေမေ
ဂျစ်တူး အိမ်မှာ မရှိရင်တစ်ခုခု လိုနေတယ် ဆိုတဲ့...မေမေ
(ကျွန်တော် မေမေ့ကို ခွဲလာတာ (၁၀)နှစ် ပြည့်တော့မယ်ဗျာ...ဂျစ်တူးကိုကောင်းစားစေချင်တဲ့ ဆန္ဒတွေနဲ့
နိုင်ငံခြား လွှတ်ပညာတွေ သင်ပေးခဲ့တဲ့ မေမေ့ ကို ဂျစ်တူး အရမ်းကျေးဇူးတင်ပါ တယ်မေမေ ။ မေမေ့ ကျေးဇူး ကို ဂျစ်တူး ငွေတွေပေးပြီး ကျေးဇူးဆပ်လို့ကုန်မှာ မဟုတ်ပါဘူး...ဒါပေမဲ့ မေမေ့ စကားကို တသက်လုံး နားထောင်သွားတဲ့ “ဂျစ်တူး ”......မေမေ့ ကို ဘယ်တော့မှ စိတ်ဆင်းရဲ အောင်မလုပ် တဲ့ “ဂျစ်တူးလေး” အဖြစ်နဲ့ မေမေ့ ကို ကျေးဇူးဆပ်ပါရစေတော့ ......မေမေ ရယ် ။
ချစ်မေမေ အတွက် ရည်ရွယ်ပါ သည်....။














Sunday, March 22, 2009

ပျော်စရာ (၁) (၂) (၃) အဖြေညှိ

ဂျစ်တူး ချစ်ခင်လေးစားရသော ဘော်ဘော်တို့ရေ....ပထမဆုံး ပြောချင်တာကတော့ ဂျစ်တူးကို ခင်မင်လေးစားမှု ပေးပြီး စိတ်ရှည်ရှည်ထားကာ ပျော်စရာမေးခွန်းလေး တွေ
ရဲ့အဖြေများကို comments ပေးခဲ့ကြ လို့အတိုင်းထက် အလွန် ဂျစ်တူးပျော်ရပါတယ်...အရမ်းကျေးဇူးတင်ပါတယ် ခင်ဗျာ......နောက်ထက် “ဥာဏ်စမ်းဗဟေဠိ” လေးတွေ ဆက်လက် တင်သွားချင် ပါတယ်....။
မေးမိမေးရာ ပျော်စရာ (၁) အဖြေကို comments ပေးခဲ့ကြတဲ့.......
Blogger “အန်တီချမ်း” “ပီတီ(စိတ်ပညာ)” “mgnge” “မြစ်ကျိုးအင်း” “မိုး ခါး” ....ကျေးဇူးတင်တယ်ဗျာ....အဖြေမှန်ကတော့ “ခိုး တာခြင်း တူတူ အမှုလဲ မဖြစ် တရားလဲ မစွဲ ခံရတာ “ခိုးရယ် တာပါ”။ ဘော်ဘော်တို့အဖြေနဲ့ တိုက်ဆိုင်မှု မရှိခဲ့ရင် စိတ်မဆိုး ကြေးနော်.........။
မေးမိမေးရာ ပျော်စရာ (၂) အဖြေကို comments ပေးခဲ့ကြတဲ့.....Blogger “ပီတိ(စိတ်ပညာ)” “နွေမိုးတိမ်” “မိုးခါး ” .......ကျေးဇူးဗျို့....ကျေးဇူး ။ အဖြေမှန်ကတော့ “ပီတိ”နှင့်“မိုးခါး” တို့မှန်ပါတယ် ....ကတုံး မို့ရေမစို တာပါ ...။
မေးမိမေးရာ ပျော်စရာ (၃) အဖြေကို comments ပေးကြတဲ့.....Blogger “ပီတိ” “မိုးခါး”....အားပေးတဲ့အတွက် thanks a lot ဗျာ.....။ “ပီတိ”နှင့်“မိုးခါး” တို့မှန်ပါတယ် ဗျာ....small size ပါ...။
ဂျစ်တူး ဘော်ဘော်များ....ပျော်ရွှင်ကြပါ စေ.....။

Thursday, March 19, 2009

မေးမိမေးရာ...ပျော်စရာ(၃)


ဂျစ်တူး တို့...ဘော်ဘော်တို့ ငယ်ငယ်ထဲက သိခဲ့ကြတဲ့ super man ကြီးရဲ့
အကျီ င်္ကsize သေးနေတယ်လို့ ပြောကြတယ် ။
ဘာကြောင့်အဲဒီလို ပြောကြတာလဲ?
(ခင်မင်လေးစားသော အားဖြင့် အဖြေလေးများကို comments တွင် ပေးသွားကြပါ။)