Saturday, July 4, 2009

မုန်းဟင်းခါး....ရောဂါ

ဂျစ် ချက်ထားတဲ့ မုန့်ဟင်းခါး ပူပူ နွေးနွေးလေး

ဒီအပတ်ထဲမှာ “ဂျစ်” မုန့်ဟင်းခါးလာစား ပါလို့ဖိတ်တဲ့ ဘလော့သူငယ်ချင်း နှစ်ယောက်ရှိပါတယ်.......... ။
ချစ်ခင်ရတဲ့ မမ“ဂျာမုန်းဒန်”နဲ့ ညီမလေး “မြူး”တို့ပါပဲ....။ ( ကျေးဇူးပါနော် )

ဂျစ်တူးကလည်း မုန့်ဟင်းခါးဆို ကြိုက်မှကြိုက် ဆိုတော့ ........အဲဒီမှာ စတွေ့တော့တာပဲဗျို့ ။
ဘလော့သွားလည်ရင်း မုန့်ဟင်းခါး အ၀သွားစား လာတာပေါ့ ။ နောက်တစ်နေ့ ဂျစ် ချစ်သူကို
မမ“ဂျာမုန်းဒန်”နဲ့ “မြူးလေး”အိမ်ကို သွားကြည့်ခိုင်းတာပေါ့.........။

ချစ်သူက ဘလော့မောင်နှမတွေရဲ့ စားချင်စဖွယ် မုန့်ဟင်းခါး တွေတွေ့တော့

“ဂျစ် ဒီအပတ် မုန့်ဟင်းခါး ချက်စားရအောင်တဲ့ ” လေ ။
ဂျစ်ကလဲ ကြာသလားလို့ မမေးနဲ့ .. ချက်မယ်လေ ကောင်းကောင်းပေါ့ .....။
တိုက်တိုက်ဆိုင်ဆိုင် မြန်မာပြည်မှာရှိတဲ့ မေမေက မုန့်ဟင်းခါးချက်ရင်
လွယ်လွယ်ကူကူ ချက်စားနိုင်အောင် ငါးခူနဲ့ဆီသတ် ထားတာလေး
လူကြုံရှိလို့ ထည့်ပေးလိုက်တယ် ။ အဲ့ဒီမှာ မုန့်ဟင်းခါးချက်စားချင်တဲ့ ရောဂါ ရသွားတော့တာပါပဲ ။


မုန့်လုပ်စားရင်လဲ ခင်မင်တဲ့ သူငယ်ချင်းတွေကိုလည်း စားစေချင်တာ
သဘာဝပဲ မဟုတ်လား ....ဒီတော့ ဂျစ်တို့ ထိုင်ဝမ်မှာ ရင်းရင်းနှီးနှီး
ခင်မင်မှုရှိကြတဲ့ ဘလော့ဂါမောင်နှမ တွေကို ဂျစ် သတိသွားရပြန်ရော..........။

ဒါနဲ့ ဘလော့ဂါမောင်နှမများ ဖြစ်ကြတဲ့ .......................
“ကိုမြစ်ကျိုးအင်း ၊ ကိုအဖြူလေး ၊ မမကိကီ ၊ ညီမလေး မေဒီဇာ ၊ မမ၀ါဝါ ၊ ကိုဧပရယ်”
နောက်တစ်ယောက်က “ကိုကြီးသုနြေ”တို့ကို ဖိတ်လိုက်မိပါတယ် ။
“ မမ၀ါဝါ ”ကိုတော့ ကိုအင်း မှတဆင့် ဖိတ်ခဲ့ပါတယ် ။


မမကိကီ နဲ့ မမ၀ါဝါ တို့ နှစ်ယောက်က ဒီနေ့ အလုပ်ကိစ္စလေးတွေ ရှိနေလို့
ဂျစ်အိမ်ကိုလာဘို့ မကျိန်းသေသေးပါဘူး......ဒါပေမဲ့ မုန့်ဟင်းခါးက ဂျစ်တူးကိုယ်တိုင်
ရှယ်ချက်ထားတာ ဆိုတော့ ကိုယ့်အမတွေကို လာစားစေချင်တာပေါ့နော် ။
(ဒီအပတ် မလာနိုင်လဲ ဂျစ်တူး နောက်တစ်ခေါက် ထပ်ပြီး ချက်ကျွေးမှာပါ......။)

ဂျစ်တူး ချစ်ခင်လေးစားရပါသော ဘလော့မောင်နှမများလဲ ဂျစ်တူးလေး
ချက်ထားတဲ့ မုန့်ဟင်းခါး ပူပူနွေးနွေးလေးကို သုံးဆောင်သွားကြ ပါအုံးနော် ။

ဟိုတစ်ခေါက် ဘလောဂါမောင်နှမတွေ တောင်ပေါ်ရှုခင်းသွားကြည့်တော့

မလိုက်ရလို့ မနာလိုဘူးဆိုတဲ့ “ကိုကြီးဖိုးစိန်၊ ကိုကြီးစိတ်စမ်း ၊ ညီမလေးဇော် ”

တို့ မုန့်ဟင်းခါး အ၀စားသွားကြနော်.....။စားစေချင်လို့ ဒီပို့စ်လေးတင်ပေးလိုက်တယ်။

ချစ်ခင်လေးစားစွာဖြင့်

ဂျစ်







19 comments:

Yu Ya said...

