သူငယ်ချင်း နှစ်ယောက် အရက်ဆိုင်တွင် အရက်ထိုင်သောက် နေကြသည်။
အနည်းငယ် ရေချိန်ကိုက်လာသော အခါ တယောက်မှ
“သူငယ်ချင်း ငါမင်းကို ငါ့မျက်လုံး ငါပြန်ကိုက် ပြမယ် ကြည့်မလား”
“မင်မူးနေပြီလား ”
“တကယ်ပြောတာကွ”
“မဖြစ်နိင်ဘူး”
“ကိုက်ပြလို့ ရရင် မင်း အရက်တလုံး ငါ့ကို တိုက်ရမယ် ဘယ်လိုလဲ”
“အိုကေ တိုက်မယ်ကွာ”
ထိုအခါ ပထမ သူငယ်ချင်းမှ သူ့ရဲ့ ညာဘက် က မျက်လုံးအတုကို ဖြုတ်ပြီး သွားဖြင့်ကိုက်ပြလိုက်သည်။
“မြင်ပြီမှတ်လား ပေးတော့ အရက်တလုံး”
ထိုအရက်တလုံးဖြင့် နှစ်ဦးသားအတူ တကွ သောက်လိုက် ကြသည်။
ထိုအရက်ကုန်သွားသောအခါ
ပထမ တယောက်ကပဲ
“သူငယ်ချင်း ငါကျန်တဲ့ မျက်လုံးတဖက်ကို သွားနဲ့ ထပ်ကိုက်ပြအုံးမယ် ဒီတခါ
အရက်နှစ်လုံးကြေးကွာ”
ဒီတခါတော့ ပထမ အကြိမ်ခံထားရသည့် သူငယ်ချင်းမှ မျက်လုံးအား စေ့စေ့ စပ်စပ် ကြည့်ပြီး
“အေး လောင်းမယ်ကွာ” ဟုပြန်လိုက်သည်။
ထိုအခါ ပထမ လူမှ သူ့ရဲ့သွားအတု ကို ချွတ်ကာ မျက်လုံးအကောင်း အားကိုက်ပြလိုက် တော့သည်။

2 comments:
တော်တော်ကောင်းတဲ့ idea ပဲဗျ ဒီတပုဒ်ကိုကြိုက်တယ်
ကောင်းတယ် ဒီပို့စ်လေး ...ဖတ်လို့ သဘောကျတယ်.
Post a Comment