ကျွန်တော့် ဘ၀တွင် သိပ်ချစ်ရပါသော ငယ်ချစ်ဦး(အချစ်ဆုံးသူ).................သို့.....ရည်ရွယ်ပါသည် ။
ငယ်က အချစ် အနှစ် တစ်ရာ....လေ......တစ်ရာကျော် တာတောင် မင်းကို ငါချစ်နေအုံးမှာ ... သေချာတယ် ....ချစ်သူရယ်။
မမျှော်လင့်ပဲ ကျူရှင်ဆင်းတဲ့အချိန်မှာ တွေ့ခဲ့ရတာ မင်းရဲ့ မျက်နှာ............. တွေ့မိလို့ စွဲလန်းသွား တော့ ငါ့ ရဲ့ ရင်မှာ တဒိုင်းဒိုင်းခုန်တာ....... အတန်း ထိုင်ခုံချင်း ရှေ့ဆင့် နောက်ဆင့် ဖြစ်ခဲ့ ရလို့ မင်းနဲ့ ငါ နဲ့ ခင်မင်ခဲ့တာ...... ဒီလိုနဲ့ ငါ့ရဲ့ ဘ၀မှာ မင်းရဲ့ပုံရိပ် တဖြည်းဖြည်း ပေါ်လာ.......... အမှန်တိုင်း ၀န်ခံရရင် စိတ်တစ်ခုက မင်းကိုသိပ်ချစ်တဲ့ အချစ်ဖြစ်လာ..... ရင်ထဲက ချစ်တဲ့စိတ်က ထိန်းချုပ်မရ ဒါလဲ ပြသနာ...... ငါမကြိုက်တဲ့ သူတွေနဲ့ မင်းရောနှောနေရင် ငါ့ ရင်ခွင်မှာ ပူပြင်းနေကာ.... မင်းအရိပ်လို နောက်ကလိုက်ပါချင်တာ မင်းမှ မသိတာ....... အ.ထ.က(၁) ရဲ့ မုန့်စားဆင်းချိန် အသုတ်ဆိုင်မှာ မင်းမျက် နှာကို တွေ့ခဲ့ရတာ..... အသုံးမကျတဲ့ ငါ့လိုကောင် ကို ဖမ်းစားခဲ့တာ....... ဟဲ့ .... မင်းငါ့ကို ကြည့်အုံး........လှည့် ဟဲ့....နင် ဘယ်သူ့ကို အချစ်ဆုံးလဲ ? အချိန်ကြာတော့ ငါ့ ရဲ့ခြေထောက်တွေ ညောင်းလာ ဒါပေမဲ့ ငါ့ရင်မှာပိုချစ်......... မင်း က တစိမ်းတစ်ယောက် လို့ ပြောရင် ငါ့ရင်ထဲမှာ ၀မ်းနည်းခဲ့......... ငါချစ်တာ မင်းတစ်ယောက်တည်း ရှိထား.... ငါရင်မှာ မင်းကလွဲလို့ ချစ်ဦးသူလဲ မရှိထား..... ချစ်တတ်ရင် မှားတတ်တာတော့ မင်းနားလည်ပါ .....ကြာလာရင်သိ လာမှာပါ... ငါ မင်းကို ဘယ်လောက်ချစ်တယ်ဆိုတာ....... ရင်ခုန်စရာ အိမ်မက်လေးတော့ တစ်ခါပြန်လည် မက်ခွင့် ရချင်ပါသည်.....နင် မမုန်းလိုက်ပါနဲ့ဟာ..... တစ်နေ့နေ့တော့ နင်နားလည်ပါစေ......ငါဘယ်လောက် ချစ်တယ်ဆိုတာကိုပေါ့.....ငယ်ချစ်(အချစ်ဆုံး)ရယ်...။
( ကျွန်တော် သိပ်ချစ်ရသော .....တစ်ဦးတစ်ယောက်တည်းသော...ချစ်သူငယ်ချစ်သူသို့....ရည်ရွယ်ထားပါသည် )
အချစ်မှာ ပုံသေနည်းမရှိဘူး! အချစ်အတွက် ဖွင့်ဆိုထားတဲ့ အချက်အလက်ကောင်းတိုင်းက လူတိုင်းနဲ့ သင့်တော်ချင်မှ သင့်တော်လိမ့်မယ်။ ကောင်းတယ်လို့ ကိုယ်ထင်ထားတဲ့အချစ်ကို တစ်ခြားလူကြိုက်ချစ်မှ ကြိုက်မယ်။ မကောင်းဘူးလို့ ကိုယ်ထင်ထားတဲ့ အချစ်က တစ်ခြားလူရဲ့ မျက်စိထဲမှာ လုံးဝကောင်းတယ်လို့ ထင်နေကြမယ်။ အချစ်မှာ အကောင်းဆုံးဆိုတာ မရှိဘူး။ အသင့်တော်ဆုံး ဆိုတာပဲရှိတယ်။
ုူ
Soon to be moving new home
4 years ago
4 comments:
:)....တော်တော်ကို ချစ်တက်တဲ့ ဂျစ်တူးလေးဖြစ်မယ်။
ဂျစ်တူးလေးရဲ့ အချစ်ဆုံးလေး သိနိုင်ပါစေလို့ :)
သီချင်းလား ကဗျာလား..။
သံစဉ်လေးထည့်လိုက်ရင် သီချင်းတစ်ပုဒ်ဖြစ်သွား လောက်တယ်.. ကိုဂျစ်ရေ..။
အလန်း ပဲ...။ ကောင်းဧ။်
ae lo lay pal .. thu neh twe kea` tar ... hint .. :(
yout kyarr lay neh main kalay lay pal kwarr tal ...
eeekkkk ... ngo chin tal ... tha Oo thii taw chit lay ko lwann loxx .. :(
ချစ်သူနဲ့ အမြန်ဆုံး ပေါင်းဆုံနိုင်ပါစေ...
Post a Comment