မုန့်ဟင်းခါး လာစားပါတယ် မဂျစ်ရေ။ အရမ်းနဲ့ ကောင်းတယ်။

yu ya

ahphyulay said...

မုန့် ဟင်းခါးကတော့ ခုနှစ်ရက်သားသမီး
အကုန်ကြိုက်ပါတယ်။ကျွန်တော်ကအဲဒီ
ခုနှစ်ရက်သားသမီးတွေထက်ပိုကြိုက်တယ်

အိုက်ခီလောက် said...

အမူးသမားအတွက် ကျန်သေးလားမသိဘူး
လာတော့လာတာပဲ ပန်းကန်ဆေးဖို့ ပဲ ကျန်တယ်ထင့်ပါ
အဟင့် မုန့် တီပိုကြိုက်တယ် မုန့် ဟင်းခါးကြိုက်ဖူး
ရေရောထားတယ် အရောင်ကြည့်တာနဲ့ သိတယ် :D
မစားဖူးတဲ့သူတွေ ပဲ ဝအောင်ကျွေးတော့နော်သိလား ဂျစ်တူးလေးရေ
ဒါနဲ့ အရက်ဘယ်နားဝှက်ထားလည်းဟင်

အိုက်ခီလောက် said...

မကျေနပ်လို့ ထပ်မန့် တယ် ဖိတ်တဲ့အထဲမပါလို့ 
ဂျစ်ညီမလေးဇော်နဲ့ ချစ်ကိုကြီးယောက်ဖ ဖိုးစိန်တို့ ပါတယ်
ကျုပ်ကမပါဘူးပေါ့လေ ဒါဆိုလည်းမစားတော့ဘူး
ပြန်မယ် ဟွန်းမျက်နှာလိုက်ပါ့ အမူးသမားဆိုပြီး ညည်းတို့ က ပစ်ထားကျတယ်ပေါ့လေ ဟုတ်လား
ပေးစမ်းအရက်တစ်ပိုင်းဖိုး ဒါမှကျေနပ်မယ်
ဒါမှမဟုတ်၇င်ဂျစ်ညီမလေး ဂျူတီဖရီးဆိုင်က တစ်လုံးဆိုကျေနပ်ပြီ ငှဲငှဲ ဒန့် ဒန့် ဒမ် ဒမ်

မေဇင် said...

နောင့် တို့ရော လာစားလို့ မရ ဘူးလား ဟင်...း( စားချင်တယ်.. ငါးခူ နဲ့ ဆိုတော့ ပိုစားချင်တယ်...။ လာပြီး သရေကျသွားပါတယ်...။း)

Anonymous said...

မုန့်ဟင်းခါး လာစားပါတယ် .. နော်ထက်ထပ်စားဖို့လဲယူသွားပါတယ်....
:P

ချစ်တဲ့မောင် said...

ညနေက အစမ်းတပွဲစားတယ် ကောင်းတယ်
ညရောက်တော့ ၂ ပွဲနဲ့ ဟင်းရည် တပုဂံထပ်သောက်
တယ် ပိုပြီးကောင်းပါ့...မ၀သေးလို့ မနက်စောစော ထစားအုံးမယ်နော်...အီကြာကွေးလေးနဲ့ဆို ပိုများကောင်းမလားလို့ ထင်မိတယ်...။

ဂျာမုန်းဒန် said...

ဂျစ်ရေ....အရသာရှိလိုက်တာ။
စားမယ်စားမယ်အ၀ကွယ်။
ဂျစ်တို့ချက်တဲ့မုန့်ဟင်းခါးပိုကောင်းတယ်
မုန့်ဟင်းခါးဆိုတရေးနိုးလဲစားမှာပဲ။
ဘယ်အချိန်စားစားဝင်တယ်။
ချစ်တဲ့မမ
ဂျာမုန်းဒန်

မိုးမခ said...

ကျွေးမယ်ထင်လို့ဝင်စားသွားတယ် ကောင်းမှကောင်းပဲ
ဂျစ်ကစွယ်စုံရတယ်ပေါ့။

chitpalone said...

တော်တော်ချက်တတ်တာပဲ။ ပုံစံမြင်တာနဲ့ စားချင်လိုက်တာ။ အခုတော့ သရေကျပြီး ပြန်ပြီ။
ပျော်ရွှင်ပါစေ
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

မိုးစက်အိမ် said...

ဂျစ်တူးလေးရေ ကျွန်တော်လဲ မုန်.ဟင်း
ခါးအသားကုန်ကြိုက်တယ် ကျွန်တော်
ကျတော. မကျွေးဘူးဗျာ...ပြောရင်း
တောင် စားချင်လာပြီဗျာ ... :(

စန္ဒီမိုးမြင့် said...

မမဂျစ်
ဒီလေး မမ ဘလောခ်ကို အမြဲ ရောက်ဖြစ်တယ် ။မမ ချစ်တဲ့ မမရဲ့ ချစ်သူ အကြောင်း မမတို့ အကြောင်းကို ဖတ်ပြီးရင်နင့်အောင်ခံစားရတယ်။ မမဘလောခ်ကိုလာပြီးစာတွေဖတ်တိုင်းလည်း မမတို့ချစ်သူနှစ်ဦးအမြန်ဆုံးပြန်လည်ဆုံစည်းပါစေလို့ ဆုတောင်းပါတယ် ။
မမချစ်သူ ရေးထားတဲ့ မတားရက်ခဲ့သူ ဆိုတဲ့ ကဗျာကိုဖတ်ပြီးတော့ ညီမလေး လေးစားသွာတယ်သိလား။ သူဟာ အချစ်ကို ကို ချည့်ရှေ့တန်းတင်ခဲ့သူ မဟုတ်ဘဲ ချစ်သူ ရဲ့ အနာဂတ်ကို ဘဲေ၇ှ့တန်းတန်ဦးစားပေးခဲ့သူ ပါလားဆိုပြီး ။
အမြဲ ရောက်ဖြစ်ပေမယ့် တစ်ခါမှ စီဘောက်မှာ မအော်ဖြစ်သလို ကွန်မန့်မှာ လဲ မရေးဖြစ်ခဲ့ဘူး
ဒါပေမယ့် အမြဲေ၇ာက်သလို ရင်ထဲ ရင်နှီးပြီးသားပါ
မုန်းဟင်းခါးကတော့ တကယ်မသောက်လိုက်ရလို့ ကျေနပ်ဝူး :P
မမချစ်သူ နဲ့ က မုန့်ဟင်းခါးအတူတူ ချက်နေပြီဆိုတာတွေ့ရတော့ ၀မ်းသာမိပါတယ် မမရယ်(သိပ်မ၇ှင်းဘူးဖြစ်နေတယ် ။ ကော်ဖီ ပို့မှာ လဲ မမ ချစ်သူက မမနဲ့ အတူတူရှိနေတဲ့သဘောဆိုတော့ ပြန်ဆုံတဲ့ အကြောင်းပို့စ်ကို ညီမလေး ဘဲ မဖတ်လိုက်မိတာလား :()
အကြောင်းပြန်အုံး
ဒါဆိုလဲ ပြန်ဆုံတဲ့ အကြောင်းပို့စ်လေး ပြောပြအုံးတိချင်ရို့
ခင်မင်လျက်
စန္ဒီမိုးမြင့်
မန္တလေး

Sein Lyan Tun said...

း)


မစားရ အညှော်ခံသွားပါဒယ်

ချစ်ခင်စွာဖြင့်

ဖိုးစိန်

ကျောပိုးအိတ် said...

တော်လိုက်တာနော်

ချက်ထားတာ အရသာရှိမယ့်ပုံဘဲ။ မမဂျာမုန်း အိမ်ကနေ မုန့် ဟင်းခါးဆိုလို့ ခြေရာခံလာတယ်။
း)

နောက်ချက်လဲခေါ်ကျွေးနော်။
း)

Anonymous said...

မရေ.....
ပဲကြော်နဲ့  ၂ ပွဲပေးနော်......မ

ဟီးးးးးးးး မြူးလေးကတပွဲဆိုဝဖူးရယ်လေ

မရဲ့ မောင်ကအရမ်းကြိုက်ဆိုတော့

ရပါတယ်မြူးလေးလျှော့စားပါ့မယ်

၂ ပွဲပဲပေးနော်..................မ

ချစ်တဲ့
မြူးလေး

rose of sharon said...

မုန့်ဟင်းခါးလေးကစားချင်စရာလေး

မိုးကောင်းသူ said...

မုန့်ဟင်းခါးဆိုလို့ အပြေးလာစားပါတယ်။ နောက်တော့ကျသွားပြီထင်တယ်။ ဘယ်လိုနေနေ စားပြီနော်။ အားနာတော့ဘူး။

နေဒေးသစ် said...

စားချင်ပေမယ့် ဖိတ်တဲ့သူ စာရင်းထဲ မပါလို့ စိတ်မကောင်းစွာနဲ့ မျှော်ပြီး ပြန်သွားပါပြီ .. :( အဟင့်

အလုပ်နဲ့ မအားလို့ မလာဖြစ်တာပါ ..
ရပါတယ်လေ ရပါတယ် :(
အဟီး .. စတာ
ရပါတယ် .. သူများတွေ အားရပါးရ စားနေရတာ မြင်တော့ ကိုယ် မစားရပေမယ့် ကျေနပ်ပါတယ်လေ ..

နေဒေးသစ်။

ကောင်းကင်ပြာ said...

တို့လဲ မျှော်ပီးပြန်သွားတယ်